HomeCelebs Update NewsBollywoodအိမ်မှာပဲနေရသူတွေ မပျင်းရိစေဖို့ အွန်လိုင်း Chat Show တစ်ခု စတင်လိုက်တဲ့ ဆန်နီလီယွန်

အိမ်မှာပဲနေရသူတွေ မပျင်းရိစေဖို့ အွန်လိုင်း Chat Show တစ်ခု စတင်လိုက်တဲ့ ဆန်နီလီယွန်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ဘောလိဝုဒ်သရုပ်ဆောင် ဆန်နီလီယွန်ဟာ ယခုလို လူအားလုံးနီးပါး အိမ်ထဲမှာပဲ နေနေရတဲ့အချိန်မှာ လူအများ အပန်းပြေကြည့်ရှုဖို့အတွက် အွန်လိုင်းစကားဝိုင်းအစီအစဉ်တစ်ခုကို စတင်လိုက်ပါတယ်။

“Locked up with Sunny” လို့ နာမည်ပေးထားတဲ့ အွန်လိုင်းစကားဝိုင်းအစီအစဉ်ကို စတင်မယ့်အကြောင်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က သူမရဲ့ IG မှာ ပို့စ်တင်ပြီး ကြေငြာလိုက်တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာတော့ ဆန်နီက ကမ္ဘာအနှံ့အပြားက နာမည်ကျော်ပုဂ္ဂိုလ်တွေနဲ့ အွန်လိုင်းကနေတစ်ဆင့် စကားစမြည်တွေပြောသွားမှာဖြစ်ပြီး အခုလို အပြင်မထွက်ဘဲ အိမ်မှာပဲ လော့ခ်ဒေါင်းချပြီး နေရတဲ့ အတွေ့အကြုံတွေကို တစ်ယောက်နဲ့တစ်ယောက် မျှဝေသွားမှာလည်း ဖြစ်ပါတယ်။

Photo: sunnyleone/ Instagram

“ဒါက ကျွန်မရဲ့အိုင်ဒီယာလေးပါ။ ဒီလိုအချိန်မျိုးမှာ ကျွန်မတို့ IG ပေါ်ကလူတွေအချင်းချင်းနဲ့ ကျွန်မရဲ့ပရိသတ်တွေနဲ့အတူ ပေါ့ပေါ့ပါးပါး၊ ရယ်ရွှင်စရာလေးတွေ ပြောကြဆိုကြမှာပါ…” လို့ ကြေငြာချက်မှာ ပြောထားပြီး နေ့စဉ် နာမည်ကျော်ပုဂ္ဂိုလ်တစ်ဦးစီနဲ့ အွန်လိုင်းဗွီဒီယို chat မှာ စကားပြောမှာ ဖြစ်ပါတယ်။

Photo: sunnyleone/ Instagram

ကိုရိုးနားဗိုင်းရပ်စ် ပျံ့နှံမှုကို ထိန်းချုပ်ဖို့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကာကွယ်ထိန်းချုပ်နေကြရတာဖြစ်ပြီး အိန္ဒိယမှာတော့ (၂၁)ရက်ကြာအောင် အိမ်ထဲက အိမ်ပြင် ပေးမထွက်ဘဲ တစ်နိုင်ငံလုံး ပိတ်ချထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အိန္ဒိယက နာမည်ကျော်ဆယ်လီအများစုဟာ ပြည်သူတွေ စိတ်သက်သာရာရဖို့အတွက် အွန်လိုင်းကနေ အစီအစဉ်အမျိုးမျိုးကို ကိုယ်ထူကိုယ်ထ ပြုလုပ်ပေးနေကြတာ ဖြစ်ပါတယ်။ ဒီလိုအစီအစဉ်တွေမှာ အွန်လိုင်းကတစ်ဆင့် ယောဂသင်ပေးသူတွေ၊ အကသင်ပေးသူတွေနဲ့ အိမ်ကနေ သီချင်းဆိုပြသူတွေ အစရှိသဖြင့် ရှိနေပါတယ်။

LaNina
(Zawgyi Version)

နာမည္ေက်ာ္ ေဘာလိဝုဒ္သ႐ုပ္ေဆာင္ ဆန္နီလီယြန္ဟာ ယခုလို လူအားလုံးနီးပါး အိမ္ထဲမွာပဲ ေနေနရတဲ့အခ်ိန္မွာ လူအမ်ား အပန္းေျပၾကည့္ရႈဖို႔အတြက္ အြန္လိုင္းစကားဝိုင္းအစီအစဥ္တစ္ခုကို စတင္လိုက္ပါတယ္။

“Locked up with Sunny” လို႔ နာမည္ေပးထားတဲ့ အြန္လိုင္းစကားဝိုင္းအစီအစဥ္ကို စတင္မယ့္အေၾကာင္း ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က သူမရဲ႕ IG မွာ ပို႔စ္တင္ၿပီး ေၾကျငာလိုက္တာ ျဖစ္ပါတယ္။ ဒီအစီအစဥ္မွာေတာ့ ဆန္နီက ကမာၻအႏွံ႔အျပားက နာမည္ေက်ာ္ပုဂၢိဳလ္ေတြနဲ႔ အြန္လိုင္းကေနတစ္ဆင့္ စကားစျမည္ေတြေျပာသြားမွာျဖစ္ၿပီး အခုလို အျပင္မထြက္ဘဲ အိမ္မွာပဲ ေလာ့ခ္ေဒါင္းခ်ၿပီး ေနရတဲ့ အေတြ႕အႀကဳံေတြကို တစ္ေယာက္နဲ႔တစ္ေယာက္ မွ်ေဝသြားမွာလည္း ျဖစ္ပါတယ္။

Photo: sunnyleone/ Instagram

“ဒါက ကြၽန္မရဲ႕အိုင္ဒီယာေလးပါ။ ဒီလိုအခ်ိန္မ်ိဳးမွာ ကြၽန္မတို႔ IG ေပၚကလူေတြအခ်င္းခ်င္းနဲ႔ ကြၽန္မရဲ႕ပရိသတ္ေတြနဲ႔အတူ ေပါ့ေပါ့ပါးပါး၊ ရယ္႐ႊင္စရာေလးေတြ ေျပာၾကဆိုၾကမွာပါ…” လို႔ ေၾကျငာခ်က္မွာ ေျပာထားၿပီး ေန႔စဥ္ နာမည္ေက်ာ္ပုဂၢိဳလ္တစ္ဦးစီနဲ႔ အြန္လိုင္းဗြီဒီယို chat မွာ စကားေျပာမွာ ျဖစ္ပါတယ္။

Photo: sunnyleone/ Instagram

ကို႐ိုးနားဗိုင္းရပ္စ္ ပ်ံ႕ႏွံမႈကို ထိန္းခ်ဳပ္ဖို႔အတြက္ ကမာၻ႔ႏိုင္ငံအသီးသီးမွာ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ကာကြယ္ထိန္းခ်ဳပ္ေနၾကရတာျဖစ္ၿပီး အိႏၵိယမွာေတာ့ (၂၁)ရက္ၾကာေအာင္ အိမ္ထဲက အိမ္ျပင္ ေပးမထြက္ဘဲ တစ္ႏိုင္ငံလုံး ပိတ္ခ်ထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အိႏၵိယက နာမည္ေက်ာ္ဆယ္လီအမ်ားစုဟာ ျပည္သူေတြ စိတ္သက္သာရာရဖို႔အတြက္ အြန္လိုင္းကေန အစီအစဥ္အမ်ိဳးမ်ိဳးကို ကိုယ္ထူကိုယ္ထ ျပဳလုပ္ေပးေနၾကတာ ျဖစ္ပါတယ္။ ဒီလိုအစီအစဥ္ေတြမွာ အြန္လိုင္းကတစ္ဆင့္ ေယာဂသင္ေပးသူေတြ၊ အကသင္ေပးသူေတြနဲ႔ အိမ္ကေန သီခ်င္းဆိုျပသူေတြ အစရွိသျဖင့္ ရွိေနပါတယ္။

LaNina

 

RELATED ARTICLES

Most Popular