HomeEntertainmentFilmရာဇဝင်သမိုင်းကြောင်းတွေကို အခြေခံရိုက်ကူးထားတဲ့ IMDb အမြင့်ဆုံးစီးရီးများ 

ရာဇဝင်သမိုင်းကြောင်းတွေကို အခြေခံရိုက်ကူးထားတဲ့ IMDb အမြင့်ဆုံးစီးရီးများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

သမိုင်းကြောင်းဖြစ်ရပ်တွေကို အခြေခံပြီးတော့ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတွေဟာ နေရာဒေသပေါင်းစုံနဲ့ အချိန်ကာလပေါင်းစုံက အကြောင်းအရာတွေကို ရိုက်ပြလေ့ရှိပါတယ်။ ပုံမှန်ဆိုရင် ရုပ်ရှင်တွေအများစုဟာ ပစ္စုပ္ပန်ကာလမှာပဲ အခြေခံပြီးတော့ စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးတတ်ကြပါတယ်။ ဒါပေမယ့်လည်း အတိတ်က သမိုင်းကြောင်းတွေကို အခြေခံပြီး ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးကြတဲ့ ဇာတ်လမ်းတွေကလည်း စိတ်ဝင်စားဖို့ကောင်းသလို အဲ့ဒီအချိန်ကာလတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေလည်း ရရှိနိုင်ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ သမိုင်းကြောင်းဖြစ်ရပ်တွေကို အခြေခံပြီးတော့ ရိုက်ကူးထားတဲ့ အကောင်းဆုံး ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးချင်ပါတယ်။

(7) John Adams
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၈ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.5) ရရှိထားတဲ့ မီနီစီရီးတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်နိုင်ငံရဲ့ ဒုတိယမြောက်သမ္မတ John Adams ရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ John Adams ရဲ့ သမ္မတ မဖြစ်ခင်အချိန်ကနေ ကွယ်လွန်သွားတဲ့အချိန်ထိ အကြောင်းအရာတွေကို ပုံဖော်ဖန်တီးထားတာ ဖြစ်ပါတယ်။ HBO ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ ဒီဇာတ်လမ်းတွဲမှာ Paul Giamatti နဲ့ Laura Linney တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီးတော့ ရွှေကမ္ဘာလုံးဆု(၄)ဆုနဲ့ Emmy Awards (၁၃)ခုကို ဆွတ်ခူးရရှိထားပါတယ်။

(6) Spartacus
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၀ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.5) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တစ်ခြားသူတွေနဲ့ သူသေကိုယ်သေ တိုက်ခိုက်ပြီးတော့ ပရိသတ်တွေကို ဖျော်ဖြေပေးရသူတစ်ယောက်ဖြစ်တဲ့ Spartacus ရဲ့အကြောင်းကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ ဘီစီ(၇၀)ခုနှစ်လောက်က အချိန်မှာ အခြေခံထားပြီး Spartacus ဟာ ရောမလူမျိူးတွေကို ပြန်လည်တော်လှန်မှုမှာ ခေါင်းဆောင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ Manu Bennett ၊ Lucy Lawless ၊ Liam Mclntyre တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ စုစုပေါင်း season (၃)ခု ရှိပါတယ်။

(5) Boardwalk Empire
photo via screenrant

ဒီဇာတ်လမ်းတွဲကလည်း ၂၀၁၀ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီးတော့ IMDb (8.5) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၂၀နောက်ပိုင်းလောက်က အပြင်လက်တွေ့ဘဝမှာ တကယ်ရှိခဲ့တဲ့ Atlantic မြို့ရဲ့ နိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ Enoch Thompson အကြောင်းကို အခြေခံပြီးတော့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူကတော့ တစ်ခြားနိုင်ငံရေးသမားတွေနဲ့ သိကျွမ်းရုံသာမကဘဲ ဂိုဏ်းစတားတွေနဲ့ပါ အဆက်အသွယ်ရှိတာကြောင့် အစိုးရကတောင်မှ သူ့ကို စိတ်ဝင်စားခဲ့ရသူလည်း ဖြစ်ပါတယ်။ Steve Buscemi နဲ့ Kelly Macdonald တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ရွှေကမ္ဘာလုံးဆု(၂)ဆု ရရှိထားပါတယ်။ စုစုပေါင်း season (၅)ခု ရှိပါတယ်။

(4) Vikings
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၃ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (8.5) ရရှိထားပါတယ်။ ဒီဇာတ်လမ်းကတော့ Norse ဒဏ္ဍာရီနဲ့ ပုံပြင်တွေအပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဓိကဇာတ်ကောင်ကတော့ Ragnar Lothbrok ဖြစ်ပြီး အဲ့ဒီအချိန်တုန်းက သူဟာ အရဲရင့်ဆုံး စစ်သည်တော်တစ်ယောက်လို့ ခေါ်ဝေါ်သမုတ်ခံရသူလည်း ဖြစ်ပါတယ်။ Travis Fimmel ၊ Katheryn Winnick ၊ Alexander Ludwig တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး Emmy ဆုတစ်ခု ရရှိထားပါတယ်။ စုစုပေါင်း season (၆)ခု ရှိပါတယ်။

(3) The Crown
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၆ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (8.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အင်္ဂလန်နိုင်ငံရဲ့ ဘုရင်မကြီးဖြစ်တဲ့ Queen Elizabeth II အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူမဟာ ဘုရင်မအဖြစ် ထီးနန်းကို ဆက်ခံတဲ့အချိန်မှာ အသက်(၂၅)နှစ်ပဲ ရှိသေးပြီး သူမရဲ့ဘဝ၊ အချစ်ဇာတ်လမ်းနဲ့ နိုင်ငံရေးအကြောင်းတွေကိုလည်း ဒီစီးရီးထဲမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Elizabeth ဘုရင်မကြီးနေရာမှာတော့ Claire Foy ကသရုပ်ဆောင်ထားပြီး ရွှေကမ္ဘာလုံးဆုလည်း ဆွတ်ခူးထားပါသေးတယ်။ လက်ရှိအချိန်အထိ season (၃)ခု ထွက်ရှိထားပြီး မကြာခင်မှာ season 4 ထွက်ရှိတော့မှာ ဖြစ်ပါတယ်။

(2) Band of Brothers
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၁ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (9.4) ရရှိထားတဲ့ မီနီစီးရီးတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Easy Company ဆိုတဲ့ တပ်ခွဲတစ်ခုအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူတို့တပ်ဖွဲ့ရဲ့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ကြုံတွေ့ခဲ့ရပုံတွေကို စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Damian Lewis နဲ့ Scott Grimes တို့က အဓိက ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရွှေကမ္ဘာလုံးဆုတစ်ဆု ရရှိထားပါတယ်။

(1) The Chosen
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (9.8) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ သခင်ယေရှုအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပြီးတော့ သမ္မာကျမ်းစာထဲမှာ ပါဝင်တဲ့ တစ်ခြားဇာတ်ကောင်တွေလည်း ပါဝင်ပါတယ်။ ဒီစီးရီးဟာ စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးထားတဲ့အပြင် IMDb လည်း အရမ်းများတာကြောင့် ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲထဲမှာ ပါဝင်ပါတယ်။ ShaharIsaac နဲ့ Jonathan Roumie တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ မီနီစီးရီးဖြစ်လို့ season (၁)ခုတည်းသာ ထွက်ရှိထားပါတယ်။

ဒါကတော့ ရာဇဝင်သမိုင်းထဲက ဖြစ်ရပ်တွေကို ပြန်လည်မှီငြမ်းရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲကောင်းများ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားဇာတ်လမ်းတွဲတွေ ရှိရင်လည်း ပြန်လည်ဝေမျှခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

သမိုင္းေၾကာင္းျဖစ္ရပ္ေတြကို အေျခခံၿပီးေတာ့ ႐ိုက္ကူးထားတဲ့ ဇာတ္လမ္းတြဲေတြဟာ ေနရာေဒသေပါင္းစုံနဲ႔ အခ်ိန္ကာလေပါင္းစုံက အေၾကာင္းအရာေတြကို ႐ိုက္ျပေလ့ရွိပါတယ္။ ပုံမွန္ဆိုရင္ ႐ုပ္ရွင္ေတြအမ်ားစုဟာ ပစၥဳပၸန္ကာလမွာပဲ အေျခခံၿပီးေတာ့ စိတ္ဝင္စားဖို႔ေကာင္းေအာင္ ႐ိုက္ကူးတတ္ၾကပါတယ္။ ဒါေပမယ့္လည္း အတိတ္က သမိုင္းေၾကာင္းေတြကို အေျခခံၿပီး ႐ုပ္ရွင္အျဖစ္ ျပန္လည္႐ိုက္ကူးၾကတဲ့ ဇာတ္လမ္းေတြကလည္း စိတ္ဝင္စားဖို႔ေကာင္းသလို အဲ့ဒီအခ်ိန္ကာလေတြနဲ႔ ပတ္သက္တဲ့ ဗဟုသုတေတြလည္း ရရွိႏိုင္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ သမိုင္းေၾကာင္းျဖစ္ရပ္ေတြကို အေျခခံၿပီးေတာ့ ႐ိုက္ကူးထားတဲ့ အေကာင္းဆုံး ဇာတ္လမ္းတြဲေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) John Adams
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၀၈ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (8.5) ရရွိထားတဲ့ မီနီစီရီးတစ္ခု ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ အေမရိကန္ႏိုင္ငံရဲ႕ ဒုတိယေျမာက္သမၼတ John Adams ရဲ႕ ဘဝအေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ John Adams ရဲ႕ သမၼတ မျဖစ္ခင္အခ်ိန္ကေန ကြယ္လြန္သြားတဲ့အခ်ိန္ထိ အေၾကာင္းအရာေတြကို ပုံေဖာ္ဖန္တီးထားတာ ျဖစ္ပါတယ္။ HBO ႐ုပ္သံလိုင္းက ထုတ္လႊင့္ခဲ့တဲ့ ဒီဇာတ္လမ္းတြဲမွာ Paul Giamatti နဲ႔ Laura Linney တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၿပီးေတာ့ ေ႐ႊကမာၻလုံးဆု(၄)ဆုနဲ႔ Emmy Awards (၁၃)ခုကို ဆြတ္ခူးရရွိထားပါတယ္။

(6) Spartacus
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၀ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.5) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ တစ္ျခားသူေတြနဲ႔ သူေသကိုယ္ေသ တိုက္ခိုက္ၿပီးေတာ့ ပရိသတ္ေတြကို ေဖ်ာ္ေျဖေပးရသူတစ္ေယာက္ျဖစ္တဲ့ Spartacus ရဲ႕အေၾကာင္းကို ပုံေဖာ္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းကိုေတာ့ ဘီစီ(၇၀)ခုႏွစ္ေလာက္က အခ်ိန္မွာ အေျခခံထားၿပီး Spartacus ဟာ ေရာမလူမ်ိဴးေတြကို ျပန္လည္ေတာ္လွန္မႈမွာ ေခါင္းေဆာင္ခဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ Manu Bennett ၊ Lucy Lawless ၊ Liam Mclntyre တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ စုစုေပါင္း season (၃)ခု ရွိပါတယ္။

(5) Boardwalk Empire
photo via screenrant

ဒီဇာတ္လမ္းတြဲကလည္း ၂၀၁၀ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (8.5) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ၁၉၂၀ေနာက္ပိုင္းေလာက္က အျပင္လက္ေတြ႕ဘဝမွာ တကယ္ရွိခဲ့တဲ့ Atlantic ၿမိဳ႕ရဲ႕ ႏိုင္ငံေရးသမားတစ္ေယာက္ျဖစ္တဲ့ Enoch Thompson အေၾကာင္းကို အေျခခံၿပီးေတာ့ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သူကေတာ့ တစ္ျခားႏိုင္ငံေရးသမားေတြနဲ႔ သိကြၽမ္း႐ုံသာမကဘဲ ဂိုဏ္းစတားေတြနဲ႔ပါ အဆက္အသြယ္ရွိတာေၾကာင့္ အစိုးရကေတာင္မွ သူ႔ကို စိတ္ဝင္စားခဲ့ရသူလည္း ျဖစ္ပါတယ္။ Steve Buscemi နဲ႔ Kelly Macdonald တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ေ႐ႊကမာၻလုံးဆု(၂)ဆု ရရွိထားပါတယ္။ စုစုေပါင္း season (၅)ခု ရွိပါတယ္။

(4) Vikings
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၃ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (8.5) ရရွိထားပါတယ္။ ဒီဇာတ္လမ္းကေတာ့ Norse ဒ႑ာရီနဲ႔ ပုံျပင္ေတြအေပၚမွာ အေျခခံၿပီး ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အဓိကဇာတ္ေကာင္ကေတာ့ Ragnar Lothbrok ျဖစ္ၿပီး အဲ့ဒီအခ်ိန္တုန္းက သူဟာ အရဲရင့္ဆုံး စစ္သည္ေတာ္တစ္ေယာက္လို႔ ေခၚေဝၚသမုတ္ခံရသူလည္း ျဖစ္ပါတယ္။ Travis Fimmel ၊ Katheryn Winnick ၊ Alexander Ludwig တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၿပီး Emmy ဆုတစ္ခု ရရွိထားပါတယ္။ စုစုေပါင္း season (၆)ခု ရွိပါတယ္။

(3) The Crown
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၆ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (8.7) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ အဂၤလန္ႏိုင္ငံရဲ႕ ဘုရင္မႀကီးျဖစ္တဲ့ Queen Elizabeth II အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သူမဟာ ဘုရင္မအျဖစ္ ထီးနန္းကို ဆက္ခံတဲ့အခ်ိန္မွာ အသက္(၂၅)ႏွစ္ပဲ ရွိေသးၿပီး သူမရဲ႕ဘဝ၊ အခ်စ္ဇာတ္လမ္းနဲ႔ ႏိုင္ငံေရးအေၾကာင္းေတြကိုလည္း ဒီစီးရီးထဲမွာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ Elizabeth ဘုရင္မႀကီးေနရာမွာေတာ့ Claire Foy ကသ႐ုပ္ေဆာင္ထားၿပီး ေ႐ႊကမာၻလုံးဆုလည္း ဆြတ္ခူးထားပါေသးတယ္။ လက္ရွိအခ်ိန္အထိ season (၃)ခု ထြက္ရွိထားၿပီး မၾကာခင္မွာ season 4 ထြက္ရွိေတာ့မွာ ျဖစ္ပါတယ္။

(2) Band of Brothers
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၀၁ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (9.4) ရရွိထားတဲ့ မီနီစီးရီးတစ္ခု ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Easy Company ဆိုတဲ့ တပ္ခြဲတစ္ခုအေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သူတို႔တပ္ဖြဲ႕ရဲ႕ ဒုတိယကမာၻစစ္အတြင္းမွာ ႀကဳံေတြ႕ခဲ့ရပုံေတြကို စိတ္ဝင္စားဖြယ္ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ Damian Lewis နဲ႔ Scott Grimes တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ေ႐ႊကမာၻလုံးဆုတစ္ဆု ရရွိထားပါတယ္။

(1) The Chosen
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၇ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (9.8) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ သခင္ေယရႈအေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ၿပီးေတာ့ သမၼာက်မ္းစာထဲမွာ ပါဝင္တဲ့ တစ္ျခားဇာတ္ေကာင္ေတြလည္း ပါဝင္ပါတယ္။ ဒီစီးရီးဟာ စိတ္ဝင္စားဖို႔ေကာင္းေအာင္ ႐ိုက္ကူးထားတဲ့အျပင္ IMDb လည္း အရမ္းမ်ားတာေၾကာင့္ ၾကည့္ရႈသင့္တဲ့ ဇာတ္လမ္းတြဲထဲမွာ ပါဝင္ပါတယ္။ ShaharIsaac နဲ႔ Jonathan Roumie တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ မီနီစီးရီးျဖစ္လို႔ season (၁)ခုတည္းသာ ထြက္ရွိထားပါတယ္။

ဒါကေတာ့ ရာဇဝင္သမိုင္းထဲက ျဖစ္ရပ္ေတြကို ျပန္လည္မွီျငမ္း႐ိုက္ကူးထားတဲ့ ဇာတ္လမ္းတြဲေကာင္းမ်ား ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အျခားဇာတ္လမ္းတြဲေတြ ရွိရင္လည္း ျပန္လည္ေဝမွ်ခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular