HomeEntertainmentFilmArkham Asylum နဲ့ Gotham PD ဟာ ဇာတ်လမ်းတွဲ တစ်ခုတည်းပါဆိုတဲ့ ဒါရိုက်တာ Matt Reeves

Arkham Asylum နဲ့ Gotham PD ဟာ ဇာတ်လမ်းတွဲ တစ်ခုတည်းပါဆိုတဲ့ ဒါရိုက်တာ Matt Reeves

မကြာသေးခင်က ထွက်ရှိလာမယ်လို့ ကြေညာထားတဲ့ Gotham PD ဇာတ်လမ်းတွဲနဲ့ ထွက်ရှိလာမယ်လို့ ကောလာဟလ ထွက်နေတဲ့ Arkham Asylum ဇာတ်လမ်းတွဲဟာ တစ်ခုတည်းပါပဲလို့ The Batman ဒါရိုက်တာ Matt Reeves က အတည်ပြုပေးလိုက်ပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲကတော့ Arkham Asylum နဲ့ Gotham ရဲဌာနအကြောင်းကို အဓိက ဖော်ပြသွားမှာလို့ သိရပါတယ်။

photo via screenrant

၂၀၂၀ ခုနှစ် ဇူလိုင်လမှာတော့ Gotham PD ဇာတ်လမ်းတွဲ ထွက်ရှိလာမယ်လို့ ကြေညာခဲ့တာ ဖြစ်ပြီး အဲ့ဒီအချိန်မှာတော့ ဒီဇာတ်လမ်းတွဲကို HBO Max မှာ ဖန်တီးနေတယ်လို့ သိရပါတယ်။ အစတုန်းက စီစဉ်ထားတဲ့ ဇာတ်လမ်းကတော့ Bruce Wayne ရဲ့ ပထမဆုံး Batman ဖြစ်လာတဲ့ နှစ်ကာလတွေကို မြင်တွေ့ရမှာ ဖြစ်ပြီး Batman နဲ့ Gordon တို့ ဘယ်လိုမျိူး ပါတနာတွေ ဖြစ်လာတယ် ဆိုတာကို အဓိက မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ ဒါရိုက်တာ Matt Reeves ဟာ အင်တာဗျူးတစ်ခုမှာ အဲ့ဒီအကြောင်းတွေကို ပြောပြခဲ့ပါတယ်။ Gotham PD ဇာတ်လမ်းတွဲဟာ အချိန်တွေ ကြာလာတာနဲ့အမျှ ဇာတ်လမ်းက တဖြည်းဖြည်းနဲ့ ပြောင်းလဲလာပြီး Arkham Asylum နဲ့ ပိုပြီးပတ်သက်တဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်လာပါတယ်။ အစတုန်းကတော့ ဒီဇာတ်လမ်းတွဲဟာ The Batman ရဲ့ Prequel အဖြစ် သတ်မှတ်ထားပေမယ့်လည်း အခုဆိုရင်တော့ Sequel ဖြစ်လာပါပြီ။

photo via screeenrant

၁၉၈၀ ခုနှစ်ကျော်က ထွက်ရှိခဲ့တဲ့ Arkham Asylum: A Serious House on Serious Earth ကောမစ်ကတော့ Batman ကောမစ်တွေထဲက နာမည်ကြီး ကောမစ်တစ်ခု ဖြစ်ပါတယ်။ အဲ့ဒီကောမစ်ရဲ့ Art Style ကလည်း Horror ဆန်ပြီး ဒီဇာတ်လမ်းတွဲကိုလည်း Horror ဆန်ဆန် ဖန်တီးသွားမယ်လို့ သိရပါတယ်။ Batman ဂိမ်းတွေ များစွာကလည်း ဒီကောမစ်ကို အခြေခံပြီး ပြန်လည် ဖန်တီးခဲ့ကြတာကြောင့် Gotham PD ဇာတ်လမ်းတွဲဟာလည်း ဒီကောမစ်ကိုပဲ Horror ဆန်ဆန် ဖန်တီးသွားမယ် ဆိုရင်တော့ တကယ်ကောင်းတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်လာမှာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular