HomeEntertainmentFilmMargot Robbie ရဲ့ Barbie First Look နဲ့ ထွက်ရှိလာမယ့်ရက်ကို ကြေညာလိုက်တဲ့ WB

Margot Robbie ရဲ့ Barbie First Look နဲ့ ထွက်ရှိလာမယ့်ရက်ကို ကြေညာလိုက်တဲ့ WB

Warner Bros. စတူဒီယိုက ထုတ်လုပ်သွားမယ့် Barbie ရုပ်ရှင်ထဲမှာတော့ မင်းသမီးချော Margot Robbie က ပါဝင်ထားပြီး ယခုဆိုရင်တော့ Margot ရဲ့ Barbie First Look ကို မြင်တွေ့လိုက်ရပါတယ်။ Barbie ကတော့ ကမ္ဘာတစ်ဝန်းမှာ အောင်မြင်မှု ရရှိထားတဲ့ Franchise တစ်ခု ဖြစ်ပြီး ယခုအချိန်မှာတော့ Barbie Live Action ကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။ နာမည်ကျော် မင်းသမီး Margot Robbie က Barbie နေရာမှာ ပါဝင်သွားမှာ ဖြစ်ပြီး နာမည်ကျော် မင်းသား Ryan Gosling ကတော့ Ken ဇာတ်ကောင်နေရာက ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Will Ferrell ၊ Kate McKinnon ၊ Simu Liu ၊ America Ferrara ၊ Michael Cera နဲ့ Issa Rae တို့လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

photo via screenrant

Warner Bros. ရဲ့ CinemaCon တင်ဆက်မှုမှာတော့ Margot ရဲ့ Barbie ပုံစံ First Look ကို ပြသသွားတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Warner Bros. ဟာ ဒီပုံကို ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့အတွက် အွန်လိုင်းပေါ်မှာလည်း မျှဝေပေးထားပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၁)ရက်နေ့မှာ ရုံတင်သွားမယ်လို့လည်း ကြေညာသွားပါတယ်။

လောလောဆယ်မှာတော့ ဒီရုပ်ရှင်ဟာ ရိုက်ကူးနေဆဲ ဖြစ်တာကြောင့် ဇာတ်လမ်းအကျဉ်းကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့်လည်း Margot Robbie နဲ့ Ryan Gosling တို့လို နာမည်ကြီးသရုပ်ဆောင်တွေကို အသုံးပြုထားတာကြောင့် ကောင်းမွန်တဲ့ ဖန်တီးမှုတွေကို ကြည့်ရှုရမယ်လို့ မျှော်လင့်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မကြာခင်မှာတော့ Harley Quinn အဖြစ် နာမည်ကြီးတဲ့ Margot Robbie ကို Barbie အဖြစ်ပါ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular