HomeEntertainmentFilmပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ထွက်ရှိထားတဲ့ မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားကောင်း(၁၀)ကား 

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ထွက်ရှိထားတဲ့ မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားကောင်း(၁၀)ကား 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ရုပ်ရှင်ဇာတ်ကားတွေဟာ ပုံမှန်ဆိုရင် တစ်နှစ်အတွင်းမှာတောင် ကားပေါင်းများစွာ ထွက်ရှိလေ့ ရှိကြပါတယ်။ အခုနှစ်ကတော့ ကိုဗစ်ကြောင့် ရုပ်ရှင်တွေအများစုဟာ နှောင့်နှေးကြန့်ကြာကုန်ပြီး ရက်တွေရွှေ့ကုန်ကြရတာ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် တစ်နှစ်အတွင်းမှာ ရုပ်ရှင်ကားပေါင်းများစွာ ထွက်ရှိကြပေမယ့် ထွက်လာတဲ့ကားတိုင်းကတော့ ကြည့်ကောင်းနေတာ မဟုတ်ပါဘူး။ အရေအတွက်နဲ့ အရည်အသွေးကို ယှဉ်လိုက်ရင်တော့ အရည်အသွေးက အမြဲတမ်း နည်းစမြဲမို့ လွန်ခဲ့တဲ့ ဆယ်နှစ်တာကာလအတွင်းမှာ ထွက်ရှိထားတဲ့ ဇာတ်ကားပေါင်းများစွာထဲက ကားကောင်း(၁၀)ကားကို ဖော်ပြပေးလိုက်ပါတယ်။

(10) Mother  of George
photo via imdb

ဒီဇာတ်ကားကတော့ ၂၀၁၃ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (6.4) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Ayodele နဲ့ Adenike တို့နှစ်ယောက်ဟာ မင်္ဂလာဆောင်ပြီးတော့ ဘဝအသစ်စခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ အချိန်အတော်ကြာ ကလေးမရသေးတာကြောင့် သူတို့ရဲ့ဓလေ့ထုံးတမ်းနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Adenike ဟာ သူ့ရဲ့အိမ်ထောင်ရေးကို ထိန်းသိမ်းဖို့အတွက် စွန့်စားရမယ့် ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပါတယ်။

(9) The Shape of water
photo via imdb

ဒီဇာတ်ကားကတော့ ၂၀၁၇ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းကိုတော့ ၁၉၆၀ခုနှစ် ဝန်းကျင်လောက်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းကတော့ အလွန် လျှို့ဝှက်တဲ့ အဆောက်အဦးတစ်ခုမှာ ထူးဆန်းတဲ့ ရေနေသတ္တဝါတစ်ကောင်ကို ဖမ်းထားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အဲ့ဒီအဆောက်အဉီးမှာရှိတဲ့ ဝန်ထမ်း အမျိုးသမီးတစ်ယောက်နဲ့ အဲဒီသတ္တဝါကြီးရဲ့ကြားထဲမှာ မမြင်ရတဲ့ကြိုးနဲ့ ချည်နှောင်မှုတွေ ရှိလာပါတော့တယ်။ Sally Hawkins နဲ့ Doug Jones တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီးတော့ အော်စကာဆု (၄)ဆုလည်း ရရှိထားပါသေးတယ်။

(8) Onward
photo via imdb

ဒီဇာတ်ကားကတော့ ၂၀၂၀ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (7.4) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Ian နဲ့ Barley တို့ ညီအစ်ကိုနှစ်ယောက်ဟာ သူတို့ရဲ့ ကွယ်လွန်သွားတဲ့ ဖခင်နဲ့ နောက်ထပ်တစ်ရက်လောက် အတူနေနိုင်ဖို့အတွက် အခက်အခဲတွေ အများကြီးကို ရင်ဆိုင်ဖို့ စွန့်စားခန်းထွက်လာခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ရဲ့အမေကလည်း ကလေးတွေ ပျောက်နေတာကို သိသွားတဲ့အချိန်မှာ သူမရဲ့သားတွေကို ပြန်ခေါ်ဖို့အတွက် အဲ့ဒီစွန့်စားခန်းနောက်ကို လိုက်လာခဲ့ပါတယ်။ Tom Holland နဲ့ Chris Pratt တို့က အဓိက ဇာတ်ကောင်တွေနေရာမှာ အသံသရုပ်ဆောင်ထားပါတယ်။

(7) A Star is Born
photo via imdb

ဒီဇာတ်ကားကတော့ ၂၀၁၈ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဂီတပညာရှင်တစ်ယောက်သူ Jackson ဟာ အဆိုတော် ဖြစ်ချင်တဲ့ Ally နဲ့ ချစ်ကြိုက်မိသွားရာက စတင်ပါတယ်။ အဲ့ဒီနောက်မှာတော့ Jackson ဟာ Ally ရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာဖို့အတွက် ကူညီပေးခဲ့တဲ့အပြင် သူမရဲ့ဘဝမှာရှိတဲ့ အခက်အခဲတွေကိုလည်း ဖြေရှင်းပေးခဲ့ပါတယ်။ သရုပ်ဆောင်တွေကတော့ Bradley Cooper နဲ့ Lady Gaga တို့က အဓိက ပါဝင်ထားပါတယ်။ ဒါ့အပြင် အော်စကာဆုတစ်ဆုလည်း ရရှိခဲ့ပါသေးတယ်။

(6) Arrival
photo via imdb

ဒီဇာတ်ကားကတော့ ၂၀၁၆ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကမ္ဘာရဲ့နေရာအနှံ့အပြားမှာ ထူးဆန်းတဲ့ အာကာသယာဉ်ပျံကြီး (၁၂)စီး ပေါ်လာတာကြောင့် ဘာသာဗေဒ ကျွမ်းကျင်သူ ပါရဂူတစ်ယောက်ဟာ စစ်တပ်နဲ့အတူတွဲပြီး အလုပ်လုပ်ရပါတော့တယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ ဂြိုဟ်သားတွေက ဘာကိုပြောချင်နေတာလည်း၊ ဘာရည်ရွယ်ချက်နဲ့ ကမ္ဘာမြေကို လာခဲ့တာလည်းဆိုတာကို ရှာဖွေရမှာ ဖြစ်ပြီးတော့ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမယ့်ဇာတ်လမ်း ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Jeremy Renner နဲ့ Amy Adams တို့က အဓိက ပါဝင်ထားပါတယ်။ ဒီဇာတ်ကားဟာလည်း အော်စကာဆုတစ်ဆု ရရှိထားပါတယ်။

(5) Her
photo via imdb

ဒီဇာတ်ကားကလည်း ၂၀၁၃ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီးတော့ IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ တစ်ယောက်တည်း နေရတာကို သဘောကျတဲ့ စာရေးဆရာတစ်ယောက်ဟာ သူစာရေးတဲ့အချိန်မှာ ကူညီပေးဖို့အတွက် A.I ဉာဏ်ရည်တု စနစ်တစ်ခုကို ဝယ်ယူခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီ A.I စနစ်ဟာ တစ်ခြားအရာတွေကိုလည်း သင်ယူနိုင်ပြီးတော့ ပြောင်းလဲနိုင်စွမ်းရှိမှန်းကို သိသွားတဲ့အချိန်မှာတော့ သူဟာ တဖြည်းဖြည်းနဲ့ အဲ့ဒီ A.I ကို ချစ်ကြိုက်မိသွားပါတော့တယ်။ Joaquin Phoenix ၊ Scarlett Johansson နဲ့ Amy Adams တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကလည်း အော်စကာဆုတစ်ခု ရရှိထားပါတယ်။

(4) Inside Out
photo via imdb

ဒီဇာတ်ကားကတော့ ၂၀၁၅ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ (၁၁)နှစ်အရွယ် ကောင်မလေး Riley ဟာ သူမရဲ့မိသားစုနဲ့အတူ San Francisco ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမနဲ့ သူမရဲ့ စိတ်ခံစားချက်တွေဟာ ပတ်ဝန်းကျင်အသစ်မှာ ဘဝအသစ်စဖို့အတွက် ရုန်းကန်ရပါတော့တယ်။ ဒီ animated movie လေးကလည်း အော်စကာဆုတစ်ဆု ရရှိထားပါသေးတယ်။

(3) The Wolf of Wall Street
photo via imdb

ဒီဇာတ်ကားကလည်း ၂၀၁၃ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (8.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Jordan Belfort ရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Jordan Belfort နဲ့ Donnie Azoff တို့နှစ်ယောက် ပူးပေါင်းပြီး စတော့ရှယ်ယာဈေးကွက်ကို ကစားကာ ချမ်းသာလာအောင် ကြိုးစားကြတဲ့အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Leonardo Dicaprio ၊ Jonah Hill နဲ့ Margot Robbie တို့က အဓိက ပါဝင်ထားကြပါတယ်။ ဒီဇာတ်ကားဟာ အော်စကာဆု(၅)ဆုအတွက်လည်း စံကာတင်စာရင်း ဝင်ခဲ့ပါသေးတယ်။

(2) Coco
photo via imdb

ဒီဇာတ်ကားကတော့ ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.4) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Miguel ဆိုတဲ့ ကောင်လေးဟာ သူ့ရဲ့မိသားစုက ဂီတနဲ့ပတ်သက်တာတွေကို ပိတ်ပင်ထားပေမယ့်လည်း သူဟာ နာမည်ကြီး ဂီတပညာရှင်တစ်ယောက် ဖြစ်လာဖို့အတွက် အိပ်မက်ရှိသူပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ဝိဉာဉ်တွေ နေထိုင်တဲ့နေရာကို ရောက်ရှိသွားပြီး စွန့်စားခန်းတွေကို ကျော်ဖြတ်ရပါတော့တယ်။ ဒီဇာတ်ကားကတော့ အော်စကာဆု (၂)ဆု ရရှိထားပါတယ်။

(1) Django Unchained
photo via imdb

ဒီဇာတ်ကားကတော့ ၂၀၁၂ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (8.4) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Django ဆိုတဲ့ ကျွန်တစ်ယောက်ဟာ လွတ်မြောက်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ ကြေးစားတစ်ယောက်နဲ့ ပူးပေါင်းပြီးတော့ ဖမ်းခံထားရတဲ့ သူ့ရဲ့အမျိူးသမီးကို ကယ်တင်ဖို့အတွက် ကြိုးစားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Leonardo Dicaprio ၊ Jamie Foxx နဲ့ Samuel L. Jackson တို့က အဓိက ပါဝင်ထားပါတယ်။ ဒီဇာတ်ကားဟာ အော်စကာ(၂)နှစ်ဆု ရရှိထားပါတယ်။

ဒါကတော့ ပြီးခဲ့တဲ့ ဆယ်နှစ်တာကာလအတွင်း ထွက်ရှိခဲ့တဲ့ ဇာတ်ကားပေါင်းများစွာထဲက ဇာတ်ကားကောင်း(၁၀)ကား ဖြစ်ပါတယ်။ ဘယ်ဇာတ်ကားတွေက စာဖတ်သူတို့ရဲ့ အကြိုက် ဖြစ်လည်းဆိုတာ ပြောပြခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

႐ုပ္ရွင္ဇာတ္ကားေတြဟာ ပုံမွန္ဆိုရင္ တစ္ႏွစ္အတြင္းမွာေတာင္ ကားေပါင္းမ်ားစြာ ထြက္ရွိေလ့ ရွိၾကပါတယ္။ အခုႏွစ္ကေတာ့ ကိုဗစ္ေၾကာင့္ ႐ုပ္ရွင္ေတြအမ်ားစုဟာ ေႏွာင့္ေႏွးၾကန႔္ၾကာကုန္ၿပီး ရက္ေတြေ႐ႊ႕ကုန္ၾကရတာ ျဖစ္ပါတယ္။ ပုံမွန္ဆိုရင္ တစ္ႏွစ္အတြင္းမွာ ႐ုပ္ရွင္ကားေပါင္းမ်ားစြာ ထြက္ရွိၾကေပမယ့္ ထြက္လာတဲ့ကားတိုင္းကေတာ့ ၾကည့္ေကာင္းေနတာ မဟုတ္ပါဘူး။ အေရအတြက္နဲ႔ အရည္အေသြးကို ယွဥ္လိုက္ရင္ေတာ့ အရည္အေသြးက အၿမဲတမ္း နည္းစၿမဲမို႔ လြန္ခဲ့တဲ့ ဆယ္ႏွစ္တာကာလအတြင္းမွာ ထြက္ရွိထားတဲ့ ဇာတ္ကားေပါင္းမ်ားစြာထဲက ကားေကာင္း(၁၀)ကားကို ေဖာ္ျပေပးလိုက္ပါတယ္။

(10) Mother  of George
photo via imdb

ဒီဇာတ္ကားကေတာ့ ၂၀၁၃ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (6.4) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Ayodele နဲ႔ Adenike တို႔ႏွစ္ေယာက္ဟာ မဂၤလာေဆာင္ၿပီးေတာ့ ဘဝအသစ္စခဲ့ၾကပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ အခ်ိန္အေတာ္ၾကာ ကေလးမရေသးတာေၾကာင့္ သူတို႔ရဲ႕ဓေလ့ထုံးတမ္းနဲ႔ ပတ္သက္ၿပီး ျပႆနာတစ္ခု ျဖစ္လာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Adenike ဟာ သူ႔ရဲ႕အိမ္ေထာင္ေရးကို ထိန္းသိမ္းဖို႔အတြက္ စြန႔္စားရမယ့္ ဆုံးျဖတ္ခ်က္တစ္ခုကို ခ်ခဲ့ပါတယ္။

(9) The Shape of water
photo via imdb

ဒီဇာတ္ကားကေတာ့ ၂၀၁၇ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (7.3) ရရွိထားပါတယ္။ ဇာတ္လမ္းကိုေတာ့ ၁၉၆၀ခုႏွစ္ ဝန္းက်င္ေလာက္မွာ ဇာတ္အိမ္တည္ထားပါတယ္။ ဇာတ္လမ္းကေတာ့ အလြန္ လွ်ိဳ႕ဝွက္တဲ့ အေဆာက္အဦးတစ္ခုမွာ ထူးဆန္းတဲ့ ေရေနသတၱဝါတစ္ေကာင္ကို ဖမ္းထားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ အဲ့ဒီအေဆာက္အဉီးမွာရွိတဲ့ ဝန္ထမ္း အမ်ိဳးသမီးတစ္ေယာက္နဲ႔ အဲဒီသတၱဝါႀကီးရဲ႕ၾကားထဲမွာ မျမင္ရတဲ့ႀကိဳးနဲ႔ ခ်ည္ေႏွာင္မႈေတြ ရွိလာပါေတာ့တယ္။ Sally Hawkins နဲ႔ Doug Jones တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၿပီးေတာ့ ေအာ္စကာဆု (၄)ဆုလည္း ရရွိထားပါေသးတယ္။

(8) Onward
photo via imdb

ဒီဇာတ္ကားကေတာ့ ၂၀၂၀ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (7.4) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Ian နဲ႔ Barley တို႔ ညီအစ္ကိုႏွစ္ေယာက္ဟာ သူတို႔ရဲ႕ ကြယ္လြန္သြားတဲ့ ဖခင္နဲ႔ ေနာက္ထပ္တစ္ရက္ေလာက္ အတူေနႏိုင္ဖို႔အတြက္ အခက္အခဲေတြ အမ်ားႀကီးကို ရင္ဆိုင္ဖို႔ စြန႔္စားခန္းထြက္လာခဲ့ၾကပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ရဲ႕အေမကလည္း ကေလးေတြ ေပ်ာက္ေနတာကို သိသြားတဲ့အခ်ိန္မွာ သူမရဲ႕သားေတြကို ျပန္ေခၚဖို႔အတြက္ အဲ့ဒီစြန႔္စားခန္းေနာက္ကို လိုက္လာခဲ့ပါတယ္။ Tom Holland နဲ႔ Chris Pratt တို႔က အဓိက ဇာတ္ေကာင္ေတြေနရာမွာ အသံသ႐ုပ္ေဆာင္ထားပါတယ္။

(7) A Star is Born
photo via imdb

ဒီဇာတ္ကားကေတာ့ ၂၀၁၈ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (7.7) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ဂီတပညာရွင္တစ္ေယာက္သူ Jackson ဟာ အဆိုေတာ္ ျဖစ္ခ်င္တဲ့ Ally နဲ႔ ခ်စ္ႀကိဳက္မိသြားရာက စတင္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Jackson ဟာ Ally ရဲ႕ အိပ္မက္ေတြ တကယ္ျဖစ္လာဖို႔အတြက္ ကူညီေပးခဲ့တဲ့အျပင္ သူမရဲ႕ဘဝမွာရွိတဲ့ အခက္အခဲေတြကိုလည္း ေျဖရွင္းေပးခဲ့ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Bradley Cooper နဲ႔ Lady Gaga တို႔က အဓိက ပါဝင္ထားပါတယ္။ ဒါ့အျပင္ ေအာ္စကာဆုတစ္ဆုလည္း ရရွိခဲ့ပါေသးတယ္။

(6) Arrival
photo via imdb

ဒီဇာတ္ကားကေတာ့ ၂၀၁၆ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (7.9) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ကမာၻရဲ႕ေနရာအႏွံ႔အျပားမွာ ထူးဆန္းတဲ့ အာကာသယာဥ္ပ်ံႀကီး (၁၂)စီး ေပၚလာတာေၾကာင့္ ဘာသာေဗဒ ကြၽမ္းက်င္သူ ပါရဂူတစ္ေယာက္ဟာ စစ္တပ္နဲ႔အတူတြဲၿပီး အလုပ္လုပ္ရပါေတာ့တယ္။ အဲ့ဒီေနာက္မွာေတာ့ သူမဟာ ၿဂိဳဟ္သားေတြက ဘာကိုေျပာခ်င္ေနတာလည္း၊ ဘာရည္႐ြယ္ခ်က္နဲ႔ ကမာၻေျမကို လာခဲ့တာလည္းဆိုတာကို ရွာေဖြရမွာ ျဖစ္ၿပီးေတာ့ စိတ္ဝင္တစားနဲ႔ ၾကည့္ရႈရမယ့္ဇာတ္လမ္း ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Jeremy Renner နဲ႔ Amy Adams တို႔က အဓိက ပါဝင္ထားပါတယ္။ ဒီဇာတ္ကားဟာလည္း ေအာ္စကာဆုတစ္ဆု ရရွိထားပါတယ္။

(5) Her
photo via imdb

ဒီဇာတ္ကားကလည္း ၂၀၁၃ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (8.0) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ တစ္ေယာက္တည္း ေနရတာကို သေဘာက်တဲ့ စာေရးဆရာတစ္ေယာက္ဟာ သူစာေရးတဲ့အခ်ိန္မွာ ကူညီေပးဖို႔အတြက္ A.I ဉာဏ္ရည္တု စနစ္တစ္ခုကို ဝယ္ယူခဲ့ပါတယ္။ ဒါ့အျပင္ အဲ့ဒီ A.I စနစ္ဟာ တစ္ျခားအရာေတြကိုလည္း သင္ယူႏိုင္ၿပီးေတာ့ ေျပာင္းလဲႏိုင္စြမ္းရွိမွန္းကို သိသြားတဲ့အခ်ိန္မွာေတာ့ သူဟာ တျဖည္းျဖည္းနဲ႔ အဲ့ဒီ A.I ကို ခ်စ္ႀကိဳက္မိသြားပါေတာ့တယ္။ Joaquin Phoenix ၊ Scarlett Johansson နဲ႔ Amy Adams တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္ကားကလည္း ေအာ္စကာဆုတစ္ခု ရရွိထားပါတယ္။

(4) Inside Out
photo via imdb

ဒီဇာတ္ကားကေတာ့ ၂၀၁၅ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.1) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ (၁၁)ႏွစ္အ႐ြယ္ ေကာင္မေလး Riley ဟာ သူမရဲ႕မိသားစုနဲ႔အတူ San Francisco ကို ေျပာင္းေ႐ႊ႕လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူမနဲ႔ သူမရဲ႕ စိတ္ခံစားခ်က္ေတြဟာ ပတ္ဝန္းက်င္အသစ္မွာ ဘဝအသစ္စဖို႔အတြက္ ႐ုန္းကန္ရပါေတာ့တယ္။ ဒီ animated movie ေလးကလည္း ေအာ္စကာဆုတစ္ဆု ရရွိထားပါေသးတယ္။

(3) The Wolf of Wall Street
photo via imdb

ဒီဇာတ္ကားကလည္း ၂၀၁၃ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (8.2) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Jordan Belfort ရဲ႕ ျဖစ္ရပ္မွန္ကို ျပန္လည္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Jordan Belfort နဲ႔ Donnie Azoff တို႔ႏွစ္ေယာက္ ပူးေပါင္းၿပီး စေတာ့ရွယ္ယာေဈးကြက္ကို ကစားကာ ခ်မ္းသာလာေအာင္ ႀကိဳးစားၾကတဲ့အေၾကာင္း ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Leonardo Dicaprio ၊ Jonah Hill နဲ႔ Margot Robbie တို႔က အဓိက ပါဝင္ထားၾကပါတယ္။ ဒီဇာတ္ကားဟာ ေအာ္စကာဆု(၅)ဆုအတြက္လည္း စံကာတင္စာရင္း ဝင္ခဲ့ပါေသးတယ္။

(2) Coco
photo via imdb

ဒီဇာတ္ကားကေတာ့ ၂၀၁၇ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (8.4) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Miguel ဆိုတဲ့ ေကာင္ေလးဟာ သူ႔ရဲ႕မိသားစုက ဂီတနဲ႔ပတ္သက္တာေတြကို ပိတ္ပင္ထားေပမယ့္လည္း သူဟာ နာမည္ႀကီး ဂီတပညာရွင္တစ္ေယာက္ ျဖစ္လာဖို႔အတြက္ အိပ္မက္ရွိသူပဲ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ မေတာ္တဆျဖစ္ရပ္တစ္ခုေၾကာင့္ ဝိဉာဥ္ေတြ ေနထိုင္တဲ့ေနရာကို ေရာက္ရွိသြားၿပီး စြန႔္စားခန္းေတြကို ေက်ာ္ျဖတ္ရပါေတာ့တယ္။ ဒီဇာတ္ကားကေတာ့ ေအာ္စကာဆု (၂)ဆု ရရွိထားပါတယ္။

(1) Django Unchained
photo via imdb

ဒီဇာတ္ကားကေတာ့ ၂၀၁၂ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (8.4) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Django ဆိုတဲ့ ကြၽန္တစ္ေယာက္ဟာ လြတ္ေျမာက္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ ေၾကးစားတစ္ေယာက္နဲ႔ ပူးေပါင္းၿပီးေတာ့ ဖမ္းခံထားရတဲ့ သူ႔ရဲ႕အမ်ိဴးသမီးကို ကယ္တင္ဖို႔အတြက္ ႀကိဳးစားပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Leonardo Dicaprio ၊ Jamie Foxx နဲ႔ Samuel L. Jackson တို႔က အဓိက ပါဝင္ထားပါတယ္။ ဒီဇာတ္ကားဟာ ေအာ္စကာ(၂)ႏွစ္ဆု ရရွိထားပါတယ္။

ဒါကေတာ့ ၿပီးခဲ့တဲ့ ဆယ္ႏွစ္တာကာလအတြင္း ထြက္ရွိခဲ့တဲ့ ဇာတ္ကားေပါင္းမ်ားစြာထဲက ဇာတ္ကားေကာင္း(၁၀)ကား ျဖစ္ပါတယ္။ ဘယ္ဇာတ္ကားေတြက စာဖတ္သူတို႔ရဲ႕ အႀကိဳက္ ျဖစ္လည္းဆိုတာ ေျပာျပခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular