HomeCelebs Update NewsInternationalResort တစ်ခုမှာ အလုပ်လုပ်နေရတယ်ဆိုတဲ့ Armie Hammer

Resort တစ်ခုမှာ အလုပ်လုပ်နေရတယ်ဆိုတဲ့ Armie Hammer

နာမည်ကျော်မင်းသား Armie Hammer ကတော့ ငွေကြေးဆိုင်ရာ အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရတာကြောင့် Cayman Islands မှာ အိမ်ခြံမြေအရောင်းသမားအဖြစ် လုပ်ကိုင်နေရတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒါဟာ ဖခင်ဖြစ်သူကလည်း သူ့ကိုဆက်လက် ထောက်ပံ့ခြင်းမရှိတော့တဲ့အတွက် အသက်ရှင်ရပ်တည်ဖို့ အခုလို အလုပ်လုပ်နေရတာလို့ ဆိုပါတယ်။

အသက်(၃၅)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Armie Hammer ဟာ Grand Cayman က Morritt’s Resort မှာ အိမ်ခြံမြေအရောင်းသမားအဖြစ် လုပ်ကိုင်နေတယ်လို့ နီးစပ်ရာသတင်းတွေက ဆိုထားကြတာ ဖြစ်ပါတယ်။ “သူ့အဖေကလည်း သူ့ကို မကူညီတော့ဘူးလေ။ သူ့ကို အဆက်အသွယ် ဖြတ်သွားပြီ ဖြစ်တဲ့အတွက် အလုပ်လုပ်ရတော့တာပေါ့ …”လို့ အဆိုပါသတင်းတွေက ဆိုကြပါတယ်။

Photo: armieehammercayman/ Instagram

ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ flyer တစ်ခုမှာတော့ Armie Hammer ဟာ Morritt’s Resort မှာ ဟိုတယ်ဝန်ထမ်းအဖြစ် လုပ်ကိုင်နေတယ်လို့ ရည်ညွှန်းထားတာ ရှိနေပြီး နောက်ပိုင်းမှာတော့ အဆိုပါ flyer ဟာ အတုသာ ဖြစ်တယ်လို့ သိရပါတယ်။

သို့သော်လည်း TMZ သတင်းဌာနရဲ့ ဖော်ပြချက်အရ ဇွန်လက ရိုက်ကူးထားပုံရတဲ့ ဓာတ်ပုံတွေထဲမှာတော့ Armie Hammer ဟာ ဟိုတယ်ရဲ့အရှေ့မျက်နှာစာမှာ စားပွဲတစ်လုံးနဲ့ ထိုင်နေပြီး ပိုလိုရှပ်ကို ဝတ်ဆင်ထားကာ သူ့ရှေ့မှာ ထိုင်နေတဲ့ လူတစ်ယောက်ကို စကားပြောနေဟန် တွေ့ရပါတယ်။ သူ့ရဲ့လက်ထဲမှာလည်း ဘောပင်တစ်ချောင်းကို ကိုင်ထားတဲ့အတွက် resort က ဇိမ်ခံမြေကွက်တွေကို ရောင်းချပေးနေတာလားတော့ မပြောနိုင်ပါဘူး။

The Social Network ၊ Call Me By Your Name ၊ Death On The Nile အစရှိတဲ့ နာမည်ကျော် ရုပ်ရှင်ကားတွေနဲ့ လူသိများတဲ့ မင်းသား Armie Hammer ကတော့ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် Michael Armand Hammer ရဲ့သားဖြစ်ပြီး ရေနံသူဌေးကြီး Armand Hammer ရဲ့ မြေးတော်စပ်သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ အလွန်ကြွယ်ဝချမ်းသာတဲ့ မိသားစုက ဆင်းသက်လာသူ ဖြစ်ပါတယ်။

Photo: armieehammercayman/ Instagram

သို့ပေမယ့်လည်း Armie Hammer ဟာ မနှစ်က နှစ်ဆန်းပိုင်းလောက်တုန်းက အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ မက်ဆေ့ချ်တွေကြောင့် အခုလိုဒုက္ခရောက်နေရတဲ့ ဘဝကို စတင်ဆိုက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ မက်ဆေ့ချ်တွေထဲမှာတော့ အလွန်ကြမ်းတမ်းရက်စက်တဲ့ နည်းလမ်းနဲ့ လိင်စိတ် အရသာခံတဲ့ အရေးအသားတွေ ပါဝင်နေပြီး လူသားစားခြင်းကို နှစ်သက်တဲ့ သဘောတရားတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် အဲဒီနောက် မကြာခင်မှာပဲ သူဟာ အဓမ္မပြုကျင့်မှုနဲ့ စွပ်စွဲခံခဲ့ရပါသေးတယ်။ ဒီစွပ်စွဲမှုတွေအားလုံးကိုတော့ သူ့ရဲ့ရှေ့နေအဖွဲ့က ငြင်းဆိုထားပါတယ်။

သို့သော်လည်း အဲဒီလို အယုတ်ဆိုး၊ အကျည်းတန်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ မင်းသားတစ်လက်ကို မည်သူကမှ ခေါ်မသုံးချင်တော့တာကြောင့် Armie Hammer ဟာ ပရောဂျက်ပေါင်းများစွာကနေ ထုတ်ပယ်ခံခဲ့ရပြီး သူ့ရဲ့ talent agency ကိုယ်တိုင်က သူနဲ့အလုပ်လုပ်ဖို့ ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ယခင်က ဒေါ်လာ(၁၀)သန်းခန့် ကြွယ်ဝမှုရှိတဲ့ မင်းသား Armie Hammer ဟာ လက်ရှိမှာတော့ ငွေကြေးအရ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular