HomeCelebs Update NewsInternationalသမ္မတအလုပ်ကြောင့် အိမ်ထောင်ရေးမှာ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ပြောလာတဲ့ Barack Obama 

သမ္မတအလုပ်ကြောင့် အိမ်ထောင်ရေးမှာ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ပြောလာတဲ့ Barack Obama 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Obama တို့ ဇနီးမောင်နှံဟာ အမေရိကန်သမ္မတတွေရဲ့ သမိုင်းမှာ အချစ်ကြဆုံး စုံတွဲတစ်တွဲအဖြစ် ပြောစမှတ် ပြုကြပေမယ့် သမ္မတဟောင်းဖြစ်သူ Barack Obama ကတော့ သူ့အလုပ်က စိတ်ဖိစီးမှုတွေကြောင့် ဇနီးသည် Michelle နဲ့ တင်းမာမှုတွေ ဖြစ်ခဲ့ရဖူးတယ်လို့ ဆိုလာပါတယ်။

အမေရိကန်သမ္မတဟောင်း Barack Obama ဟာ သမ္မတသက်တမ်း နှစ်ဆက် ထမ်းဆောင်ပြီးနောက် ပြောပြစရာ အမှတ်တရဖြစ်ရပ်များစွာကို A Promise Land ဆိုတဲ့ စာမျက်နှာ (၇၆၈)မျက်နှာပါ စာအုပ်သစ်ထဲမှာ ဝေမျှပေးလိုက်ပါတယ်။ အသစ်စက်စက် ထွက်ရှိလာတဲ့ အဆိုပါစာအုပ်ထဲမှာတော့ ကမ္ဘာ့ထိပ်သီး နိုင်ငံတစ်ခုကို ခေါင်းဆောင်ရတဲ့ လူတစ်ယောက်အနေနဲ့ အိမ်ထောင်သက် နှစ်(၂၀)ကျော် ရှိပြီဖြစ်တဲ့ ဇနီးသည်အပေါ်မှာ တင်းမာမှုတွေနဲ့ ဖိစီးမှုတွေ ဖြစ်စေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Photo: barackobama/ Instagram

သမ္မတကတော်ဟောင်း Michelle Obama ဟာ အိမ်ဖြူတော်က ပိုင်ဆိုင်ဖူးသမျှ သမ္မတကတော်တွေထဲမှာ လူချစ်လူခင်များပြီး ပျော်ပျော်နေတတ်သူ တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် လူတွေ မသိနိုင်တဲ့ နောက်ကွယ်မှာတော့ သူမမှာလည်း စိတ်ဖိစီးမှုတွေ၊ နာကျင်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ အိမ်ဖြူတော်က ဝန်ထမ်းတွေတင် မဟုတ်ဘဲ အနီးကပ်ဆုံး နေထိုင်တဲ့ မိသားစု၊ မိတ်ဆွေတွေကအစ သမ္မတဖြစ်သူ Obama ကိုသာ အရေးပေး ဆက်ဆံကြပြီး သူမကတော့ အမြဲတမ်း ဒုတိယနေရာမှာသာ နေခဲ့၊ ဆက်ဆံခံခဲ့ရတယ်လို့ ဆိုပါတယ်။

“သူမရဲ့ ရင်ထဲမှာ ခံစားနေရတဲ့ ဖိအားတွေကို ကျွန်တော် အာရုံခံစားမိတယ်‌။ ညင်ညင်သာသာလေး ဆိုပေမယ့် သူ့ရင်ထဲမှာ တောက်လျှောက် ဒီဖိအားက ရှိနေတယ်။ ဝှက်ထားတဲ့ စက်တစ်ခုက ထွက်လာတဲ့ စက်သံခပ်တိုးတိုးလေးလိုပဲ။ Michelle ဟာ သမ္မတကတော်တစ်ယောက်အနေနဲ့ တာဝန်ဝတ္တရားတွေ ပိုလာရုံတင် မဟုတ်ပါဘူး။ မျက်လုံးပေါင်းများစွာရဲ့ အသေးစိတ် စောင့်ကြည့်၊ ဝေဖန်မှုတွေနဲ့ တိုက်ခိုက်မှုတွေကို ခံရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ ဖြစ်လာခဲ့ပါတယ် … ” လို့ အိမ်ဖြူတော်ကို မိသားစုလိုက် စတင်ရောက်ရှိလာတုန်းက ဇနီးသည်ရဲ့ စိတ်ဖိစီးမှုကို သတိထားမိခဲ့တဲ့ Obama က ရေးသားထားပါတယ်။

Photo: barackobama/ Instagram

“အိမ်ဖြူတော်ရဲ့ နံရံတွေထဲကို ကျွန်တော်တို့ ရောက်လာလိုက်ပြီ ဆိုတည်းက Michelle ရဲ့ အရင်က ရှိခဲ့တဲ့ စိုးရိမ်ပူပန်စရာတွေဟာ ပိုပြီးတော့ ထင်ရှားပြတ်သားလာတယ်။ ပိုပြီးတော့လည်း အဲ့ဒါတွေကို အာရုံစိုက်လာရတယ်။ သူမ အဲ့လိုခံစားရတာဟာ ကျွန်တော်က အလုပ်ပုံထဲမှာ ခေါင်းစိုက်နေတဲ့အချိန်တွေ ဖြစ်စေ၊ နိုင်ငံရေးပြဿနာတွေကြောင့် ကျွန်တော်တို့ မိသားစုအပေါ် ဝေဖန်တိုက်ခိုက်ခံရတာတွေ ဖြစ်စေ သူမဆီမှာ ရှိနေတယ်။ ပြီးတော့ မိသားစုတွေ၊ မိတ်ဆွေတွေကအစ သူမကို ဒုတိယနေရာက အရေးကြီးပုဂ္ဂိုလ်အဖြစ် ဆက်ဆံကြတာကလည်း သူမကို သက်ရောက်မှုတစ်ခု ဖြစ်စေတယ်… ” လို့ A Promise Land စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။

ဒါတွေကြောင့်ပဲ သမ္မတကြီးဟာ ညဘက်ဆိုရင် အိပ်မပျော်ဘဲ ယခင်က ဒီလိုစိတ်ဖိစီးမှုတွေ မရှိခဲ့တဲ့ အချိန်တွေကို ပြန်လည်အောက်မေ့မိတယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့နှစ်ယောက်ကြားက အရာတိုင်းက အခုထက်ပိုပြီး ပေါ့ပါးခဲ့ချိန်တွေပေါ့။ သူမရဲ့အပြုံးတွေဟာလည်း အခုထက် ပိုအသက်ဝင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့အချစ်ဟာလည်း အခုထက် ပိုပေါ့ပါးပြီး လွတ်လပ်ခဲ့တယ်။ အဲ့ဒီ့လိုအချိန်တွေ နောက်ထပ် ဘယ်တော့မှ ပြန်မရနိုင်တော့တာလည်း ဖြစ်နိုင်တယ်လို့ တွေးမိသွားတော့ ကျွန်တော့်ရင်ဟာလည်း ရုတ်တရက် တင်းကြပ်ပြီး လေးပင်လာတယ်…  ” လို့ အဆိုပါ စာအုပ်ထဲမှာ ရေးသားထားပါတယ်။

Photo: barackobama/ Instagram

Barack နဲ့ Michelle တို့နှစ်ယောက်လုံးဟာ ဟားဗတ်တက္ကသိုလ်ကနေ ဥပဒေဘွဲ့ကို ပူပူနွေးနွေး ရပြီးခါစအချိန် ချီကာဂိုက ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ရာက ရှေ့နေငယ်လေး နှစ်ယောက်အဖြစ် စတင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၁၉၈၉ခုနှစ် နွေရာသီမှာတော့ Michelle ဟာ Barack ရဲ့ ချစ်ရေးဆိုမှုကို လက်ခံပြီး နှစ်ယောက်သား ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ ၁၉၉၂ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့မှာ လက်ထပ်ခဲ့ကြတဲ့ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့လကပဲ အိမ်ထောင်သက် (၂၈)နှစ် ပြည့်သွားပြီ ဖြစ်ပါတယ်။

Barack တို့မောင်နှံဟာ အိမ်ဖြူတော်မှာ ရှိနေစဉ် ကာလတစ်လျှောက်လုံး နှစ်ယောက်သားရဲ့ ရင်ထဲမှာ ဘယ်လိုအခက်အခဲတွေပဲ ကြုံတွေ့စေကာမူ၊ တစ်ယောက်အပေါ်ထားတဲ့ တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဟာ အမြဲတမ်း ခိုင်မာနေခဲ့ပါတယ်။ နိုင်ငံရေးတွေ၊ ကြီးလေးတဲ့ တာဝန်တွေကို ထမ်းဆောင်ရတဲ့ လူနှစ်ယောက်ရဲ့အနေနဲ့ ကြုံလာရတဲ့ တင်းမာမှုတွေ၊ စိတ်ဖိစီးမှုတွေကို အနိုင်ပိုင်းပြီး ချစ်သူစုံတွဲတိုင်းက အားကျရတဲ့ နားလည်စာနာမှုနဲ့ ချစ်ခင်ကြင်နာမှုတို့ကို ထိန်းသိမ်းနိုင်ခဲ့တာဟာ တကယ်ကို ချီးကျူးစရာပဲ ဖြစ်ပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

Obama တို႔ ဇနီးေမာင္ႏွံဟာ အေမရိကန္သမၼတေတြရဲ႕ သမိုင္းမွာ အခ်စ္ၾကဆုံး စုံတြဲတစ္တြဲအျဖစ္ ေျပာစမွတ္ ျပဳၾကေပမယ့္ သမၼတေဟာင္းျဖစ္သူ Barack Obama ကေတာ့ သူ႔အလုပ္က စိတ္ဖိစီးမႈေတြေၾကာင့္ ဇနီးသည္ Michelle နဲ႔ တင္းမာမႈေတြ ျဖစ္ခဲ့ရဖူးတယ္လို႔ ဆိုလာပါတယ္။

အေမရိကန္သမၼတေဟာင္း Barack Obama ဟာ သမၼတသက္တမ္း ႏွစ္ဆက္ ထမ္းေဆာင္ၿပီးေနာက္ ေျပာျပစရာ အမွတ္တရျဖစ္ရပ္မ်ားစြာကို A Promise Land ဆိုတဲ့ စာမ်က္ႏွာ (၇၆၈)မ်က္ႏွာပါ စာအုပ္သစ္ထဲမွာ ေဝမွ်ေပးလိုက္ပါတယ္။ အသစ္စက္စက္ ထြက္ရွိလာတဲ့ အဆိုပါစာအုပ္ထဲမွာေတာ့ ကမာၻ႔ထိပ္သီး ႏိုင္ငံတစ္ခုကို ေခါင္းေဆာင္ရတဲ့ လူတစ္ေယာက္အေနနဲ႔ အိမ္ေထာင္သက္ ႏွစ္(၂၀)ေက်ာ္ ရွိၿပီျဖစ္တဲ့ ဇနီးသည္အေပၚမွာ တင္းမာမႈေတြနဲ႔ ဖိစီးမႈေတြ ျဖစ္ေစခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

Photo: barackobama/ Instagram

သမၼတကေတာ္ေဟာင္း Michelle Obama ဟာ အိမ္ျဖဴေတာ္က ပိုင္ဆိုင္ဖူးသမွ် သမၼတကေတာ္ေတြထဲမွာ လူခ်စ္လူခင္မ်ားၿပီး ေပ်ာ္ေပ်ာ္ေနတတ္သူ တစ္ေယာက္အျဖစ္ သတ္မွတ္ခံခဲ့ရေပမယ့္ လူေတြ မသိႏိုင္တဲ့ ေနာက္ကြယ္မွာေတာ့ သူမမွာလည္း စိတ္ဖိစီးမႈေတြ၊ နာက်င္မႈေတြ ရွိခဲ့တယ္လို႔ ဆိုပါတယ္။ အေၾကာင္းကေတာ့ အိမ္ျဖဴေတာ္က ဝန္ထမ္းေတြတင္ မဟုတ္ဘဲ အနီးကပ္ဆုံး ေနထိုင္တဲ့ မိသားစု၊ မိတ္ေဆြေတြကအစ သမၼတျဖစ္သူ Obama ကိုသာ အေရးေပး ဆက္ဆံၾကၿပီး သူမကေတာ့ အၿမဲတမ္း ဒုတိယေနရာမွာသာ ေနခဲ့၊ ဆက္ဆံခံခဲ့ရတယ္လို႔ ဆိုပါတယ္။

“သူမရဲ႕ ရင္ထဲမွာ ခံစားေနရတဲ့ ဖိအားေတြကို ကြၽန္ေတာ္ အာ႐ုံခံစားမိတယ္‌။ ညင္ညင္သာသာေလး ဆိုေပမယ့္ သူ႔ရင္ထဲမွာ ေတာက္ေလွ်ာက္ ဒီဖိအားက ရွိေနတယ္။ ဝွက္ထားတဲ့ စက္တစ္ခုက ထြက္လာတဲ့ စက္သံခပ္တိုးတိုးေလးလိုပဲ။ Michelle ဟာ သမၼတကေတာ္တစ္ေယာက္အေနနဲ႔ တာဝန္ဝတၱရားေတြ ပိုလာ႐ုံတင္ မဟုတ္ပါဘူး။ မ်က္လုံးေပါင္းမ်ားစြာရဲ႕ အေသးစိတ္ ေစာင့္ၾကည့္၊ ေဝဖန္မႈေတြနဲ႔ တိုက္ခိုက္မႈေတြကို ခံရတဲ့ ပုဂၢိဳလ္တစ္ေယာက္ပါ ျဖစ္လာခဲ့ပါတယ္ … ” လို႔ အိမ္ျဖဴေတာ္ကို မိသားစုလိုက္ စတင္ေရာက္ရွိလာတုန္းက ဇနီးသည္ရဲ႕ စိတ္ဖိစီးမႈကို သတိထားမိခဲ့တဲ့ Obama က ေရးသားထားပါတယ္။

Photo: barackobama/ Instagram

“အိမ္ျဖဴေတာ္ရဲ႕ နံရံေတြထဲကို ကြၽန္ေတာ္တို႔ ေရာက္လာလိုက္ၿပီ ဆိုတည္းက Michelle ရဲ႕ အရင္က ရွိခဲ့တဲ့ စိုးရိမ္ပူပန္စရာေတြဟာ ပိုၿပီးေတာ့ ထင္ရွားျပတ္သားလာတယ္။ ပိုၿပီးေတာ့လည္း အဲ့ဒါေတြကို အာ႐ုံစိုက္လာရတယ္။ သူမ အဲ့လိုခံစားရတာဟာ ကြၽန္ေတာ္က အလုပ္ပုံထဲမွာ ေခါင္းစိုက္ေနတဲ့အခ်ိန္ေတြ ျဖစ္ေစ၊ ႏိုင္ငံေရးျပႆနာေတြေၾကာင့္ ကြၽန္ေတာ္တို႔ မိသားစုအေပၚ ေဝဖန္တိုက္ခိုက္ခံရတာေတြ ျဖစ္ေစ သူမဆီမွာ ရွိေနတယ္။ ၿပီးေတာ့ မိသားစုေတြ၊ မိတ္ေဆြေတြကအစ သူမကို ဒုတိယေနရာက အေရးႀကီးပုဂၢိဳလ္အျဖစ္ ဆက္ဆံၾကတာကလည္း သူမကို သက္ေရာက္မႈတစ္ခု ျဖစ္ေစတယ္… ” လို႔ A Promise Land စာအုပ္ထဲမွာ ေဖာ္ျပထားပါတယ္။

ဒါေတြေၾကာင့္ပဲ သမၼတႀကီးဟာ ညဘက္ဆိုရင္ အိပ္မေပ်ာ္ဘဲ ယခင္က ဒီလိုစိတ္ဖိစီးမႈေတြ မရွိခဲ့တဲ့ အခ်ိန္ေတြကို ျပန္လည္ေအာက္ေမ့မိတယ္လို႔ ဆိုပါတယ္။ “ကြၽန္ေတာ္တို႔ႏွစ္ေယာက္ၾကားက အရာတိုင္းက အခုထက္ပိုၿပီး ေပါ့ပါးခဲ့ခ်ိန္ေတြေပါ့။ သူမရဲ႕အၿပဳံးေတြဟာလည္း အခုထက္ ပိုအသက္ဝင္ခဲ့တယ္။ ကြၽန္ေတာ္တို႔ရဲ႕အခ်စ္ဟာလည္း အခုထက္ ပိုေပါ့ပါးၿပီး လြတ္လပ္ခဲ့တယ္။ အဲ့ဒီ့လိုအခ်ိန္ေတြ ေနာက္ထပ္ ဘယ္ေတာ့မွ ျပန္မရႏိုင္ေတာ့တာလည္း ျဖစ္ႏိုင္တယ္လို႔ ေတြးမိသြားေတာ့ ကြၽန္ေတာ့္ရင္ဟာလည္း ႐ုတ္တရက္ တင္းၾကပ္ၿပီး ေလးပင္လာတယ္…  ” လို႔ အဆိုပါ စာအုပ္ထဲမွာ ေရးသားထားပါတယ္။

Photo: barackobama/ Instagram

Barack နဲ႔ Michelle တို႔ႏွစ္ေယာက္လုံးဟာ ဟားဗတ္တကၠသိုလ္ကေန ဥပေဒဘြဲ႕ကို ပူပူေႏြးေႏြး ရၿပီးခါစအခ်ိန္ ခ်ီကာဂိုက ဥပေဒကုမၸဏီတစ္ခုမွာ အလုပ္ဝင္ရာက ေရွ႕ေနငယ္ေလး ႏွစ္ေယာက္အျဖစ္ စတင္ေတြ႕ဆုံခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီလိုနဲ႔ ၁၉၈၉ခုႏွစ္ ေႏြရာသီမွာေတာ့ Michelle ဟာ Barack ရဲ႕ ခ်စ္ေရးဆိုမႈကို လက္ခံၿပီး ႏွစ္ေယာက္သား ခ်စ္သူေတြ ျဖစ္ခဲ့ၾကပါတယ္။ ၁၉၉၂ခုႏွစ္ ေအာက္တိုဘာလ(၃)ရက္ေန႔မွာ လက္ထပ္ခဲ့ၾကတဲ့ သူတို႔ႏွစ္ဦးဟာ ၿပီးခဲ့တဲ့လကပဲ အိမ္ေထာင္သက္ (၂၈)ႏွစ္ ျပည့္သြားၿပီ ျဖစ္ပါတယ္။

Barack တို႔ေမာင္ႏွံဟာ အိမ္ျဖဴေတာ္မွာ ရွိေနစဥ္ ကာလတစ္ေလွ်ာက္လုံး ႏွစ္ေယာက္သားရဲ႕ ရင္ထဲမွာ ဘယ္လိုအခက္အခဲေတြပဲ ႀကဳံေတြ႕ေစကာမူ၊ တစ္ေယာက္အေပၚထားတဲ့ တစ္ေယာက္ရဲ႕ ခ်စ္ျခင္းေမတၱာဟာ အၿမဲတမ္း ခိုင္မာေနခဲ့ပါတယ္။ ႏိုင္ငံေရးေတြ၊ ႀကီးေလးတဲ့ တာဝန္ေတြကို ထမ္းေဆာင္ရတဲ့ လူႏွစ္ေယာက္ရဲ႕အေနနဲ႔ ႀကဳံလာရတဲ့ တင္းမာမႈေတြ၊ စိတ္ဖိစီးမႈေတြကို အႏိုင္ပိုင္းၿပီး ခ်စ္သူစုံတြဲတိုင္းက အားက်ရတဲ့ နားလည္စာနာမႈနဲ႔ ခ်စ္ခင္ၾကင္နာမႈတို႔ကို ထိန္းသိမ္းႏိုင္ခဲ့တာဟာ တကယ္ကို ခ်ီးက်ဴးစရာပဲ ျဖစ္ပါတယ္။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular