HomeCelebs Update NewsInternationalDC Universe မှာ Margot Robbie နဲ့နောက်တစ်ခါ အလုပ်လုပ်ချင်သေးတဲ့ James Gunn

DC Universe မှာ Margot Robbie နဲ့နောက်တစ်ခါ အလုပ်လုပ်ချင်သေးတဲ့ James Gunn

James Gunn ကတော့ မင်းသမီး Margot Robbie နဲ့ DC Universe ထဲမှာ နောက်တစ်ခေါက်တွဲပြီး အလုပ်လုပ်ချင်သေးတယ်လို့ ပြောလာပါတယ်။ Robbie ဟာ သူတွဲလုပ်ဖူးသမျှ သရုပ်ဆောင်တွေထဲမှာ သူအကြိုက်ဆုံး သရုပ်ဆောင်တစ်ယောက်လို့လည်း Gunn က ပြောထားပါသေးတယ်။

ဒီအကြောင်းကိုတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တွစ်တာစာမျက်နှာပေါ်မှာ ပရိသတ်တစ်ယောက်က Gunn ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ “Margot Robbie နဲ့ နောက်တစ်ခါ အလုပ်တွဲလုပ်ဦးမှာလား …”ဆိုတဲ့ မေးခွန်းကိုတော့ “သေချာပေါက် တွဲလုပ်ဦးမှာပါ …”လို့ Gunn က ဖြေကြားထားတာ တွေ့ရပါတယ်။

Photo: jamesgunn/ Instagram

Margot Robbie ဟာ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ပထမဆုံး Suicide Squad ရုပ်ရှင်မှာ Harley Quinn အဖြစ် ပါဝင်ခဲ့တာဖြစ်ပြီး ဒါရိုက်တာ James Gunn ရိုက်ကူးခဲ့တဲ့ ၂၀၂၁ ခုနှစ်က The Suicide Squad ရုပ်ရှင်ထဲမှာလည်း အဲဒီဇာတ်ကောင်နေရာကနေပဲ ပြန်လည်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

Robbie နဲ့ အလုပ်တွဲလုပ်ရတာ စိတ်ချမ်းသာဖို့ကောင်းတဲ့အကြောင်းကိုတော့ Gunn ဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လက ပြုလုပ်ခဲ့တဲ့ The Hollywood Reporter နဲ့ အင်တာဗျူးမှာ ပြောထားပါသေးတယ်။

“Margot နဲ့ ပတ်သက်ပြီး ဘာတွေက ဒီလောက်ကောင်းမွန်နေတာလည်းလို့ ပြောရရင် သူက တကယ်ကို အဖက်ဖက်က ကောင်းမွန်တဲ့သူလို့ပဲ ပြောပါရစေ။ သူဟာ တကယ်တော်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်သလို အရမ်းရယ်ရတဲ့ ဟာသလူရွှင်တော်တစ်ယောက်လည်း ဖြစ်တယ်။ ပြီးတော့ တကယ် ကျွမ်းကျင်ပြောင်မြောက်တဲ့ အားကစားသမားတစ်ယောက်လည်း ဖြစ်တယ်လေ။ သူနဲ့ အလုပ်လုပ်ရတာ ကျွန်တော် အရမ်းသဘောကျပါတယ်။ သူက ဘာအတ္တမှမရှိတဲ့ တကယ့် လူကောင်းတစ်ယောက်ပါ … “လို့ Gunn က Robbie ကို ချီးမွမ်းထားပါတယ်။

Photo: margotrobbieofficial/ Instagram

ဒီလိုကောင်းမွန်တဲ့ သဘောထားအမြင်တွေကတော့ Gunn နဲ့ Robbie တို့ကြားမှာ အပြန်အလှန်ပဲလို့ ပြောရမှာပါ။ Robbie ဟာလည်း ၂၀၂၁ ခုနှစ် ဩဂုတ်လတုန်းက The Koalition နဲ့ အင်တာဗျူးမှာ ဒါရိုက်တာ James Gunn ကို လေးစားရတဲ့အကြောင်း ပြောထားပါသေးတယ်။

“Gunn က တကယ့် အမျှော်အမြင်ရှိတဲ့ ဒါရိုက်တာကောင်းတစ်ယောက်ပါ။ ပြီးတော့ သူက ထူးထူးခြားခြား ပေါက်ပေါက်ရှာရှာ ဟာသတွေလည်း ပြောတတ်တယ်။ ပြောရရင်တော့ သူက တော်တော်လေး ကြောင်စီစီနိုင်ပြီး တိကျတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ် …”လို့ Robbie က ပြောထားပါတယ်။

တစ်ဖက်နဲ့တစ်ဖက် ဒီလိုကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေတာကြောင့် သူတို့နှစ်ယောက် နောက်ထပ် လက်တွဲဖြစ်မယ့် ပရောဂျက်ဟာ ဘာဖြစ်မလည်းဆိုတာတော့ စိတ်ဝင်စားစရာပါပဲ၊

Vancouver

Source: people

RELATED ARTICLES

Most Popular