HomeCharacterရေဘုရင်ကြီး Aquaman နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာများ 

ရေဘုရင်ကြီး Aquaman နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Aquaman ဟာ ၁၉၄၁ခုနှစ်မှာ ထွက်ခဲ့တဲ့ More Fun Comics အတွဲနံပါတ်(73)မှာ ပထမဆုံး ပါဝင်ခဲ့ပါတယ်။ စူပါဟီးရိုးတစ်ယောက်လည်းဖြစ်ပြီး ဘုရင်တစ်ယောက်လည်းဖြစ်တဲ့ Aquaman ကို ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့တဲ့အခါမှာလည်း အောင်မြင်ခဲ့ပြီး box office ဝင်ငွေ ဒေါ်လာတစ်ဘီလျံကျော်တောင် ရရှိခဲ့ပါတယ်။ Aquaman ရဲ့ပရိသတ်တွေအတွက် Aquaman ရဲ့ ကောမစ်ထဲက စိတ်ဝင်စားစရာအကြောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Arthur ဟာ ပင်လယ် မကောင်းဆိုးရွားတစ်ကောင် ဖြစ်ခဲ့ဖူးပါတယ်။
Photo via screenrant

Infinite Crisis ကောမစ်ထဲမှာတော့ ဇာတ်လမ်းသွားက အချိန်တစ်နှစ်ကို ခုန်ကူးထားပြီး အံ့ဩစရာကောင်းစွာနဲ့ အဲ့ဒီ့အချိန်မှာ Aquaman ဟာ ပျောက်ဆုံးနေခဲ့ပါတယ်။ သို့ပေမယ့် ပင်လယ်ရေနက်ကြမ်းပြင်ထက်မှာတော့ Dweller ဆိုတဲ့ ရေဘဝဲနဲ့လူ စပ်ထားတဲ့ပုံစံနဲ့ ပင်လယ်မိစ္ဆာကြီးတစ်ကောင် ပေါ်လာခဲ့ပါတယ်။ အကြောင်းကတော့ Aquaman ဟာ အဆိုပါ Dweller ဆိုတဲ့အကောင်ကြီးအဖြစ်ကို ပြောင်းလဲသွားခဲ့တာကြောင့် ဖြစ်ပါတယ်။

အဲ့ဒီ့အချိန်မှာ Arthur ဟာ  Aquaman လုံးဝမဟုတ်တော့ပါဘူး။ Arthur တစ်ယောက် ဒီလိုမျိုး ပြောင်းလဲသွားရတာဟာ သမုဒ္ဒရာတွေရဲ့ နတ်ဘုရားတွေဆီမှာ အပေးအယူ လုပ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ သူ့ရဲ့ပြည်သူတွေကို ကယ်တင်ဖို့ နတ်ဘုရားတွေဆီမှာ တောင်းဆိုခဲ့ပြီး အပေးအယူအနေနဲ့ သူကိုယ်တိုင်ကတော့ Dweller အဖြစ် ကျိန်စာသင့်သလို ပြောင်းလဲသွားခဲ့ရတာပါ။ အဲ့ဒီ့ဇာတ်လမ်းအဆုံးမှာတော့ Dweller ဟာ သေဆုံးသွားခဲ့ပြီး ဇာတ်လမ်းအသစ် ပြန်စတဲ့အချိန်မှာ Arthur Curry အသစ်ဟာ Aquaman အသစ် ဖြစ်လာခဲ့ပါတယ်။

ဗီလိန်တစ်ယောက်ကြောင့် လက်တစ်ဖက်လည်း ပြတ်ခဲ့ဖူးပါတယ်။
Photo via screenrant

အစ်ကိုဖြစ်သူကိုယ်တိုင်က စူပါဗီလိန်တစ်ယောက် ဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာ Arthur ဟာ သူ့ဘဝရဲ့ အဓိပ္ပာယ်ကိုတောင် မသိတော့ဘဲ စိတ်ဓာတ်တွေကျသွားခဲ့ပါတယ်။ အဲ့ဒါကြောင့် သူ့ရဲ့တွဲဖက်ဖြစ်သူ Aqualad ဟာ Arthur စိတ်ပြေလက်ပျောက် ဖြစ်သွားစေဖို့ ရေဒီယိုသတ္တိစိမ့်ထွက်မှုအကြောင်းကို စုံစမ်းဖို့ တိုက်တွန်းခဲ့ပါတယ်။ သို့ပေမယ့် မထင်မှတ်ဘဲ ဗီလိန် Charybdis ဆင်ထားတဲ့ ထောင်ချောက်ထဲကို ဝင်မိလျက်သား ဖြစ်သွားပါတော့တယ်။

Charybdis ဟာ Arthur ကို အသားစားငါးတွေ မွေးထားတဲ့ ကန်ကြီးထဲကို တွန်းချပြီးသတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ရုန်းရင်းဆန်ခတ်နဲ့ လုံးထွေးရင်း Charybdis ဟာ ကန်ထဲကို အရှိန်လွန် ပြုတ်ကျပြီး သေသွားခဲ့ပါတယ်။ Arthur ကတော့ ငါးတွေအစားခံလိုက်ရလို့ လက်တစ်ဖက် ပြတ်သွားခဲ့ရပါတယ်။

Mera ဟာ ကနဦးတုန်းက လုပ်ကြံရေးသမားတစ်ယောက်ပါ။
Photo via screenrant

Arthur ဟာ Mera နဲ့တွေ့ပြီး သိပ်မကြာခင်မှာ ချစ်ကြိုက်သွားခဲ့ပေမယ့် Mera ဟာ သူ့အပေါ်မှာ နှစ်နဲ့ချီပြီး လျှို့ဝှက်ထားတဲ့အကြောင်းတွေ ရှိခဲ့ပါတယ်။ Mera ဟာ တစ်ခြားဒိုင်မေးရှင်းတစ်ခုမှာ Atlantis ရဲ့ ဘုရင်မ ဖြစ်ရမယ့်သူတစ်ယောက်ပါ။ ဒါကြောင့်ပဲ Arthur နဲ့ စတွေ့တဲ့အချိန်မှာ သူမဟာ ဒိုင်မေးရှင်းနှစ်ခုကို သွားလိုက်၊ပြန်လိုက် လုပ်နေခဲ့တာ ဖြစ်ပါတယ်။ သူမ သွားလိုက်ပြန်လိုက် လုပ်နေတဲ့ဒိုင်မေးရှင်းတွေကို water dimension လို့ခေါ်ပါတယ်။ သူမဟာ အတ္တလန်တစ်မှာဆိုရင် သူ့အိမ်သူ့ရာလိုပဲ ခံစားရပေမယ့် နယ်ခံတွေကတော့ သူမကို အပြင်လူတစ်ယောက်လို့ သတ်မှတ်ထားကြတာပါ။

နောက်ပိုင်းမှာ Mera ဟာ အတ္တလန်တစ်ရဲ့ ဘုရင်မ ဖြစ်လာခဲ့ပေမယ့် ဗီလိန်တစ်ယောက်ရဲ့ လက်ချက်နဲ့ Arthur နဲ့ သူမရဲ့ကလေးတွေ သေသွားပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ကြားမှာ အဖုအထစ်တွေ ဖြစ်ခဲ့ပြီး ခဏလောက် ကွဲသွားကြပါသေးတယ်။ Arthur ဟာ သူတို့ရန်ဖြစ်ရင်း Mera ကို မတော်တဆ သတ်လိုက်မိတယ်လို့တောင် ထင်သွားခဲ့ပါသေးတယ်။ တကယ်ကတော့ Mera ဟာ သူမရဲ့ဒိုင်မေးရှင်းကို ပြန်သွားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ့နောက်ပိုင်း Brightest Day ကောမစ်ရဲ့ဇာတ်လမ်းမှာတော့ Mera ဟာ Arthur ဆီကို ပြန်လာခဲ့ပြီး သူတို့ရဲ့အချစ်ဇာတ်လမ်းကို တစ်ဖန်ပြန်စခဲ့ပါတယ်။ နောက်ပိုင်းကျတော့မှ Arthur ရှိတဲ့ ဒိုင်မေးရှင်းကို လာရတဲ့အကြောင်းဟာ Arthur နဲ့ ချစ်ကြိုက်ဖို့မဟုတ်ဘဲ သူ့ကိုသတ်ဖို့အတွက် စေလွှတ်ခံခဲ့ရတာပါလို့ Mera က ဝန်ခံခဲ့ပါတယ်။

Wonder Woman ကိုလည်း crush ခဲ့ဖူးပါတယ်။
Photo via screenrant

Arthur ဟာ Mera တစ်ယောက်တည်းကိုပဲ ချစ်ကြိုက်ခဲ့တာ မဟုတ်ပါဘူး။ Wonder Woman အပေါ်မှာလည်း ခံစားချက်တွေ ရှိနေတဲ့အကြောင်း မတော်တဆ ဝန်ခံခဲ့ဖူးပါတယ်။ အဲ့လိုဖြစ်ရတာကလည်း Wonder Woman ရဲ့ Lasso of Truth ကြောင့်ပဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းကတော့ Justice League of America ကောမစ်ရဲ့ အတွဲတစ်တွဲမှာ ဇာတ်လမ်းတိုတစ်ခုအနေနဲ့ ပါဝင်ခဲ့တာပါ။ ဖြစ်ပုံကတော့ ရေငုပ်သင်္ဘောတစ်စီးကို ဘေးကင်းရာ ကယ်တင်ဖို့ နှစ်ယောက်သား ရေအောက်ထဲမှာ အတူတူ ခရီးသွားရာကနေ Wonder Woman ရဲ့ Lasso of Truth နဲ့ ထိမိပြီး ခံစားချက်တွေ ဖွင့်ဟမိခဲ့တာ ဖြစ်ပါတယ်။

Arthur ရင်ဖွင့်ခဲ့ပုံကတော့ သူမဟာ အနည်းငယ် စိတ်ပျက်စရာ ကောင်းပေမယ့်လည်း သူမနဲ့အတူ အမြဲရှိနေချင်တဲ့စိတ်ကို ထိန်းချုပ်လို့ မရသလို ကိုယ့်ကိုယ်ကိုလည်း နားမလည်ဘူးဆိုတဲ့ စကားတွေပဲ ဖြစ်ပါတယ်။

Arthur ဟာ လေပေါ်မှာလည်း ပျံနိုင်ပါတယ်။
Photo via screenrant

Aquaman ဇာတ်ကောင်ဟာ စတင်ဖန်တီးခဲ့တဲ့အချိန်တည်းက သာမန်လူတွေထက် ရေကို ပိုပြီး မြန်မြန်ကူးနိုင်တာ၊ ကြီးမားတဲ့ ခွန်အားတွေရှိတာ၊ အဝေးကြီးကို ခုန်တာတို့ကို လုပ်နိုင်ခဲ့ပါတယ်။ ၂၀၁၂ခုနှစ်မှာတော့ သူ့ရဲ့လုပ်နိုင်စွမ်းတွေထဲမှာ လေပေါ်ပျံနိုင်တဲ့ အစွမ်းကိုပါ ထပ်မံပြီး ထည့်သွင်းခဲ့ကြပါတယ်။

သူ့ရဲ့တစ်ကိုယ်တော် ကောမစ်စီးရီးတစ်ခုမှာ Arthur ဟာ Poseidon ရဲ့ စွမ်းအားတွေကို ရရှိသွားခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ Wonder Woman ဟာ Arthur ကိုရှာဖို့အတွက် ပင်လယ်ထဲမှာ လိုက်ရှာမယ့်အစား နတ်ဘုရားရဲ့စွမ်းအားကို အာရုံခံပြီး လိုက်ရှာခဲ့ပါတယ်။ ရှာတွေ့သွားပြီး သူတို့နှစ်ယောက် စကားပြောတဲ့အခန်းမှာ Arthur ရဲ့ စွမ်းအားအသစ်ကို ပရိသတ်ကို ချပြခဲ့ပါတယ်။ အဲ့ဒါကတော့ နှစ်ယောက်သား မြေပြင်ပေါ်မှာ စကားပြောမယ့်အစား လေပေါ်မှာ ရပ်ပြီး စကားပြောနေတဲ့ပုံနဲ့ သူ့ရဲ့ စွမ်းအားအသစ်ကို ပြသခဲ့ပါတယ်။

Aquaman ဆိုတဲ့ နာမည်ကို Flash က ပေးခဲ့တာပါ။
Photo via screenrant

တစ်ချိန်တုန်းက Arthur မှာ စူပါဟီးရိုးနာမည် မရှိခဲ့ပါဘူး။ သူ့ကို Arthur Curry နဲ့ Orin ဆိုတဲ့ နာမည်နဲ့ပဲ လူသိကြတာပါ။ တစ်ရက်မှာတော့ Flash နဲ့ Arthur တို့ဟာ ရာဇဝတ်ကောင်တစ်ယောက်တည်းနောက်ကို တူတူလိုက်မိကြပြီး နှစ်ယောက်ပူးပေါင်းပြီးတော့ လိုက်ဖမ်းဖို့အတွက် ဆုံးဖြတ်လိုက်ကြပါတယ်။

Flash က ရေပေါ်က ပြေးပြီးတော့ Arthur ကတော့ ရေအောက်ကနေ လိုက်ပြီး ဖမ်းကြပါတယ်။ အဲ့ဒီကိစ္စ ပြီးသွားတဲ့အချိန်မှာလည်း သူတို့နှစ်ယောက်ဟာ ဆက်လက်ပူးပေါင်းပြီး ရာဇဝတ်မှုတွေကို တိုက်ဖျက်ကြမယ်လို့ Flash က ပြောခဲ့ပါတယ်။ Arthur ဆီမှာ စူပါဟီးရိုး နာမည်မရှိတာကြောင့် အသစ်ပေးဖို့ ဖြစ်လာတဲ့အချိန်မှာတော့ Flash ဟာ Aquaman ဆိုပြီး အမည်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါကတော့ Aquaman နဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာများစွာထဲက အချို့သော အချက်လေးတွေပဲ ဖြစ်ပါတယ်။ ဖတ်ပြီးလို့ ကျေနပ်တယ်ဆို မိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ရှဲပေးသွားပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Aquaman ဟာ ၁၉၄၁ခုႏွစ္မွာ ထြက္ခဲ့တဲ့ More Fun Comics အတြဲနံပါတ္(73)မွာ ပထမဆုံး ပါဝင္ခဲ့ပါတယ္။ စူပါဟီး႐ိုးတစ္ေယာက္လည္းျဖစ္ၿပီး ဘုရင္တစ္ေယာက္လည္းျဖစ္တဲ့ Aquaman ကို ႐ုပ္ရွင္အျဖစ္ ႐ိုက္ကူးခဲ့တဲ့အခါမွာလည္း ေအာင္ျမင္ခဲ့ၿပီး box office ဝင္ေငြ ေဒၚလာတစ္ဘီလ်ံေက်ာ္ေတာင္ ရရွိခဲ့ပါတယ္။ Aquaman ရဲ႕ပရိသတ္ေတြအတြက္ Aquaman ရဲ႕ ေကာမစ္ထဲက စိတ္ဝင္စားစရာအေၾကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Arthur ဟာ ပင္လယ္ မေကာင္းဆိုး႐ြားတစ္ေကာင္ ျဖစ္ခဲ့ဖူးပါတယ္။
Photo via screenrant

Infinite Crisis ေကာမစ္ထဲမွာေတာ့ ဇာတ္လမ္းသြားက အခ်ိန္တစ္ႏွစ္ကို ခုန္ကူးထားၿပီး အံ့ဩစရာေကာင္းစြာနဲ႔ အဲ့ဒီ့အခ်ိန္မွာ Aquaman ဟာ ေပ်ာက္ဆုံးေနခဲ့ပါတယ္။ သို႔ေပမယ့္ ပင္လယ္ေရနက္ၾကမ္းျပင္ထက္မွာေတာ့ Dweller ဆိုတဲ့ ေရဘဝဲနဲ႔လူ စပ္ထားတဲ့ပုံစံနဲ႔ ပင္လယ္မိစာၦႀကီးတစ္ေကာင္ ေပၚလာခဲ့ပါတယ္။ အေၾကာင္းကေတာ့ Aquaman ဟာ အဆိုပါ Dweller ဆိုတဲ့အေကာင္ႀကီးအျဖစ္ကို ေျပာင္းလဲသြားခဲ့တာေၾကာင့္ ျဖစ္ပါတယ္။

အဲ့ဒီ့အခ်ိန္မွာ Arthur ဟာ  Aquaman လုံးဝမဟုတ္ေတာ့ပါဘူး။ Arthur တစ္ေယာက္ ဒီလိုမ်ိဳး ေျပာင္းလဲသြားရတာဟာ သမုဒၵရာေတြရဲ႕ နတ္ဘုရားေတြဆီမွာ အေပးအယူ လုပ္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ သူ႔ရဲ႕ျပည္သူေတြကို ကယ္တင္ဖို႔ နတ္ဘုရားေတြဆီမွာ ေတာင္းဆိုခဲ့ၿပီး အေပးအယူအေနနဲ႔ သူကိုယ္တိုင္ကေတာ့ Dweller အျဖစ္ က်ိန္စာသင့္သလို ေျပာင္းလဲသြားခဲ့ရတာပါ။ အဲ့ဒီ့ဇာတ္လမ္းအဆုံးမွာေတာ့ Dweller ဟာ ေသဆုံးသြားခဲ့ၿပီး ဇာတ္လမ္းအသစ္ ျပန္စတဲ့အခ်ိန္မွာ Arthur Curry အသစ္ဟာ Aquaman အသစ္ ျဖစ္လာခဲ့ပါတယ္။

ဗီလိန္တစ္ေယာက္ေၾကာင့္ လက္တစ္ဖက္လည္း ျပတ္ခဲ့ဖူးပါတယ္။
Photo via screenrant

အစ္ကိုျဖစ္သူကိုယ္တိုင္က စူပါဗီလိန္တစ္ေယာက္ ျဖစ္ေနတာကို သိလိုက္ရတဲ့အခါမွာ Arthur ဟာ သူ႔ဘဝရဲ႕ အဓိပၸာယ္ကိုေတာင္ မသိေတာ့ဘဲ စိတ္ဓာတ္ေတြက်သြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ သူ႔ရဲ႕တြဲဖက္ျဖစ္သူ Aqualad ဟာ Arthur စိတ္ေျပလက္ေပ်ာက္ ျဖစ္သြားေစဖို႔ ေရဒီယိုသတၱိစိမ့္ထြက္မႈအေၾကာင္းကို စုံစမ္းဖို႔ တိုက္တြန္းခဲ့ပါတယ္။ သို႔ေပမယ့္ မထင္မွတ္ဘဲ ဗီလိန္ Charybdis ဆင္ထားတဲ့ ေထာင္ေခ်ာက္ထဲကို ဝင္မိလ်က္သား ျဖစ္သြားပါေတာ့တယ္။

Charybdis ဟာ Arthur ကို အသားစားငါးေတြ ေမြးထားတဲ့ ကန္ႀကီးထဲကို တြန္းခ်ၿပီးသတ္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ ႐ုန္းရင္းဆန္ခတ္နဲ႔ လုံးေထြးရင္း Charybdis ဟာ ကန္ထဲကို အရွိန္လြန္ ျပဳတ္က်ၿပီး ေသသြားခဲ့ပါတယ္။ Arthur ကေတာ့ ငါးေတြအစားခံလိုက္ရလို႔ လက္တစ္ဖက္ ျပတ္သြားခဲ့ရပါတယ္။

Mera ဟာ ကနဦးတုန္းက လုပ္ႀကံေရးသမားတစ္ေယာက္ပါ။
Photo via screenrant

Arthur ဟာ Mera နဲ႔ေတြ႕ၿပီး သိပ္မၾကာခင္မွာ ခ်စ္ႀကိဳက္သြားခဲ့ေပမယ့္ Mera ဟာ သူ႔အေပၚမွာ ႏွစ္နဲ႔ခ်ီၿပီး လွ်ိဳ႕ဝွက္ထားတဲ့အေၾကာင္းေတြ ရွိခဲ့ပါတယ္။ Mera ဟာ တစ္ျခားဒိုင္ေမးရွင္းတစ္ခုမွာ Atlantis ရဲ႕ ဘုရင္မ ျဖစ္ရမယ့္သူတစ္ေယာက္ပါ။ ဒါေၾကာင့္ပဲ Arthur နဲ႔ စေတြ႕တဲ့အခ်ိန္မွာ သူမဟာ ဒိုင္ေမးရွင္းႏွစ္ခုကို သြားလိုက္၊ျပန္လိုက္ လုပ္ေနခဲ့တာ ျဖစ္ပါတယ္။ သူမ သြားလိုက္ျပန္လိုက္ လုပ္ေနတဲ့ဒိုင္ေမးရွင္းေတြကို water dimension လို႔ေခၚပါတယ္။ သူမဟာ အတၱလန္တစ္မွာဆိုရင္ သူ႔အိမ္သူ႔ရာလိုပဲ ခံစားရေပမယ့္ နယ္ခံေတြကေတာ့ သူမကို အျပင္လူတစ္ေယာက္လို႔ သတ္မွတ္ထားၾကတာပါ။

ေနာက္ပိုင္းမွာ Mera ဟာ အတၱလန္တစ္ရဲ႕ ဘုရင္မ ျဖစ္လာခဲ့ေပမယ့္ ဗီလိန္တစ္ေယာက္ရဲ႕ လက္ခ်က္နဲ႔ Arthur နဲ႔ သူမရဲ႕ကေလးေတြ ေသသြားၿပီးတဲ့ေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ၾကားမွာ အဖုအထစ္ေတြ ျဖစ္ခဲ့ၿပီး ခဏေလာက္ ကြဲသြားၾကပါေသးတယ္။ Arthur ဟာ သူတို႔ရန္ျဖစ္ရင္း Mera ကို မေတာ္တဆ သတ္လိုက္မိတယ္လို႔ေတာင္ ထင္သြားခဲ့ပါေသးတယ္။ တကယ္ကေတာ့ Mera ဟာ သူမရဲ႕ဒိုင္ေမးရွင္းကို ျပန္သြားခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီ့ေနာက္ပိုင္း Brightest Day ေကာမစ္ရဲ႕ဇာတ္လမ္းမွာေတာ့ Mera ဟာ Arthur ဆီကို ျပန္လာခဲ့ၿပီး သူတို႔ရဲ႕အခ်စ္ဇာတ္လမ္းကို တစ္ဖန္ျပန္စခဲ့ပါတယ္။ ေနာက္ပိုင္းက်ေတာ့မွ Arthur ရွိတဲ့ ဒိုင္ေမးရွင္းကို လာရတဲ့အေၾကာင္းဟာ Arthur နဲ႔ ခ်စ္ႀကိဳက္ဖို႔မဟုတ္ဘဲ သူ႔ကိုသတ္ဖို႔အတြက္ ေစလႊတ္ခံခဲ့ရတာပါလို႔ Mera က ဝန္ခံခဲ့ပါတယ္။

Wonder Woman ကိုလည္း crush ခဲ့ဖူးပါတယ္။
Photo via screenrant

Arthur ဟာ Mera တစ္ေယာက္တည္းကိုပဲ ခ်စ္ႀကိဳက္ခဲ့တာ မဟုတ္ပါဘူး။ Wonder Woman အေပၚမွာလည္း ခံစားခ်က္ေတြ ရွိေနတဲ့အေၾကာင္း မေတာ္တဆ ဝန္ခံခဲ့ဖူးပါတယ္။ အဲ့လိုျဖစ္ရတာကလည္း Wonder Woman ရဲ႕ Lasso of Truth ေၾကာင့္ပဲ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းကေတာ့ Justice League of America ေကာမစ္ရဲ႕ အတြဲတစ္တြဲမွာ ဇာတ္လမ္းတိုတစ္ခုအေနနဲ႔ ပါဝင္ခဲ့တာပါ။ ျဖစ္ပုံကေတာ့ ေရငုပ္သေဘၤာတစ္စီးကို ေဘးကင္းရာ ကယ္တင္ဖို႔ ႏွစ္ေယာက္သား ေရေအာက္ထဲမွာ အတူတူ ခရီးသြားရာကေန Wonder Woman ရဲ႕ Lasso of Truth နဲ႔ ထိမိၿပီး ခံစားခ်က္ေတြ ဖြင့္ဟမိခဲ့တာ ျဖစ္ပါတယ္။

Arthur ရင္ဖြင့္ခဲ့ပုံကေတာ့ သူမဟာ အနည္းငယ္ စိတ္ပ်က္စရာ ေကာင္းေပမယ့္လည္း သူမနဲ႔အတူ အၿမဲရွိေနခ်င္တဲ့စိတ္ကို ထိန္းခ်ဳပ္လို႔ မရသလို ကိုယ့္ကိုယ္ကိုလည္း နားမလည္ဘူးဆိုတဲ့ စကားေတြပဲ ျဖစ္ပါတယ္။

Arthur ဟာ ေလေပၚမွာလည္း ပ်ံႏိုင္ပါတယ္။
Photo via screenrant

Aquaman ဇာတ္ေကာင္ဟာ စတင္ဖန္တီးခဲ့တဲ့အခ်ိန္တည္းက သာမန္လူေတြထက္ ေရကို ပိုၿပီး ျမန္ျမန္ကူးႏိုင္တာ၊ ႀကီးမားတဲ့ ခြန္အားေတြရွိတာ၊ အေဝးႀကီးကို ခုန္တာတို႔ကို လုပ္ႏိုင္ခဲ့ပါတယ္။ ၂၀၁၂ခုႏွစ္မွာေတာ့ သူ႔ရဲ႕လုပ္ႏိုင္စြမ္းေတြထဲမွာ ေလေပၚပ်ံႏိုင္တဲ့ အစြမ္းကိုပါ ထပ္မံၿပီး ထည့္သြင္းခဲ့ၾကပါတယ္။

သူ႔ရဲ႕တစ္ကိုယ္ေတာ္ ေကာမစ္စီးရီးတစ္ခုမွာ Arthur ဟာ Poseidon ရဲ႕ စြမ္းအားေတြကို ရရွိသြားခဲ့ပါတယ္။ အဲ့ဒီ့ေနာက္မွာေတာ့ Wonder Woman ဟာ Arthur ကိုရွာဖို႔အတြက္ ပင္လယ္ထဲမွာ လိုက္ရွာမယ့္အစား နတ္ဘုရားရဲ႕စြမ္းအားကို အာ႐ုံခံၿပီး လိုက္ရွာခဲ့ပါတယ္။ ရွာေတြ႕သြားၿပီး သူတို႔ႏွစ္ေယာက္ စကားေျပာတဲ့အခန္းမွာ Arthur ရဲ႕ စြမ္းအားအသစ္ကို ပရိသတ္ကို ခ်ျပခဲ့ပါတယ္။ အဲ့ဒါကေတာ့ ႏွစ္ေယာက္သား ေျမျပင္ေပၚမွာ စကားေျပာမယ့္အစား ေလေပၚမွာ ရပ္ၿပီး စကားေျပာေနတဲ့ပုံနဲ႔ သူ႔ရဲ႕ စြမ္းအားအသစ္ကို ျပသခဲ့ပါတယ္။

Aquaman ဆိုတဲ့ နာမည္ကို Flash က ေပးခဲ့တာပါ။
Photo via screenrant

တစ္ခ်ိန္တုန္းက Arthur မွာ စူပါဟီး႐ိုးနာမည္ မရွိခဲ့ပါဘူး။ သူ႔ကို Arthur Curry နဲ႔ Orin ဆိုတဲ့ နာမည္နဲ႔ပဲ လူသိၾကတာပါ။ တစ္ရက္မွာေတာ့ Flash နဲ႔ Arthur တို႔ဟာ ရာဇဝတ္ေကာင္တစ္ေယာက္တည္းေနာက္ကို တူတူလိုက္မိၾကၿပီး ႏွစ္ေယာက္ပူးေပါင္းၿပီးေတာ့ လိုက္ဖမ္းဖို႔အတြက္ ဆုံးျဖတ္လိုက္ၾကပါတယ္။

Flash က ေရေပၚက ေျပးၿပီးေတာ့ Arthur ကေတာ့ ေရေအာက္ကေန လိုက္ၿပီး ဖမ္းၾကပါတယ္။ အဲ့ဒီကိစၥ ၿပီးသြားတဲ့အခ်ိန္မွာလည္း သူတို႔ႏွစ္ေယာက္ဟာ ဆက္လက္ပူးေပါင္းၿပီး ရာဇဝတ္မႈေတြကို တိုက္ဖ်က္ၾကမယ္လို႔ Flash က ေျပာခဲ့ပါတယ္။ Arthur ဆီမွာ စူပါဟီး႐ိုး နာမည္မရွိတာေၾကာင့္ အသစ္ေပးဖို႔ ျဖစ္လာတဲ့အခ်ိန္မွာေတာ့ Flash ဟာ Aquaman ဆိုၿပီး အမည္ေပးခဲ့တာ ျဖစ္ပါတယ္။

ဒါကေတာ့ Aquaman နဲ႔ ပတ္သက္ၿပီး စိတ္ဝင္စားဖို႔ေကာင္းတဲ့ အေၾကာင္းအရာမ်ားစြာထဲက အခ်ိဳ႕ေသာ အခ်က္ေလးေတြပဲ ျဖစ္ပါတယ္။ ဖတ္ၿပီးလို႔ ေက်နပ္တယ္ဆို မိတ္ေဆြေတြလည္း ဖတ္ႏိုင္ေအာင္ ရွဲေပးသြားပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular