HomeEntertainmentFilmRhaenyra နဲ့ Alicent တို့ရဲ့ ငယ်ဘဝသရုပ်ဆောင်တွေကို နှုတ်ဆက်ရတော့မယ့် House of Dragon

Rhaenyra နဲ့ Alicent တို့ရဲ့ ငယ်ဘဝသရုပ်ဆောင်တွေကို နှုတ်ဆက်ရတော့မယ့် House of Dragon

Game of Thrones ဇာတ်လမ်းတွဲရဲ့ Prequel ဇာတ်လမ်းတွဲဖြစ်တဲ့ House of the Dragon ဇာတ်လမ်းတွဲကတော့ အသစ်ထွက်ရှိလာမယ့် အပိုင်းတစ်ခုမှာ Timeskip ထပ်မံပြုလုပ်သွားဦးမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက် Timeskip ကတော့ အရင်အပိုင်းတွေထက် ပိုမိုကြာမြင့်မှာ ဖြစ်တာကြောင့် လက်ရှိမှာ ပရိသတ်တွေ ကြိုက်နှစ်သက်နေတဲ့ Rhaenyra နဲ့ Alicent တို့ရဲ့ သရုပ်ဆောင်တွေဟာလည်း ပြောင်းလဲသွားတော့မှာ ဖြစ်ပါတယ်။

photo via screenrant

ယခုလို Timeskip ပြုလုပ်ရတဲ့ အကြောင်းရင်းကတော့ ဒီဇာတ်လမ်းတွဲဟာ 129 AC နဲ့ 131 AC ကြားမှာ ဖြစ်ပျက်ခဲ့တဲ့ Dance of the Dragons ဆိုတဲ့ Targaryen တွေရဲ့ ပြည်တွင်းစစ်အကြောင်းကို ရိုက်ပြချင်တာကြောင့်ပဲ ဖြစ်ပါတယ်။ House of the Dragon ဇာတ်လမ်းတွဲရဲ့ အစမှာတော့ 101 AC မှာ ဇာတ်အိမ်တည်ထားပြီး ချက်ချင်းပဲ Timeskip ပြုလုပ်ကာ 112 AC ကို ရောက်သွားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Dance of the Dragons အဖြစ်အပျက် ဖြစ်လာဖို့အတွက် ဆယ်နှစ်လောက် လိုနေသေးတာကြောင့် လာမယ့်အပိုင်းမှာတော့ နှစ်နဲ့ချီပြီး Timeskip ဖြစ်သွားမှာပါ။

Timeskip အပြီးမှာ သရုပ်ဆောင်ပြောင်းသွားမယ့် ဇာတ်ကောင်တွေကတော့ Rhaenyra နဲ့ Alicent တို့ နှစ်ယောက်တည်း မဟုတ်ဘဲ House Velaryon ရဲ့ Laena နဲ့ Laenor တို့ နှစ်ယောက်ဟာလည်း သရုပ်ဆောင် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဒီဇာတ်လမ်းတွဲဟာ အပိုင်းလေးပိုင်း ထွက်ရှိပြီးပြီ ဖြစ်ပြီး ငါးပိုင်းမြောက် ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ Season 1 မှာတော့ အပိုင်းစုစုပေါင်း ဆယ်ပိုင်း ပါဝင်မှာ ဖြစ်တာကြောင့် Timeskip ဟာ အပိုင်း(၅) သို့မဟုတ် အပိုင်း(၆)မှာ ဖြစ်ပျက်သွားမယ်လို့ ယူဆရပါတယ်။

photo via screenrant

ယခုလက်ရှိမှာတော့ ပရိသတ်တွေဟာ Rhaenyra နဲ့ Alicent တို့ရဲ့ သရုပ်ဆောင်တွေနဲ့ အသားကျနေပြီ ဖြစ်တာကြောင့် သရုပ်ဆောင်အသစ်တွေနဲ့ ဒီဇာတ်ကောင်နှစ်ယောက်ကို မြင်ကြည့်ရမှာကတော့ အနည်းငယ် ခက်ခဲနိုင်ပါတယ်။ ဒါကြောင့်ပဲ သရုပ်ဆောင်ပြောင်းလဲမှု ဖြစ်သွားတဲ့ အချိန်မှာတော့ သေချာပေါက် အငြင်းပွားဖွယ်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း HBO ဟာ သရုပ်ဆောင်တွေ ရွေးချယ်တဲ့နေရာမှာ ကောင်းမွန်တာကြောင့် သရုပ်ဆောင်အသစ်တွေဟာလည်း ဒီဇာတ်ကောင်တွေနေရာမှာ ဘယ်လို သေသပ်လှပစွာ သရုပ်ဆောင်သွားမလည်း ဆိုတာတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular