HomeDramaSeo Ye Ji ကို အဆိပ်ပြင်းတဲ့ မိန်းမလှလေးအဖြစ် မြင်တွေ့ရမယ့် Eve ဒရာမာအသစ် 

Seo Ye Ji ကို အဆိပ်ပြင်းတဲ့ မိန်းမလှလေးအဖြစ် မြင်တွေ့ရမယ့် Eve ဒရာမာအသစ် 

မင်းသမီးချောလေး Seo Ye Ji ကိုတော့ tvN ရုပ်သံလိုင်းက အသစ်ထုတ်လွှင့်မယ့် ဒရာမာအသစ်မှာ လက်စားချေဖို့ ဆာလောင်နေတဲ့ အမျိုးသမီးတစ်ဦးအဖြစ် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ Eve လို့ အမည်ရတဲ့ ဒီဒရာမာအသစ်ထဲမှာတော့ Seo Ye Ji ၊ Lee Sang Yeob ၊ Park Byung Eun နဲ့ Yoo Sun တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Eve ဟာ ရိုမန့်စ်ဒရာမာ အမျိုးအစား ကိုရီးယား ဇာတ်လမ်းတွဲအသစ် ဖြစ်ပြီး တစ်တိုင်းပြည်လုံးကို အံ့အားသင့်သွားစေတဲ့ လူကုံထံအသိုင်းအဝိုင်းက ဝမ်(၂)တြီလျံ တန်ဖိုးရှိ ကွာရှင်းတဲ့ အမှုအကြောင်းပဲ ဖြစ်ပါတယ်။ လူအများမသိကြတဲ့ အချက်ကတော့ ဒီတရားစွဲဆိုမှုဟာ (၁၃)နှစ်ကြာ အစီအစဉ်ကျကျ အကွက်ချပြီး ကြိုတင်စီမံခဲ့တယ် ဆိုတာပါပဲ။

Photo via mydramalist

မင်းသမီးချော Seo Ye Ji ကတော့ Lee Ra El ဆိုတဲ့ မိန်းကလေးနေရာက သရုပ်ဆောင်ထားပါတယ်။ Lee Ra El ကတော့ လှသလောက် အဆိပ်ပြင်းပြီး အန္တရာယ်ရှိလွန်းတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ကာ ဒီတရားစွဲဆိုမှုရဲ့ အဓိကကျသူလည်း ဖြစ်ပါတယ်။

Park Byung Eun ကတော့ LY Group ရဲ့ စီအီးအို Kang Yoon Kyum အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ Lee Ra El ဟာ ငယ်ရွယ်လွန်းသေးတဲ့ အရွယ်မှာပဲ ဖခင်ဖြစ်သူရဲ့ သေဆုံးမှုကို ထိတ်လန့်စွာ သိရှိလိုက်ရပြီးနောက်မှာတော့ လူတွေကို လှည့်ဖြား ဆွဲဆောင်နိုင်တဲ့ အဆိပ်ပြင်းပြင်း မိန်းမလှလေးအဖြစ် ကြီးပြင်းလာပါတယ်။ သူမဖခင်ရဲ့ သေဆုံးမှုမှာ အဓိက တာဝန်ရှိတဲ့ LY Group ရဲ့ စီအီးအိုကတော့ သူမရဲ့ပစ်မှတ်ပဲ ဖြစ်ပြီး သူမရဲ့မိသားစုကို ဖျက်ဆီးခဲ့တဲ့အတွက် သွေးကြွေးဆပ် ကလဲ့စားချေိဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။

Photo via mydramalist

Lee Sang Yeob ကတော့ Seo Eun Pyung ဆိုတဲ့ တောင်ကိုရီးယားနိုင်ငံ အမျိုးသားလွှတ်တော်က အငယ်ဆုံး လွှတ်တော်အမတ်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် သူဟာ နိုင်ငံရေးအသိုင်းအဝိုင်းမှာ ထွန်းပေါက်လာသူ ဖြစ်ပြီး တစ်နိုင်ငံလုံးရဲ့ အာရုံစိုက်မှုကို ရရှိနေသူလည်း ဖြစ်ပါတယ်။ သို့သော်လည်း Seo Eun Pyung ဟာ အခုလို ထိပ်ဆုံးနေရာကို ရောက်ရှိလာဖို့ ခက်ခက်ခဲခဲ ဖြတ်သန်းလာခဲ့ရပေမယ့် မိန်းမလှလေး Lee Ra El ကို တွေ့ဆုံပြီးနောက်ပိုင်းမှာတော့ သူပိုင်ဆိုင်သမျှအားလုံးကို စွန့်လွှတ်ဖို့ အဆင်သင့် ဖြစ်နေပါတော့တယ်။

Photo via mydramalist

မင်းသမီး Yoo Sun ကတော့ စီအီးအို Kang Yoon Kyum ရဲ့ ဇနီးဖြစ်သူ Han So Ra အဖြစ် သရုပ်ဆောင်ထားပါတယ်။ Han So Ra ကတော့ အာဏာရှိ နိုင်ငံရေးသမားတစ်ဦးရဲ့ တစ်ဦးတည်းသောသမီး ဖြစ်ပါတယ်။ သူမရဲ့ ပြီးပြည့်စုံမှုနဲ့ တင့်တည်လှပခြင်းတွေရဲ့ နောက်ကွယ်မှာတော့ Han So Ra ဟာ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိပြီး ခင်ပွန်းဖြစ်သူကို လိုတာထက်ပိုပြီး စွဲလန်းနေသူလည်း ဖြစ်ပါတယ်။

ဒီလိုစိတ်ဝင်စားစရာ ဇာတ်လမ်း၊ ဇာတ်ကွက်နဲ့ ဒရာမာအသစ် Eve ကိုတော့ လာမယ့် မေလ(၂၅)ရက်နေ့မှာ စတင်ထုတ်လွှင့် ပြသမယ်လို့ သိရပါတယ်။ စုစုပေါင်းအပိုင်း (၁၆)ပိုင်း ပါဝင်ပြီး တစ်ပိုင်းကို ပြသချိန် (၁)နာရီဝန်းကျင်ခန့် ရှိမှာ ဖြစ်ပါတယ်။

Vancouver

Source: soompi

RELATED ARTICLES

Most Popular