HomeCharacterBatman မှာ စူပါ ပါဝါတွေ ပိုင်ဆိုင်ထားတဲ့ ကောမစ်ဇာတ်လမ်းများ

Batman မှာ စူပါ ပါဝါတွေ ပိုင်ဆိုင်ထားတဲ့ ကောမစ်ဇာတ်လမ်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Batman ဟာ DC ရဲ့ အအောင်မြင်ဆုံး ဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး အတိုက်အခိုက်၊ ဗျူဟာပိုင်းနဲ့ စုံစမ်းထောက်လှမ်းရေးတွေမှာလည်း ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပါတယ်။ ရာဇဝတ်သားတွေ အများအပြားရှိတဲ့ ဂေါ်သမ်မြို့ကိုတောင် နှစ်ပေါင်းများစွာ စောင့်ရှောက်လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ စူပါ,ပါဝါတွေ မရှိပေမယ့်လည်း Justice League အဖွဲ့ရဲ့ အရေးပါတဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ စူပါ,ပါဝါတေွ မရှိဘဲတောင် ဒီလိုဟီးရိုးဖြစ်နေရင် စူပါ,ပါဝါတွေသာ ရှိနေရင် ဘယ်လိုမျိူး ဖြစ်နေမလည်းဆိုတာ စိတ်ဝင်စားစရာပါပဲ။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ Batman မှာ စူပါ,ပါဝါတွေ ပိုင်ဆိုင်ထားတဲ့ ကောမစ်ဇာတ်လမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

(1) The Bizarre Batman Genie
photo via cbr

Detective Comics #322 ထဲမှာတော့ ပရိသတ်တွေဟာ မှော်အစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ Batman ကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီဇာတ်လမ်းထဲမှာတော့ Batman ဟာ Aristo ဆိုတဲ့ ဗီလိန်ကြောင့် Larko မီးခွက်ထဲမှာ ပိတ်မိသွားပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Genie လို အစွမ်းရသွားပြီး Aristo တောင်းဆိုတဲ့ ဆုတောင်းသုံးခုကိုလည်း ဖြည့်ပေးခဲ့ရပါတယ်။ နောက်ဆက်တွဲအဖြစ် Aristo ရဲ့ ဆုတောင်းကြောင့် Batman ဟာ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ရပါသေးတယ်။

အဲ့ဒီထဲမှာတော့ ဂေါ်သမ်မှာရှိတဲ့ ရတနာဆိုင်တွေက ရတနာတွေကို ခိုးယူခိုင်းတာလည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ  Robin နဲ့ Batwoman တို့ ရောက်လာပြီး ရာဇဝတ်မှုကျူးလွန်မယ့် အခြေအနေကနေ တားဆီးနိုင်လိုက်ပါတယ်။ ဒါ့အပြင် နောက်ဆုံး ဆုတောင်းကို အသုံးပြုပြီးတော့ Batman ကိုလည်း မီးခွက်စောင့် ဘီလူးဘဝက လွတ်လပ်ခွင့်ပေးကာ Aristo ကို သွားရောက် တိုက်ခိုက်ကြပါတော့တယ်။

(2) Speeding Bullets
photo via cbr

ဒီအဖြစ်အပျက်ကတော့ တစ်ခြား universe မှာ ဖြစ်ခဲ့တာပါ။ ကောမစ်နာမည်ကတော့ Superman: Speeding Bullets ဖြစ်ပြီး Kal-El ရဲ့ အာကာသယာဉ်ဟာ smallville မှာ မပျက်ကျဘဲ ဂေါ်သမ်မြို့မှာ ပျက်ကျခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Thomas Wayne နဲ့ Martha Wayne တို့က ရှာဖွေတွေ့ရှိခဲ့ပြီး Bruce Wayne လို့ နာမည်ပေးကာ မွေးစားခဲ့ကြပါတယ်။

Thomas နဲ့ Martha တို့ နှစ်ယောက် လမ်းကြားထဲမှာ သေနတ်ပစ်ခံရပြီး သေဆုံးသွားတဲ့အချိန်မှာတော့ Bruce ဟာ အဲ့ဒီလူဆိုးကို heat vision နဲ့ ပစ်သတ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Bruce ဟာ စူပါပါဝါတွေနဲ့ ကလဲ့စားချေတတ်တဲ့ Batman အဖြစ် ကြီးပြင်းလာခဲ့ပါတယ်။ ဒါပေမယ့်လည်း Lois Lane နဲ့ တွေ့ပြီးနောက်မှာတော့ သူမဟာ Bruce အတွက် Superman ဖြစ်လာဖို့ လမ်းကြောင်းမှန်ကို ကူညီရှာဖွေပေးခဲ့ပါတယ်။

(3) In Darkest Knight
photo via cbr

Batman ဟာ တချို့ဇာတ်လမ်းတွေထဲမှာတော့ Lantern လက်စွပ်တွေကို အသုံးပြုဖို့အတွက် ရွေးချယ်ခံခဲ့ရပါတယ်။ Brightest Day ထဲမှာဆိုရင် Batman ဟာ Yellow Lantern ဖြစ်ခဲ့ရုံတင်မကဘဲ White Lantern တောင် ဖြစ်ခဲ့ပါသေးတယ်။ တစ်ခြား universe က ဇာတ်ကြောင်းကို ဖန်တီးထားတဲ့ Batman: In Darkest Knight ထဲမှာတော့ Hal Jordan အစား Batman က Green Lantern ဖြစ်သွားပါတယ်။ သူဟာ အဲ့ဒီအစွမ်းတွေကို အသုံးပြုပြီးတော့ ဂေါ်သမ်မြို့ကြီးကို ရာဇဝတ်သားတွေ ကင်းစင်တဲ့ နေရာတစ်ခုဖြစ်အောင် ပြုလုပ်ခဲ့ပါတယ်။

(4) Knight Terrors
photo via cbr

ဒီဇာတ်လမ်းထဲမှာတော့ Batman ဟာ White Rabbit လို့ခေါ်တဲ့ ဗီလိန်အသစ်နောက်ကို လိုက်နေရင်းနဲ့ Scarecrow က သူ့ရဲ့ fear gas ကို အဆင့်မြှင့်နေတဲ့အကြောင်း သိလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ ကံမကောင်းစွာနဲ့ပဲ Batman ဟာ အဲ့ဒီအဆိပ်မိသွားခဲ့ပါတယ်။ အဲ့ဒီအဆိပ်ကြောင့်ပဲ Batman ဟာ အလွန်ကြီးမားတဲ့ ခွန်အားတွေကို ပိုင်ဆိုင်သွားပေမယ့်လည်း စိတ်တွေကတော့ ကစဉ့်ကလျား ဖြစ်သွားပါတယ်။ ဒါကြောင့်ပဲ နောက်ပိုင်းမှာတော့ သူဟာ Superman နဲ့တောင် တိုက်ခိုက်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။

(5) The Enemies Among Us
photo via cbr

Superman နဲ့ တစ်ခြား ဂြိုဟ်သားဇာတ်ကောင်တွေဟာ မကောင်းတဲ့ လွှမ်းမိုးမှုတွေကို ခံလိုက်ရတဲ့အချိန်မှာတော့ သူတို့ဟာ ကမ္ဘာကြီးနဲ့ လူသားတွေရဲ့ ရန်သူတွေ ဖြစ်လာပါတယ်။ အဲ့ဒါကြောင့်ပဲ Batman ဟာ သူတို့ကို တားဆီးဖို့အတွက် Blackrock လို့ခေါ်တဲ့ စွမ်းအားကြီးတဲ့ ကျောက်တုံးနဲ့ ပေါင်းစပ်ခဲ့ရပါတယ်။

အဲ့ဒီ Blackrock ကတော့ သူ့ရဲ့ host ကို စွမ်းအားတွေ ပေးနေပေမယ့်လည်း တဖြည်းဖြည်း အဲ့ဒီ host ကို ထိန်းချုပ်တတ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ Batman ကလည်း အဲ့ဒီကျောက်တုံးရဲ့ ထိန်းချုပ်တာကို ခံခဲ့ရပြီး Superman နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Superman ဟာလည်း ပုံမှန်စိတ်အတိုင်း ပြန်လည်ဖြစ်သွားပြီး ဂေါ်သမ်မြို့ကို ဖျက်ဆီးတော့မယ့် Batman ကို ပြန်လည်တားဆီးရပါတော့တယ်။

(6) Batman & Dracula Trilogy

photo via cbrBatman & Dracula အကြောင်း သုံးအုပ်တွဲ ကောမစ်ထဲမှာတော့ ပထမစာအုပ်ဖြစ်တဲ့ Batman: Red Rain မှာ Dracula ဟာ ဂေါ်သမ်မြို့ကို ရောက်လာပြီး Batman နဲ့ Dracula တို့ တိုက်ခိုက်ခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ Dracula ဟာ undead တွေ စုစည်းထားတဲ့ စစ်တပ်ကို ဖန်တီးခဲ့ပြီး Batman ကိုယ်တိုင်ကလည်း Dracula ကြောင့် သွေးစုပ်ဖုတ်ကောင် ဖြစ်သွားခဲ့ပါတယ်။

ဒါပေမယ့်လည်း Batman ကတော့ သူ့ရဲ့သွေးဆာလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒုတိယစာအုပ်ဖြစ်တဲ့ Batman: Bloodstorm ထဲမှာတော့ Dracula ဟာ လုံးဝရှုံးနိမ့်သွားခဲ့ပြီး Batman ဟာ ပိုလို့တောင် ပြောင်းလဲသွားပါတယ်။ ဂေါ်သမ်မြို့ကို ကာကွယ်မယ့် သူ့ရဲ့မစ်ရှင်ဟာလည်း သွေးချောင်းစီးခဲ့ရပါတယ်။ ဒါတင်မက ဒီ trilogy ရဲ့ နောက်ဆုံးစာအုပ်ဖြစ်တဲ့ Batman: Crimson Mist ထဲမှာတော့ Batman ဟာ ပိုပြီးတော့ dark ဖြစ်တဲ့ စွမ်းအားတွေကိုပါ ရရှိခဲ့ပါတယ်။

(7) Super/Bat
photo via cbr

Superman နဲ့ Batman တို့ဟာ Silver Banshee နဲ့ တိုက်ပွဲအတွင်းမှာ မှော်ဆန်တဲ့ ကျိန်စာတစ်ခု မိသွားကြပါတယ်။ Superman ကတော့ သူ့ရဲ့စွမ်းအားတွေကို ဆုံးရှုံးလိုက်ရပြီး နောက်ဆုံးမှာတော့ သာမန်လူတစ်ယောက်အနေနဲ့ နေထိုင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Batman ကတော့ Superman ရဲ့ စွမ်းအားတွေကို ရရှိသွားပြီး ဂေါ်သမ်မြို့ရဲ့ ရာဇဝတ်သားတွေကို အဲ့ဒီစွမ်အားတွေ အသုံးပြုကာ ကြောက်လန့်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ Batman ဟာ သူ့ရဲ့စွမ်းအားတွေနဲ့ လုပ်နိုင်စွမ်းရှိတဲ့အရာတွေကို သိလာတာကြောင့် အကျင့်စာရိတ္တ တွေ ပျက်ပြားလာပါတယ်။ အဲ့ဒါကြောင့်လည်း သူ့ရဲ့အရင်းနှီးဆုံး မိတ်ဆွေတွေနဲ့ Justice League အဖွဲ့ဝင်တွေကတောင် သူ့ကို ဆန့်ကျင်လာကြပါတော့တယ်။ နောက်ဆုံးမှာတော့ သူဟာ Zatanna ရဲ့ အကူအညီနဲ့ အခြေအနေတွေကို ပုံမှန်အတိုင်း ပြန်ဖြစ်သွားအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

(8) Amazo Virus
photo via cbr

New 52 ရဲ့ Justice League ကောမစ်ထဲမှာတော့ Lex Luthor ဟာ Amazo ဗိုင်းရပ်စ်ကို ဖန်တီးခဲ့ပြီး အဲ့ဒီဗိုင်းရပ်စ်ဟာ Metropolis မြို့မှာ မတော်တဆ ပျံ့နှံ့သွားပါတယ်။ အဲ့ဒီဗိုင်းရပ်စ် ကူးစက်ခံရသူတွေကတော့ မသေဆုံးခင်မှာ အလွန်အံ့ဩဖို့ကောင်းတဲ့ စွမ်းအားတွေကို ရရှိသွားကြပါတယ်။ ဒါ့အပြင် အဲ့ဒီလို ကူးစက်ခံရသူတွေဟာ အသိစိတ်လွတ်သွားပြီး မြင်မြင်သမျှကို တိုက်ခိုက်နေပါတော့တယ်။

အဲ့ဒါကြောင့်ပဲ Justice League က ဒါတွေကို တားဆီးနေတဲ့အချိန်မှာ Batman ကလည်း ဗိုင်းရပ်စ် ကူးစက်သွားပါတယ်။ အကျိုးဆက်အနေနဲ့ Batman ဟာ ပဲ့တင်သံကို အသုံးပြုပြီး ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာကို သိနိုင်တဲ့ စွမ်းအားရရှိသွားပါတယ်။ ဒါ့အပြင် တိုက်ခိုက်ဖို့အတွက်လည်း sonic scream တွေကို အသုံးပြုနိုင်ခဲ့ပေမယ့်အပြန်အလှန်အနေနဲ့ အမြင်အာရုံကို ဆုံးရှုံးလိုက်ရပါတယ်။ အဲ့ဒီနောက် Lex Luthor က ဖြေဆေးကို ဖော်နေတဲ့အချိန်မှာတော့ Batman ဟာ အဲ့ဒီစွမ်းအားကို အသုံးပြုပြီး တစ်ခြားကူးစက်နေသူတွေကို တားဆီးခဲ့ပါတယ်။

(9) Darkseid War
photo via cbr

Metro လို့ခေါ်တဲ့ New God ဟာ Darkseid War ထဲမှာတော့ သူ့ရဲ့ Morbius Chair ကနေ ဖယ်ထုတ်ခံလိုက်ရပါတယ်။ အဲ့ဒီအချိန်မှာတော့ Batman ဟာ Morbius Chair မှာ ထိုင်ပြီး God of Knowledge ဖြစ်လာခဲ့ပါတယ်။ Batman ဟာ အဲ့ဒီစွမ်းအားတွေကို အသုံးပြုပြီး ဂေါ်သမ်မြို့မှာ ရာဇဝတ်မှုတွေ ဖြစ်မလာခင်တည်းက ကြိုတင်တားဆီးနိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ Joker သုံးယောက် ရှိတယ်ဆိုတာကို ပထမဆုံး သိခဲ့ရတဲ့ အချိန်လည်း ဖြစ်ပါတယ်။

(10) Metal
photo via cbr

Dark Knight: Metal ထဲမှာတော့ Batman Who Laughs ဟာ တစ်ခြား Dark Multiverse တွေမှာရှိတဲ့ Batman တွေကို စုစည်းခဲ့ပါတယ်။ အဲ့ဒီ Batman တွေအားလုံးဟာ သူတို့ရဲ့ Justice League အဖွဲ့ဝင်တွေရဲ့ စွမ်းအားတွေကို ခိုးယူခဲ့သူနဲ့ ဆက်ခံခဲ့သူတွေ ဖြစ်ကြပါတယ်။ သူတို့အားလုံးရဲ့ တူညီတဲ့အချက်ကတော့ အားလုံးဟာ Batman ဗီလိန်ဗားရှင်းတွေ ဖြစ်နေကြတာပါပဲ။

The Red Death ဆိုရင် Barry Allen ရဲ့ Speed Force နဲ့ ဆက်သွယ်မှုကို ခိုးယူနိုင်ခဲ့တဲ့ Batman ဖြစ်ပါတယ်။ Devastator ကတော့ Doomsday ရဲ့ ဗိုင်းရပ်စ် အကူးခံထားရတဲ့ Batman ဖြစ်ပါတယ်။ Merciless ကတော့ သူ့ရဲ့ Wonder Woman သေဆုံးသွားပြီးနောက်မှာ Ares ရဲ့ ခေါင်းစွပ်ကို ပိုင်ဆိုင်ခဲ့ပြီး အဲ့ဒီစွမ်းအားကြောင့်ပဲ ဗီလိန်ဖြစ်လာတဲ့ Batman ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Batman ဟာ DC ရဲ႕ အေအာင္ျမင္ဆုံး ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ၿပီး အတိုက္အခိုက္၊ ဗ်ဴဟာပိုင္းနဲ႔ စုံစမ္းေထာက္လွမ္းေရးေတြမွာလည္း ကြၽမ္းက်င္သူတစ္ေယာက္ ျဖစ္ပါတယ္။ ရာဇဝတ္သားေတြ အမ်ားအျပားရွိတဲ့ ေဂၚသမ္ၿမိဳ႕ကိုေတာင္ ႏွစ္ေပါင္းမ်ားစြာ ေစာင့္ေရွာက္လာခဲ့သူ ျဖစ္ပါတယ္။ သူဟာ စူပါ,ပါဝါေတြ မရွိေပမယ့္လည္း Justice League အဖြဲ႕ရဲ႕ အေရးပါတဲ့ အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ပါတယ္။ စူပါ,ပါဝါေတြ မရွိဘဲေတာင္ ဒီလိုဟီး႐ိုးျဖစ္ေနရင္ စူပါ,ပါဝါေတြသာ ရွိေနရင္ ဘယ္လိုမ်ိဴး ျဖစ္ေနမလည္းဆိုတာ စိတ္ဝင္စားစရာပါပဲ။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ Batman မွာ စူပါ,ပါဝါေတြ ပိုင္ဆိုင္ထားတဲ့ ေကာမစ္ဇာတ္လမ္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) The Bizarre Batman Genie
photo via cbr

Detective Comics #322 ထဲမွာေတာ့ ပရိသတ္ေတြဟာ ေမွာ္အစြမ္းေတြကို ပိုင္ဆိုင္ထားတဲ့ Batman ကို ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီဇာတ္လမ္းထဲမွာေတာ့ Batman ဟာ Aristo ဆိုတဲ့ ဗီလိန္ေၾကာင့္ Larko မီးခြက္ထဲမွာ ပိတ္မိသြားပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Genie လို အစြမ္းရသြားၿပီး Aristo ေတာင္းဆိုတဲ့ ဆုေတာင္းသုံးခုကိုလည္း ျဖည့္ေပးခဲ့ရပါတယ္။ ေနာက္ဆက္တြဲအျဖစ္ Aristo ရဲ႕ ဆုေတာင္းေၾကာင့္ Batman ဟာ ရာဇဝတ္မႈေတြကို က်ဴးလြန္ခဲ့ရပါေသးတယ္။

အဲ့ဒီထဲမွာေတာ့ ေဂၚသမ္မွာရွိတဲ့ ရတနာဆိုင္ေတြက ရတနာေတြကို ခိုးယူခိုင္းတာလည္း ပါဝင္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာ  Robin နဲ႔ Batwoman တို႔ ေရာက္လာၿပီး ရာဇဝတ္မႈက်ဴးလြန္မယ့္ အေျခအေနကေန တားဆီးႏိုင္လိုက္ပါတယ္။ ဒါ့အျပင္ ေနာက္ဆုံး ဆုေတာင္းကို အသုံးျပဳၿပီးေတာ့ Batman ကိုလည္း မီးခြက္ေစာင့္ ဘီလူးဘဝက လြတ္လပ္ခြင့္ေပးကာ Aristo ကို သြားေရာက္ တိုက္ခိုက္ၾကပါေတာ့တယ္။

(2) Speeding Bullets
photo via cbr

ဒီအျဖစ္အပ်က္ကေတာ့ တစ္ျခား universe မွာ ျဖစ္ခဲ့တာပါ။ ေကာမစ္နာမည္ကေတာ့ Superman: Speeding Bullets ျဖစ္ၿပီး Kal-El ရဲ႕ အာကာသယာဥ္ဟာ smallville မွာ မပ်က္က်ဘဲ ေဂၚသမ္ၿမိဳ႕မွာ ပ်က္က်ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Thomas Wayne နဲ႔ Martha Wayne တို႔က ရွာေဖြေတြ႕ရွိခဲ့ၿပီး Bruce Wayne လို႔ နာမည္ေပးကာ ေမြးစားခဲ့ၾကပါတယ္။

Thomas နဲ႔ Martha တို႔ ႏွစ္ေယာက္ လမ္းၾကားထဲမွာ ေသနတ္ပစ္ခံရၿပီး ေသဆုံးသြားတဲ့အခ်ိန္မွာေတာ့ Bruce ဟာ အဲ့ဒီလူဆိုးကို heat vision နဲ႔ ပစ္သတ္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Bruce ဟာ စူပါပါဝါေတြနဲ႔ ကလဲ့စားေခ်တတ္တဲ့ Batman အျဖစ္ ႀကီးျပင္းလာခဲ့ပါတယ္။ ဒါေပမယ့္လည္း Lois Lane နဲ႔ ေတြ႕ၿပီးေနာက္မွာေတာ့ သူမဟာ Bruce အတြက္ Superman ျဖစ္လာဖို႔ လမ္းေၾကာင္းမွန္ကို ကူညီရွာေဖြေပးခဲ့ပါတယ္။

(3) In Darkest Knight
photo via cbr

Batman ဟာ တခ်ိဳ႕ဇာတ္လမ္းေတြထဲမွာေတာ့ Lantern လက္စြပ္ေတြကို အသုံးျပဳဖို႔အတြက္ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ Brightest Day ထဲမွာဆိုရင္ Batman ဟာ Yellow Lantern ျဖစ္ခဲ့႐ုံတင္မကဘဲ White Lantern ေတာင္ ျဖစ္ခဲ့ပါေသးတယ္။ တစ္ျခား universe က ဇာတ္ေၾကာင္းကို ဖန္တီးထားတဲ့ Batman: In Darkest Knight ထဲမွာေတာ့ Hal Jordan အစား Batman က Green Lantern ျဖစ္သြားပါတယ္။ သူဟာ အဲ့ဒီအစြမ္းေတြကို အသုံးျပဳၿပီးေတာ့ ေဂၚသမ္ၿမိဳ႕ႀကီးကို ရာဇဝတ္သားေတြ ကင္းစင္တဲ့ ေနရာတစ္ခုျဖစ္ေအာင္ ျပဳလုပ္ခဲ့ပါတယ္။

(4) Knight Terrors
photo via cbr

ဒီဇာတ္လမ္းထဲမွာေတာ့ Batman ဟာ White Rabbit လို႔ေခၚတဲ့ ဗီလိန္အသစ္ေနာက္ကို လိုက္ေနရင္းနဲ႔ Scarecrow က သူ႔ရဲ႕ fear gas ကို အဆင့္ျမႇင့္ေနတဲ့အေၾကာင္း သိလိုက္ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ကံမေကာင္းစြာနဲ႔ပဲ Batman ဟာ အဲ့ဒီအဆိပ္မိသြားခဲ့ပါတယ္။ အဲ့ဒီအဆိပ္ေၾကာင့္ပဲ Batman ဟာ အလြန္ႀကီးမားတဲ့ ခြန္အားေတြကို ပိုင္ဆိုင္သြားေပမယ့္လည္း စိတ္ေတြကေတာ့ ကစဥ့္ကလ်ား ျဖစ္သြားပါတယ္။ ဒါေၾကာင့္ပဲ ေနာက္ပိုင္းမွာေတာ့ သူဟာ Superman နဲ႔ေတာင္ တိုက္ခိုက္တဲ့အထိ ျဖစ္လာခဲ့ပါတယ္။

(5) The Enemies Among Us
photo via cbr

Superman နဲ႔ တစ္ျခား ၿဂိဳဟ္သားဇာတ္ေကာင္ေတြဟာ မေကာင္းတဲ့ လႊမ္းမိုးမႈေတြကို ခံလိုက္ရတဲ့အခ်ိန္မွာေတာ့ သူတို႔ဟာ ကမာၻႀကီးနဲ႔ လူသားေတြရဲ႕ ရန္သူေတြ ျဖစ္လာပါတယ္။ အဲ့ဒါေၾကာင့္ပဲ Batman ဟာ သူတို႔ကို တားဆီးဖို႔အတြက္ Blackrock လို႔ေခၚတဲ့ စြမ္းအားႀကီးတဲ့ ေက်ာက္တုံးနဲ႔ ေပါင္းစပ္ခဲ့ရပါတယ္။

အဲ့ဒီ Blackrock ကေတာ့ သူ႔ရဲ႕ host ကို စြမ္းအားေတြ ေပးေနေပမယ့္လည္း တျဖည္းျဖည္း အဲ့ဒီ host ကို ထိန္းခ်ဳပ္တတ္တဲ့ အရာတစ္ခု ျဖစ္ပါတယ္။ Batman ကလည္း အဲ့ဒီေက်ာက္တုံးရဲ႕ ထိန္းခ်ဳပ္တာကို ခံခဲ့ရၿပီး Superman နဲ႔ တိုက္ခိုက္ခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ Superman ဟာလည္း ပုံမွန္စိတ္အတိုင္း ျပန္လည္ျဖစ္သြားၿပီး ေဂၚသမ္ၿမိဳ႕ကို ဖ်က္ဆီးေတာ့မယ့္ Batman ကို ျပန္လည္တားဆီးရပါေတာ့တယ္။

(6) Batman & Dracula Trilogy
photo via cbr

Batman & Dracula အေၾကာင္း သုံးအုပ္တြဲ ေကာမစ္ထဲမွာေတာ့ ပထမစာအုပ္ျဖစ္တဲ့ Batman: Red Rain မွာ Dracula ဟာ ေဂၚသမ္ၿမိဳ႕ကို ေရာက္လာၿပီး Batman နဲ႔ Dracula တို႔ တိုက္ခိုက္ခဲ့ၾကပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Dracula ဟာ undead ေတြ စုစည္းထားတဲ့ စစ္တပ္ကို ဖန္တီးခဲ့ၿပီး Batman ကိုယ္တိုင္ကလည္း Dracula ေၾကာင့္ ေသြးစုပ္ဖုတ္ေကာင္ ျဖစ္သြားခဲ့ပါတယ္။

ဒါေပမယ့္လည္း Batman ကေတာ့ သူ႔ရဲ႕ေသြးဆာေလာင္မႈကို ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။ ဒုတိယစာအုပ္ျဖစ္တဲ့ Batman: Bloodstorm ထဲမွာေတာ့ Dracula ဟာ လုံးဝရႈံးနိမ့္သြားခဲ့ၿပီး Batman ဟာ ပိုလို႔ေတာင္ ေျပာင္းလဲသြားပါတယ္။ ေဂၚသမ္ၿမိဳ႕ကို ကာကြယ္မယ့္ သူ႔ရဲ႕မစ္ရွင္ဟာလည္း ေသြးေခ်ာင္းစီးခဲ့ရပါတယ္။ ဒါတင္မက ဒီ trilogy ရဲ႕ ေနာက္ဆုံးစာအုပ္ျဖစ္တဲ့ Batman: Crimson Mist ထဲမွာေတာ့ Batman ဟာ ပိုၿပီးေတာ့ dark ျဖစ္တဲ့ စြမ္းအားေတြကိုပါ ရရွိခဲ့ပါတယ္။

(7) Super/Bat
photo via cbr

Superman နဲ႔ Batman တို႔ဟာ Silver Banshee နဲ႔ တိုက္ပြဲအတြင္းမွာ ေမွာ္ဆန္တဲ့ က်ိန္စာတစ္ခု မိသြားၾကပါတယ္။ Superman ကေတာ့ သူ႔ရဲ႕စြမ္းအားေတြကို ဆုံးရႈံးလိုက္ရၿပီး ေနာက္ဆုံးမွာေတာ့ သာမန္လူတစ္ေယာက္အေနနဲ႔ ေနထိုင္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း Batman ကေတာ့ Superman ရဲ႕ စြမ္းအားေတြကို ရရွိသြားၿပီး ေဂၚသမ္ၿမိဳ႕ရဲ႕ ရာဇဝတ္သားေတြကို အဲ့ဒီစြမ္အားေတြ အသုံးျပဳကာ ေၾကာက္လန႔္ေအာင္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

သိပ္မၾကာခင္မွာပဲ Batman ဟာ သူ႔ရဲ႕စြမ္းအားေတြနဲ႔ လုပ္ႏိုင္စြမ္းရွိတဲ့အရာေတြကို သိလာတာေၾကာင့္ အက်င့္စာရိတၱ ေတြ ပ်က္ျပားလာပါတယ္။ အဲ့ဒါေၾကာင့္လည္း သူ႔ရဲ႕အရင္းႏွီးဆုံး မိတ္ေဆြေတြနဲ႔ Justice League အဖြဲ႕ဝင္ေတြကေတာင္ သူ႔ကို ဆန႔္က်င္လာၾကပါေတာ့တယ္။ ေနာက္ဆုံးမွာေတာ့ သူဟာ Zatanna ရဲ႕ အကူအညီနဲ႔ အေျခအေနေတြကို ပုံမွန္အတိုင္း ျပန္ျဖစ္သြားေအာင္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

(8) Amazo Virus
photo via cbr

New 52 ရဲ႕ Justice League ေကာမစ္ထဲမွာေတာ့ Lex Luthor ဟာ Amazo ဗိုင္းရပ္စ္ကို ဖန္တီးခဲ့ၿပီး အဲ့ဒီဗိုင္းရပ္စ္ဟာ Metropolis ၿမိဳ႕မွာ မေတာ္တဆ ပ်ံ႕ႏွံ႔သြားပါတယ္။ အဲ့ဒီဗိုင္းရပ္စ္ ကူးစက္ခံရသူေတြကေတာ့ မေသဆုံးခင္မွာ အလြန္အံ့ဩဖို႔ေကာင္းတဲ့ စြမ္းအားေတြကို ရရွိသြားၾကပါတယ္။ ဒါ့အျပင္ အဲ့ဒီလို ကူးစက္ခံရသူေတြဟာ အသိစိတ္လြတ္သြားၿပီး ျမင္ျမင္သမွ်ကို တိုက္ခိုက္ေနပါေတာ့တယ္။

အဲ့ဒါေၾကာင့္ပဲ Justice League က ဒါေတြကို တားဆီးေနတဲ့အခ်ိန္မွာ Batman ကလည္း ဗိုင္းရပ္စ္ ကူးစက္သြားပါတယ္။ အက်ိဳးဆက္အေနနဲ႔ Batman ဟာ ပဲ့တင္သံကို အသုံးျပဳၿပီး ဘယ္ေနရာမွာ ဘာရွိတယ္ဆိုတာကို သိႏိုင္တဲ့ စြမ္းအားရရွိသြားပါတယ္။ ဒါ့အျပင္ တိုက္ခိုက္ဖို႔အတြက္လည္း sonic scream ေတြကို အသုံးျပဳႏိုင္ခဲ့ေပမယ့္အျပန္အလွန္အေနနဲ႔ အျမင္အာ႐ုံကို ဆုံးရႈံးလိုက္ရပါတယ္။ အဲ့ဒီေနာက္ Lex Luthor က ေျဖေဆးကို ေဖာ္ေနတဲ့အခ်ိန္မွာေတာ့ Batman ဟာ အဲ့ဒီစြမ္းအားကို အသုံးျပဳၿပီး တစ္ျခားကူးစက္ေနသူေတြကို တားဆီးခဲ့ပါတယ္။

(9) Darkseid War
photo via cbr

Metro လို႔ေခၚတဲ့ New God ဟာ Darkseid War ထဲမွာေတာ့ သူ႔ရဲ႕ Morbius Chair ကေန ဖယ္ထုတ္ခံလိုက္ရပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Batman ဟာ Morbius Chair မွာ ထိုင္ၿပီး God of Knowledge ျဖစ္လာခဲ့ပါတယ္။ Batman ဟာ အဲ့ဒီစြမ္းအားေတြကို အသုံးျပဳၿပီး ေဂၚသမ္ၿမိဳ႕မွာ ရာဇဝတ္မႈေတြ ျဖစ္မလာခင္တည္းက ႀကိဳတင္တားဆီးႏိုင္ခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ဟာ Joker သုံးေယာက္ ရွိတယ္ဆိုတာကို ပထမဆုံး သိခဲ့ရတဲ့ အခ်ိန္လည္း ျဖစ္ပါတယ္။

(10) Metal
photo via cbr

Dark Knight: Metal ထဲမွာေတာ့ Batman Who Laughs ဟာ တစ္ျခား Dark Multiverse ေတြမွာရွိတဲ့ Batman ေတြကို စုစည္းခဲ့ပါတယ္။ အဲ့ဒီ Batman ေတြအားလုံးဟာ သူတို႔ရဲ႕ Justice League အဖြဲ႕ဝင္ေတြရဲ႕ စြမ္းအားေတြကို ခိုးယူခဲ့သူနဲ႔ ဆက္ခံခဲ့သူေတြ ျဖစ္ၾကပါတယ္။ သူတို႔အားလုံးရဲ႕ တူညီတဲ့အခ်က္ကေတာ့ အားလုံးဟာ Batman ဗီလိန္ဗားရွင္းေတြ ျဖစ္ေနၾကတာပါပဲ။

The Red Death ဆိုရင္ Barry Allen ရဲ႕ Speed Force နဲ႔ ဆက္သြယ္မႈကို ခိုးယူႏိုင္ခဲ့တဲ့ Batman ျဖစ္ပါတယ္။ Devastator ကေတာ့ Doomsday ရဲ႕ ဗိုင္းရပ္စ္ အကူးခံထားရတဲ့ Batman ျဖစ္ပါတယ္။ Merciless ကေတာ့ သူ႔ရဲ႕ Wonder Woman ေသဆုံးသြားၿပီးေနာက္မွာ Ares ရဲ႕ ေခါင္းစြပ္ကို ပိုင္ဆိုင္ခဲ့ၿပီး အဲ့ဒီစြမ္းအားေၾကာင့္ပဲ ဗီလိန္ျဖစ္လာတဲ့ Batman ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular