HomeCelebs Update NewsInternationalအသက်(၁၆)နှစ်ကွာတဲ့ မင်းသမီးလေးနဲ့တွဲနေတယ်လို့ သတင်းထွက်နေတဲ့ Ben  Affleck 

အသက်(၁၆)နှစ်ကွာတဲ့ မင်းသမီးလေးနဲ့တွဲနေတယ်လို့ သတင်းထွက်နေတဲ့ Ben  Affleck 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသား Ben Affleck ကိုတော့ Batman ဇာတ်ကောင်အနေနဲ့ရော Gone Girl လို နာမည်ကျော်ရုပ်ရှင်တွေနဲ့ပါ မြန်မာပရိသတ် ရင်းနှီးပြီးသား ဖြစ်ကြမှာပါ။ အက်ရှင်၊ ဒရာမာအမျိုးအစားပေါင်းစုံမှာ သရုပ်ဆောင်ထားပြီး ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ကျော်ကြားလှတဲ့ မင်းသားကြီးကတော့ အခုအချိန်မှာ မင်းသမီးငယ်ငယ်ချောချောလေးတစ်ယောက်နဲ့ အချစ်ခရီးစတင်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက်(၄၇)နှစ်ရှိပြီဖြစ်တဲ့ Ben ဟာ အသက်(၃၁)နှစ်သာ ရှိသေးတဲ့ မင်းသမီးလေး Ana de Armas နဲ့ တွဲခုတ်နေတယ်လို့ သတင်းထွက်နေတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ Deep Water လို့ အမည်ရတဲ့ စိတ္တဇ သည်းထိတ်ရင်ဖိုဇာတ်ကားမှာ အတူတွဲ သရုပ်ဆောင်ရင်း အခုလို သတင်းတွေ ထွက်လာတဲ့အထိ ရင်းနှီးပတ်သက်မှုတွေ ရှိလာကြတာ ဖြစ်ပါတယ်။ အဆိုပါ Deep Water ဇာတ်ကားကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတင် ရိုက်ကူးပြီးစီးသွားတာဖြစ်ပြီး အဲ့ဒီ့ဇာတ်ကားထဲမှာ Ben နဲ့ Ana တို့က ဇနီးမောင်နှံတွေအဖြစ် သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

Photo: ana_d_armas/ Instagram

သူတို့နှစ်ယောက်ကို လူရှေ့သူရှေ့မှာ ခဏခဏ တွဲပြီးတွေ့ရတာကတော့ ဇာတ်ကားရိုက်ကူးခဲ့တဲ့ နယူးအော်လင်းပြည်နယ်နားမှာ ဖြစ်ပြီး အဲ့ဒီ့နောက်ပိုင်းမှာတော့ ကိုစတာရီကာနိုင်ငံက ကမ်းခြေတစ်ခုကိုပါ အတူတူ သွားရောက်လည်ပတ်တာကို တွေ့ကြရပါတယ်။

Ben နဲ့ Ana တို့ဟာ ဇာတ်ကားထဲမှာ အတူတူသရုပ်ဆောင်ရင်း နီးစပ်သွားကြတာဖြစ်သလို သူတို့နှစ်ယောက်ကို အခုလို နီးစပ်သွားစေတဲ့ တစ်ခြားအကြောင်းအရာတစ်ခုလည်း ရှိပါသေးတယ်။ အဲ့ဒါကတော့ မင်းသားကြီး Ben ဟာ လက်ရှိမှာ သူ့ရဲ့(၁၄)နှစ်အရွယ်သမီးလေးရဲ့ စပိန်ဘာသာစကားစွမ်းရည်ကို အမှီလိုက်နိုင်ဖို့ စပိန်ဘာသာကို သင်ယူလေ့လာနေပြီး Ana ကတော့ စပိန်စကားလည်း ကျွမ်းကျင်တဲ့ စပိန်နိုင်ငံသားတစ်ယောက် ဖြစ်နေတာပါပဲ။

Photo: ana_d_armas/ Instagram

မင်းသမီးလေး Ana ကို ကမ္ဘာက စသတိထားမိသွားတာကတော့ ဂျိမ်းစ်ဘွန်းဇာတ်ကားအသစ်ဖြစ်တဲ့ No Time To Die မှာ ပါဝင်သရုပ်ဆောင်ဖို့ ရွေးချယ်ခံလိုက်ရတည်းက ဖြစ်ပါတယ်။ Ana ဟာ Ben မတိုင်ခင်မှာတော့ စပိန်သရုပ်ဆောင်မင်းသားနဲ့ မော်ဒယ်လ်ဖြစ်တဲ့ Marc Clotet နဲ့ ၂၀၁၁ခုနှစ်တုန်းက လက်ထပ်ခဲ့ဖူးပေမယ့် ၂၀၁၃ခုနှစ်မှာ ပြန်လည်ကွာရှင်းခဲ့ပါတယ်။

Ben ရဲ့ အချစ်ရေးကို ကြည့်မယ်ဆိုရင်တော့ မင်းသမီးချော Jennifer Garner နဲ့ ၂၀၁၅ခုနှစ်တည်းက ကွဲနေခဲ့ပြီး ကလေးသုံးယောက် ရထားပါတယ်။ Ben နဲ့ Jennifer တို့ဟာ ကွဲနေတာလည်းကြာပြီး ကိုယ်စီဘဝကိုလည်း လျှောက်လှမ်းနေကြပြီမို့ အခု Ana နဲ့ အချစ်ခရီးအသစ်ဟာ စိတ်လှုပ်ရှားစရာတွေ ထပ်မံဖြစ်ပေါ်လာဦးမယ်လို့ ယူဆရင်း …။

Xei

(Zawgyi Version)

မင္းသား Ben Affleck ကိုေတာ့ Batman ဇာတ္ေကာင္အေနနဲ႔ေရာ Gone Girl လို နာမည္ေက်ာ္႐ုပ္ရွင္ေတြနဲ႔ပါ ျမန္မာပရိသတ္ ရင္းႏွီးၿပီးသား ျဖစ္ၾကမွာပါ။ အက္ရွင္၊ ဒရာမာအမ်ိဳးအစားေပါင္းစုံမွာ သ႐ုပ္ေဆာင္ထားၿပီး ျပည္တြင္းမွာေရာ ႏိုင္ငံတကာမွာပါ ေက်ာ္ၾကားလွတဲ့ မင္းသားႀကီးကေတာ့ အခုအခ်ိန္မွာ မင္းသမီးငယ္ငယ္ေခ်ာေခ်ာေလးတစ္ေယာက္နဲ႔ အခ်စ္ခရီးစတင္ေနၿပီလို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

အသက္(၄၇)ႏွစ္ရွိၿပီျဖစ္တဲ့ Ben ဟာ အသက္(၃၁)ႏွစ္သာ ရွိေသးတဲ့ မင္းသမီးေလး Ana de Armas နဲ႔ တြဲခုတ္ေနတယ္လို႔ သတင္းထြက္ေနတာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးဟာ Deep Water လို႔ အမည္ရတဲ့ စိတၱဇ သည္းထိတ္ရင္ဖိုဇာတ္ကားမွာ အတူတြဲ သ႐ုပ္ေဆာင္ရင္း အခုလို သတင္းေတြ ထြက္လာတဲ့အထိ ရင္းႏွီးပတ္သက္မႈေတြ ရွိလာၾကတာ ျဖစ္ပါတယ္။ အဆိုပါ Deep Water ဇာတ္ကားကိုေတာ့ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလကတင္ ႐ိုက္ကူးၿပီးစီးသြားတာျဖစ္ၿပီး အဲ့ဒီ့ဇာတ္ကားထဲမွာ Ben နဲ႔ Ana တို႔က ဇနီးေမာင္ႏွံေတြအျဖစ္ သ႐ုပ္ေဆာင္ထားၾကတာ ျဖစ္ပါတယ္။

Photo: ana_d_armas/ Instagram

သူတို႔ႏွစ္ေယာက္ကို လူေရွ႕သူေရွ႕မွာ ခဏခဏ တြဲၿပီးေတြ႕ရတာကေတာ့ ဇာတ္ကား႐ိုက္ကူးခဲ့တဲ့ နယူးေအာ္လင္းျပည္နယ္နားမွာ ျဖစ္ၿပီး အဲ့ဒီ့ေနာက္ပိုင္းမွာေတာ့ ကိုစတာရီကာႏိုင္ငံက ကမ္းေျခတစ္ခုကိုပါ အတူတူ သြားေရာက္လည္ပတ္တာကို ေတြ႕ၾကရပါတယ္။

Ben နဲ႔ Ana တို႔ဟာ ဇာတ္ကားထဲမွာ အတူတူသ႐ုပ္ေဆာင္ရင္း နီးစပ္သြားၾကတာျဖစ္သလို သူတို႔ႏွစ္ေယာက္ကို အခုလို နီးစပ္သြားေစတဲ့ တစ္ျခားအေၾကာင္းအရာတစ္ခုလည္း ရွိပါေသးတယ္။ အဲ့ဒါကေတာ့ မင္းသားႀကီး Ben ဟာ လက္ရွိမွာ သူ႔ရဲ႕(၁၄)ႏွစ္အ႐ြယ္သမီးေလးရဲ႕ စပိန္ဘာသာစကားစြမ္းရည္ကို အမွီလိုက္ႏိုင္ဖို႔ စပိန္ဘာသာကို သင္ယူေလ့လာေနၿပီး Ana ကေတာ့ စပိန္စကားလည္း ကြၽမ္းက်င္တဲ့ စပိန္ႏိုင္ငံသားတစ္ေယာက္ ျဖစ္ေနတာပါပဲ။

Photo: ana_d_armas/ Instagram

မင္းသမီးေလး Ana ကို ကမာၻက စသတိထားမိသြားတာကေတာ့ ဂ်ိမ္းစ္ဘြန္းဇာတ္ကားအသစ္ျဖစ္တဲ့ No Time To Die မွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔ ေ႐ြးခ်ယ္ခံလိုက္ရတည္းက ျဖစ္ပါတယ္။ Ana ဟာ Ben မတိုင္ခင္မွာေတာ့ စပိန္သ႐ုပ္ေဆာင္မင္းသားနဲ႔ ေမာ္ဒယ္လ္ျဖစ္တဲ့ Marc Clotet နဲ႔ ၂၀၁၁ခုႏွစ္တုန္းက လက္ထပ္ခဲ့ဖူးေပမယ့္ ၂၀၁၃ခုႏွစ္မွာ ျပန္လည္ကြာရွင္းခဲ့ပါတယ္။

Ben ရဲ႕ အခ်စ္ေရးကို ၾကည့္မယ္ဆိုရင္ေတာ့ မင္းသမီးေခ်ာ Jennifer Garner နဲ႔ ၂၀၁၅ခုႏွစ္တည္းက ကြဲေနခဲ့ၿပီး ကေလးသုံးေယာက္ ရထားပါတယ္။ Ben နဲ႔ Jennifer တို႔ဟာ ကြဲေနတာလည္းၾကာၿပီး ကိုယ္စီဘဝကိုလည္း ေလွ်ာက္လွမ္းေနၾကၿပီမို႔ အခု Ana နဲ႔ အခ်စ္ခရီးအသစ္ဟာ စိတ္လႈပ္ရွားစရာေတြ ထပ္မံျဖစ္ေပၚလာဦးမယ္လို႔ ယူဆရင္း …။

Xei

RELATED ARTICLES

Most Popular