HomeCelebs Update NewsInternationalအောက်တိုဘာလထဲမှာ အယ်လ်ဘမ်သစ်ထွက်မယ်လို့ ကြေညာလိုက်တဲ့ Ariana Grande 

အောက်တိုဘာလထဲမှာ အယ်လ်ဘမ်သစ်ထွက်မယ်လို့ ကြေညာလိုက်တဲ့ Ariana Grande 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော်အဆိုတော် Ariana Grande ဟာ ယခုအောက်တိုဘာလထဲမှာပဲ သူမရဲ့တေးအယ်လ်ဘမ်အသစ်ကို ထွက်ရှိသွားမယ်လို့ ကြေညာလိုက်ပါတယ်။

အသက်(၂၇)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Ariana ဟာ သူမရဲ့အယ်လ်ဘမ်သစ်ကို ယခုလထဲမှာပဲ ထွက်ရှိတော့မယ့်အကြောင်းကို အောက်တိုဘာလ(၁၄)ရက်နေ့က သူမရဲ့တွစ်တာစာမျက်နှာမှာ အသိပေးလိုက်တာ ဖြစ်ပါတယ်။ “ဒီလထဲမှာ ကျွန်မအယ်လ်ဘမ်သစ်ကို ရှင်တို့ဆီ ပေးဖို့ စောင့်တောင်မစောင့်နိုင်တော့ဘူး… ” လို့ ရေးသားပြီး အသိပေးထားတာ ဖြစ်ပါတယ်။

Photo: arianagrande/ Twitter

ယခုတင် အောက်တိုဘာလ ထက်ဝက်ကျိုးနေပြီမို့ သူမရဲ့အယ်လ်ဘမ်သစ်ဟာ မကြာခင် အချိန်အတောအတွင်းမှာ ပရိသတ်တွေလက်ထဲ ရောက်ရှိလာတော့မယ်ဆိုတာ သေချာသလောက်ပါပဲ။ Ariana ရဲ့ အယ်လ်ဘမ်သစ် သတင်းကိုတော့ ပရိသတ်တွေကတင် စိတ်လှုပ်ရှားနေတာ မဟုတ်ဘဲ နာမည်ကျော်တွေကလည်း ထပ်တူ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြတာ ဖြစ်ပါတယ်။

Lil Nas X နဲ့ The Weeknd တို့အပါအဝင် တစ်ခြားနာမည်ကျော်တွေဟာ သူမရဲ့အယ်လ်ဘမ်သစ် ထွက်ရှိမယ့်သတင်းကို ဆိုရှယ်မီဒီယာစာမျက်နှာတွေမှာ ရှဲပေးပြီး ထပ်တူ စိတ်လှုပ်ရှားနေကြတာကို တွေ့ရပါတယ်။

Photo: arianagrande/ Instagram

Ariana ဟာ စတူဒီယိုအယ်လ်ဘမ် ငါးချပ် ထွက်ရှိထားပြီး ဖြစ်တာကြောင့် ယခုအသစ်ထွက်ရှိမယ့် အယ်လ်ဘမ်ဟာ သူမရဲ့ ခြောက်ချပ်မြောက် စတူဒီယိုအယ်လ်ဘမ် ဖြစ်မှာပါ။ သူမရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ အယ်လ်ဘမ်ကတော့ Thank U, Next ဖြစ်ပြီး ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလက ထွက်ရှိခဲ့တာဖြစ်လို့ ယခုအယ်လ်ဘမ်နဲ့ဆို ကြားထဲမှာ အချိန်တစ်နှစ်ခွဲကျော် ကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။

မကြာခင်မှာ ထွက်ရှိလာတော့မယ့် Ariana ရဲ့ အယ်လ်ဘမ်သစ်ကို တူတူ စောင့်ဆိုင်းရင်း တေးသီချင်းသစ်များကို မကြာခင် တူတူနားဆင်ကြရအောင်လို့ တိုက်တွန်းလိုက်ပါတယ်။

Glasgow
(Zawgyi Version)

နာမည္ေက်ာ္အဆိုေတာ္ Ariana Grande ဟာ ယခုေအာက္တိုဘာလထဲမွာပဲ သူမရဲ႕ေတးအယ္လ္ဘမ္အသစ္ကို ထြက္ရွိသြားမယ္လို႔ ေၾကညာလိုက္ပါတယ္။

အသက္(၂၇)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ Ariana ဟာ သူမရဲ႕အယ္လ္ဘမ္သစ္ကို ယခုလထဲမွာပဲ ထြက္ရွိေတာ့မယ့္အေၾကာင္းကို ေအာက္တိုဘာလ(၁၄)ရက္ေန႔က သူမရဲ႕တြစ္တာစာမ်က္ႏွာမွာ အသိေပးလိုက္တာ ျဖစ္ပါတယ္။ “ဒီလထဲမွာ ကြၽန္မအယ္လ္ဘမ္သစ္ကို ရွင္တို႔ဆီ ေပးဖို႔ ေစာင့္ေတာင္မေစာင့္ႏိုင္ေတာ့ဘူး… ” လို႔ ေရးသားၿပီး အသိေပးထားတာ ျဖစ္ပါတယ္။

Photo: arianagrande/ Twitter

ယခုတင္ ေအာက္တိုဘာလ ထက္ဝက္က်ိဳးေနၿပီမို႔ သူမရဲ႕အယ္လ္ဘမ္သစ္ဟာ မၾကာခင္ အခ်ိန္အေတာအတြင္းမွာ ပရိသတ္ေတြလက္ထဲ ေရာက္ရွိလာေတာ့မယ္ဆိုတာ ေသခ်ာသေလာက္ပါပဲ။ Ariana ရဲ႕ အယ္လ္ဘမ္သစ္ သတင္းကိုေတာ့ ပရိသတ္ေတြကတင္ စိတ္လႈပ္ရွားေနတာ မဟုတ္ဘဲ နာမည္ေက်ာ္ေတြကလည္း ထပ္တူ စိတ္လႈပ္ရွားစြာ ေစာင့္ဆိုင္းေနၾကတာ ျဖစ္ပါတယ္။

Lil Nas X နဲ႔ The Weeknd တို႔အပါအဝင္ တစ္ျခားနာမည္ေက်ာ္ေတြဟာ သူမရဲ႕အယ္လ္ဘမ္သစ္ ထြက္ရွိမယ့္သတင္းကို ဆိုရွယ္မီဒီယာစာမ်က္ႏွာေတြမွာ ရွဲေပးၿပီး ထပ္တူ စိတ္လႈပ္ရွားေနၾကတာကို ေတြ႕ရပါတယ္။

Photo: arianagrande/ Instagram

Ariana ဟာ စတူဒီယိုအယ္လ္ဘမ္ ငါးခ်ပ္ ထြက္ရွိထားၿပီး ျဖစ္တာေၾကာင့္ ယခုအသစ္ထြက္ရွိမယ့္ အယ္လ္ဘမ္ဟာ သူမရဲ႕ ေျခာက္ခ်ပ္ေျမာက္ စတူဒီယိုအယ္လ္ဘမ္ ျဖစ္မွာပါ။ သူမရဲ႕ ေနာက္ဆုံးထြက္ရွိထားတဲ့ အယ္လ္ဘမ္ကေတာ့ Thank U, Next ျဖစ္ၿပီး ၂၀၁၉ခုႏွစ္ ေဖေဖာ္ဝါရီလက ထြက္ရွိခဲ့တာျဖစ္လို႔ ယခုအယ္လ္ဘမ္နဲ႔ဆို ၾကားထဲမွာ အခ်ိန္တစ္ႏွစ္ခြဲေက်ာ္ ၾကာျမင့္ခဲ့တာ ျဖစ္ပါတယ္။

မၾကာခင္မွာ ထြက္ရွိလာေတာ့မယ့္ Ariana ရဲ႕ အယ္လ္ဘမ္သစ္ကို တူတူ ေစာင့္ဆိုင္းရင္း ေတးသီခ်င္းသစ္မ်ားကို မၾကာခင္ တူတူနားဆင္ၾကရေအာင္လို႔ တိုက္တြန္းလိုက္ပါတယ္။

Glasgow

 

RELATED ARTICLES

Most Popular