HomeCelebs Update NewsKoreaBTS အဖွဲ့ရဲ့နာမည်ကြီး MV တွေထဲက လူသိနည်းသေးတဲ့ ရိုက်ကွင်းနေရာများ 

BTS အဖွဲ့ရဲ့နာမည်ကြီး MV တွေထဲက လူသိနည်းသေးတဲ့ ရိုက်ကွင်းနေရာများ 

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

BTS ရဲ႕ Music Video ေတြအေၾကာင္း ေျပာတဲ့အခါ ေသသပ္လြန္းတဲ့ Editing နဲ႔ လွပလြန္းတဲ့ ရိုက္ခ်က္ေတြေၾကာင့္ အခ်ိဳ႕ေသာ MV ေတြကို ကိုရီးယားႏိုင္ငံထဲမွာ မဟုတ္ဘဲ ျပည္ပႏိုင္ငံေတြမွာ သြားေရာက္ရိုက္ကူးထားတယ္လို႔ ထင္စရာရိွပါတယ္။ တကယ္တမ္းမွာေတာ့ အဲ့ဒီ့ဗီြဒီယိုေတြကို ကိုရီးယားျပည္တြင္းက လူသိနည္းတဲ့ ေနရာေကာင္းေလးေတြမွာ ရိုက္ကူးထားတာပါ။ ARMY ေတြ တစ္ခဲနက္ အားေပးႏွစ္ၿခိဳက္ၾကတဲ့ MV ေတြထဲက တကယ့္ရိုက္ကြင္းေနရာေတြကေတာ့ …

(1) Mic Drop

Mic Drop MV လို႔ ေျပာလိုက္ရင္ old-school hip hop စတိုင္လ္ အ၀တ္အစားေတြနဲ႔ အေနာက္က မီးေတြေတာက္ေလာင္ေနတဲ့ ကားေတြကို ျမင္မိၾကမွာပါ။ အမိုက္စားရိုက္ထားတဲ့ ဒီအခန္းကို အမ်ားစုဟာ နယူးေယာက္ၿမိဳ႕က လမ္းမေပၚမွာ သြားရိုက္ထားတယ္လို႔ေတာင္ ထင္မိၾကမွာပါ။ တကယ္တမ္းမွာေတာ့ အဲ့ဒီ့ေနရာဟာ ေတာင္ကိုရီးယားႏိုင္ငံ၊ Chungcheong ခရိုင္ ေတာင္ပိုင္းမွာရိွတဲ့ Dangjin ၿမိဳ႕ရဲ႕ ဘတ္စ္ကား၀င္းက ကားပါကင္ေနရာ ျဖစ္ပါတယ္။ နယ္ၿမိဳ႕ေလးက ဘတ္စ္ကား၀င္းဟာ MV ထဲ ေရာက္သြားေတာ့ တကယ့္ အမိုက္စားေနရာ ျဖစ္သြားတာ အ့ံၾသစရာပါပဲ။

Photo via koreaboo
Photo via koreaboo
(2) Not Today

BTS ရဲ႕ Not Today MV ထဲက မ်က္စိပသာဒျဖစ္လြန္းတဲ့ သဘာ၀ျမင္ကြင္းေတြဟာ ႏိုင္ငံရပ္ျခားမွာ သြားေရာက္ရိုက္ကူးထားတယ္လို႔ ထင္စရာပါ။ ေတာင္ေတြအထပ္ထပ္နဲ႔ က်ယ္ေျပာလွတဲ့ လယ္ကြင္းျပင္ႀကီးေတြဟာ နယူးဇီလန္လို႔ေတာင္ ခံစားရတယ္လို႔ အဖြဲ႔၀င္ေတြကိုယ္တိုင္က ေျပာယူရပါတယ္။ တကယ့္ ရိုက္ကြင္းေနရာအမွန္ကေတာ့ Chungcheong  ခရိုင္ေျမာက္ပိုင္းက Danyang ၿမိဳ႕ငယ္ေလးမွာရိွတဲ့ ေက်ာက္မိုင္းတြင္းေနရာ ျဖစ္ပါတယ္။

Photo via koreaboo
(3) Save Me

Save Me MV မွာ BTS အဖြဲ႔သားေတြ ကကြက္ေတြနဲ႔ စေကးျပခဲ့တဲ့အခန္းမွာ အေနာက္က မ်က္စိတဆုံး က်ယ္ေျပာလွတဲ့ အစိမ္းေရာင္ကြင္းျပင္ႀကီးကိုလည္း စိတ္၀င္စားမိၾကမွာပါ။ အိပ္မက္ဆန္တဲ့ ဒီအစိမ္းေရာင္လြင္ျပင္ႀကီးကို ကိုရီးယားျပည္တြင္းမွာ မဟုတ္ေလာက္ဘူးလို႔ ထင္မိၾကမွာပါပဲ။ ဒီ MV ရဲ႕ တကယ့္ရိုက္ကြင္းေနရာကေတာ့ ကိုရီးယားႏိုင္ငံရဲ႕ အေနာက္ေတာင္ကမ္းရိုးတမ္းမွာရိွတဲ့ Saemangeum ဒီေရကြင္းျပင္ႀကီး ျဖစ္ပါတယ္။ ဒီေနရာဟာ ၂၀၁၀ခုႏွစ္က ၿပီးဆုံးသြားခဲ့တဲ့ ပင္လယ္ကမ္းပါးျမွင့္တင္ေရး ပေရာဂ်က္ကေန ျဖစ္လာတဲ့ေနရာပါ။ တျဖည္းျဖည္းနဲ႔ ဒီကြင္းျပင္ႀကီးဟာ ႏိုင္ငံျခားသားေတြရဲ႕ စိတ္၀င္စားမႈကိုရရိွလာရုံသာမက idol ေတြရဲ႕ ေျခရာကို နင္းဖို႔ အလည္အပတ္လာၾကတဲ့ ျပည္တြင္းက ARMY ေတြနဲ႔ပါ စည္ကားလာတယ္လုိ႔ သိရပါတယ္။

Photo via koreaboo
(4) Spring Day

Spring Day MV ထဲက လွပၿပီး အိပ္မက္ဆန္လြန္းတဲ့ ရႈခင္းေတြဟာလည္း ARMY ေတြကို ဖမ္းစားႏိုင္တဲ့ ေနရာတစ္ခုပါ။ ရႈေမွ်ာ္မဆုံးတဲ့ ျမက္ပင္ရွည္ေတြနဲ႔ အထီးတည္း ရပ္တည္ေနတဲ့ အပင္ႀကီးေတြ ရိွတဲ့ေနရာကေတာ့ ကိုရီးယားျပည္တြင္းက အင္မတန္မွ လူအေရာက္အေပါက္နည္းတဲ့ ေနရာတစ္ခုမွာ တည္ရိွပါတယ္။ ေနရာအတိအက်ကေတာ့ Gyeonggi ခရိုင္၊ Hwaseong ၿမိဳ႕က လူအေရာက္အေပါက္နည္းတဲ့ Hyung-do ကၽြန္းေပၚမွာ တည္ရိွပါတယ္။

Photo via koreaboo
(5) Airplane

J Hope ရဲ႕ Airplane MV ထဲက ကားပါကင္ေတြနဲ႔ ေလဆိပ္လိုလို၊ ေရွာ႔ပင္းေမာလ္ အႀကီးႀကီးလို ျမင္ကြင္းေတြကို ရႈစားရတဲ့အခါ ပရိသတ္အမ်ားစုဟာ ေသခာ်ေပါက္ ကယ္လီဖိုးနီးယားျပည္နယ္ရဲ႕ တစ္ေနရာရာမွာ ရိုက္ကူးထားတယ္လို႔ ထင္သြားၾကပါတယ္။ သို႔ေပမယ့္ အဲ့ဒီ့ရိုက္ကြင္းေနရာဟာ Gyeonggi ခရိုင္၊ Seongnam ၿမိဳ႕က ဘတ္စ္ကား၀င္းတစ္ခုဆိုတာ သိသြားၾကတဲ့အခါ တကယ္ႀကီး အ့ံၾသသြားခဲ့ၾကပါတယ္။ အဲ့ဒီ့ဘတ္စ္ကား၀င္းဟာ Seongnam ၿမိဳ႕သူၿမိဳ႕သားေတြၾကားမွာေတာ့ နာမည္ႀကီးပါ။ ေစ်းဆိုင္ခန္းေတြ၊ ရုပ္ရွင္ရုံေတြနဲ႔ သြားလာေရးအတြက္ အခ်က္အခ်ာေနရာပါ ျဖစ္တာေၾကာင့္ ၿမိဳ႕ခံလူေတြနဲ႔ စည္းကားေနက်ေနရာ ျဖစ္ပါတယ္။

Photo via koreaboo

ဒါေတြကေတာ့ BTS အဖြဲ႔ရဲ႕ နာမည္ႀကီးသီခ်င္းငါးပုဒ္ထဲက လူသိနည္းေသးတဲ့ ရိုက္ကြင္းေနရာေတြ ျဖစ္ပါတယ္။ စိတ္၀င္စားတဲ့ ARMY ေတြလည္း တစ္ေန႔ေန႔ေတာ့ အေရာက္သြားႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Xei
(Unicode Version)

BTS ရဲ့ Music Video တွေအကြောင်း ပြောတဲ့အခါ သေသပ်လွန်းတဲ့ Editing နဲ့ လှပလွန်းတဲ့ ရိုက်ချက်တွေကြောင့် အချို့သော MV တွေကို ကိုရီးယားနိုင်ငံထဲမှာ မဟုတ်ဘဲ ပြည်ပနိုင်ငံတွေမှာ သွားရောက်ရိုက်ကူးထားတယ်လို့ ထင်စရာရှိပါတယ်။ တကယ်တမ်းမှာတော့ အဲ့ဒီ့ဗွီဒီယိုတွေကို ကိုရီးယားပြည်တွင်းက လူသိနည်းတဲ့ နေရာကောင်းလေးတွေမှာ ရိုက်ကူးထားတာပါ။ ARMY တွေ တစ်ခဲနက် အားပေးနှစ်ခြိုက်ကြတဲ့ MV တွေထဲက တကယ့်ရိုက်ကွင်းနေရာတွေကတော့ …

(1) Mic Drop

Mic Drop MV လို့ ပြောလိုက်ရင် old-school hip hop စတိုင်လ် အဝတ်အစားတွေနဲ့ အနောက်က မီးတွေတောက်လောင်နေတဲ့ ကားတွေကို မြင်မိကြမှာပါ။ အမိုက်စားရိုက်ထားတဲ့ ဒီအခန်းကို အများစုဟာ နယူးယောက်မြို့က လမ်းမပေါ်မှာ သွားရိုက်ထားတယ်လို့တောင် ထင်မိကြမှာပါ။ တကယ်တမ်းမှာတော့ အဲ့ဒီ့နေရာဟာ တောင်ကိုရီးယားနိုင်ငံ၊ Chungcheong ခရိုင် တောင်ပိုင်းမှာရှိတဲ့ Dangjin မြို့ရဲ့ ဘတ်စ်ကားဝင်းက ကားပါကင်နေရာ ဖြစ်ပါတယ်။ နယ်မြို့လေးက ဘတ်စ်ကားဝင်းဟာ MV ထဲ ရောက်သွားတော့ တကယ့် အမိုက်စားနေရာ ဖြစ်သွားတာ အံ့သြစရာပါပဲ။

Photo via koreaboo
Photo via koreaboo
(2) Not Today

BTS ရဲ့ Not Today MV ထဲက မျက်စိပသာဒဖြစ်လွန်းတဲ့ သဘာဝမြင်ကွင်းတွေဟာ နိုင်ငံရပ်ခြားမှာ သွားရောက်ရိုက်ကူးထားတယ်လို့ ထင်စရာပါ။ တောင်တွေအထပ်ထပ်နဲ့ ကျယ်ပြောလှတဲ့ လယ်ကွင်းပြင်ကြီးတွေဟာ နယူးဇီလန်လို့တောင် ခံစားရတယ်လို့ အဖွဲ့ဝင်တွေကိုယ်တိုင်က ပြောယူရပါတယ်။ တကယ့် ရိုက်ကွင်းနေရာအမှန်ကတော့ Chungcheong  ခရိုင်မြောက်ပိုင်းက Danyang မြို့ငယ်လေးမှာရှိတဲ့ ကျောက်မိုင်းတွင်းနေရာ ဖြစ်ပါတယ်။

Photo via koreaboo
(3) Save Me

Save Me MV မှာ BTS အဖွဲ့သားတွေ ကကွက်တွေနဲ့ စကေးပြခဲ့တဲ့အခန်းမှာ အနောက်က မျက်စိတဆုံး ကျယ်ပြောလှတဲ့ အစိမ်းရောင်ကွင်းပြင်ကြီးကိုလည်း စိတ်ဝင်စားမိကြမှာပါ။ အိပ်မက်ဆန်တဲ့ ဒီအစိမ်းရောင်လွင်ပြင်ကြီးကို ကိုရီးယားပြည်တွင်းမှာ မဟုတ်လောက်ဘူးလို့ ထင်မိကြမှာပါပဲ။ ဒီ MV ရဲ့ တကယ့်ရိုက်ကွင်းနေရာကတော့ ကိုရီးယားနိုင်ငံရဲ့ အနောက်တောင်ကမ်းရိုးတမ်းမှာရှိတဲ့ Saemangeum ဒီရေကွင်းပြင်ကြီး ဖြစ်ပါတယ်။ ဒီနေရာဟာ ၂၀၁၀ခုနှစ်က ပြီးဆုံးသွားခဲ့တဲ့ ပင်လယ်ကမ်းပါးမြှင့်တင်ရေး ပရောဂျက်ကနေ ဖြစ်လာတဲ့နေရာပါ။ တဖြည်းဖြည်းနဲ့ ဒီကွင်းပြင်ကြီးဟာ နိုင်ငံခြားသားတွေရဲ့ စိတ်ဝင်စားမှုကိုရရှိလာရုံသာမက idol တွေရဲ့ ခြေရာကို နင်းဖို့ အလည်အပတ်လာကြတဲ့ ပြည်တွင်းက ARMY တွေနဲ့ပါ စည်ကားလာတယ်လို့ သိရပါတယ်။

Photo via koreaboo
(4) Spring Day

Spring Day MV ထဲက လှပပြီး အိပ်မက်ဆန်လွန်းတဲ့ ရှုခင်းတွေဟာလည်း ARMY တွေကို ဖမ်းစားနိုင်တဲ့ နေရာတစ်ခုပါ။ ရှုမျှော်မဆုံးတဲ့ မြက်ပင်ရှည်တွေနဲ့ အထီးတည်း ရပ်တည်နေတဲ့ အပင်ကြီးတွေ ရှိတဲ့နေရာကတော့ ကိုရီးယားပြည်တွင်းက အင်မတန်မှ လူအရောက်အပေါက်နည်းတဲ့ နေရာတစ်ခုမှာ တည်ရှိပါတယ်။ နေရာအတိအကျကတော့ Gyeonggi ခရိုင်၊ Hwaseong မြို့က လူအရောက်အပေါက်နည်းတဲ့ Hyung-do ကျွန်းပေါ်မှာ တည်ရှိပါတယ်။

Photo via koreaboo
(5) Airplane

J Hope ရဲ့ Airplane MV ထဲက ကားပါကင်တွေနဲ့ လေဆိပ်လိုလို၊ ရှော့ပင်းမောလ် အကြီးကြီးလို မြင်ကွင်းတွေကို ရှုစားရတဲ့အခါ ပရိသတ်အများစုဟာ သေခာျပေါက် ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ တစ်နေရာရာမှာ ရိုက်ကူးထားတယ်လို့ ထင်သွားကြပါတယ်။ သို့ပေမယ့် အဲ့ဒီ့ရိုက်ကွင်းနေရာဟာ Gyeonggi ခရိုင်၊ Seongnam မြို့က ဘတ်စ်ကားဝင်းတစ်ခုဆိုတာ သိသွားကြတဲ့အခါ တကယ်ကြီး အံ့သြသွားခဲ့ကြပါတယ်။ အဲ့ဒီ့ဘတ်စ်ကားဝင်းဟာ Seongnam မြို့သူမြို့သားတွေကြားမှာတော့ နာမည်ကြီးပါ။ ဈေးဆိုင်ခန်းတွေ၊ ရုပ်ရှင်ရုံတွေနဲ့ သွားလာရေးအတွက် အချက်အချာနေရာပါ ဖြစ်တာကြောင့် မြို့ခံလူတွေနဲ့ စည်းကားနေကျနေရာ ဖြစ်ပါတယ်။

Photo via koreaboo

ဒါတွေကတော့ BTS အဖွဲ့ရဲ့ နာမည်ကြီးသီချင်းငါးပုဒ်ထဲက လူသိနည်းသေးတဲ့ ရိုက်ကွင်းနေရာတွေ ဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့ ARMY တွေလည်း တစ်နေ့နေ့တော့ အရောက်သွားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Xei
RELATED ARTICLES

Most Popular