HomeCharacterကောမစ်ထဲက အကောင်းဆုံး Batman ဗားရှင်း(၁၀)မျိူး

ကောမစ်ထဲက အကောင်းဆုံး Batman ဗားရှင်း(၁၀)မျိူး

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

DC ကောမစ်ထဲက ဇာတ်ကောင်တွေဟာ ဇာတ်လမ်းတွေ ပြောင်းသွားတာနဲ့အမျှ ဗားရှင်းတွေအမျိူးမျိူးလည်း ပြောင်းလဲသွားလေ့ ရှိပါတယ်။ ဒါ့အပြင် universe တွေလည်း မတူညီတာကြောင့် ဇာတ်ကောင်တစ်ယောက်တည်းမှာ  ဗားရှင်းတွေ အများကြီး ပိုင်ဆိုင်ထားလေ့ ရှိပါတယ်။ Batman ဆိုရင် ပရိသတ်အများစု သိထားကြတာက သူဟာ ဟီးရိုးတစ်ယောက် ဖြစ်ပြီး ဂေါ်သမ်မြို့ကြီးကို စောင့်ရှောက်နေတဲ့သူအဖြစ် သိထားကြတာပါ။ ဒါပေမယ့်လည်း သူ့ရဲ့တစ်ချို့ဗားရှင်းတွေမှာဆိုရင် ဗီလိန်ဖြစ်သွားတာမျိူးတွေလည်း ရှိပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ ကောမစ်ထဲက Batman ရဲ့ ဗားရှင်းအမျိူးမျိူးကို ဖော်ပြပေးချင်ပါတယ်။

(10) Batman: Year 100
photo via cbr

ဒီဇာတ်လမ်းကတော့ ၂၀၃၉ခုနှစ်မှာ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ အချိန်တွေ ပြောင်းလဲသွားပေမယ့်လည်း ဂေါ်သမ်မြို့ကြီးကတော့ အရင်တိုင်းပဲ ရာဇဝတ်သားတွေနဲ့ ပြည့်နှက်နေပါတယ်။ အဲ့ဒီအချိန်မှာ ရှိနေတဲ့ Batman ဟာ Bruce Wayne လား၊ တစ်ခြားတစ်ယောက်လား ဆိုတာကိုတော့ သေချာမသိရပါဘူး။ ဒါ့အပြင် သူဟာ FBI အေးဂျင့်တစ်ယောက်ကို သတ်လိုက်တယ် ဆိုပြီးတော့ ထောင်ခြောက်ဆင်ခံလိုက်ရတာကြောင့် ရဲတွေနဲ့ FBI တွေကလည်း သူ့ရဲ့အနောက်ကို လိုက်နေကြပါတယ်။ ဂေါ်သမ်မြို့ရဲ့ ရဲမှူးနေရာမှာတော့ Jim Gordon ရဲ့မြေး ဖြစ်နေပြီးတော့ သူဟာ အဲ့ဒီ FBI အေးဂျင့်ကို တကယ် ဘယ်သူသတ်သွားတာလည်း ဆိုတာကို လိုက်လံစုံစမ်းနေပါတော့တယ်။

(9) Flashpoint Batman (Thomas Wayne)
photo via cbr

ဒီဇာတ်လမ်းကတော့ Flash ဟာ အသတ်ခံလိုက်ရတဲ့ သူ့ရဲ့အမေကို ပြန်လည်ကယ်တင်ဖို့အတွက် အချိန်ခရီးသွားရာက ဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ timeline ကို ဒီလို ပြောင်းလဲလိုက်တာကြောင့် Justice League အဖွဲ့ဝင်တွေ အပါအဝင် DC universe ကြီး တစ်ခုလုံးဟာ လုံးဝကို ပြောင်းလဲသွားခဲ့ပါတယ်။

ပုံမှန် timeline မှာဆိုရင် Thomas Wayne နဲ့ Martha Wayne တို့ဟာ အသတ်ခံလိုက်ရပြီး Bruce Wayne တစ်ယောက်တည်း အသက်ရှင်သန်ခဲ့ရာက နောက်ပိုင်းမှာ Batman ဖြစ်လာတာ ဖြစ်ပါတယ်။ Flashpoint ကြောင့် ပြောင်းလဲသွားတဲ့ timeline ထဲမှာတော့ Bruce Wayne ဟာ အသတ်ခံလိုက်ရပြီးတော့ Martha Wayne ဟာ ရူးသွပ်သွားပြီး Joker ဖြစ်လာပါတယ်။ ဒါ့အပြင် Thomas Wayne ကတော့ Batman ဖြစ်လာပါတယ်။

(8) Gotham By Gaslight
photo via cbr

ဒီဇာတ်လမ်းကတော့ တစ်ခြား universe တစ်ခုမှာ ဖြစ်ခဲ့တာ ဖြစ်ပြီး ၁၈၀၀ခုနှစ်ဝန်းကျင်လောက်မှာ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာတော့ Bruce Wayne ဟာ Batman လို ဝတ်ဆင်ပြီးတော့ Jack the Ripper ရဲ့ အန္တရာယ်ကနေ ဂေါ်သမ်မြို့ကြီးကို ကာကွယ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် Selina Kyle နဲ့ ခါးပိုက်နှိုက်တွေ ဖြစ်နေတဲ့ Robin သုံးယောက်တို့ကိုလည်း တွေ့ရပါသေးတယ်။ ဒီထဲမှာတော့ Jim Gordon ၊ Harvey Dent နဲ့ Poison Ivy တို့တောင် ပါဝင်ပြီးတော့ Batman ရဲ့ စုံထောက်ပုံစံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(7) Batman Who Laughs
photo via cbr

ဒီ Batman ဗားရှင်းကတော့ Earth-22 မှာ ဖြစ်ပျက်ခဲ့တာပါ။ ဒီဗားရှင်းမှာတော့ Joker ဟာ သူ့ကို ဖမ်းပြီးတော့ နှိပ်စက်ခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာတော့ Batman ဟာ အသိစိတ်လွတ်ပြီး Joker ကို သတ်လိုက်တဲ့အချိန်မှာပဲ Joker Venom ဓာတ်ငွေ့ကြောင့် ရူးသွပ်သွားပြီး Batman Who Laughs ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ ဗီလိန်တစ်ယောက် ဖြစ်လာပြီးတော့ Robin သုံးယောက် အပါအဝင် Justice League ကိုလည်း သတ်ဖြတ်ပစ်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ Robin သုံးယောက်ကို ဇွန်ဘီဖြစ်အောင် ပြုလုပ်ခဲ့ပြီး လက်နက်အဖြစ်လည်း အသုံးပြုခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ တစ်ခြား universe က Batman ရဲ့ ဗီလိန်ကို ရှာဖွေပြီးတော့ Earth-1 မှာရှိတဲ့ Batman ကို တိုက်ခိုက်ဖို့ ပြုလုပ်ခဲ့ပါသေးတယ်။

(6) Dark Claw
photo via cbr

ဒီတစ်ယောက်ကတော့ Marvel နဲ့ DC တို့ crossover လုပ်ထားတဲ့ ဇာတ်လမ်းထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ Marvel နဲ့ DC ရဲ့ ဇာတ်ကောင်တွေကို ပေါင်းစပ်ပြီးတော့ နောက်ထပ် ဇာတ်ကောင်အသစ်တွေကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာတော့ Dark Claw ဟာ Batman နဲ့ Wolverine တို့ကို ပေါင်းစပ်ပြီးတော့ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ origin တွေကို ပေါင်းစပ်ထားပါသေးတယ်။

Logan ဟာ သူ့ရဲ့မိဘနှစ်ယောက်လုံး အသတ်ခံခဲ့ရတာကို မြင်တွေ့ခဲ့ရတာကြောင့် ကနေဒါမှာရှိတဲ့ သူ့ရဲ့ဦးလေးဆီမှာ သွားပြီး နေထိုင်ခဲ့ရပါတယ်။ ဒါတင်မက အဲ့ဒီ့မှာလည်း သူ့ရဲ့ဦးလေး အသတ်ခံရတာကို ထပ်မံ မြင်တွေ့ခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Weapon X ပရိုဂရမ်ထဲမှာ ပါဝင်ခဲ့ပြီးတော့ သူ့ရဲ့ adamantium လက်သည်းတွေကို ရရှိခဲ့ပါတယ်။ သူ့ရဲ့ဝတ်စုံကိုတော့ Batman နဲ့ Wolverine တို့ရဲ့ ဝတ်စုံပုံစံတွေကို ပေါင်းစပ်ထားတာပါ။ ဒါ့အပြင် Robin နဲ့ Jubilee တို့ ပေါင်းစပ်ထားတဲ့ Sparrow လို့ ခေါ်တဲ့ sidekick တစ်ယောက်လည်း ရှိပါသေးတယ်။

(5) Batman Beyond (Terry Mcginnis)
photo via cbr

ဒီ Batman ဗားရှင်းကတော့ အနာဂတ် နှစ်ငါးဆယ်လောက်မှာ ဖြစ်ပျက်ထားတာကြောင့် အဲ့ဒီအချိန်မှာ Justice League အဖွဲ့ဝင်တွေ အများစုကလည်း အနားယူသွားကြပြီ ဖြစ်ပါတယ်။ ဒီလို အနားယူသွားတဲ့အထဲမှာ Bruce လည်း ပါဝင်ပြီးတော့ ကျန်းမာရေး အခြေအနေကြောင့် အနားယူသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ Terry Mcginnis လို့ခေါ်တဲ့ အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက်ကို ရှာဖွေပြီးတော့ Batman နေရာကို ဆက်ခံစေခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ Batman ဝတ်စုံမှာ အဆင့်မြင့်နည်းပညာတွေလည်း ပါဝင်ပါသေးတယ်။

(4) Red Rain Batman
photo via cbr

ဒီဗားရှင်းကလည်း တစ်ခြား universe တစ်ခုမှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး ဇာတ်လမ်းကတော့ Batman ဟာ Dracula ကို တိုက်ခိုက်ရတာ ဖြစ်ပါတယ်။ သူဟာ Dracula ရဲ့ ရန်က ကာကွယ်ဖို့အတွက် သူ့ကိုယ်သူတောင် သွေးစုပ်ဖုတ်ကောင် အဖြစ်ခံပြီးတော့ တစ်ခြားသူတွေကို ကာကွယ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာတော့ သူကိုယ်တိုင်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လာတာကြောင့် Alfred နဲ့ Jim Gordon တို့က သူ့ကို သတ်ပစ်ခဲ့ရပါတယ်။

(3) Speeding Bullets Batman
photo via cbr

ဒီဗားရှင်းကလည်း တစ်ခြား universe တစ်ခုမှာ ဖြစ်ခဲ့တာပါ။ ဒီဗားရှင်းကတော့ DC ရဲ့ နာမည်အကြီးဆုံး ဟီးရိုးနှစ်ယောက်ကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ Kal-El ရဲ့ ယာဉ်ဟာ Smallville မှာ မပျက်ကျခဲ့ဘဲနဲ့ Gotham မြို့မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Wayne မိသားစုဟာ သူ့ကို မွေးစားခဲ့ပြီး Bruce လို့ နာမည်ပေးခဲ့ပါတယ်။

တစ်ရက်မှာတော့ သူ့ရဲ့မွေးစားမိဘနှစ်ယောက်လုံးဟာ အသတ်ခံလိုက်ရပြီး သူကတော့ heat vision နဲ့ ဓားပြတွေကို သတ်ပစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ Batman ဖြစ်လာပြီး Gotham မြို့ကြီးကို ကာကွယ်ပေးနေတဲ့အပြင် စွမ်းအားတွေလည်း ရှိတာကြောင့် ပိုပြီးတော့ ရက်စက်တတ်တဲ့ ဟီးရိုးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

(2) Red Death Batman
photo via cbr

အပေါ်က Batman ဟာ Superman ရဲ့ စွမ်းအားတွေကို ရရှိထားတဲ့ ဗားရှင်းဖြစ်ပြီး ဒီဗားရှင်းကတော့ Flash ရဲ့စွမ်းအားတွေကို ရရှိထားတဲ့ ဗားရှင်းပဲ ဖြစ်ပါတယ်။ ဒါဟာ Earth-52 မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီးတော့ Bruce နဲ့ Barry တို့ဟာ ပေါင်းစပ်သွားပြီး တစ်ယောက်တည်း ဖြစ်သွားခဲ့ပါတယ်။ အကြောင်းကတော့ Batman ဟာ Robin တွေကို ဆုံးရှုံးခဲ့ရပြီးတော့ သူသာ Flash ရဲ့ပါဝါကို ရရှိခဲ့ရင် တစ်ခြားသူတွေရဲ့ သေခြင်းတရားကို တားဆီးနိုင်မယ်လို့ ယူဆထားလို့ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Flash ဟာ သူ့ရဲ့စွမ်းအားကို ပေးဖို့အတွက် ငြင်းဆိုခဲ့တဲ့အချိန်မှာတော့ သူဟာ Flash ကို အမှောက်သိပ်လိုက်ပြီး Batmobile ကို အသုံးပြုကာ Flash ရဲ့စွမ်းအားကို ရရှိဖို့အတွက် Speed Force ထဲကို ဝင်သွားပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ ပေါင်းစပ်သွားခဲ့ပါတယ်။ Barry ကတော့ Bruce ရဲ့ အသိစိတ်ထဲမှာ ပိတ်မိသွားပြီး Batman ကတော့ သိပ်ကိုရက်စက်တတ်တဲ့ လူတစ်ယောက် ဖြစ်သွားပြီး သူ့ရဲ့ ဗီလိန်တွေအကုန်လုံးကို သတ်ပစ်ခဲ့ပါတယ်။

(1) God & Monsters Man-Bat
photo via cbr

Red Rain ဟာ Batman ရဲ့ တစ်ခုတည်းသော သွေးစုပ်ဖုတ်ကောင် ဗားရှင်း မဟုတ်ပါဘူး။ ဒီဇာတ်လမ်းထဲမှာဆိုရင် Justice League အဖွဲ့ဝင်တွေအားလုံးရဲ့ evil ဗားရှင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ General Zod ရဲ့သားဟာ Superman ဖြစ်လာပြီး နောက်ထပ် နတ်ဘုရားတစ်ယောက်ဟာ Wonder Woman ဖြစ်လာတဲ့အပြင် သွေးစုပ်ဖုတ်ကောင် သိပ္ပံပညာရှင်ဟာ Batman ဖြစ်လာပါတယ်။ သူတို့အကုန်လုံးဟာ လူသတ်ဖို့ကို ဝန်မလေးကြဘဲ Batman ကတော့ သူ့ရဲ့ရန်သူတွေကို သတ်ပြီးတော့ သွေးစုပ်လေ့ရှိပါတယ်။ အခုလိုမျိူး ဗားရှင်းတွေ အကုန်လုံးကြည့်ပြီးသွားတဲ့အချိန်မှာတော့ Earth-1 က Batman ဟာ လူကောင်းတစ်ယောက်ဆိုတာကို ပိုပြီးတော့ သိသာလာစေပါတယ်။

ဒါကတော့ ကောမစ်ထဲက မတူညီတဲ့ Universe တွေနဲ့ ဇာတ်လမ်းအမျိုးမျိုးထဲက Batman ဗားရှင်းတွေပဲ ဖြစ်ပါတယ်။ ဒီလို စိတ်ဝင်စားစရာဆောင်းပါးတွေ အမြဲ ဖတ်ရှုနိုင်ဖို့ ဒီပေ့ချ်လေးကို Like & Follow လုပ်ထားပါလို့ တိုက်တွန်းလိုက်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

DC ေကာမစ္ထဲက ဇာတ္ေကာင္ေတြဟာ ဇာတ္လမ္းေတြ ေျပာင္းသြားတာနဲ႔အမွ် ဗားရွင္းေတြအမ်ိဴးမ်ိဴးလည္း ေျပာင္းလဲသြားေလ့ ရွိပါတယ္။ ဒါ့အျပင္ universe ေတြလည္း မတူညီတာေၾကာင့္ ဇာတ္ေကာင္တစ္ေယာက္တည္းမွာ  ဗားရွင္းေတြ အမ်ားႀကီး ပိုင္ဆိုင္ထားေလ့ ရွိပါတယ္။ Batman ဆိုရင္ ပရိသတ္အမ်ားစု သိထားၾကတာက သူဟာ ဟီး႐ိုးတစ္ေယာက္ ျဖစ္ၿပီး ေဂၚသမ္ၿမိဳ႕ႀကီးကို ေစာင့္ေရွာက္ေနတဲ့သူအျဖစ္ သိထားၾကတာပါ။ ဒါေပမယ့္လည္း သူ႔ရဲ႕တစ္ခ်ိဳ႕ဗားရွင္းေတြမွာဆိုရင္ ဗီလိန္ျဖစ္သြားတာမ်ိဴးေတြလည္း ရွိပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ ေကာမစ္ထဲက Batman ရဲ႕ ဗားရွင္းအမ်ိဴးမ်ိဴးကို ေဖာ္ျပေပးခ်င္ပါတယ္။

(10) Batman: Year 100
photo via cbr

ဒီဇာတ္လမ္းကေတာ့ ၂၀၃၉ခုႏွစ္မွာ ဇာတ္အိမ္တည္ထားတာ ျဖစ္ပါတယ္။ အခ်ိန္ေတြ ေျပာင္းလဲသြားေပမယ့္လည္း ေဂၚသမ္ၿမိဳ႕ႀကီးကေတာ့ အရင္တိုင္းပဲ ရာဇဝတ္သားေတြနဲ႔ ျပည့္ႏွက္ေနပါတယ္။ အဲ့ဒီအခ်ိန္မွာ ရွိေနတဲ့ Batman ဟာ Bruce Wayne လား၊ တစ္ျခားတစ္ေယာက္လား ဆိုတာကိုေတာ့ ေသခ်ာမသိရပါဘူး။ ဒါ့အျပင္ သူဟာ FBI ေအးဂ်င့္တစ္ေယာက္ကို သတ္လိုက္တယ္ ဆိုၿပီးေတာ့ ေထာင္ေျခာက္ဆင္ခံလိုက္ရတာေၾကာင့္ ရဲေတြနဲ႔ FBI ေတြကလည္း သူ႔ရဲ႕အေနာက္ကို လိုက္ေနၾကပါတယ္။ ေဂၚသမ္ၿမိဳ႕ရဲ႕ ရဲမႉးေနရာမွာေတာ့ Jim Gordon ရဲ႕ေျမး ျဖစ္ေနၿပီးေတာ့ သူဟာ အဲ့ဒီ FBI ေအးဂ်င့္ကို တကယ္ ဘယ္သူသတ္သြားတာလည္း ဆိုတာကို လိုက္လံစုံစမ္းေနပါေတာ့တယ္။

(9) Flashpoint Batman (Thomas Wayne)
photo via cbr

ဒီဇာတ္လမ္းကေတာ့ Flash ဟာ အသတ္ခံလိုက္ရတဲ့ သူ႔ရဲ႕အေမကို ျပန္လည္ကယ္တင္ဖို႔အတြက္ အခ်ိန္ခရီးသြားရာက ျဖစ္ေပၚလာတဲ့ ဇာတ္လမ္းျဖစ္ပါတယ္။ timeline ကို ဒီလို ေျပာင္းလဲလိုက္တာေၾကာင့္ Justice League အဖြဲ႕ဝင္ေတြ အပါအဝင္ DC universe ႀကီး တစ္ခုလုံးဟာ လုံးဝကို ေျပာင္းလဲသြားခဲ့ပါတယ္။

ပုံမွန္ timeline မွာဆိုရင္ Thomas Wayne နဲ႔ Martha Wayne တို႔ဟာ အသတ္ခံလိုက္ရၿပီး Bruce Wayne တစ္ေယာက္တည္း အသက္ရွင္သန္ခဲ့ရာက ေနာက္ပိုင္းမွာ Batman ျဖစ္လာတာ ျဖစ္ပါတယ္။ Flashpoint ေၾကာင့္ ေျပာင္းလဲသြားတဲ့ timeline ထဲမွာေတာ့ Bruce Wayne ဟာ အသတ္ခံလိုက္ရၿပီးေတာ့ Martha Wayne ဟာ ႐ူးသြပ္သြားၿပီး Joker ျဖစ္လာပါတယ္။ ဒါ့အျပင္ Thomas Wayne ကေတာ့ Batman ျဖစ္လာပါတယ္။

(8) Gotham By Gaslight
photo via cbr

ဒီဇာတ္လမ္းကေတာ့ တစ္ျခား universe တစ္ခုမွာ ျဖစ္ခဲ့တာ ျဖစ္ၿပီး ၁၈၀၀ခုႏွစ္ဝန္းက်င္ေလာက္မွာ ဇာတ္အိမ္တည္ထားတာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Bruce Wayne ဟာ Batman လို ဝတ္ဆင္ၿပီးေတာ့ Jack the Ripper ရဲ႕ အႏၲရာယ္ကေန ေဂၚသမ္ၿမိဳ႕ႀကီးကို ကာကြယ္ေနတာ ျဖစ္ပါတယ္။ ဒါ့အျပင္ Selina Kyle နဲ႔ ခါးပိုက္ႏႈိက္ေတြ ျဖစ္ေနတဲ့ Robin သုံးေယာက္တို႔ကိုလည္း ေတြ႕ရပါေသးတယ္။ ဒီထဲမွာေတာ့ Jim Gordon ၊ Harvey Dent နဲ႔ Poison Ivy တို႔ေတာင္ ပါဝင္ၿပီးေတာ့ Batman ရဲ႕ စုံေထာက္ပုံစံကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

(7) Batman Who Laughs
photo via cbr

ဒီ Batman ဗားရွင္းကေတာ့ Earth-22 မွာ ျဖစ္ပ်က္ခဲ့တာပါ။ ဒီဗားရွင္းမွာေတာ့ Joker ဟာ သူ႔ကို ဖမ္းၿပီးေတာ့ ႏွိပ္စက္ခဲ့ပါတယ္။ ဒီလိုနဲ႔ ေနာက္ပိုင္းမွာေတာ့ Batman ဟာ အသိစိတ္လြတ္ၿပီး Joker ကို သတ္လိုက္တဲ့အခ်ိန္မွာပဲ Joker Venom ဓာတ္ေငြ႕ေၾကာင့္ ႐ူးသြပ္သြားၿပီး Batman Who Laughs ျဖစ္လာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ ဗီလိန္တစ္ေယာက္ ျဖစ္လာၿပီးေတာ့ Robin သုံးေယာက္ အပါအဝင္ Justice League ကိုလည္း သတ္ျဖတ္ပစ္ခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ Robin သုံးေယာက္ကို ဇြန္ဘီျဖစ္ေအာင္ ျပဳလုပ္ခဲ့ၿပီး လက္နက္အျဖစ္လည္း အသုံးျပဳခဲ့ပါေသးတယ္။ ေနာက္ပိုင္းမွာေတာ့ တစ္ျခား universe က Batman ရဲ႕ ဗီလိန္ကို ရွာေဖြၿပီးေတာ့ Earth-1 မွာရွိတဲ့ Batman ကို တိုက္ခိုက္ဖို႔ ျပဳလုပ္ခဲ့ပါေသးတယ္။

(6) Dark Claw
photo via cbr

ဒီတစ္ေယာက္ကေတာ့ Marvel နဲ႔ DC တို႔ crossover လုပ္ထားတဲ့ ဇာတ္လမ္းထဲမွာ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ Marvel နဲ႔ DC ရဲ႕ ဇာတ္ေကာင္ေတြကို ေပါင္းစပ္ၿပီးေတာ့ ေနာက္ထပ္ ဇာတ္ေကာင္အသစ္ေတြကို ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီထဲမွာေတာ့ Dark Claw ဟာ Batman နဲ႔ Wolverine တို႔ကို ေပါင္းစပ္ၿပီးေတာ့ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူတို႔ရဲ႕ origin ေတြကို ေပါင္းစပ္ထားပါေသးတယ္။

Logan ဟာ သူ႔ရဲ႕မိဘႏွစ္ေယာက္လုံး အသတ္ခံခဲ့ရတာကို ျမင္ေတြ႕ခဲ့ရတာေၾကာင့္ ကေနဒါမွာရွိတဲ့ သူ႔ရဲ႕ဦးေလးဆီမွာ သြားၿပီး ေနထိုင္ခဲ့ရပါတယ္။ ဒါတင္မက အဲ့ဒီ့မွာလည္း သူ႔ရဲ႕ဦးေလး အသတ္ခံရတာကို ထပ္မံ ျမင္ေတြ႕ခဲ့ပါေသးတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Weapon X ပ႐ိုဂရမ္ထဲမွာ ပါဝင္ခဲ့ၿပီးေတာ့ သူ႔ရဲ႕ adamantium လက္သည္းေတြကို ရရွိခဲ့ပါတယ္။ သူ႔ရဲ႕ဝတ္စုံကိုေတာ့ Batman နဲ႔ Wolverine တို႔ရဲ႕ ဝတ္စုံပုံစံေတြကို ေပါင္းစပ္ထားတာပါ။ ဒါ့အျပင္ Robin နဲ႔ Jubilee တို႔ ေပါင္းစပ္ထားတဲ့ Sparrow လို႔ ေခၚတဲ့ sidekick တစ္ေယာက္လည္း ရွိပါေသးတယ္။

(5) Batman Beyond (Terry Mcginnis)
photo via cbr

ဒီ Batman ဗားရွင္းကေတာ့ အနာဂတ္ ႏွစ္ငါးဆယ္ေလာက္မွာ ျဖစ္ပ်က္ထားတာေၾကာင့္ အဲ့ဒီအခ်ိန္မွာ Justice League အဖြဲ႕ဝင္ေတြ အမ်ားစုကလည္း အနားယူသြားၾကၿပီ ျဖစ္ပါတယ္။ ဒီလို အနားယူသြားတဲ့အထဲမွာ Bruce လည္း ပါဝင္ၿပီးေတာ့ က်န္းမာေရး အေျခအေနေၾကာင့္ အနားယူသြားခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ Terry Mcginnis လို႔ေခၚတဲ့ အရည္အခ်င္းရွိတဲ့ လူငယ္တစ္ေယာက္ကို ရွာေဖြၿပီးေတာ့ Batman ေနရာကို ဆက္ခံေစခဲ့ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ Batman ဝတ္စုံမွာ အဆင့္ျမင့္နည္းပညာေတြလည္း ပါဝင္ပါေသးတယ္။

(4) Red Rain Batman
photo via cbr

ဒီဗားရွင္းကလည္း တစ္ျခား universe တစ္ခုမွာ ျဖစ္ပ်က္ခဲ့တာ ျဖစ္ၿပီး ဇာတ္လမ္းကေတာ့ Batman ဟာ Dracula ကို တိုက္ခိုက္ရတာ ျဖစ္ပါတယ္။ သူဟာ Dracula ရဲ႕ ရန္က ကာကြယ္ဖို႔အတြက္ သူ႔ကိုယ္သူေတာင္ ေသြးစုပ္ဖုတ္ေကာင္ အျဖစ္ခံၿပီးေတာ့ တစ္ျခားသူေတြကို ကာကြယ္ေပးခဲ့ပါတယ္။ ဒီလိုနဲ႔ ေနာက္ပိုင္းမွာေတာ့ သူကိုယ္တိုင္ဟာ ရက္စက္ၾကမ္းၾကဳတ္တဲ့ မေကာင္းဆိုးဝါးတစ္ေကာင္ ျဖစ္လာတာေၾကာင့္ Alfred နဲ႔ Jim Gordon တို႔က သူ႔ကို သတ္ပစ္ခဲ့ရပါတယ္။

(3) Speeding Bullets Batman
photo via cbr

ဒီဗားရွင္းကလည္း တစ္ျခား universe တစ္ခုမွာ ျဖစ္ခဲ့တာပါ။ ဒီဗားရွင္းကေတာ့ DC ရဲ႕ နာမည္အႀကီးဆုံး ဟီး႐ိုးႏွစ္ေယာက္ကို ေပါင္းစပ္ထားတာ ျဖစ္ပါတယ္။ အဲ့ဒါကေတာ့ Kal-El ရဲ႕ ယာဥ္ဟာ Smallville မွာ မပ်က္က်ခဲ့ဘဲနဲ႔ Gotham ၿမိဳ႕မွာ ပ်က္က်ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Wayne မိသားစုဟာ သူ႔ကို ေမြးစားခဲ့ၿပီး Bruce လို႔ နာမည္ေပးခဲ့ပါတယ္။

တစ္ရက္မွာေတာ့ သူ႔ရဲ႕ေမြးစားမိဘႏွစ္ေယာက္လုံးဟာ အသတ္ခံလိုက္ရၿပီး သူကေတာ့ heat vision နဲ႔ ဓားျပေတြကို သတ္ပစ္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူဟာ Batman ျဖစ္လာၿပီး Gotham ၿမိဳ႕ႀကီးကို ကာကြယ္ေပးေနတဲ့အျပင္ စြမ္းအားေတြလည္း ရွိတာေၾကာင့္ ပိုၿပီးေတာ့ ရက္စက္တတ္တဲ့ ဟီး႐ိုးတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

(2) Red Death Batman
photo via cbr

အေပၚက Batman ဟာ Superman ရဲ႕ စြမ္းအားေတြကို ရရွိထားတဲ့ ဗားရွင္းျဖစ္ၿပီး ဒီဗားရွင္းကေတာ့ Flash ရဲ႕စြမ္းအားေတြကို ရရွိထားတဲ့ ဗားရွင္းပဲ ျဖစ္ပါတယ္။ ဒါဟာ Earth-52 မွာ ျဖစ္ပ်က္ခဲ့တာ ျဖစ္ၿပီးေတာ့ Bruce နဲ႔ Barry တို႔ဟာ ေပါင္းစပ္သြားၿပီး တစ္ေယာက္တည္း ျဖစ္သြားခဲ့ပါတယ္။ အေၾကာင္းကေတာ့ Batman ဟာ Robin ေတြကို ဆုံးရႈံးခဲ့ရၿပီးေတာ့ သူသာ Flash ရဲ႕ပါဝါကို ရရွိခဲ့ရင္ တစ္ျခားသူေတြရဲ႕ ေသျခင္းတရားကို တားဆီးႏိုင္မယ္လို႔ ယူဆထားလို႔ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း Flash ဟာ သူ႔ရဲ႕စြမ္းအားကို ေပးဖို႔အတြက္ ျငင္းဆိုခဲ့တဲ့အခ်ိန္မွာေတာ့ သူဟာ Flash ကို အေမွာက္သိပ္လိုက္ၿပီး Batmobile ကို အသုံးျပဳကာ Flash ရဲ႕စြမ္းအားကို ရရွိဖို႔အတြက္ Speed Force ထဲကို ဝင္သြားပါတယ္။ ဒီလိုနဲ႔ သူတို႔ႏွစ္ေယာက္ဟာ ေပါင္းစပ္သြားခဲ့ပါတယ္။ Barry ကေတာ့ Bruce ရဲ႕ အသိစိတ္ထဲမွာ ပိတ္မိသြားၿပီး Batman ကေတာ့ သိပ္ကိုရက္စက္တတ္တဲ့ လူတစ္ေယာက္ ျဖစ္သြားၿပီး သူ႔ရဲ႕ ဗီလိန္ေတြအကုန္လုံးကို သတ္ပစ္ခဲ့ပါတယ္။

(1) God & Monsters Man-Bat
photo via cbr

Red Rain ဟာ Batman ရဲ႕ တစ္ခုတည္းေသာ ေသြးစုပ္ဖုတ္ေကာင္ ဗားရွင္း မဟုတ္ပါဘူး။ ဒီဇာတ္လမ္းထဲမွာဆိုရင္ Justice League အဖြဲ႕ဝင္ေတြအားလုံးရဲ႕ evil ဗားရွင္းကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ General Zod ရဲ႕သားဟာ Superman ျဖစ္လာၿပီး ေနာက္ထပ္ နတ္ဘုရားတစ္ေယာက္ဟာ Wonder Woman ျဖစ္လာတဲ့အျပင္ ေသြးစုပ္ဖုတ္ေကာင္ သိပၸံပညာရွင္ဟာ Batman ျဖစ္လာပါတယ္။ သူတို႔အကုန္လုံးဟာ လူသတ္ဖို႔ကို ဝန္မေလးၾကဘဲ Batman ကေတာ့ သူ႔ရဲ႕ရန္သူေတြကို သတ္ၿပီးေတာ့ ေသြးစုပ္ေလ့ရွိပါတယ္။ အခုလိုမ်ိဴး ဗားရွင္းေတြ အကုန္လုံးၾကည့္ၿပီးသြားတဲ့အခ်ိန္မွာေတာ့ Earth-1 က Batman ဟာ လူေကာင္းတစ္ေယာက္ဆိုတာကို ပိုၿပီးေတာ့ သိသာလာေစပါတယ္။

ဒါကေတာ့ ေကာမစ္ထဲက မတူညီတဲ့ Universe ေတြနဲ႔ ဇာတ္လမ္းအမ်ိဳးမ်ိဳးထဲက Batman ဗားရွင္းေတြပဲ ျဖစ္ပါတယ္။ ဒီလို စိတ္ဝင္စားစရာေဆာင္းပါးေတြ အၿမဲ ဖတ္ရႈႏိုင္ဖို႔ ဒီေပ့ခ်္ေလးကို Like & Follow လုပ္ထားပါလို႔ တိုက္တြန္းလိုက္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular