HomeEntertainmentFilmTime Loop သီအိုရီကို အရိပ်အမြွက် ပြသသွားတဲ့ Army of the Dead

Time Loop သီအိုရီကို အရိပ်အမြွက် ပြသသွားတဲ့ Army of the Dead

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Army of the Dead ဟာ Netflix က အသစ်ထုတ်လုပ်ထားတဲ့ ဇွန်ဘီရုပ်ရှင်ကားတစ်ကား ဖြစ်ပြီး Zack Snyder ကတော့ ဒါရိုက်တာအနေနဲ့ ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ဟာ မေလ (၂၁)ရက်နေ့က ထွက်ရှိလာခဲ့တာ ဖြစ်ပြီး IMDb (6.0) ရရှိထားပါတယ်။

Zack ဟာ ဒီရုပ်ရှင်အတွက် ဒါရိုက်တာအနေနဲ့ပဲ မဟုတ်ဘဲ ဇာတ်ညွှန်းကိုလည်း ပါဝင်ရေးသားခဲ့သလို ထုတ်လုပ်သူအနေနဲ့လည်း ပါဝင်ထားပါတယ်။ အဓိကသရုပ်ဆောင်တွေကတော့ Dave Bautista ၊ Tig Notaro ၊ Ella Purnell ၊ Omari Hardwick ၊ Garret Dillahunt နဲ့ Ana de la Reguera တို့ ပါဝင်ထားပါတယ်။ Zack Snyder ဟာ ဒီရုပ်ရှင်ထဲမှာတော့ ဇာတ်ကောင်တွေဟာ time loop ထဲမှာ ပိတ်မိနေနိုင်ချေ ရှိကြောင်း အရိပ်အမြွက် ပြထားတာ တွေ့ရပါတယ်။

photo via screenrant

ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်နိုင်ငံရဲ့ လက်စ်ဗီးဂက်စ်မြို့ကြီးဟာ တစ်မြို့လုံး ဇွန်ဘီတွေ ဖြစ်ကုန်ပြီး ဇွန်ဘီတွေ အပြင်ထွက်မလာနိုင်အောင် အဲ့ဒီမြို့တစ်ခုလုံးကို ပိတ်ထားရပါတယ်။ အဲ့ဒီနောက်မှာတော့ Las Vegas မြို့ထဲမှာ ရှိနေတဲ့ ကာစီနိုတစ်ခုရဲ့ အလုံပိတ်ခန်းထဲက ဒေါ်လာသန်း (၂၀၀)ကို ရယူဖို့အတွက် ကြေးစားတစ်ဖွဲ့ဟာ ဇွန်ဘီတွေရဲ့ မြို့တော်ထဲကို ဝင်ရောက်ခဲ့ပါတော့တယ်။

သူတို့တွေဟာ ဇွန်ဘီတွေနဲ့ တိုက်ခိုက်ရရုံတင် မဟုတ်ဘဲ အမေရိကန်နိုင်ငံကလည်း အဲ့ဒီနေရာကို အချိန်တိုအတွင်း ဗုံးကျဲချမှာ ဖြစ်တာကြောင့် သူတို့တွေဟာ ဗုံးမကျဲခင်အချိန်မှာ ပိုက်ဆံတွေ ယူပြီး ထွက်ခွာရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့ရုပ်ရှင်ကြည့် ပရိသတ်တွေအတွက်ကတော့ ဒီဇာတ်လမ်းဟာ အခုလောက် မရိုးရှင်းနေဘဲ time loop တွေပါ ပါဝင်လာနိုင်တယ်လို့ ယူဆနေကြပါတယ်။

အဆိုပါ သီအိုရီကတော့ ဇာတ်ကောင်တွေဟာ time loop လို့ခေါ်တဲ့ အချိန်စက်ဝိုင်းတစ်ခုတည်းမှာ ပိတ်မိနေပြီး တစ်ကြိမ်ထက်တစ်ကြိမ် ပိုပြီးအောင်မြင်နိုင်ချေ များလာတယ်လို့ ယူဆထားတာ ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖြစ်နိုင်ချေ ရှိပေမယ့်လည်း နောက်ထပ် ထွက်ရှိလာမယ့် Army of the Dead ရုပ်ရှင်အသစ်တွေထဲမှာတော့ time loop သီအိုရီဟာ သေချာပေါက် ပါဝင်လာနိုင်မယ်လို့တော့ တပ်အပ် မပြောနိုင်ပါဘူး။

photo via screenrant

ဒီအကြောင်းနဲ့ ပတ်သက်ပြီး TheFilmJunkee YouTube channel နဲ့ အမေးအဖြေကဏ္ဍထဲမှာတော့ Zack ဟာ ဒီဇာတ်ကားထဲမှာ time loop ပါဝင်နေနိုင်တယ်ဆိုတဲ့ သီအိုရီနဲ့ ပတ်သက်ပြီး ပြောပြထားတာ ရှိပါတယ်။

“ပရိသတ်တွေ ယူဆကြတဲ့ time loop သီအိုရီက ဖြစ်နိုင်ချေ ရှိပါတယ်။ ဒါပေမယ့်လည်း (၁၀၀)ရာခိုင်နှုန်းအပြည့် ဖြစ်နိုင်ချေ ရှိတယ်လို့တော့ မပြောပါဘူး။ တချို့နေရာတွေဆိုရင် ဒီသီအိုရီက ဖြစ်နိုင်ချေ ရှိပါတယ်။ ဝေခွဲရခက်တဲ့ ရှုပ်ထွေးမှုလေးတွေတော့ ရှိပါတယ်။ စားပွဲခုံ အဝိုင်းပေါ်မှာ သေဆုံးနေကြတဲ့ လူတစ်စုကလည်း သူတို့ပဲ ဖြစ်နေတာမျိုး၊ အကြိမ်တိုင်းမှာ သူတို့ ပိုပြီးခရီးရောက်လာတာမျိုးပေါ့။ အဲ့လိုနဲ့ တစ်ချိန်မှာတော့ ပိုက်ဆံတွေ ရှိတဲ့နေရာကို သူတို့တွေအကုန်လုံး ဝင်ရောက်သွားနိုင်မှာလား ဆိုတဲ့ မေးခွန်းမျိုးပေါ့ဗျာ … ”  လို့ Snyder က ဆိုထားပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Army of the Dead ဟာ Netflix က အသစ္ထုတ္လုပ္ထားတဲ့ ဇြန္ဘီ႐ုပ္ရွင္ကားတစ္ကား ျဖစ္ၿပီး Zack Snyder ကေတာ့ ဒါ႐ိုက္တာအေနနဲ႔ ပါဝင္ထားပါတယ္။ ဒီ႐ုပ္ရွင္ဟာ ေမလ (၂၁)ရက္ေန႔က ထြက္ရွိလာခဲ့တာ ျဖစ္ၿပီး IMDb (6.0) ရရွိထားပါတယ္။

Zack ဟာ ဒီ႐ုပ္ရွင္အတြက္ ဒါ႐ိုက္တာအေနနဲ႔ပဲ မဟုတ္ဘဲ ဇာတ္ၫႊန္းကိုလည္း ပါဝင္ေရးသားခဲ့သလို ထုတ္လုပ္သူအေနနဲ႔လည္း ပါဝင္ထားပါတယ္။ အဓိကသ႐ုပ္ေဆာင္ေတြကေတာ့ Dave Bautista ၊ Tig Notaro ၊ Ella Purnell ၊ Omari Hardwick ၊ Garret Dillahunt နဲ႔ Ana de la Reguera တို႔ ပါဝင္ထားပါတယ္။ Zack Snyder ဟာ ဒီ႐ုပ္ရွင္ထဲမွာေတာ့ ဇာတ္ေကာင္ေတြဟာ time loop ထဲမွာ ပိတ္မိေနႏိုင္ေခ် ရွိေၾကာင္း အရိပ္အႁမြက္ ျပထားတာ ေတြ႕ရပါတယ္။

photo via screenrantဇာတ္လမ္းအက်ဥ္းကေတာ့ အေမရိကန္ႏိုင္ငံရဲ႕ လက္စ္ဗီးဂက္စ္ၿမိဳ႕ႀကီးဟာ တစ္ၿမိဳ႕လုံး ဇြန္ဘီေတြ ျဖစ္ကုန္ၿပီး ဇြန္ဘီေတြ အျပင္ထြက္မလာႏိုင္ေအာင္ အဲ့ဒီၿမိဳ႕တစ္ခုလုံးကို ပိတ္ထားရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Las Vegas ၿမိဳ႕ထဲမွာ ရွိေနတဲ့ ကာစီႏိုတစ္ခုရဲ႕ အလုံပိတ္ခန္းထဲက ေဒၚလာသန္း (၂၀၀)ကို ရယူဖို႔အတြက္ ေၾကးစားတစ္ဖြဲ႕ဟာ ဇြန္ဘီေတြရဲ႕ ၿမိဳ႕ေတာ္ထဲကို ဝင္ေရာက္ခဲ့ပါေတာ့တယ္။

သူတို႔ေတြဟာ ဇြန္ဘီေတြနဲ႔ တိုက္ခိုက္ရ႐ုံတင္ မဟုတ္ဘဲ အေမရိကန္ႏိုင္ငံကလည္း အဲ့ဒီေနရာကို အခ်ိန္တိုအတြင္း ဗုံးက်ဲခ်မွာ ျဖစ္တာေၾကာင့္ သူတို႔ေတြဟာ ဗုံးမက်ဲခင္အခ်ိန္မွာ ပိုက္ဆံေတြ ယူၿပီး ထြက္ခြာရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း တခ်ိဳ႕႐ုပ္ရွင္ၾကည့္ ပရိသတ္ေတြအတြက္ကေတာ့ ဒီဇာတ္လမ္းဟာ အခုေလာက္ မ႐ိုးရွင္းေနဘဲ time loop ေတြပါ ပါဝင္လာႏိုင္တယ္လို႔ ယူဆေနၾကပါတယ္။

အဆိုပါ သီအိုရီကေတာ့ ဇာတ္ေကာင္ေတြဟာ time loop လို႔ေခၚတဲ့ အခ်ိန္စက္ဝိုင္းတစ္ခုတည္းမွာ ပိတ္မိေနၿပီး တစ္ႀကိမ္ထက္တစ္ႀကိမ္ ပိုၿပီးေအာင္ျမင္ႏိုင္ေခ် မ်ားလာတယ္လို႔ ယူဆထားတာ ျဖစ္ပါတယ္။ ဒီအခ်က္ဟာ ျဖစ္ႏိုင္ေခ် ရွိေပမယ့္လည္း ေနာက္ထပ္ ထြက္ရွိလာမယ့္ Army of the Dead ႐ုပ္ရွင္အသစ္ေတြထဲမွာေတာ့ time loop သီအိုရီဟာ ေသခ်ာေပါက္ ပါဝင္လာႏိုင္မယ္လို႔ေတာ့ တပ္အပ္ မေျပာႏိုင္ပါဘူး။

photo via screenrant

ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး TheFilmJunkee YouTube channel နဲ႔ အေမးအေျဖက႑ထဲမွာေတာ့ Zack ဟာ ဒီဇာတ္ကားထဲမွာ time loop ပါဝင္ေနႏိုင္တယ္ဆိုတဲ့ သီအိုရီနဲ႔ ပတ္သက္ၿပီး ေျပာျပထားတာ ရွိပါတယ္။

“ပရိသတ္ေတြ ယူဆၾကတဲ့ time loop သီအိုရီက ျဖစ္ႏိုင္ေခ် ရွိပါတယ္။ ဒါေပမယ့္လည္း (၁၀၀)ရာခိုင္ႏႈန္းအျပည့္ ျဖစ္ႏိုင္ေခ် ရွိတယ္လို႔ေတာ့ မေျပာပါဘူး။ တခ်ိဳ႕ေနရာေတြဆိုရင္ ဒီသီအိုရီက ျဖစ္ႏိုင္ေခ် ရွိပါတယ္။ ေဝခြဲရခက္တဲ့ ရႈပ္ေထြးမႈေလးေတြေတာ့ ရွိပါတယ္။ စားပြဲခုံ အဝိုင္းေပၚမွာ ေသဆုံးေနၾကတဲ့ လူတစ္စုကလည္း သူတို႔ပဲ ျဖစ္ေနတာမ်ိဳး၊ အႀကိမ္တိုင္းမွာ သူတို႔ ပိုၿပီးခရီးေရာက္လာတာမ်ိဳးေပါ့။ အဲ့လိုနဲ႔ တစ္ခ်ိန္မွာေတာ့ ပိုက္ဆံေတြ ရွိတဲ့ေနရာကို သူတို႔ေတြအကုန္လုံး ဝင္ေရာက္သြားႏိုင္မွာလား ဆိုတဲ့ ေမးခြန္းမ်ိဳးေပါ့ဗ်ာ … ”  လို႔ Snyder က ဆိုထားပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular