HomeCelebs Update NewsInternationalတစ်နှစ်ကြာ တွဲပြီးနောက် Ben Affleck နဲ့ Ana de Armas တို့ လမ်းခွဲလိုက်ပြီလို့ သတင်းထွက်

တစ်နှစ်ကြာ တွဲပြီးနောက် Ben Affleck နဲ့ Ana de Armas တို့ လမ်းခွဲလိုက်ပြီလို့ သတင်းထွက်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် မင်းသား Ben Affleck နဲ့ မင်းသမီးလေး Ana de Armas တို့ဟာ ချစ်သူဘဝနဲ့ တစ်နှစ်ခန့် ဖြတ်သန်းပြီးနောက်မှာတော့ လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

People မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ ချစ်သူနှစ်ယောက်ဟာ ဘဝရဲ့ဦးတည်ချက် လားရာတွေ မတူညီကြတဲ့အတွက် ကျောခိုင်းလိုက်ကြတာလို့ သိရပါတယ်။

Photo: ana_d_arms/ Instagram

“သူတို့နှစ်ယောက်က တကယ်လည်း ချစ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် respect လည်း ရှိကြတယ်။ Ben ကတော့ သူ့ဘဝအတွက် သူပိုပြီးအာရုံစိုက်ချင်တဲ့ပုံပါပဲ။ လောလောဆယ် သူ့မှာ အလုပ်သုံးခုလောက် တန်းစီနေတယ်။ ပြီးတော့ သူက အိမ်မှာဆိုရင်လည်း သူ့ကလေးတွေကို သိပ်တာဝန်ကျေတဲ့ ဖခင်တစ်ယောက်လေ။ အဲ့တော့ နှစ်ယောက်က လားရာတွေ မတူလို့ လမ်းခွဲလိုက်ကြရပေမယ့် သူတို့ အခုရှိနေတဲ့နေရာကို နှစ်ယောက်လုံးက ကျေနပ်ပျော်ရွှင်နေကြပါတယ် … ” လို့ အတွင်းသတင်းတစ်ခုက People ကို ပြောကြားထားပါတယ်။

Photo: benaffleck.jpg/ Instagram

Ben နဲ့ Ana တို့ဟာ Deep Water ဆိုတဲ့ စိတ္တဇ သည်းထိတ်ရင်ဖိုဇာတ်ကားကို အတူရိုက်ကူးရင်း ချစ်မိခဲ့ကြတာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း အခုအချိန်မှာတော့ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ လမ်းခွဲလိုက်ကြပြီလို့ သတင်းထွက်လာတာ ဖြစ်ပါတယ်။

Photo: ana_d_arms/ Instagram

Ben ကတော့ မကြာခင်မှာ ထွက်ရှိလာတော့မယ့် The Last Duel ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ Zack Snyder’s Justice League ရုပ်ရှင်ကားတွေနဲ့ အလုပ်ရှုပ်နေပါတယ်။ Ana ကိုတော့ No Time To Die နဲ့ The Gray Man ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ မြင်တွေ့ရဖို့ ရှိပါတယ်။

Linda December

Source: people/ indian express

(Zawgyi Version)

နာမည္ေက်ာ္ မင္းသား Ben Affleck နဲ႔ မင္းသမီးေလး Ana de Armas တို႔ဟာ ခ်စ္သူဘဝနဲ႔ တစ္ႏွစ္ခန႔္ ျဖတ္သန္းၿပီးေနာက္မွာေတာ့ လမ္းခြဲလိုက္ၿပီဆိုတဲ့ သတင္းေတြ ထြက္ေပၚေနပါတယ္။

People မဂၢဇင္းရဲ႕ ေဖာ္ျပခ်က္အရ ခ်စ္သူႏွစ္ေယာက္ဟာ ဘဝရဲ႕ဦးတည္ခ်က္ လားရာေတြ မတူညီၾကတဲ့အတြက္ ေက်ာခိုင္းလိုက္ၾကတာလို႔ သိရပါတယ္။

Photo: ana_d_arms/ Instagram

“သူတို႔ႏွစ္ေယာက္က တကယ္လည္း ခ်စ္ၾကပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ respect လည္း ရွိၾကတယ္။ Ben ကေတာ့ သူ႔ဘဝအတြက္ သူပိုၿပီးအာ႐ုံစိုက္ခ်င္တဲ့ပုံပါပဲ။ ေလာေလာဆယ္ သူ႔မွာ အလုပ္သုံးခုေလာက္ တန္းစီေနတယ္။ ၿပီးေတာ့ သူက အိမ္မွာဆိုရင္လည္း သူ႔ကေလးေတြကို သိပ္တာဝန္ေက်တဲ့ ဖခင္တစ္ေယာက္ေလ။ အဲ့ေတာ့ ႏွစ္ေယာက္က လားရာေတြ မတူလို႔ လမ္းခြဲလိုက္ၾကရေပမယ့္ သူတို႔ အခုရွိေနတဲ့ေနရာကို ႏွစ္ေယာက္လုံးက ေက်နပ္ေပ်ာ္႐ႊင္ေနၾကပါတယ္ … ” လို႔ အတြင္းသတင္းတစ္ခုက People ကို ေျပာၾကားထားပါတယ္။

Photo: benaffleck.jpg/ Instagram

Ben နဲ႔ Ana တို႔ဟာ Deep Water ဆိုတဲ့ စိတၱဇ သည္းထိတ္ရင္ဖိုဇာတ္ကားကို အတူ႐ိုက္ကူးရင္း ခ်စ္မိခဲ့ၾကတာ ျဖစ္ပါတယ္။ သို႔ေပမယ့္လည္း အခုအခ်ိန္မွာေတာ့ စိတ္သေဘာထားခ်င္း မတိုက္ဆိုင္လို႔ လမ္းခြဲလိုက္ၾကၿပီလို႔ သတင္းထြက္လာတာ ျဖစ္ပါတယ္။

Photo: ana_d_arms/ Instagram

Ben ကေတာ့ မၾကာခင္မွာ ထြက္ရွိလာေတာ့မယ့္ The Last Duel ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားနဲ႔ Zack Snyder’s Justice League ႐ုပ္ရွင္ကားေတြနဲ႔ အလုပ္ရႈပ္ေနပါတယ္။ Ana ကိုေတာ့ No Time To Die နဲ႔ The Gray Man ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြမွာ ျမင္ေတြ႕ရဖို႔ ရွိပါတယ္။

Linda December

Source: people/ indian express

 

RELATED ARTICLES

Most Popular