HomeEntertainmentFilmBlack Panther နှစ်ယောက် ပါဝင်ဖို့ ရှိခဲ့တဲ့ Black Panther: Wakanda Forever

Black Panther နှစ်ယောက် ပါဝင်ဖို့ ရှိခဲ့တဲ့ Black Panther: Wakanda Forever

Marvel Cinematic Universe ထဲမှာ Shuri အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Letitia Wright ဟာ အစတုန်းက Black Panther: Wakanda Forever ရုပ်ရှင်ထဲမှာ Black Panther နှစ်ယောက် ပါဝင်ဖို့ ရှိခဲ့တယ်လို့ ပြောပြလာပါတယ်။ Black Panther: Wakanda Forever ထဲမှာတော့ Wakanda နိုင်ငံဟာ T’Challa ကို ဆုံးရှုံးလိုက်ရပြီးတဲ့နောက်မှာ ကာကွယ်သူမဲ့နေပြီး အခြားနိုင်ငံတွေရဲ့ ကျူးကျော်မှုကို ဘယ်လို ကာကွယ်သွားမလည်းဆိုတာ မြင်တွေ့ရမှာပါ။

Empire Movie Podcast နဲ့ အင်တာဗျူးမှာတော့ Letitia Wright ဟာ ဒီအကြောင်းတွေကို ပြောပြသွားခဲ့ပါတယ်။ မူလစီစဉ်ထားတဲ့အတိုင်း ဆိုရင်တော့ ဒီရုပ်ရှင်ထဲမှာ Shuri ဟာ T’Challa နဲ့အတူ Black Panther ဖြစ်လာမယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း Chadwick Boseman ကွယ်လွန်သွားပြီးတဲ့ နောက်မှာတော့ ဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ရတယ်လို့ ဆိုပါတယ်။

photo via screenrant

“Shuri က ဘယ်လိုဖြစ်ဖြစ် Black Panther ဖြစ်လာမှာပါ။ ဒါပေမယ့် နဂိုစီစဉ်ထားတဲ့အတိုင်းဆိုရင် သူ့ရဲ့အစ်ကိုနဲ့အတူ Black Panther ဖြစ်လာတာကို တွေ့ရမှာလေ။ ကောမစ်ထဲကလိုပဲပေါ့။

Shuri နဲ့ T’Challa တို့အတူတူ Black Panther ဖြစ်လာပြီး သူတို့ရဲ့နိုင်ငံကို ကာကွယ်ကြမယ့်ပုံစံပေါ့။ ကံဆိုးတာကတော့ စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ဘူးလေ။

ဒီဇာတ်ကောင်က တာဝန်ကြီးတယ်ဆိုတာ သိပါတယ်။ တော်တော်လည်း ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ အရမ်းဂုဏ်ယူပြီးတော့ အားပေးကူညီမှုတွေလည်း ရခဲ့ပါတယ် …”

photo via screenrant

ဒီရုပ်ရှင်ရဲ့ ဇာတ်သိမ်းကြောင့် အနာဂတ်မှာ‌တော့ Black Panther ဇာတ်ကောင်အတွက် ပြောင်းလဲမှုတွေ ရှိလာဦးမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Shuri ဟာ Black Panther ဖြစ်လာစေတဲ့ အသည်းပုံသဏ္ဍာန် ဆေးမြစ်ကို ပြန်လည်ဖန်တီးနိုင်ခဲ့တာကြောင့် အနာဂတ်မှာတော့ ဘယ်သူမဆို Black Panther ဖြစ်လာနိုင်ပါသေးတယ်။ ဇာတ်လမ်းရဲ့ အဆုံးသတ်မှာတော့ M’Baku ဟာ Wakanda နိုင်ငံရဲ့ အုပ်ချုပ်သူအဖြစ် ဝင်ရောက်အရွေးခံခဲ့တာကြောင့် သူဟာလည်း Black Panther အသစ် ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် T’Challa ရဲ့ သားဖြစ်သူလည်း ရှိနေသေးတာကြောင့် ဘယ်လိုစိတ်ဝင်စားစရာတွေ မြင်တွေ့ရဦးမလည်း ဆိုတာတော့ စောင့်ကြည့်ရမှာပါပဲ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular