HomeBiographyTWICE အဖွဲ့ဝင် Nayeon ရဲ့ လူသိပ်မသိသေးတဲ့ စိတ်ဝင်စားစရာအကြောင်းများ 

TWICE အဖွဲ့ဝင် Nayeon ရဲ့ လူသိပ်မသိသေးတဲ့ စိတ်ဝင်စားစရာအကြောင်းများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

TWICE အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Nayeon ဟာ ယခုတစ်ပတ်မှာ TWICE TV အတွက် personality test တစ်ခု ဖြေကြားခဲ့ပြီး သူမနဲ့ပတ်သက်တဲ့ အတွင်းကျကျ အချက်တွေကို မျှဝေပေးခဲ့ပါတယ်။ Nayeon ရဲ့ တစ်ကိုယ်ရည်အတွေးတွေနဲ့ အမူအကျင့်တွေကတော့ …

public နဲ့ ပုဂ္ဂိုလ်ရေးဘဝကို ခွဲခြားထားသူပါ။

Idol အများစုလိုပဲ Nayeon ဟာလည်း သူမရဲ့ပုဂ္ဂိုလ်ရေးဘဝကို တန်ဖိုးထားသူ ဖြစ်ပါတယ်။ လူအများရှေ့မှာ နေရတဲ့ဘဝနဲ့ သူမရဲ့တစ်ကိုယ်ရည်ဘဝတို့ကြားမှာ ကိစ္စတွေကို တစ်ကန့်စီ ခွဲခြားထားတယ်လို့ ဆိုပါတယ်။

သူမဘက်ကစပြီး မက်ဆေ့ချ်ပို့လေ့ မရှိပါဘူး။

Nayeon ဟာ ဘယ်သောအခါမှ သူမဘက်ကစပြီး စာပို့လေ့မရှိဘူးလို့ ဆိုပါတယ်။ သူမဘက်က ဘယ်တော့မှ မက်ဆေ့ချ်စပို့လေ့မရှိလို့ သူမနဲ့ စကားပြောချင်တယ်ဆိုရင် တစ်ဖက်လူကသာ စပြီးမက်ဆေ့ချ်ပို့ရမှာ ဖြစ်ပါတယ်။

Photo: twicenayeon/ Instagram
အီးမေးလ်ဆိုရင်လည်း လုံးဝဖွင့်ဖတ်မကြည့်တတ်ပါဘူး။

အရင်တုန်းကတော့ အီးမေးလ်ထဲမှာ စာတစ်စောင်လောက် ဝင်နေပြီဆိုတာနဲ့ မဖတ်ထားတာ မရှိရလောက်အောင် အကုန်ဖတ်လေ့ ရှိပေမယ့် အခုနောက်ပိုင်းမှာတော့ အီးမေးလ်တွေကို လုံးဝဖွင့်မဖတ်တော့ဘူးလို့ ဆိုပါတယ်။ သူမရဲ့ email inbox ထဲမှာဆိုရင် လနဲ့ချီပြီး မဖတ်ရသေးတဲ့ အီးမေးလ်တွေ ပုံနေတယ်လို့ ဆိုပါတယ်။

ကောက်ကာငင်ကာ ခရီးထသွားတတ်ပါတယ်။

Nayeon ဟာ ခရီးသွားတဲ့အခါ ပက်ကေ့ချ်ဝယ်ပြီး သွားတာမျိုး၊ ကြိုတင်စီစဉ် ပလန်ချပြီး သွားတာမျိုးတို့ မလုပ်တတ်ပါဘူး။ ခရီးသွားမယ်လို့ ချက်ချင်း ဆုံးဖြတ်ချက်ချ၊ ချက်ချင်းသွားဖို့ ထပြင်တတ်သူတစ်ယောက် ဖြစ်ပါတယ်။

Photo: twicenayeon/ Instagram
အမှန်တရားနဲ့ ပတ်သက်လာရင် လူတွေရဲ့ခံစားချက်တွေကို ထည့်တွက်လေ့မရှိပါဘူး။

စကားရည်လုကြတဲ့အခါ၊ ဒါမှမဟုတ် အငြင်းအခုန် ဖြစ်ကြတဲ့အခါမျိုးတွေမှာ Nayeon ဟာ ဆွေးနွေးနေတဲ့ အကြောင်းအရာရဲ့ အမှန်တရားကိုသာ လုံးဝဥဿုံ ဦးစားပေးတယ်လို့ ဆိုပါတယ်။ တစ်ဖက်ကလူရဲ့ ခံစားချက်တွေကို ထည့်သွင်းခံစားလေ့ မရှိဘူးလို့လည်း သိရပါတယ်။

အားပေးမယ့်အစား အကြံဉာဏ်ပေးရတာကို ပိုနှစ်သက်သူ ဖြစ်ပါတယ်။

အကယ်၍ သူမမှာ စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်းတစ်ယောက် ရှိနေမယ်ဆိုရင် စိတ်ခွန်အားဖြစ်အောင် အားပေးမလား၊ ဖြေရှင်းနိုင်မယ့် နည်းတစ်ခုခုကို အကြံပြုမလားဆိုတဲ့ မေးခွန်းကိုတော့ အကြံဉာဏ်ပေးတဲ့ဘက်ကိုပဲ ပိုပြီးအားသာတဲ့အကြောင်း ဖြေဆိုခဲ့ပါတယ်။ “ဒီလိုလေး လုပ်ကြည့်ရင် ပိုပြီးမကောင်းသွားဘူးလား…” ဆိုတာမျိုးပဲ အကြံပေးမယ်လို့ ဆိုပါတယ်။

Photo: twicenayeon/ Instagram
လက်တွေ့ကျတဲ့ ရည်မှန်းချက်ကိုပဲ ချမှတ်လေ့ရှိပါတယ်။

Nayeon ဟာ တစ်နေ့တာအတွက် အချိန်ဇယား ရေးဆွဲတဲ့အခါ သူမအမှန်တကယ် လုပ်နိုင်စွမ်းရှိသလောက်ကိုပဲ တားဂတ်ထားလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီလိုလက်တွေ့ကျတဲ့ ရည်မှန်းချက်လေးကို ထားလိုက်တဲ့အတွက် အချိန်ဇယားအတိုင်း လိုက်လုပ်ဖို့ ပိုပြီးလွယ်ကူစေသလို ပိုပြီးစိတ်ကျေနပ်စရာကောင်းစေတယ်လို့လည်း ဆိုပါတယ်။

ရုပ်ရှင်နဲ့ပတ်သက်တဲ့ အဓိပ္ပာယ် ရှင်းလင်းချက်တွေ ရှာဖွေဖတ်ရှုရတာ ကြိုက်နှစ်သက်သူပါ။

Nayeon ဟာ အထူးသဖြင့် ရုပ်ရှင်တွေ ကြည့်ပြီးတိုင်းမှာ အဲ့ဒီ့ရုပ်ရှင်တွေနဲ့ ပတ်သက်တဲ့ နောက်ကွယ်က အဓိပ္ပာယ်တွေ၊ ရှင်းလင်းချက်တွေကို ရှာဖွေ မွှေနှောက် ဖတ်ရှုလေ့ ရှိတယ်လို့ ဆိုပါတယ်။ ရုပ်ရှင်တွေက ကွယ်ဝှက်ထားတဲ့ အဓိပ္ပာယ်တွေကို ရှာဖွေ ဖတ်ရှုရတာဟာ ပျော်စရာလည်းကောင်းတယ်လို့ ဆိုပါတယ်။

Photo: twicenayeon/ Instagram
သူမဟာ ခန့်မှန်းရခက်သူတစ်ယောက်ပါ။

Nayeon ဟာ ခန့်မှန်းရခက်ခဲသူတစ်ယောက်ဆိုတာကို ကိုယ်တိုင်က ဝန်ခံထားပြီး သူမရဲ့အချစ်ဆုံးသူငယ်ချင်းတွေကတောင် သူမကို မခန့်မှန်းနိုင်ဘူးလို့ ဆိုပါတယ်။

လူကြားထဲမှာလည်း အဆင်ပြေသလို သီးသန့်နေရတာကိုလည်း နှစ်သက်သူပါ။

သူမဟာ ပျော်စရာကောင်းတဲ့အချိန်မျိုးမှာ လူကြားထဲမှာလည်း ဖော်ရွေခင်မင်စွာနဲ့ နေထိုင်တတ်သလို တစ်ခါတစ်ရံမှာတော့ သူမဘာသာ သီးသန့် ငြိမ်ငြိမ်လေး နေရတာကို ကြိုက်နှစ်သက်တယ်လို့ ဆိုပါတယ်။

သူမဟာ သဘောထားကြီးသူပါ။

Nayeon ဟာ ခေါင်းမာတတ်သူတစ်ယောက် မဟုတ်ဘဲ သဘောထားကြီးကြီး ထားတတ်သူတစ်ယောက်လို့ ဆိုပါတယ်။

ခံစားချက်တွေကို ဖွင့်ပြောလေ့ရှိသူပါ။

သူမဟာ ခံစားချက်တွေကို မြိုသိပ်ပြီး ကြိတ်ခံစားတတ်သူတော့ မဟုတ်ပါဘူး။ သူမရင်ထဲမှာ ဘာတွေခံစားရတယ်ဆိုတာကို မကြာခဏ ဖွင့်ဟဖော်ပြလေ့ရှိတယ်လို့ ဆိုပါတယ်။

Photo: twicenayeon/ Instagram
ပွဲထိန်းတတ်သူတစ်ဦးပါ။

Nayeon ဟာ အခြေအနေတစ်ရပ်ကို ကြည့်ပြီး မြန်မြန်ဆန်ဆန် တုံ့ပြန်ကာ ထိန်းသိမ်းနိုင်သူတစ်ဦး ဖြစ်ပါတယ်။

ကြိုးစားမှုထက် ရလဒ်ကို ပိုတန်ဖိုးထားသူ ဖြစ်ပါတယ်။

Nayeon အတွက်ကတော့ ကြိုးစားအားထုတ်ခဲ့မှုဆိုတဲ့ ခရီးလမ်းက အဓိကမကျဘဲ အဆုံးမှာ ရရှိတဲ့ ရလဒ်ကသာ အရေးကြီးဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ အလယ်တန်းကျောင်းတုန်းကဆိုရင် စာအုပ်တစ်အုပ်လုံးကို အကုန်မဖတ်ဘဲနဲ့ စာအုပ်အနှစ်ချုပ်တွေကို ရေးသားလေ့ရှိခဲ့ပြီး ဆုတွေလည်း ရရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ဒါကတော့ ချစ်စရာ Nayeon ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်တဲ့ အတွေးအခေါ်၊ အမူအကျင့်လေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ Nayeon ရဲ့ ဘယ်အချက်လေးတွေကို ချစ်လည်းဆိုတာလည်း ပြောပြခဲ့ပါဦး။

LaNina

Source: koreaboo

(Zawgyi Version)

TWICE အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ Nayeon ဟာ ယခုတစ္ပတ္မွာ TWICE TV အတြက္ personality test တစ္ခု ေျဖၾကားခဲ့ၿပီး သူမနဲ႔ပတ္သက္တဲ့ အတြင္းက်က် အခ်က္ေတြကို မွ်ေဝေပးခဲ့ပါတယ္။ Nayeon ရဲ႕ တစ္ကိုယ္ရည္အေတြးေတြနဲ႔ အမူအက်င့္ေတြကေတာ့ …

public နဲ႔ ပုဂၢိဳလ္ေရးဘဝကို ခြဲျခားထားသူပါ။

Idol အမ်ားစုလိုပဲ Nayeon ဟာလည္း သူမရဲ႕ပုဂၢိဳလ္ေရးဘဝကို တန္ဖိုးထားသူ ျဖစ္ပါတယ္။ လူအမ်ားေရွ႕မွာ ေနရတဲ့ဘဝနဲ႔ သူမရဲ႕တစ္ကိုယ္ရည္ဘဝတို႔ၾကားမွာ ကိစၥေတြကို တစ္ကန႔္စီ ခြဲျခားထားတယ္လို႔ ဆိုပါတယ္။

သူမဘက္ကစၿပီး မက္ေဆ့ခ်္ပို႔ေလ့ မရွိပါဘူး။

Nayeon ဟာ ဘယ္ေသာအခါမွ သူမဘက္ကစၿပီး စာပို႔ေလ့မရွိဘူးလို႔ ဆိုပါတယ္။ သူမဘက္က ဘယ္ေတာ့မွ မက္ေဆ့ခ်္စပို႔ေလ့မရွိလို႔ သူမနဲ႔ စကားေျပာခ်င္တယ္ဆိုရင္ တစ္ဖက္လူကသာ စၿပီးမက္ေဆ့ခ်္ပို႔ရမွာ ျဖစ္ပါတယ္။

Photo: twicenayeon/ Instagram
အီးေမးလ္ဆိုရင္လည္း လုံးဝဖြင့္ဖတ္မၾကည့္တတ္ပါဘူး။

အရင္တုန္းကေတာ့ အီးေမးလ္ထဲမွာ စာတစ္ေစာင္ေလာက္ ဝင္ေနၿပီဆိုတာနဲ႔ မဖတ္ထားတာ မရွိရေလာက္ေအာင္ အကုန္ဖတ္ေလ့ ရွိေပမယ့္ အခုေနာက္ပိုင္းမွာေတာ့ အီးေမးလ္ေတြကို လုံးဝဖြင့္မဖတ္ေတာ့ဘူးလို႔ ဆိုပါတယ္။ သူမရဲ႕ email inbox ထဲမွာဆိုရင္ လနဲ႔ခ်ီၿပီး မဖတ္ရေသးတဲ့ အီးေမးလ္ေတြ ပုံေနတယ္လို႔ ဆိုပါတယ္။

ေကာက္ကာငင္ကာ ခရီးထသြားတတ္ပါတယ္။

Nayeon ဟာ ခရီးသြားတဲ့အခါ ပက္ေက့ခ်္ဝယ္ၿပီး သြားတာမ်ိဳး၊ ႀကိဳတင္စီစဥ္ ပလန္ခ်ၿပီး သြားတာမ်ိဳးတို႔ မလုပ္တတ္ပါဘူး။ ခရီးသြားမယ္လို႔ ခ်က္ခ်င္း ဆုံးျဖတ္ခ်က္ခ်၊ ခ်က္ခ်င္းသြားဖို႔ ထျပင္တတ္သူတစ္ေယာက္ ျဖစ္ပါတယ္။

Photo: twicenayeon/ Instagram
အမွန္တရားနဲ႔ ပတ္သက္လာရင္ လူေတြရဲ႕ခံစားခ်က္ေတြကို ထည့္တြက္ေလ့မရွိပါဘူး။

စကားရည္လုၾကတဲ့အခါ၊ ဒါမွမဟုတ္ အျငင္းအခုန္ ျဖစ္ၾကတဲ့အခါမ်ိဳးေတြမွာ Nayeon ဟာ ေဆြးေႏြးေနတဲ့ အေၾကာင္းအရာရဲ႕ အမွန္တရားကိုသာ လုံးဝဥႆုံ ဦးစားေပးတယ္လို႔ ဆိုပါတယ္။ တစ္ဖက္ကလူရဲ႕ ခံစားခ်က္ေတြကို ထည့္သြင္းခံစားေလ့ မရွိဘူးလို႔လည္း သိရပါတယ္။

အားေပးမယ့္အစား အႀကံဉာဏ္ေပးရတာကို ပိုႏွစ္သက္သူ ျဖစ္ပါတယ္။

အကယ္၍ သူမမွာ စိတ္ဓာတ္က်ေနတဲ့ သူငယ္ခ်င္းတစ္ေယာက္ ရွိေနမယ္ဆိုရင္ စိတ္ခြန္အားျဖစ္ေအာင္ အားေပးမလား၊ ေျဖရွင္းႏိုင္မယ့္ နည္းတစ္ခုခုကို အႀကံျပဳမလားဆိုတဲ့ ေမးခြန္းကိုေတာ့ အႀကံဉာဏ္ေပးတဲ့ဘက္ကိုပဲ ပိုၿပီးအားသာတဲ့အေၾကာင္း ေျဖဆိုခဲ့ပါတယ္။ “ဒီလိုေလး လုပ္ၾကည့္ရင္ ပိုၿပီးမေကာင္းသြားဘူးလား…” ဆိုတာမ်ိဳးပဲ အႀကံေပးမယ္လို႔ ဆိုပါတယ္။

Photo: twicenayeon/ Instagram
လက္ေတြ႕က်တဲ့ ရည္မွန္းခ်က္ကိုပဲ ခ်မွတ္ေလ့ရွိပါတယ္။

Nayeon ဟာ တစ္ေန႔တာအတြက္ အခ်ိန္ဇယား ေရးဆြဲတဲ့အခါ သူမအမွန္တကယ္ လုပ္ႏိုင္စြမ္းရွိသေလာက္ကိုပဲ တားဂတ္ထားေလ့ရွိတယ္လို႔ ဆိုပါတယ္။ ဒီလိုလက္ေတြ႕က်တဲ့ ရည္မွန္းခ်က္ေလးကို ထားလိုက္တဲ့အတြက္ အခ်ိန္ဇယားအတိုင္း လိုက္လုပ္ဖို႔ ပိုၿပီးလြယ္ကူေစသလို ပိုၿပီးစိတ္ေက်နပ္စရာေကာင္းေစတယ္လို႔လည္း ဆိုပါတယ္။

႐ုပ္ရွင္နဲ႔ပတ္သက္တဲ့ အဓိပၸာယ္ ရွင္းလင္းခ်က္ေတြ ရွာေဖြဖတ္ရႈရတာ ႀကိဳက္ႏွစ္သက္သူပါ။

Nayeon ဟာ အထူးသျဖင့္ ႐ုပ္ရွင္ေတြ ၾကည့္ၿပီးတိုင္းမွာ အဲ့ဒီ့႐ုပ္ရွင္ေတြနဲ႔ ပတ္သက္တဲ့ ေနာက္ကြယ္က အဓိပၸာယ္ေတြ၊ ရွင္းလင္းခ်က္ေတြကို ရွာေဖြ ေမႊေႏွာက္ ဖတ္ရႈေလ့ ရွိတယ္လို႔ ဆိုပါတယ္။ ႐ုပ္ရွင္ေတြက ကြယ္ဝွက္ထားတဲ့ အဓိပၸာယ္ေတြကို ရွာေဖြ ဖတ္ရႈရတာဟာ ေပ်ာ္စရာလည္းေကာင္းတယ္လို႔ ဆိုပါတယ္။

Photo: twicenayeon/ Instagram
သူမဟာ ခန႔္မွန္းရခက္သူတစ္ေယာက္ပါ။

Nayeon ဟာ ခန႔္မွန္းရခက္ခဲသူတစ္ေယာက္ဆိုတာကို ကိုယ္တိုင္က ဝန္ခံထားၿပီး သူမရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းေတြကေတာင္ သူမကို မခန႔္မွန္းႏိုင္ဘူးလို႔ ဆိုပါတယ္။

လူၾကားထဲမွာလည္း အဆင္ေျပသလို သီးသန႔္ေနရတာကိုလည္း ႏွစ္သက္သူပါ။

သူမဟာ ေပ်ာ္စရာေကာင္းတဲ့အခ်ိန္မ်ိဳးမွာ လူၾကားထဲမွာလည္း ေဖာ္ေ႐ြခင္မင္စြာနဲ႔ ေနထိုင္တတ္သလို တစ္ခါတစ္ရံမွာေတာ့ သူမဘာသာ သီးသန႔္ ၿငိမ္ၿငိမ္ေလး ေနရတာကို ႀကိဳက္ႏွစ္သက္တယ္လို႔ ဆိုပါတယ္။

သူမဟာ သေဘာထားႀကီးသူပါ။

Nayeon ဟာ ေခါင္းမာတတ္သူတစ္ေယာက္ မဟုတ္ဘဲ သေဘာထားႀကီးႀကီး ထားတတ္သူတစ္ေယာက္လို႔ ဆိုပါတယ္။

Photo: twicenayeon/ Instagram
ခံစားခ်က္ေတြကို ဖြင့္ေျပာေလ့ရွိသူပါ။

သူမဟာ ခံစားခ်က္ေတြကို ၿမိဳသိပ္ၿပီး ႀကိတ္ခံစားတတ္သူေတာ့ မဟုတ္ပါဘူး။ သူမရင္ထဲမွာ ဘာေတြခံစားရတယ္ဆိုတာကို မၾကာခဏ ဖြင့္ဟေဖာ္ျပေလ့ရွိတယ္လို႔ ဆိုပါတယ္။

ပြဲထိန္းတတ္သူတစ္ဦးပါ။

Nayeon ဟာ အေျခအေနတစ္ရပ္ကို ၾကည့္ၿပီး ျမန္ျမန္ဆန္ဆန္ တုံ႔ျပန္ကာ ထိန္းသိမ္းႏိုင္သူတစ္ဦး ျဖစ္ပါတယ္။

ႀကိဳးစားမႈထက္ ရလဒ္ကို ပိုတန္ဖိုးထားသူ ျဖစ္ပါတယ္။

Nayeon အတြက္ကေတာ့ ႀကိဳးစားအားထုတ္ခဲ့မႈဆိုတဲ့ ခရီးလမ္းက အဓိကမက်ဘဲ အဆုံးမွာ ရရွိတဲ့ ရလဒ္ကသာ အေရးႀကီးဆုံး ျဖစ္တယ္လို႔ ဆိုပါတယ္။ အလယ္တန္းေက်ာင္းတုန္းကဆိုရင္ စာအုပ္တစ္အုပ္လုံးကို အကုန္မဖတ္ဘဲနဲ႔ စာအုပ္အႏွစ္ခ်ဳပ္ေတြကို ေရးသားေလ့ရွိခဲ့ၿပီး ဆုေတြလည္း ရရွိခဲ့ဖူးတယ္လို႔ ဆိုပါတယ္။

ဒါကေတာ့ ခ်စ္စရာ Nayeon ရဲ႕ ကိုယ္ေရးကိုယ္တာနဲ႔ ပတ္သက္တဲ့ အေတြးအေခၚ၊ အမူအက်င့္ေလးေတြ အေၾကာင္းပဲ ျဖစ္ပါတယ္။ Nayeon ရဲ႕ ဘယ္အခ်က္ေလးေတြကို ခ်စ္လည္းဆိုတာလည္း ေျပာျပခဲ့ပါဦး။

LaNina

Source: koreaboo

RELATED ARTICLES

Most Popular