HomeCelebs Update NewsBollywoodရဲသားတွေအတွက် လက်သန့်ဆေးရည် ဘူးတစ်သိန်း လှူဒါန်းလိုက်တဲ့ Salman Khan

ရဲသားတွေအတွက် လက်သန့်ဆေးရည် ဘူးတစ်သိန်း လှူဒါန်းလိုက်တဲ့ Salman Khan

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဘောလိဝုဒ် စူပါစတား မင်းသား Salman Khan ဟာ မွမ်ဘိုင်းမြို့က ရဲသားတွေအတွက် လက်သန့်ဆေးရည် ဘူးပေါင်းတစ်သိန်းကို လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။

ဒီသတင်းကိုတော့ မဟသျှတ္တရပြည်နယ် ဝန်ကြီးချုပ်ရဲ့ official Twitter စာမျက်နှာမှာ တင်ထားတာ ဖြစ်ပါတယ်။ အဆိုပါပို့စ်မှာတော့ “မွမ်ဘိုင်းမြို့က ရဲသားတွေအတွက် လက်သန့်ဆေးရည် ဘူးတစ်သိန်း လှူဒါန်းပေးတဲ့ Salman Khan ကို ကျေးဇူးတင်ပါတယ်…” လို့ ရေးသားထားပါတယ်။

Salman Khan ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း အိဒ်နေ့အတွက် အိမ်ထောင်စု ငါးထောင်စာ စမိုင်လုပ်ဖို့ အစားအစာတွေကို လှူဒါန်းခဲ့ပါသေးတယ်။ အဆိုပါ လှူဒါန်းမှုမှာ နွားနို့၊ ထောပတ်၊ ကြာဇံနဲ့ အသီးခြောက်တွေ ပါဝင်ပါတယ်။ အစားအစာတွေကိုတော့ Being Haangryy လို့ နာမည်ပေးထားတဲ့ ကုန်တင်ကားကြီးနဲ့ လိုက်လံဝေငှပေးခဲ့တာပါ။

အမှန်မှာ အဆိုပါ Being Haangryy ကုန်တင်ကားကြီးဟာ ရှေ့လာမယ့် Salman Khan ရဲ့ ရုပ်ရှင်အသစ် Radhe: Your Most Wanted Bhai ရိုက်ကူးဖို့အတွက် ဒီဇိုင်းထွင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ သို့ပေမယ့် အခုလို ကပ်ရောဂါ ခံစားနေရချိန်မှာ ဆင်းရဲသားတွေအတွက် အစားအစာ ပို့ဆောင်ပေးရမှာ အသုံးချဖို့ မင်းသားနဲ့ ထုတ်လုပ်ရေးကုမ္ပဏီတို့က ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။

Photo: beingsalmankhan/ Instagram

ဒါ့အပြင် သူ့ရဲ့လယ်တောအိမ်အနီးနားက ရွာတွေအတွက် အစားအသောက်တွေကိုလည်း ဝေငှပေးခဲ့ပါသေးတယ်။ မီဒီယာတွေမှာ ပါဝင်တဲ့ လှူဒါန်းမှုတွေအပြင် လူမသိတဲ့ လှူဒါန်းမှုတွေကိုလည်း အမြောက်အများ ပြုလုပ်ထားသေးတယ်လို့ ဆိုပါတယ်။

အခုလို ပြည်သူအများစု အခက်အခဲ၊ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ ကူညီပံ့ပိုးပေးတာဟာ ကြည်နူးဖွယ်ရာ မင်္ဂလာတစ်ပါးပါပဲလို့ ဆိုရင်း …။

LaNina

Source: indianexpress

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေဘာလိဝုဒ္ စူပါစတား မင္းသား Salman Khan ဟာ မြမ္ဘိုင္းၿမိဳ႕က ရဲသားေတြအတြက္ လက္သန႔္ေဆးရည္ ဘူးေပါင္းတစ္သိန္းကို လႉဒါန္းလိုက္တယ္လို႔ သိရပါတယ္။

ဒီသတင္းကိုေတာ့ မဟသွ်တၱရျပည္နယ္ ဝန္ႀကီးခ်ဳပ္ရဲ႕ official Twitter စာမ်က္ႏွာမွာ တင္ထားတာ ျဖစ္ပါတယ္။ အဆိုပါပို႔စ္မွာေတာ့ “မြမ္ဘိုင္းၿမိဳ႕က ရဲသားေတြအတြက္ လက္သန႔္ေဆးရည္ ဘူးတစ္သိန္း လႉဒါန္းေပးတဲ့ Salman Khan ကို ေက်းဇူးတင္ပါတယ္…” လို႔ ေရးသားထားပါတယ္။

Salman Khan ဟာ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ ျဖစ္ပြားေနခ်ိန္မွာ ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအတြက္ တက္ႂကြစြာ ပါဝင္လႈပ္ရွားေနသူ ျဖစ္ပါတယ္။ မၾကာေသးခင္ကလည္း အိဒ္ေန႔အတြက္ အိမ္ေထာင္စု ငါးေထာင္စာ စမိုင္လုပ္ဖို႔ အစားအစာေတြကို လႉဒါန္းခဲ့ပါေသးတယ္။ အဆိုပါ လႉဒါန္းမႈမွာ ႏြားႏို႔၊ ေထာပတ္၊ ၾကာဇံနဲ႔ အသီးေျခာက္ေတြ ပါဝင္ပါတယ္။ အစားအစာေတြကိုေတာ့ Being Haangryy လို႔ နာမည္ေပးထားတဲ့ ကုန္တင္ကားႀကီးနဲ႔ လိုက္လံေဝငွေပးခဲ့တာပါ။

အမွန္မွာ အဆိုပါ Being Haangryy ကုန္တင္ကားႀကီးဟာ ေရွ႕လာမယ့္ Salman Khan ရဲ႕ ႐ုပ္ရွင္အသစ္ Radhe: Your Most Wanted Bhai ႐ိုက္ကူးဖို႔အတြက္ ဒီဇိုင္းထြင္ ျပဳလုပ္ထားတာ ျဖစ္ပါတယ္။ သို႔ေပမယ့္ အခုလို ကပ္ေရာဂါ ခံစားေနရခ်ိန္မွာ ဆင္းရဲသားေတြအတြက္ အစားအစာ ပို႔ေဆာင္ေပးရမွာ အသုံးခ်ဖို႔ မင္းသားနဲ႔ ထုတ္လုပ္ေရးကုမၸဏီတို႔က ဆုံးျဖတ္လိုက္ၾကတာ ျဖစ္ပါတယ္။

Photo: beingsalmankhan/ Instagram

ဒါ့အျပင္ သူ႔ရဲ႕လယ္ေတာအိမ္အနီးနားက ႐ြာေတြအတြက္ အစားအေသာက္ေတြကိုလည္း ေဝငွေပးခဲ့ပါေသးတယ္။ မီဒီယာေတြမွာ ပါဝင္တဲ့ လႉဒါန္းမႈေတြအျပင္ လူမသိတဲ့ လႉဒါန္းမႈေတြကိုလည္း အေျမာက္အမ်ား ျပဳလုပ္ထားေသးတယ္လို႔ ဆိုပါတယ္။

အခုလို ျပည္သူအမ်ားစု အခက္အခဲ၊ အက်ပ္အတည္းနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ ကူညီပံ့ပိုးေပးတာဟာ ၾကည္ႏူးဖြယ္ရာ မဂၤလာတစ္ပါးပါပဲလို႔ ဆိုရင္း …။

LaNina

Source: indianexpress

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular