HomeEntertainmentFilmPixar စတူဒီယိုက ထုတ်လုပ်ထားတဲ့ IMDb အမြင့်ဆုံး animated movie (၇)ကား

Pixar စတူဒီယိုက ထုတ်လုပ်ထားတဲ့ IMDb အမြင့်ဆုံး animated movie (၇)ကား

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Pixar ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်အတွင်းမှာ စုစုပေါင်း animated movie (၂၂)ကားခန့် ထုတ်လုပ်ခဲ့ပြီး အားလုံးနီးပါးဟာလည်း အောင်မြင်ခဲ့ပါတယ်။ အဲ့ဒီ(၂၂) ကားလုံးဟာ IMDb rating တွေလည်း သိပ်မကွာသလို အကုန်လုံးက သူ့နည်းသူ့ဟန်နဲ့ ကောင်းကြတဲ့ ဇာတ်လမ်းတွေပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Pixar ကထုတ်လုပ်ထားတဲ့ animated movie (၂၂)ကားထဲက IMDb အများဆုံး (၇)ကားကို ဖော်ပြပေးလိုက်ပါတယ်။

(7) Inside Out
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၅ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ (၁၁)နှစ်အရွယ် ကောင်မလေး Riley ဟာ သူမရဲ့မိသားစုနဲ့အတူ San Francisco ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမနဲ့ သူမရဲ့ စိတ်ခံစားချက်တွေဟာ ပတ်ဝန်းကျင်အသစ်မှာ ဘဝအသစ်စဖို့အတွက် ရုန်းကန်ရပါတော့တယ်။ ဒီ animated movie လေးဟာ အော်စကာဆုတစ်ဆု ရရှိထားပါသေးတယ်။

(6) Finding Nemo
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၀၃ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီးတော့ IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Merlin ဆိုတဲ့ ငါးတစ်ကောင်ရဲ့ သားလေးဟာ ဩစတျေးလျမှာရှိတဲ့ သန္တာကျောက်တန်းတစ်ခုကနေ အဖမ်းခံလိုက်ရပြီး အဲ့ဒီငါးလေးဟာ Sydney မြို့ကို ရောက်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Merlin ဟာ အလွန်ကိုမေ့တတ်တဲ့ ငါးတစ်ကောင်ရဲ့ အကူအညီနဲ့ သူ့ရဲ့သားလေး Nemo ကို ရှာဖွေဖို့ စွန့်စားခန်း ထွက်လာပါတော့တယ်။ ဒီဇာတ်ကားကတော့ အော်စကာဆုတစ်ခု ရထားပါတယ်။

(5) Up
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၀၉ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အသက် (၇၈)နှစ်အရွယ် အဖိုးအိုတစ်ယောက်ဟာ ငယ်စဉ်ဘဝတည်းက သူ့ရဲ့အမျိူးသမီးနဲ့အတူ မက်ခဲ့တဲ့အိပ်မက်တစ်ခုကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။ အဲ့ဒီနောက်မှာတော့ ကလေးတစ်ယောက်ဟာ မတော်တဆအဖြစ်နဲ့ သူ့ရဲ့စွန့်စားခန်းထဲမှာ ပါဝင်လာခဲ့ပါတယ်။ ဒီဇာတ်ကားကလည်း အော်စကာဆု (၂)ခု ဆွတ်ခူးထားပါတယ်။

(4) Toy Story 3
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၀ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (8.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Andy ဟာ လူငယ်တစ်ယောက် ဖြစ်လာပြီး ကောလိပ်ကိုသွားရတော့မှာ ဖြစ်တာကြောင့် သူ့ရဲ့အရုပ်တွေအကုန်လုံးကို ထပ်ခိုးပေါ်မှာ ထားဖို့အတွက် ပုံးတစ်ခုထဲမှာ ထည့်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ အဲ့ဒီပုံးဟာ မှားယွင်းပြီး မူကြိုကျောင်းတစ်ခုကို ရောက်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလည်း ဆိုတာကို ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားကလည်း အော်စကာဆု (၂)ခု ရရှိထားပါတယ်။

(3) Toy Story
photo via screenrant

ဒီဇာတ်ကားကတော့ ၁၉၉၅ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီး IMDb (8.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Andy ဆိုတဲ့ ကောင်လေးရဲ့ အကြိုက်ဆုံးအရုပ်ဟာ Woody ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Andy ရဲ့ မွေးနေ့လက်ဆောင်ဖြစ်တဲ့ Buzz Lightyear ဆိုတဲ့ အရုပ်အသစ် ရောက်လာတဲ့အချိန်မှာတော့ Woody ဟာ Andy ရဲ့ အကြိုက်ဆုံးအရုပ်ဆိုတဲ့ နေရာက မဖယ်ပေးရအောင် နည်းလမ်းမျိူးစုံ စဉ်းစားရပါတော့တယ်။ ဒီဇာတ်ကားကတော့ အော်စကာဆု (၃)ခုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(2) Coco
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.4) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Miguel ဆိုတဲ့ ကောင်လေးဟာ သူ့ရဲ့မိသားစုက ဂီတနဲ့ပတ်သက်တာတွေကို ပိတ်ပင်ထားပေမယ့်လည်း နာမည်ကြီး ဂီတပညာရှင်တစ်ယောက် ဖြစ်လာဖို့အတွက် အိပ်မက်ရှိသူ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ဝိဉာဉ်တွေ နေထိုင်တဲ့နေရာကို ရောက်ရှိသွားပြီး စွန့်စားခန်းတွေကို ကျော်ဖြတ်ရပါတော့တယ်။ ဒီဇာတ်ကားကတော့ အော်စကာဆု (၂)ဆု ရရှိထားပါတယ်။

(1) Wall-E
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၀၈ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.4) ရရှိထားပါတယ်။ ဇာတ်လမ်းကိုတော့ ဝေးကွာတဲ့ အနာဂတ်ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ အဲ့ဒီအချိန်မှာတော့ ကမ္ဘာပေါ်မှာ အမှိုက်သိမ်းတဲ့ စက်ရုပ်လေးတစ်ရုပ်သာ ရှိနေပြီး သူ့အလုပ်ကို လုပ်နေရင်းနဲ့ ဖြစ်ရပ်တစ်ခုကြောင့် အာကာသခရီးထဲကို ပါသွားခဲ့ပါတယ်။ အဲ့ဒါတင်မဟုတ်ဘဲ အာကာသယာဉ်ပေါ်မှာ နေထိုင်ကြတဲ့ လူသားတေွကိုပါ ကယ်တင်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီဇာတ်ကားကတော့ အော်စကာဆုတစ်ခု ရရှိထားပါတယ်။

ဒါကတော့ နာမည်ကျော် Pixar စတူဒီယိုက ထုတ်လုပ်ထားတဲ့ animated movie တွေထဲက IMDb rating အကောင်းဆုံး(၇)ကားကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ စာဖတ်သူတို့ အနှစ်သက်ဆုံး ဇာတ်ကားလေးက ဘယ်ဇာတ်ကားလည်းဆိုတာလည်း ပြောပြခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Pixar ဟာ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ ႏွစ္ခုေလာက္အတြင္းမွာ စုစုေပါင္း animated movie (၂၂)ကားခန႔္ ထုတ္လုပ္ခဲ့ၿပီး အားလုံးနီးပါးဟာလည္း ေအာင္ျမင္ခဲ့ပါတယ္။ အဲ့ဒီ(၂၂) ကားလုံးဟာ IMDb rating ေတြလည္း သိပ္မကြာသလို အကုန္လုံးက သူ႔နည္းသူ႔ဟန္နဲ႔ ေကာင္းၾကတဲ့ ဇာတ္လမ္းေတြပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Pixar ကထုတ္လုပ္ထားတဲ့ animated movie (၂၂)ကားထဲက IMDb အမ်ားဆုံး (၇)ကားကို ေဖာ္ျပေပးလိုက္ပါတယ္။

(7) Inside Out
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၅ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.1) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ (၁၁)ႏွစ္အ႐ြယ္ ေကာင္မေလး Riley ဟာ သူမရဲ႕မိသားစုနဲ႔အတူ San Francisco ကို ေျပာင္းေ႐ႊ႕လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူမနဲ႔ သူမရဲ႕ စိတ္ခံစားခ်က္ေတြဟာ ပတ္ဝန္းက်င္အသစ္မွာ ဘဝအသစ္စဖို႔အတြက္ ႐ုန္းကန္ရပါေတာ့တယ္။ ဒီ animated movie ေလးဟာ ေအာ္စကာဆုတစ္ဆု ရရွိထားပါေသးတယ္။

(6) Finding Nemo
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၀၃ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (8.1) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Merlin ဆိုတဲ့ ငါးတစ္ေကာင္ရဲ႕ သားေလးဟာ ဩစေတ်းလ်မွာရွိတဲ့ သႏၲာေက်ာက္တန္းတစ္ခုကေန အဖမ္းခံလိုက္ရၿပီး အဲ့ဒီငါးေလးဟာ Sydney ၿမိဳ႕ကို ေရာက္သြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Merlin ဟာ အလြန္ကိုေမ့တတ္တဲ့ ငါးတစ္ေကာင္ရဲ႕ အကူအညီနဲ႔ သူ႔ရဲ႕သားေလး Nemo ကို ရွာေဖြဖို႔ စြန႔္စားခန္း ထြက္လာပါေတာ့တယ္။ ဒီဇာတ္ကားကေတာ့ ေအာ္စကာဆုတစ္ခု ရထားပါတယ္။

(5) Up
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၀၉ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (8.2) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ အသက္ (၇၈)ႏွစ္အ႐ြယ္ အဖိုးအိုတစ္ေယာက္ဟာ ငယ္စဥ္ဘဝတည္းက သူ႔ရဲ႕အမ်ိဴးသမီးနဲ႔အတူ မက္ခဲ့တဲ့အိပ္မက္တစ္ခုကို လက္ေတြ႕အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးစားေနပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ကေလးတစ္ေယာက္ဟာ မေတာ္တဆအျဖစ္နဲ႔ သူ႔ရဲ႕စြန႔္စားခန္းထဲမွာ ပါဝင္လာခဲ့ပါတယ္။ ဒီဇာတ္ကားကလည္း ေအာ္စကာဆု (၂)ခု ဆြတ္ခူးထားပါတယ္။

(4) Toy Story 3
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၀ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (8.3) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Andy ဟာ လူငယ္တစ္ေယာက္ ျဖစ္လာၿပီး ေကာလိပ္ကိုသြားရေတာ့မွာ ျဖစ္တာေၾကာင့္ သူ႔ရဲ႕အ႐ုပ္ေတြအကုန္လုံးကို ထပ္ခိုးေပၚမွာ ထားဖို႔အတြက္ ပုံးတစ္ခုထဲမွာ ထည့္ထားခဲ့ပါတယ္။ ဒါေပမယ့္လည္း ကံမေကာင္းစြာနဲ႔ပဲ အဲ့ဒီပုံးဟာ မွားယြင္းၿပီး မူႀကိဳေက်ာင္းတစ္ခုကို ေရာက္သြားတဲ့အခါမွာေတာ့ ဘာေတြဆက္ျဖစ္လာမလည္း ဆိုတာကို ၾကည့္ရႈရမွာပါ။ ဒီဇာတ္ကားကလည္း ေအာ္စကာဆု (၂)ခု ရရွိထားပါတယ္။

(3) Toy Story
photo via screenrant

ဒီဇာတ္ကားကေတာ့ ၁၉၉၅ခုႏွစ္တုန္းက ထြက္ရွိခဲ့ၿပီး IMDb (8.3) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Andy ဆိုတဲ့ ေကာင္ေလးရဲ႕ အႀကိဳက္ဆုံးအ႐ုပ္ဟာ Woody ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Andy ရဲ႕ ေမြးေန႔လက္ေဆာင္ျဖစ္တဲ့ Buzz Lightyear ဆိုတဲ့ အ႐ုပ္အသစ္ ေရာက္လာတဲ့အခ်ိန္မွာေတာ့ Woody ဟာ Andy ရဲ႕ အႀကိဳက္ဆုံးအ႐ုပ္ဆိုတဲ့ ေနရာက မဖယ္ေပးရေအာင္ နည္းလမ္းမ်ိဴးစုံ စဥ္းစားရပါေတာ့တယ္။ ဒီဇာတ္ကားကေတာ့ ေအာ္စကာဆု (၃)ခုအတြက္ စံကာတင္စာရင္း ဝင္ထားပါတယ္။

(2) Coco
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၇ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (8.4) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Miguel ဆိုတဲ့ ေကာင္ေလးဟာ သူ႔ရဲ႕မိသားစုက ဂီတနဲ႔ပတ္သက္တာေတြကို ပိတ္ပင္ထားေပမယ့္လည္း နာမည္ႀကီး ဂီတပညာရွင္တစ္ေယာက္ ျဖစ္လာဖို႔အတြက္ အိပ္မက္ရွိသူ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ မေတာ္တဆျဖစ္ရပ္တစ္ခုေၾကာင့္ ဝိဉာဥ္ေတြ ေနထိုင္တဲ့ေနရာကို ေရာက္ရွိသြားၿပီး စြန႔္စားခန္းေတြကို ေက်ာ္ျဖတ္ရပါေတာ့တယ္။ ဒီဇာတ္ကားကေတာ့ ေအာ္စကာဆု (၂)ဆု ရရွိထားပါတယ္။

(1) Wall-E
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၀၈ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.4) ရရွိထားပါတယ္။ ဇာတ္လမ္းကိုေတာ့ ေဝးကြာတဲ့ အနာဂတ္ကာလတစ္ခုမွာ ဇာတ္အိမ္တည္ထားပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ကမာၻေပၚမွာ အမႈိက္သိမ္းတဲ့ စက္႐ုပ္ေလးတစ္႐ုပ္သာ ရွိေနၿပီး သူ႔အလုပ္ကို လုပ္ေနရင္းနဲ႔ ျဖစ္ရပ္တစ္ခုေၾကာင့္ အာကာသခရီးထဲကို ပါသြားခဲ့ပါတယ္။ အဲ့ဒါတင္မဟုတ္ဘဲ အာကာသယာဥ္ေပၚမွာ ေနထိုင္ၾကတဲ့ လူသားေတြကိုပါ ကယ္တင္ဖို႔ ျဖစ္လာခဲ့ပါတယ္။ ဒီဇာတ္ကားကေတာ့ ေအာ္စကာဆုတစ္ခု ရရွိထားပါတယ္။

ဒါကေတာ့ နာမည္ေက်ာ္ Pixar စတူဒီယိုက ထုတ္လုပ္ထားတဲ့ animated movie ေတြထဲက IMDb rating အေကာင္းဆုံး(၇)ကားကို ေဖာ္ျပေပးလိုက္တာ ျဖစ္ပါတယ္။ စာဖတ္သူတို႔ အႏွစ္သက္ဆုံး ဇာတ္ကားေလးက ဘယ္ဇာတ္ကားလည္းဆိုတာလည္း ေျပာျပခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular