HomeDramaSeo In Guk ကို နတ်ဆရာအဖြစ် တွေ့မြင်ရမယ့် လျှို့ဝှက်သည်းဖိုဒရာမာအသစ် Minamdang

Seo In Guk ကို နတ်ဆရာအဖြစ် တွေ့မြင်ရမယ့် လျှို့ဝှက်သည်းဖိုဒရာမာအသစ် Minamdang

သရုပ်ဆောင် Seo In Guk ကိုတော့ KBS2 ရုပ်သံလိုင်းက မကြာခင် ထုတ်လွှင့်ပြသတော့မယ့် ဒရာမာအသစ်ထဲမှာ နတ်ဆရာတစ်ယောက်အဖြစ် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ဒီဒရာမာကတော့ Minamdang လို့ အမည်ရပြီး လာမယ့် ဇွန်လထဲမှာ အပတ်စဉ် တနင်္လာ-အင်္ဂါနေ့တိုင်းမှာ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

ပရိသတ်တွေကြားမှာ နာမည်ကြီးတဲ့ အမည်တူ webtoon ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဒီဒရာမာကတော့ ဟာသနဲ့ လျှို့ဝှက်သည်းဖို ရောစပ်ထားတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Nam Han Joon ဆိုတဲ့ အမျိုးသားနတ်ဆရာတစ်ယောက်အကြောင်း ဖြစ်ပါတယ်။ Nam Han Joon ဟာ ဒီအလုပ်မတိုင်ခင်တုန်းကတော့ လူတွေရဲ့ အမူအကျင့်တွေကို ကြည့်ပြီး လူတစ်ယောက်ကို ခန့်မှန်းသုံးသပ်ရတဲ့ profiler ဖြစ်ခဲ့သူ ဖြစ်ပါတယ်။

Photo via soompi

ဒါကြောင့်ပဲ ချမ်းသာတဲ့ မိသားစုက ပေါက်ဖွားလာပြီး ရုပ်ရည်လည်း ချောမောခန့်ငြားတဲ့ Nam Han Joon ဟာ စကားပြောလည်း ကောင်းနေပြန်တာကြောင့် နတ်ဆရာလောကမှာ ဆရာတစ်ဆူ ဖြစ်လာပါတော့တယ်။ ဒါတင်မက သူ့ရဲ့အလုပ်ဟောင်းက ကျွမ်းကျင်မှုတွေကို အသုံးချပြီး လူတစ်ယောက်က ဘာလိုချင်နေတယ်၊ ဘာဖြစ်နေတယ်ဆိုတာ မှန်ကန်အောင် ခန့်မှန်းနိုင်ပြီး ပြေလည်သွားအောင်လည်း ဖြေရှင်းပေးနိုင်တာကြောင့် သတင်းမွှေးနေသူ ဖြစ်ပါတယ်။

သို့သော်လည်း တစ်နေ့မှာတော့ Nam Ham Joon ဟာ အကြမ်းဖက်မှုခင်းဌာနက အဖွဲ့ခေါင်းဆောင် Han Jae Hee ဆိုတဲ့ မိန်းကလေးနဲ့ ထိပ်တိုက် တွေ့ဆုံရပါတော့တယ်။ Han Jae Hee ကတော့ ရိုးဖြောင့်မှန်ကန်သူတစ်ယောက် ဖြစ်ပြီး စိတ်ရှင်းရှင်းနေတတ်တဲ့သူ ဖြစ်တာကြောင့် အညှိုးအတေး မထားတတ်သူလည်း ဖြစ်ပါတယ်။ သို့သော်လည်း သူမ စိတ်ထဲမှာ တစုံတခုက မှားယွင်းနေပြီလို့ ထင်ရင်တော့ ဘယ်လိုလူပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာ ဘာရာထူးတွေပဲ ရှိနေပါစေ၊ နောက်မတွန့်ဘဲ ပြောဆိုပြီး အမှန်တရားအတွက် ဖော်ထုတ်တတ်သူ ဖြစ်ပါတယ်။

Photo via preview.ph

ဒီဒရာမာကိုတော့ Dinner Mate နဲ့ Player တို့ကို ရိုက်ကူး ဖန်တီးပေးခဲ့တဲ့ ဒါရိုက်တာ Go Jae Hyun က ရိုက်ကူးပေးထားတာ ဖြစ်ပြီး Park Hye Jin က ဇာတ်ညွှန်း ရေးသားပေးထားပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Seo In Guk ၊ Oh Yeon Seo ၊ Kwon Soo Hyun ၊ Baek Seo Hoo နဲ့အစရှိတဲ့ သရုပ်ဆောင်တွေ ဖြစ်ပါတယ်။ ဒီဒရာမာကိုတော့ Bloody Heart ဒရာမာအပြီး ဇွန်လထဲမှာ စတင်ပြသသွားမှာ ဖြစ်ပါတယ်။

Vancouver

Source: soompi

RELATED ARTICLES

Most Popular