HomeEntertainmentFilmTitanic ဇာတ်ကားရဲ့နောက်ကွယ်က စိတ်ဝင်စားဖို့ ကောင်းတဲ့အကြောင်းများ

Titanic ဇာတ်ကားရဲ့နောက်ကွယ်က စိတ်ဝင်စားဖို့ ကောင်းတဲ့အကြောင်းများ

အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။

Titanic ဇာတ်ကားဟာ တော်တော်လေးကို နာမည်ကြီးပြီးတော့ အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒါ့အပြင် အော်စကာဆုပေါင်း (၁၁) ဆုကို ဆွတ်ခူးထားနိုင်တဲ့ ဇာတ်ကား ဖြစ်ပြီးတော့ ပရိသတ်တွေအမြောက်အများလည်းပိုင်ဆိုင်ထားပါသေးတယ်။ အဲ့ဒါကြောင့်ပဲ ဒီဇာတ်ကားရဲ့ပရိသတ်တွေအတွက် ရိုက်ကွင်းနောက်ကွယ်က စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

Gloria Stuart
photo via screenrant

ဇာတ်ကားရဲ့အစမှာ Rose ဟာအသက်အရမ်းကြီးနေပြီးတော့ သူကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်ပြီးပြောပြနေတဲ့ပုံနဲ့ ဇာတ်လမ်းကို အစပြုထားပါတယ်။ အဲ့ဒီနေရာမှာတော့ ဝါရင့်သရုပ်ဆောင်ဖြစ်တဲ့ Gloria Stuart ဟာ သရုပ်ဆောင်ထားပါတယ်။ သူမဟာ ရုပ်ရှင်အဖွဲ့သားတွေထဲမှာ တကယ့်သင်္ဘောမှောက်တဲ့ ၁၉၁၂ ခုနှစ်ကနေ အဲ့ဒီအကြောင်းကို ရုပ်ရှင်ပြန်ရိုက်တဲ့အချိန်ထိ အသက်ရှင်နေတဲ့ တစ်ဉီးတည်းသောသူတစ်ယောက် ဖြစ်ပါတယ်။

ရုပ်ရှင်ရိုက်တဲ့အချိန်မှာတော့ သူမဟာ (၈၆) နှစ်ရှိနေပြီးတော့ ဇာတ်လမ်းထဲမှာတော့ အသက်နှစ် (၁၀၀) ရှိတဲ့အဖွားကြီးနေရာကသရုပ်ဆောင်ဖို့အတွက် မိတ်ကပ်တွေနဲ့ ပိုပြီးအသက်ကြီးတဲ့ပုံစံပေါ်အောင် ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် စိတ်ဝင်စားစရာတစ်ခုကတော့ သူမဟာ ရုပ်ရှင်ရိုက်အပြီး (၁၃) နှစ်အကြာမှာ ဆုံးပါးသွားခဲ့ပြီး အဲ့ဒီအချိန်မှာတော့ သူမရဲ့အသက်ဟာ နှစ် (၁၀၀) ရှိနေပြီ ဖြစ်ပါတယ်။

My Heart Will Go On
photo via screenrant

My Heart Will Go On ဆိုတဲ့ Celine Dion ရဲ့သီချင်းဟာ တော်တော်လေးကို နာမည်ကြီး ကျော်ကြားခဲ့ပြီး ဒီရုပ်ရှင်ကားနဲ့လည်း တော်တော်လေးကို လိုက်ဖက်ခဲ့ပါတယ်။ တော်တော်များများကတော့ ဒီသီချင်းကို ကြိုက်နှစ်သက်ခဲ့ပေမယ့် ဒီရုပ်ရှင်ကို မထုတ်ခင်အချိန်တုန်းက ဒီသီချင်းဟာ ပါဝင်ဖို့အတွက် အစီအစဉ်မရှိခဲ့ပါဘူး။ အကြောင်းကတော့ ဒါရိုက်တာ James Cameron ဟာဒီရုပ်ရှင်အကြောင်းနဲ့ပတ်သက်ပြီးတော့ သီချင်းရေးဖို့အတွက် အစီအစဉ်ကို သဘောမတူခဲ့တာကြောင့် ဖြစ်ပါတယ်။

ဒါပေမဲ့လည်း သီချင်းရေးဆရာ James Horner ကသဘောမတူတာကြောင့် ဘယ်သူမှမသိအောင် ခိုးပြီး Celine Dion ကိုဒီဇာတ်ကားအကြောင်း သီချင်းတစ်ပုဒ်ကိုရေးပြီး သီဆိုခိုင်းခဲ့ပါတယ်။ အဲ့ဒီနောက်မှ သီချင်းကို ရုပ်ရှင်ထဲထည့်လိုက်ပြီး Cameron ကို ပြလိုက်တော့မှ ကြိုက်သွားတာကြောင့် ဒီသီချင်းဟာ အခုလိုမျိုး ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ James Horner သာခိုးပြီးတော့ မလုပ်ခဲ့ရင် My Heart Will Go On ဆိုတဲ့သီချင်းဟာ ဘယ်တုန်းကမှ ဖြစ်ပေါ်လာခဲ့မှာ မဟုတ်ပါဘူး။

ဆိုးရွားလွန်းတဲ့ နောက်ပြောင်ခြင်း
photo via screenrant

ဒီရုပ်ရှင်ကို ရိုက်ကူးနေတဲ့အချိန်တုန်းက အခက်အခဲတွေတော်တော်များများတွေ့ကြုံခဲ့ရပြီး ရိုက်ကူးတဲ့အချိန်ဟာ ခန့်မှန်းထားတာထက် ပိုကြာသွားခဲ့ပါတယ်။ ဒါ့အပြင် ရိုက်ကွင်းထဲမှာလည်း ပြဿနာတွေနဲ့ အခက်အခဲတွေ မျိုးစုံလည်း တွေ့ကြုံခဲ့ရပါသေးတယ်။ အဲ့ဒီထဲကမှအဆိုးဝါးဆုံးတစ်ခုကတော့ နောက်ပြောင်ခြင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲ့ဒါကတော့ ရုပ်ရှင်အဖွဲ့သားတွေ တစ်ဖွဲ့လုံးစားကြမယ့် စွပ်ပြုတ်ထဲမှာ စိတ်ကို ထင်ယောင်ထင်မှား ဖြစ်စေတဲ့ဆေးတွေ ထည့်ထားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီဆေးတွေကြောင့်ပဲ ရုပ်ရှင်အဖွဲ့သား အယောက် (၅၀) လောက်တောင် ဆေးရုံတင်လိုက်ရပါတယ်။ အခုလိုဖြစ်နေတဲ့အချိန်မှာတောင် ဒါရိုက်တာ James Cameron ဟာ စားထားသမျှကို ပြန်အန်ထုတ်ခဲ့ပြီး ချက်ချင်းပဲ ရုပ်ရှင်ရိုက်ကွင်းကို ဆက်ရိုက်ခဲ့ပါတယ်။

ပန်းချီဆွဲတဲ့အခန်း
photo via screenrant

ပန်းချီဆွဲတဲ့အခန်းဟာ ဒီရုပ်ရှင်ကားထဲက နာမည်ကြီးတဲ့ အခန်းတစ်ခန်းဖြစ်ပြီးတော့ တော်တော်လည်း လူကြိုက်များခဲ့တဲ့ ဇာတ်ဝင်ခန်းတစ်ခန်း ဖြစ်ပါတယ်။ Winslet ဟာ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ရော ဟာသလုပ်တဲ့အနေနဲ့ပါ ဒီဇာတ်ဝင်ခန်းကို မရိုက်ခင်မှာ Leonardo ကို ခဏခဏလှန်ပြခဲ့ပါတယ်။ အဲ့လိုလုပ်ခြင်းအားဖြင့် တကယ်ရိုက်ရတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ရှက်ကိုးရှက်ကန်း ဖြစ်မနေတော့ဘဲ ဇာတ်ရုပ်ကို သေချာအာရုံစိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီဇာတ်ဝင်ခန်းထဲက ပန်းချီဆွဲနေတဲ့လက်ဟာ Leonardo ရဲ့လက်မဟုတ်ဘဲ ဒါရိုက်တာ James Cameron ရဲ့လက်ဖြစ်ပါတယ်။

J.Dawson
photo via screenrant

Leonardo ဟာ ဒီဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့အချိန်တုန်းက အသက်ငယ်ငယ်လေးဘဲ ရှိသေးပြီး အဲ့ဒီနောက်မှာတော့ တော်တော်လေးကို အောင်မြင်လာခဲ့ပါတယ်။ ဒါ့အပြင် သူသရုပ်ဆောင်ခဲ့တဲ့ Jack Dawson ဆိုတဲ့ကာရိုက်တာဟာလည်း ရိုမာန့်စ်ရုပ်ရှင်တွေရဲ့သမိုင်းမှာ တော်တော်လေးကို အောင်မြင်ခဲ့ပါတယ်။

ဒီဇာတ်ကောင်ဟာ စိတ်ကူးယဉ်ဇာတ်ကောင်တစ်ယောက်ဖြစ်ပေမယ့် အပြင်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်ထဲမှာ Joseph Dawson ဆိုတဲ့တကယ့်လူ ပါဝင်ခဲ့ပြီး အဲ့ဒီဖြစ်ရပ်မှာ အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ သူ့ရဲ့အုတ်ဂူဟာ ကနေဒါနိုင်ငံရဲ့တစ်နေရာမှာ ရှိပြီး J.Dawson ဆိုပြီး ရေးသားထားခဲ့ပါတယ်။ ဒီရုပ်ရှင်ရဲ့ပရိသတ်တွေတော်တော်များများဟာ သူ့ရဲ့အုတ်ဂူကို အလည်သွားခဲ့ကြပါသေးတယ်။

Lego Les
RELATED ARTICLES

Most Popular