HomeCelebs Update NewsInternationalElvis ရုပ်ရှင်မှာ Ryan Gosling ရဲ့နည်းလမ်းအတိုင်း ဝိတ်တက်အောင် လုပ်ခဲ့တဲ့ Austin Butler

Elvis ရုပ်ရှင်မှာ Ryan Gosling ရဲ့နည်းလမ်းအတိုင်း ဝိတ်တက်အောင် လုပ်ခဲ့တဲ့ Austin Butler

မင်းသား Austin Butler ဟာ Elvis ရုပ်ရှင်မှာ ဂန္ထဝင်အဆိုတော်ကြီး Elvis Presley အဖြစ် သရုပ်ဆောင်ပြီး ၂၀၂၃ ခုနှစ်အတွက် အော်စကာ စံကာတင်စာရင်းဝင်ထားသူ ဖြစ်ပါတယ်။ Austin Butler ဟာ တစ်ခေတ်ပြီး တစ်ခေတ် ဖြတ်သန်းလာတဲ့ Elvis ရဲ့ career တလျှောက်လုံးကို သရုပ်ဆောင်ထားတာ ဖြစ်တာကြောင့် ဒီဇာတ်ရုပ်အတွက် ပြင်ဆင်မှုတွေများစွာ ပြုလုပ်ခဲ့ရပါတယ်။ အဲဒီပြင်ဆင်မှုတွေထဲမှာတော့ ကိုယ်အလေးချိန် ပြောင်းလဲမှုတွေလည်း ပါဝင်ပါတယ်။

Variety ရဲ့ Awards Circuit podcast မှာတော့ Austin Butler ဟာ Elvis ဇာတ်ရုပ်အတွက် သူ့ရဲ့ပြင်ဆင်မှုတွေအကြောင်း ပြောပြခဲ့ပါတယ်။ Elvish ရဲ့ သက်ကြီးပိုင်းဗားရှင်းအတွက်ကိုတော့ Butler ဟာ ဝိတ်တက်အောင် ပြုလုပ်ခဲ့ရပြီး ဝိတ်တက်ဖို့ နည်းလမ်းတွေထဲမှာ နာမည်ကျော်မင်းသား Ryan Gosling ရဲ့ နည်းလမ်းကိုလည်း အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit: Warner Bros. Studios

“Ryan Gosling က The Lovely Bones ကားကို ရိုက်ဖို့ ပြင်ဆင်တုန်းက Haagen-Dazs (ရေခဲမုန့်)တွေကို မိုက်ခရိုဝေ့ထဲ ထည့်အရည်ဖျော်ပြီး သောက်တယ်လို့ ကျွန်တော် ကြားရတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ဝိတ်တက်ဖို့အတွက် အဲလိုလိုက်လုပ်ခဲ့ပါသေးတယ် …”

“ပြီးတော့ ဒိုးနတ် နှစ်ဒါဇင်လောက် သွားဝယ်ပြီး တစ်ထိုင်တည်း စားပစ်တယ်။ အဲ့တော့ ဝိတ်တော့ တကယ်တက်လာတာပါပဲ။ တစ်ပတ်လောက်ကတော့ အဲလိုလုပ်နေရတာ ပျော်စရာကြီးပေါ့ဗျာ။ ဒါပေမယ့် ကြာလာတော့ ကိုယ့်ဘာသာ စိတ်ညစ်လာရော။ ပြီးတော့ အစတုန်းက ကျွန်တော်တို့က ရုပ်ရှင်ကို အစဉ်လိုက်အတိုင်း ရိုက်သွားဖို့ စီစဉ်ထားခဲ့တာ။ ဒါပေမယ့် ကိုဗစ်တွေ ဖြစ်လာတော့ အဲဒါက ဘယ်လိုမှ အဆင်မပြေတော့ဘူးလေ …” လို့ Butler က သူ့ရဲ့ဇာတ်ကောင်အတွက် ပြင်ဆင်မှုအကြောင်း ပြောပြခဲ့ပါတယ်။

Photo Credit: Warner Bros. Studios

Elvis ရုပ်ရှင်ထဲမှာတော့ Butler ဟာ ဝိတ်တက်အောင် ပြုလုပ်ခဲ့သလို body suit တွေလည်း ဝတ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။ အသက်ကြီးလာပြီး ဝိတ်တက်လာတဲ့ Elvis ရဲ့ ဇာတ်ရုပ်ကို ပီပြင်ဖို့ရာ အတတ်နိုင်ဆုံး နည်းလမ်းတွေနဲ့ လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

“ဒီဇာတ်ရုပ်နဲ့ ပတ်သက်ပြီး တကယ်ကို စွဲလန်းသွားတာ။ ပြီးတော့ Elvis ရဲ့ဘဝတစ်ခုလုံးကို အချိန်အပိုင်းအခြားတွေ ခွဲပြီးတော့ နှစ်တွေတလျှောက်မှာ သူ့အသံပြောင်းလဲလာတဲ့ပုံ၊ သူ့ရဲ့လှုပ်ရှားမှုတွေ ပြောင်းလဲလာတဲ့ပုံ လေ့လာခဲ့တယ်ပေါ့နော်။ ဒါတွေအားလုံးကို ကျွန်တော် နှစ်နှစ်လောက်ကို အချိန်ယူပြီး လေ့လာခဲ့ရတာပါ။ အဲဒီအချိန်တွင်းမှာ သူ့ရဲ့လူသားတစ်ယောက်ပုံစံကို တတ်နိုင်သလောက် နားလည်အောင် လုပ်ခဲ့တာပေါ့ …” လို့ Butler က ပြောပြထားပါတယ်။

Vancouver

Source: people

 

RELATED ARTICLES

Most Popular