HomeEntertainmentFilmDisney+ က အသစ်ထွက်ရှိလာမယ့် Armor Wars ဆိုတာ ဘာလဲ?

Disney+ က အသစ်ထွက်ရှိလာမယ့် Armor Wars ဆိုတာ ဘာလဲ?

Armor Wars ဇာတ်လမ်းတွဲကိုတော့ Disney+ က ပြသသွားမှာ ဖြစ်ပြီး Don Cheadle သရုပ်ဆောင်ထားတဲ့ War Machine ကို အဓိကမြင်တွေ့ရမယ့် ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ကောမစ်ထဲက Armor Wars ဆိုတဲ့ အဖြစ်အပျက်ကို အခြေခံပြီး ပြန်လည် ရိုက်ကူးသွားမှာလည်း ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Tony Stark ရဲ့ Iron Man ကို အဓိကဇာတ်ကောင်အဖြစ် ဖန်တီးခဲ့ပေမယ့်လည်း ဒီဇာတ်လမ်းတွဲထဲမှာတော့ War Machine က အဓိကဇာတ်ကောင်အဖြစ် ပါဝင်သွားမှာ ဖြစ်ပါတယ်။

ကောမစ်ထဲမှာတော့ Armor Wars အဖြစ်အပျက်ဟာ ၁၉၈၀ ကျော်လောက်က ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းနဲ့ ၂၀၁၅ တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းဆိုပြီး ဗားရှင်းနှစ်ခု ရှိပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ မူလအဖြစ်အပျက်ကိုပဲ အခြေခံသွားမယ်လို့ Disney က ကြေညာထားပါတယ်။ ဒီအဖြစ်အပျက်ထဲမှာတော့ Tony Stark ဟာ သူ့ရဲ့ Armor တွေကို Marvel Universe ထဲက တခြားသူတွေ အသုံးပြုနေတာနဲ့ ပတ်သက်ပြီး မဖြစ်သင့်တာတွေ မဖြစ်ရလေအောင် တားဆီးတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo via screenrant

Tony ရဲ့ Armor Plan တွေကိုတော့ Justin Hammer က ရောင်းစားခဲ့ပြီး Tony ရဲ့ ရန်သူတွေက သူ့ရဲ့ Armor တွေကို အသုံးပြုနေတာကို သိလိုက်ရပါတယ်။ ဒါကြောင့်ပဲ Tony ဟာ သူ့ရဲ့တီထွင်မှုတွေနဲ့ မကောင်းမှုတွေ မပြုလုပ်နိုင်ဖို့အတွက် တားဆီးဖို့ ကြိုးစားရပါတော့တယ်။ ဒီအဖြစ်အပျက်ထဲမှာတော့ War Machine ဟာ Tony ရဲ့ မဟာမိတ်အနေနဲ့ ပါဝင်ခဲ့ပြီး ရန်သူပေါင်းများစွာကိုလည်း တိုက်ခိုက်ခဲ့ကြပါတယ်။

အဲဒီသူတွေထဲမှာတော့ ဗီလိန်တွေ ဖြစ်တဲ့ Titanium Man ၊ Beetle ၊ Crimson Dynamo တို့အပြင် ရေအောက်ထဲက ဟီးရိုးဖြစ်တဲ့ Stringray လည်း ပါဝင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်အတွင်းမှာ ဖြစ်လာတဲ့ အဓိကပြဿနာကတော့ Tony ရဲ့ ပစ်မှတ်တွေအားလုံးဟာ သူစွပ်စွဲခဲ့သလို အပြစ်ရှိနေကြတာ မဟုတ်တာပါပဲ။ ဥပမာပြောရရင် Stringray ဟာ သူ့ရဲ့ Armor ကို သူကိုယ်တိုင် တီထွင်ခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီလိုမှားယွင်းမှုတွေ ရှိနေတာတောင် Tony ဟာ နည်းနည်းလေးမှ စိတ်မပြောင်းသွားခဲ့ပါဘူး။

photo via screenrant

အဲဒီနောက်မှာတော့ Tony ဟာ Vault မှာရှိတဲ့ အစောင့်တွေကိုလည်း တိုက်ခိုက်ခဲ့ပြီး မတော်တဆ ထောင်ဖောက်ပေးလိုက်သလို ဖြစ်သွားပါတယ်။ အဲဒီနောက် Captain America ဟာ Tony ကြောင့် ဖြစ်ပျက်သွားတဲ့ ကိစ္စတွေကို Vault မှာ သွားရောက်ဖြေရှင်းခဲ့ရပြီး ဒီကိစ္စကြောင့်ပဲ သူတို့နှစ်ယောက်ဟာ အဆင်မပြေဖြစ်လာပါတော့တယ်။

ဒါတင်မကသေးဘဲ Hawkeye ဟာလည်း West Coast Avengers အဖွဲ့ကနေ Tony ကို ထုတ်လိုက်ပါတယ်။ ဒီအဖြစ်အပျက်ရဲ့ အဆုံးသတ်မှာတော့ Tony နဲ့ War Machine တို့ဟာ အဓိကဗီလိန်ကို တိုက်ခိုက်ခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ယောက် ပြုလုပ်ခဲ့တဲ့ ကိစ္စတွေဟာ စူပါဟီးရိုးလောကထဲက သူတို့ရဲ့ ဂုဏ်သတင်းကို ထိခိုက်စေခဲ့သလို Captain America အပါအဝင် Avengers တွေနဲ့ ဆက်ဆံရေးကိုလည်း ထိခိုက်စေခဲ့ပါတယ်။

ဒါကတော့ ကောမစ်ထဲက ဇာတ်လမ်းပဲ ဖြစ်ပြီး ယခု Disney+ က ထုတ်လွှင့်မယ့် ဇာတ်လမ်းတွဲထဲမှာတော့ War Machine ဟာ Tony ရဲ့ ခိုးခံလိုက်ရတဲ့ နည်းပညာတွေကို ပြန်လည်လိုက်ရှာပြီး ကောမစ်ထဲကနဲ့ ဆင်တူတဲ့ အဖြစ်အပျက်တွေကို မြင်တွေ့ရမယ်လို့ သိရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular