HomeEntertainmentFilmငါးနှစ်အတွင်းမှာ Batman 2 ထွက်ရှိလာမယ်လို့ ထုတ်လုပ်သူမှ အတည်ပြု

ငါးနှစ်အတွင်းမှာ Batman 2 ထွက်ရှိလာမယ်လို့ ထုတ်လုပ်သူမှ အတည်ပြု

မကြာသေးခင်အချိန်ကပဲ ထုတ်လုပ်သူ Dylan Clark ဟာ Batman 2 ဟာ နောက်ငါးနှစ်အတွင်းမှာ ထွက်ရှိလာမယ်လို့ အတည်ပြုပေးလိုက်ပါတယ်။ ဒီကနေ့မှာ စတင် ရုံတင်သွားမယ့် The Batman ရုပ်ရှင်ကတော့ ဒီ Franchise ရဲ့ Reboot ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Matt Reeves က ရိုက်ကူးထားပြီး Robert Pattinson က Bruce Wayne အနေနဲ့ ပါဝင်ထားပါတယ်။

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Bruce Wayne ရဲ့ Batman ဖြစ်ခါစ အချိန်ကို မြင်တွေ့ရမှာ ဖြစ်ပြီး ကျွန်တော်တို့တွေ အရင်ကကြည့်ခဲ့ဖူးတဲ့ Batman ရုပ်ရှင်တွေနဲ့ မတူဘဲ ကွဲပြားနေမယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် နောက်ထပ် Spin-Off ဇာတ်လမ်းတွဲ နှစ်ခုလည်း ထပ်မံ ထွက်ရှိလာဖို့ စီစဉ်ထားပါသေးတယ်။ အဲ့ဒီ Spin-Off နှစ်ခုကတော့ Penguin ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွဲနဲ့ Catwoman ရဲ့ ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ရဲ့ Premiere ပွဲမှာတော့ ထုတ်လုပ်သူ Dylan Clark ဟာ Batman 2 နဲ့ ပတ်သက်ပြီး ComicBook.com ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ Sequel ထဲမှာ ဘာတွေကို မြင်တွေ့ရမလည်း ဆိုတာကိုတော့ မပြောပြခဲ့ပေမယ့်လည်း အဲ့ဒီရုပ်ရှင်ကတော့ နောက်ထပ် ငါးနှစ်မတိုင်ခင်မှာ ထွက်ရှိလာမယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၂၁ ခုနှစ်မှာ ပြသဖို့ စီစဉ်ခဲ့ပေမယ့်လည်း ထုံးစံအတိုင်းပဲ ကိုဗစ်ကြောင့် ရုံတင်ရက် ရွှေ့ဆိုင်းမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ဒါရိုက်တာ Matt Reeves ကလည်း ဒီရုပ်ရှင်ကို ပရိသတ်တွေ သဘောကျ၊ မကျ စောင့်ကြည့်ချင်ပြီး Sequel ကို ဖန်တီးဖို့အတွက် အရမ်းမလောချင်ပါဘူးလို့ ဆိုထားပါတယ်။ လောလောဆယ်မှာတော့ The Batman ရုပ်ရှင်ဟာ Rotten Tomatoes 86% ရရှိထားပြီး IMDb မှာတော့ 8.9 ရရှိထားပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular