HomeEntertainmentFilmဇာတ်လမ်းအဆုံးထိ ဗီလိန်ကို မပြသသွားတဲ့ နာမည်ကျော် ရုပ်ရှင်ဇာတ်ကားများ

ဇာတ်လမ်းအဆုံးထိ ဗီလိန်ကို မပြသသွားတဲ့ နာမည်ကျော် ရုပ်ရှင်ဇာတ်ကားများ

ပုံမှန်အားဖြင့် ဆိုရင်တော့ ရုပ်ရှင်တစ်ကား ဖြစ်လာဖို့အတွက် ဇာတ်လိုက်နဲ့ ဗီလိန်တို့ ပါဝင်ရပြီး ဟောလိဝုဒ် ရုပ်ရှင်တွေထဲမှာတော့ မတူညီတဲ့ ဗီလိန်တွေမျိုးစုံကို ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တချို့ရုပ်ရှင်တွေမှာတော့ ဗီလိန်တွေ ပါဝင်နေပေမယ့်လည်း အဲဒီဗီလိန်တွေကို ဇာတ်လမ်းအဆုံးထိ မပြသတာမျိူးလည်း ရှိပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ဇာတ်လမ်းအဆုံးထိ ဗီလိန်ကို မပြသသွားတဲ့ ရုပ်ရှင်ကားကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Paranormal Activity

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb(6.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အတွဲတစ်တွဲဟာ အိမ်ပြောင်းလာပြီးတဲ့ နောက်မှာတော့ မကောင်းတဲ့အရာ တစ်ခုရဲ့ တည်ရှိမှုကို ခံစားမိတာကြောင့် ဘယ်အရာက သူတို့ကို နှောင့်ယှက်နေလည်းဆိုတာ သိနိုင်ဖို့ စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ သူတို့ မထင်မှတ်ထားတဲ့ ဆန်းကြယ်မှုတွေကို ကြုံတွေ့ရပါတော့တယ်။

(6) The Blair Witch Project

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb(6.5) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကျောင်းသားသုံးယောက်ဟာ Blair Witch အဖြစ်အပျက်ကို စုံစမ်းဖို့ ကင်မရာတွေ ယူဆောင်လာပြီး Maryland Black Hill ဆီကို သွားရောက်ခဲ့ကြပါတယ်။ သိပ်မကြာခင်မှာ သူတို့ရဲ့ နောက်ကို တစ်ခုခုက လိုက်လာပြီး အဖြစ်အပျက်ဆိုးတွေကို ကြုံတွေ့ရပါတော့တယ်။

(5) Bird Box

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb(6.6) ရရှိထားပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ မိခင်တစ်ယောက်ဟာ သူကိုယ်တိုင်ရော၊ သူ့ကလေးနှစ်ယောက်ကိုပါ မျက်လုံးကို အဝတ်စီးပြီး ဘေးကင်းရာဆီကို ခေါ်ဆောင်သွားတာ မြင်တွေ့ရမှာပါ။ အကြောင်းကတော့ ကမ္ဘာပေါ်မှာ မျက်လုံးချင်းဆုံတာနဲ့ လူသားတွေရဲ့ အသက်ကို ယူဆောင်သွားတဲ့ သတ္တဝါတွေ ရှိနေလို့ ဖြစ်ပြီး အဲ့ဒီသတ္တဝါတွေက ဘယ်လိုပုံစံလည်း ဆိုတာကိုတော့ ဇာတ်လမ်းပြီးတဲ့အထိ မမြင်ခဲ့ရပါဘူး။

(4) Final Destination

photo via screenrant

ဒီ Franchise ကတော့ ၂၀၀၀ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ပြီးဆုံးခဲ့ပါတယ်။ ဒီ Franchise ထဲမှာတော့ လူတွေဟာ အသက်အန္တရာယ်ကနေ သီသီလေး လွတ်မြောက်လာခဲ့တာကြောင့် သေခြင်းတရားဟာ သူတို့ကို မရရအောင် လိုက်လံခေါ်ယူတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီ Franchise ရဲ့ ဗီလိန်ကတော့ သေခြင်းတရားပဲ ဖြစ်တာကြောင့် အကောင်အထည်လိုက် မမြင်ခဲ့ရပါဘူး။

(3) Cube

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb(7.2) ရရှိထားပါတယ်။ ဇာတ်လမ်းအစမှာတော့ လူငါးယောက်ဟာ အခန်းတစ်ခုထဲမှာ နိုးထလာကြပြီး သူတို့ အဲဒီနေရာကို ဘယ်လိုရောက်လာကြမှန်း မသိကြပါဘူး။ အဲဒီနောက်မှာတော့ သူတို့ဟာ အသက်ရှင်သန်ဖို့အတွက် ပဟေဠိတွေကို ဖြေရှင်းတာကို မြင်တွေ့ရမှာ ဖြစ်ပြီး ဘယ်လိုလူတွေကို ဘာကြောင့် ဒီလိုအဖြစ်အပျက်တွေနဲ့ ဖန်တီးတယ် ဆိုတာကိုတော့ မပြသခဲ့ပါဘူး။

(2) Zodiac

photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၀၇ခုနှစ်မှာ ထွက်ရှိထားပြီး IMDb(7.7) ရရှိထားပါတယ်။ ဆန်ဖရန်စစ္စကိုမြို့မှာတော့ ကွင်းဆက် လူသတ်သမားတစ်ယောက်ဟာ သောင်းကျန်းနေပြီး သဲလွန်စတွေကို ရဲတွေဆီ တမင်ပို့ပေးနေပါတယ်။ ဒါပေမယ့်လည်း အဲဒီသဲလွန်စတွေကနေ ဘယ်အရာကိုမှ ခြေရာခံလို့ မရခဲ့ဘဲ လူသတ်သမား ဘယ်သူလည်း ဆိုတာကိုလည်း မသိခဲ့ရပါဘူး။ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပြီး Jake Gyllenhaal ၊ Mark Ruffalo နဲ့ Robert Downey Jr. တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(1) Lord of the Ring Trilogy

photo via screenrant

ဒီ Trilogy ကတော့ ၂၀၀၁ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ ပြီးဆုံးခဲ့ပါတယ်။ Mordor ကို ကြီးစိုးသူဖြစ်တဲ့ Sauron ကတော့ ဒီ Trilogy ရဲ့ အဓိကဗီလိန် ဖြစ်ပြီး သူဟာ Middle Earth ကို သိမ်းပိုက်ချင်နေကာ Frodo ကတော့ တားဆီးဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့်လည်း Sauron ကို ကိုယ်စားပြုတဲ့ မျက်လုံးအကြီးကြီးကလွဲရင် သူဟာ ဘယ်လိုပုံစံဆိုတာကို ဘယ်သူမှ မသိကြပါဘူး။

ဒါကတော့ ဇာတ်လမ်းပြီးဆုံးတဲ့အထိ ဗီလိန်ကို ကွဲကွဲပြားပြား မပြသခဲ့တဲ့ ရုပ်ရှင်ကားကောင်းတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အလားတူ ဇာတ်ကားတွေ ရှိရင်လည်း ကောမန့်မှာ ပြန်လည် မျှဝေပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular