HomeEntertainmentFilmခရစ်စမတ်ကာလမှာ ကြည့်ရှုသင့်တဲ့ အကောင်းဆုံး animated movie များ

ခရစ်စမတ်ကာလမှာ ကြည့်ရှုသင့်တဲ့ အကောင်းဆုံး animated movie များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အခုချိန်မှာတော့ ခရစ်စမတ်နေ့ ရောက်လာဖို့ သိပ်မလိုတော့ပါဘူး။ ပုံမှန်အချိန်တွေဆိုရင်တော့ ခရစ်စမတ်နီးလာတာနဲ့အမျှ လူတွေကလည်း စိတ်လှုပ်ရှားကြပြီး မြို့ထဲတွေမှာဆိုရင်လည်း ဆိုင်တွေ၊ ရှော့ပင်းမောလ်တွေမှာ အလှဆင်ပြီး လှပနေတာကို မြင်တွေ့ရမှာပါ။ ဒါပေမယ့်လည်း ဒီနှစ်မှာတော့ ပျော်ပွဲရွှင်ပွဲတွေ အများကြီးကို ဖျက်ဆီးသွားတဲ့ ကိုဗစ်ကြောင့် ခရစ်စမတ်နေ့မှာလည်း အရင်လို လူမစည်လောက်တော့ပါဘူး။ အဲ့ဒါကြောင့် ဘယ်မှမသွားရဘဲ အိမ်မှာအနားယူနေတဲ့အချိန်မှာ ကြည့်ဖို့သင့်တော်တဲ့ အကောင်းဆုံး animated movie တွေကို ဖော်ပြပေးလိုက်ပါတယ်။

(6) The Grinch
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ The Grinch ဆိုသူဟာ အမြဲတမ်း ပြုလုပ်နေကြတဲ့ ပျော်ပွဲရွှင်ပွဲတွေကို တဖြည်းဖြည်း စိတ်အနှောင့်အယှက် ဖြစ်လာပါတယ်။ အဲ့ဒါကြောင့်ပဲ မကြာခင်မှာ ကျရောက်လာမယ့် ခရစ်စမတ်ပွဲတော်ကြောင့် စိတ်လှုပ်ရှားနေကြသူတွေရဲ့ အပျော်တွေကို ဖျက်ဆီးဖို့ ကြံစည်ပါတော့တယ်။ သူ့ရဲ့အကြံအစည်ကတော့ အားလုံးစောင့်မျှော်နေကြတဲ့ ခရစ်စမတ်ပွဲတော်ကို ဖျက်ဆီးဖို့ပဲ ဖြစ်ပါတယ်။ အသံသရုပ်ဆောင်ထားသူတွေကတော့ Benedict Cumberbatch ၊ Cameron Seely ၊ Kenan Thompson နဲ့ Pharrell William တို့ ဖြစ်ပါတယ်။

(5) Arthur Christmas
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၁ ခုနှစ်က ထွက်ရှိထားတာ ဖြစ်ပြီး IMDb (7.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ခရစ်စမတ်ကာလမှာ ဆန်တာဟာ ကလေးတွေကို လက်ဆောင်ပေးဖို့ ထွက်သွားတဲ့အချိန်မှာ ကလေးတစ်ယောက်အတွက် လက်ဆောင်ယူသွားဖို့ မေ့သွားပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့နမော်နမဲ့နိုင်တဲ့ သားဖြစ်သူ Arthur ဟာ ခရစ်စမတ်အချိန်မကုန်ခင်မှာ အဲ့ဒီလက်ဆောင်ကို ကလေးလေးဆီ ရောက်အောင် ယူသွားပေးရပါတော့တယ်။ ဒီဇာတ်လမ်းဟာ ရွှေကမ္ဘာလုံးဆုတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။ အသံသရုပ်ဆောင်ထားသူတွေကတော့ James McAvoy ၊ Bill Nighy ၊ Hugh Laurie နဲ့ Jim Broadbent တို့ ဖြစ်ပါတယ်။

(4) Tokyo Godfathers
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.8) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ခရစ်စမတ်အကြိုနေ့မှာ အိမ်ခြေရာမဲ့သုံးယောက်ဟာ တိုကျိုမြို့ပေါ်က လမ်းပေါ်မှာ မွေးခါစကလေးတစ်ယောက်ကို ရှာတွေ့ခဲ့ကြပါတယ်။ ဒါနဲ့ပဲ သူတို့တွေဟာ အဲ့ဒီကလေးလေးရဲ့ မိဘတွေကို ရှာဖွေဖို့ ထွက်လာခဲ့ကြပါတယ်။ ဒီဇာတ်လမ်းကတော့ အင်္ဂလိပ် animation မဟုတ်ဘဲ ဂျပန် anime တစ်ခု ဖြစ်ပါတယ်။

(3) The Nightmare Before Christmas
photo via screenrant

ဒီဇာတ်လမ်းကတော့ ၁၉၉၃ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဟောလိုးဝင်းမြို့ရဲ့ ဘုရင်ဖြစ်တဲ့ Jack Skellington ဟာ တစ်ရက်မှာ ခရစ်စမတ်မြို့လေးကို ရှာတွေ့သွားပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ ခရစ်စမတ်ကို စွဲလမ်းသွားခဲ့ပြီး သူ့ရဲ့မြို့ကိုလည်း အလားတူ ခရစ်စမတ်မြို့တော်လေး ဖြစ်လာအောင် ပြုလုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ခရစ်စမတ်ကို စွဲလမ်းမှုတွေကြောင့် ဆန်တာကလော့စ်ကိုတောင် ပြန်ပေးဆွဲဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်လမ်းကတော့ အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။ အသံသရုပ်ဆောင်ထားသူတွေကတော့ Danny Elfman ၊ Chris Sarandon ၊ Ken Page နဲ့ William Hickey တို့က အဓိက ပါဝင်ထားပါတယ်။

(2) Mickey’s Christmas Carol
photo via screenrant

ဒီဇာတ်လမ်းကတော့ ၁၉၈၃ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.1) ရရှိထားပါတယ်။ ဒီဇာတ်လမ်းကတော့ Charles Dickens ရဲ့ အကောင်းဆုံးလက်ရာလို့ ပြောလို့ရတဲ့ A Christmas Carol ဆိုတဲ့ ဇာတ်လမ်းကို Disney ရဲ့ အထင်ကရဇာတ်ကောင်တွေနဲ့ ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရုပ်ရှင်တစ်ကားစာလောက်လည်း မကြာဘဲ (၂၆)မိနစ်သာ ကြာပြီးတော့ အတော်များများလည်း ဒီဇာတ်လမ်းကို သိကြမယ်လို့ ထင်ပါတယ်။ ဒီဇာတ်လမ်းကလည်း အော်စကာဆုတစ်ဆုအတွက် စံကာတင်စာရင်းဝင်ခဲ့ပြီး ကျွန်တော်ကိုယ်တိုင် ငယ်ငယ်တုန်းက အကြိမ်ကြိမ် ကြည့်ခဲ့တဲ့ ဇာတ်လမ်းတစ်ခုပါ။ အသံသရုပ်ဆောင်ထားသူတွေကတော့ Alan Young ၊ Will Ryan နဲ့ Clarence Nash တို့က အဓိက ပါဝင်ထားပါတယ်။

(1) Klaus
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.2) ရရှိထားတဲ့ Netflix original ခရစ်စမတ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဝေးလံလှတဲ့ မြို့လေးတစ်မြို့ကို စာပို့သမားအသစ်တစ်ယောက် ရောက်လာတဲ့အချိန်မှာ ဇာတ်လမ်းစတင်တာ ဖြစ်ပါတယ်။ အဲ့ဒီမြို့လေးမှာရှိတဲ့ မိသားစုနှစ်ခုဟာ ခေတ်တွေအဆက်ဆက် တိုက်ခိုက်လာကြပြီး လုံးဝကို မတည့်ကြပါဘူး။ နောက်ပိုင်းမှာတော့ အဲ့ဒီစာပို့သမားဟာ အရုပ်လုပ်တဲ့လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး ဒီမြို့ကြီးကို ဘယ်လိုပြောင်းလဲပစ်မလည်းဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကလည်း အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။ အသံသရုပ်ဆောင်ထားသူတွေကတော့ Jason Schwartzman ၊ Joan Cusack ၊ Sergio Pablos နဲ့ Rashida Jones တို့က အဓိက ပါဝင်ထားပါတယ်။

ဒါကတော့ ခရစ်စမတ်ကာလမှာ ကြည့်ရှုဖို့ အသင့်လျော်ဆုံး ဇာတ်ကားလေးတွေ ဖြစ်ပါတယ်။ စာဖတ်သူတို့အကြိုက် ဇာတ်ကားလေးတွေ ရှိရင်လည်း ပြန်လည်ဝေမျှခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

အခုခ်ိန္မွာေတာ့ ခရစ္စမတ္ေန႔ ေရာက္လာဖို႔ သိပ္မလိုေတာ့ပါဘူး။ ပုံမွန္အခ်ိန္ေတြဆိုရင္ေတာ့ ခရစ္စမတ္နီးလာတာနဲ႔အမွ် လူေတြကလည္း စိတ္လႈပ္ရွားၾကၿပီး ၿမိဳ႕ထဲေတြမွာဆိုရင္လည္း ဆိုင္ေတြ၊ ေရွာ့ပင္းေမာလ္ေတြမွာ အလွဆင္ၿပီး လွပေနတာကို ျမင္ေတြ႕ရမွာပါ။ ဒါေပမယ့္လည္း ဒီႏွစ္မွာေတာ့ ေပ်ာ္ပြဲ႐ႊင္ပြဲေတြ အမ်ားႀကီးကို ဖ်က္ဆီးသြားတဲ့ ကိုဗစ္ေၾကာင့္ ခရစ္စမတ္ေန႔မွာလည္း အရင္လို လူမစည္ေလာက္ေတာ့ပါဘူး။ အဲ့ဒါေၾကာင့္ ဘယ္မွမသြားရဘဲ အိမ္မွာအနားယူေနတဲ့အခ်ိန္မွာ ၾကည့္ဖို႔သင့္ေတာ္တဲ့ အေကာင္းဆုံး animated movie ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(6) The Grinch
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.3) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ The Grinch ဆိုသူဟာ အၿမဲတမ္း ျပဳလုပ္ေနၾကတဲ့ ေပ်ာ္ပြဲ႐ႊင္ပြဲေတြကို တျဖည္းျဖည္း စိတ္အေႏွာင့္အယွက္ ျဖစ္လာပါတယ္။ အဲ့ဒါေၾကာင့္ပဲ မၾကာခင္မွာ က်ေရာက္လာမယ့္ ခရစ္စမတ္ပြဲေတာ္ေၾကာင့္ စိတ္လႈပ္ရွားေနၾကသူေတြရဲ႕ အေပ်ာ္ေတြကို ဖ်က္ဆီးဖို႔ ႀကံစည္ပါေတာ့တယ္။ သူ႔ရဲ႕အႀကံအစည္ကေတာ့ အားလုံးေစာင့္ေမွ်ာ္ေနၾကတဲ့ ခရစ္စမတ္ပြဲေတာ္ကို ဖ်က္ဆီးဖို႔ပဲ ျဖစ္ပါတယ္။ အသံသ႐ုပ္ေဆာင္ထားသူေတြကေတာ့ Benedict Cumberbatch ၊ Cameron Seely ၊ Kenan Thompson နဲ႔ Pharrell William တို႔ ျဖစ္ပါတယ္။

(5) Arthur Christmas
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၁ ခုႏွစ္က ထြက္ရွိထားတာ ျဖစ္ၿပီး IMDb (7.1) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ခရစ္စမတ္ကာလမွာ ဆန္တာဟာ ကေလးေတြကို လက္ေဆာင္ေပးဖို႔ ထြက္သြားတဲ့အခ်ိန္မွာ ကေလးတစ္ေယာက္အတြက္ လက္ေဆာင္ယူသြားဖို႔ ေမ့သြားပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ရဲ႕နေမာ္နမဲ့ႏိုင္တဲ့ သားျဖစ္သူ Arthur ဟာ ခရစ္စမတ္အခ်ိန္မကုန္ခင္မွာ အဲ့ဒီလက္ေဆာင္ကို ကေလးေလးဆီ ေရာက္ေအာင္ ယူသြားေပးရပါေတာ့တယ္။ ဒီဇာတ္လမ္းဟာ ေ႐ႊကမာၻလုံးဆုတစ္ဆုအတြက္ စံကာတင္စာရင္း ဝင္ခဲ့ပါတယ္။ အသံသ႐ုပ္ေဆာင္ထားသူေတြကေတာ့ James McAvoy ၊ Bill Nighy ၊ Hugh Laurie နဲ႔ Jim Broadbent တို႔ ျဖစ္ပါတယ္။

(4) Tokyo Godfathers
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၀၃ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.8) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ခရစ္စမတ္အႀကိဳေန႔မွာ အိမ္ေျခရာမဲ့သုံးေယာက္ဟာ တိုက်ိဳၿမိဳ႕ေပၚက လမ္းေပၚမွာ ေမြးခါစကေလးတစ္ေယာက္ကို ရွာေတြ႕ခဲ့ၾကပါတယ္။ ဒါနဲ႔ပဲ သူတို႔ေတြဟာ အဲ့ဒီကေလးေလးရဲ႕ မိဘေတြကို ရွာေဖြဖို႔ ထြက္လာခဲ့ၾကပါတယ္။ ဒီဇာတ္လမ္းကေတာ့ အဂၤလိပ္ animation မဟုတ္ဘဲ ဂ်ပန္ anime တစ္ခု ျဖစ္ပါတယ္။

(3) The Nightmare Before Christmas
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၁၉၉၃ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.0) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ေဟာလိုးဝင္းၿမိဳ႕ရဲ႕ ဘုရင္ျဖစ္တဲ့ Jack Skellington ဟာ တစ္ရက္မွာ ခရစ္စမတ္ၿမိဳ႕ေလးကို ရွာေတြ႕သြားပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ ခရစ္စမတ္ကို စြဲလမ္းသြားခဲ့ၿပီး သူ႔ရဲ႕ၿမိဳ႕ကိုလည္း အလားတူ ခရစ္စမတ္ၿမိဳ႕ေတာ္ေလး ျဖစ္လာေအာင္ ျပဳလုပ္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ သူ႔ရဲ႕ခရစ္စမတ္ကို စြဲလမ္းမႈေတြေၾကာင့္ ဆန္တာကေလာ့စ္ကိုေတာင္ ျပန္ေပးဆြဲဖို႔ ႀကိဳးစားပါေတာ့တယ္။ ဒီဇာတ္လမ္းကေတာ့ ေအာ္စကာတစ္ဆုအတြက္ စံကာတင္စာရင္း ဝင္ထားပါတယ္။ အသံသ႐ုပ္ေဆာင္ထားသူေတြကေတာ့ Danny Elfman ၊ Chris Sarandon ၊ Ken Page နဲ႔ William Hickey တို႔က အဓိက ပါဝင္ထားပါတယ္။

(2) Mickey’s Christmas Carol
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၁၉၈၃ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.1) ရရွိထားပါတယ္။ ဒီဇာတ္လမ္းကေတာ့ Charles Dickens ရဲ႕ အေကာင္းဆုံးလက္ရာလို႔ ေျပာလို႔ရတဲ့ A Christmas Carol ဆိုတဲ့ ဇာတ္လမ္းကို Disney ရဲ႕ အထင္ကရဇာတ္ေကာင္ေတြနဲ႔ ျပန္လည္ဖန္တီးထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ႐ုပ္ရွင္တစ္ကားစာေလာက္လည္း မၾကာဘဲ (၂၆)မိနစ္သာ ၾကာၿပီးေတာ့ အေတာ္မ်ားမ်ားလည္း ဒီဇာတ္လမ္းကို သိၾကမယ္လို႔ ထင္ပါတယ္။ ဒီဇာတ္လမ္းကလည္း ေအာ္စကာဆုတစ္ဆုအတြက္ စံကာတင္စာရင္းဝင္ခဲ့ၿပီး ကြၽန္ေတာ္ကိုယ္တိုင္ ငယ္ငယ္တုန္းက အႀကိမ္ႀကိမ္ ၾကည့္ခဲ့တဲ့ ဇာတ္လမ္းတစ္ခုပါ။ အသံသ႐ုပ္ေဆာင္ထားသူေတြကေတာ့ Alan Young ၊ Will Ryan နဲ႔ Clarence Nash တို႔က အဓိက ပါဝင္ထားပါတယ္။

(1) Klaus
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.2) ရရွိထားတဲ့ Netflix original ခရစ္စမတ္ဇာတ္လမ္းေလး ျဖစ္ပါတယ္။ ေဝးလံလွတဲ့ ၿမိဳ႕ေလးတစ္ၿမိဳ႕ကို စာပို႔သမားအသစ္တစ္ေယာက္ ေရာက္လာတဲ့အခ်ိန္မွာ ဇာတ္လမ္းစတင္တာ ျဖစ္ပါတယ္။ အဲ့ဒီၿမိဳ႕ေလးမွာရွိတဲ့ မိသားစုႏွစ္ခုဟာ ေခတ္ေတြအဆက္ဆက္ တိုက္ခိုက္လာၾကၿပီး လုံးဝကို မတည့္ၾကပါဘူး။ ေနာက္ပိုင္းမွာေတာ့ အဲ့ဒီစာပို႔သမားဟာ အ႐ုပ္လုပ္တဲ့လူတစ္ေယာက္နဲ႔ ေတြ႕ဆုံခဲ့ၿပီး ဒီၿမိဳ႕ႀကီးကို ဘယ္လိုေျပာင္းလဲပစ္မလည္းဆိုတာကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းကလည္း ေအာ္စကာတစ္ဆုအတြက္ စံကာတင္စာရင္း ဝင္ခဲ့ပါတယ္။ အသံသ႐ုပ္ေဆာင္ထားသူေတြကေတာ့ Jason Schwartzman ၊ Joan Cusack ၊ Sergio Pablos နဲ႔ Rashida Jones တို႔က အဓိက ပါဝင္ထားပါတယ္။

ဒါကေတာ့ ခရစ္စမတ္ကာလမွာ ၾကည့္ရႈဖို႔ အသင့္ေလ်ာ္ဆုံး ဇာတ္ကားေလးေတြ ျဖစ္ပါတယ္။ စာဖတ္သူတို႔အႀကိဳက္ ဇာတ္ကားေလးေတြ ရွိရင္လည္း ျပန္လည္ေဝမွ်ခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular