HomeEntertainmentFilmဒီဇင်ဘာ (၂) ရက်နေ့မှာ ရိုက်ကူးရေး စတင်သွားမယ့် Hawkeye ဇာတ်လမ်းတွဲ

ဒီဇင်ဘာ (၂) ရက်နေ့မှာ ရိုက်ကူးရေး စတင်သွားမယ့် Hawkeye ဇာတ်လမ်းတွဲ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Disney+ က ပြသသွားမယ့် Hawkeye ဇာတ်လမ်းတွဲဟာ ဒီဇင်ဘာ (၂) ရက်နေ့မှာ စတင်ပြီးတော့  Brooklyn မြို့မှာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ်ထဲမှာ MCU Phase 4 ဟာ စတင်လာမှာ ဖြစ်ပြီး ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေလည်း ဆက်တိုက်ထွက်လာမှာ ဖြစ်ပါတယ်။ Hawkeye ဇာတ်လမ်းတွဲဟာလည်း Phase 4 ထဲမှာ ပါဝင်ပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲထဲမှာတော့ Jeremy Renner က အဓိကပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပြီးတော့ Clint ဟာ Kate Bishop ကို သူ့ရဲ့နေရာမှာ အစားထိုးဖို့အတွက် လေ့ကျင့်ပေးတာကို တွေ့ရမှာ ဖြစ်ပါတယ်။

photo via screenrant

အစတုန်းကတော့ Hawkeye ဇာတ်လမ်းတွဲဟာ ၂၀၂၁ ခုနှစ်ထဲမှာ Disney+ ကနေ ပြသသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒါကတော့ ကိုရိုနာကြောင့် ရုပ်ရှင်တွေအကုန်လုံး မနှောင့်နှေးခင် အချိန်တုန်းက ဖြစ်ပါတယ်။ ဒါ့အပြင် အစတုန်းကတော့ ဒီဇာတ်လမ်းတွဲကို ၂၀၂၀ ခုနှစ်ရဲ့ နွေရာသီမှာ စတင်ရိုက်ကူးဖို့ စီစဉ်ခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုပ်ရှင်တွေအများစုဟာ နှောင့်နှေးကုန်ပြီး အဲ့ဒီအချိန်ကနေ စပြီးတော့ ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီးတော့ ဘာသတင်းမှ မကြားခဲ့ရပါဘူး။ ဒါပေမယ့်လည်း သိပ်မကြာခင်တုန်းကတော့ Jeremy Renner ဟာ ဒီဇာတ်လမ်းတွဲအတွက် လေ့ကျင့်ခန်းတွေ စတင်ပြုလုပ်နေပြီ ဆိုပြီးတော့ ရိုက်ကူးရေးစတော့မယ့် အကြောင်းကို အရိပ်အမြွက် ပြောပြခဲ့ပါတယ်။

အခုချိန်မှာတော့ Hawkeye ဇာတ်လမ်းတွဲဟာ နောက်တစ်ပတ်မှာ စတင်ရိုက်ကူးတော့မယ် ဆိုတာကို အတည်ပြုပေးနိုင်တဲ့ သက်သေတစ်ခုကို တွေ့ခဲ့ရပါတယ်။ အဲ့ဒါကတော့ Verge သတင်းဌာနရဲ့ editor ဖြစ်သူ Chris Welch ဟာ ဒီဇင်ဘာ (၂) ရက်နေ့မှာ Brooklyn မြို့တွင်းမှာ ရိုက်ကူးရေး ပြုလုပ်သွားဖို့ရှိတာကြောင့် အဲ့ဒီနေရာအတွင်းမှာ နေထိုင်သူတွေရဲ့ ကားတွေ ၊ ဆိုင်ကယ်တွေကို အန္တရာယ်မဖြစ်အောင် ရွေ့ပြောင်းဖို့အတွက် တောင်းဆိုထားတဲ့ စာကို တွစ်တာပေါ်မှာ တင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို ရိုက်ကူးသွားမယ့် နေရာတွေကတော့ Brooklyn ၊ Atlanta နဲ့ Georgia တို့မှာ အဓိက ရိုက်ကူးသွားမယ်လို့လည်း သိရပါတယ်။

photo via screenrant

ဒါ့အပြင် Ms. Marvel ဇာတ်လမ်းတွဲကလည်း ရိုက်ကူးရေးစပြီး တစ်ပတ်အကြာမှာတင် ရိုက်ကွင်းပေါ်က ဓာတ်ပုံအချို့ ပြန့်နှံ့လာခဲ့ပါတယ်။ Loki ဇာတ်လမ်းတွဲရဲ့ ရိုက်ကူးရေးကလည်း ပြီးခါနီးနေပြီ ဖြစ်ပြီး ဒီဇင်ဘာ (၂) ရက်နေ့ဆိုရင် Hawkeye ဇာတ်လမ်းတွဲရဲ့ ရိုက်ကူးရေးလည်း စတင်ပြီ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ Marvel ဟာ လောလောဆယ်မှာတင် ရိုက်ကူးနေဆဲ ဇာတ်လမ်းတွဲသုံးခု ရှိပြီးတော့ The Falcon And The Winter Solider နဲ့ WandaVision ကလည်း ရိုက်ကူးရေး ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Spider-Man 3 နဲ့ Doctor Strange in the Multiverse of Madness တို့ကလည်း ရိုက်ကူးရေး စတင်နေပြီ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ၂၀၂၁ ခုနှစ်ထဲမှာတော့ ဇာတ်လမ်းကောင်းတွေအများကြီးကို ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Disney+ က ျပသသြားမယ့္ Hawkeye ဇာတ္လမ္းတြဲဟာ ဒီဇင္ဘာ (၂) ရက္ေန႔မွာ စတင္ၿပီးေတာ့  Brooklyn ၿမိဳ႕မွာ ႐ိုက္ကူးသြားမယ္လို႔ သိရပါတယ္။ ၂၀၂၁ ခုႏွစ္ထဲမွာ MCU Phase 4 ဟာ စတင္လာမွာ ျဖစ္ၿပီး ႐ုပ္ရွင္ေတြနဲ႔ ဇာတ္လမ္းတြဲေတြလည္း ဆက္တိုက္ထြက္လာမွာ ျဖစ္ပါတယ္။ Hawkeye ဇာတ္လမ္းတြဲဟာလည္း Phase 4 ထဲမွာ ပါဝင္ပါတယ္။ အဲ့ဒီဇာတ္လမ္းတြဲထဲမွာေတာ့ Jeremy Renner က အဓိကပါဝင္သ႐ုပ္ေဆာင္သြားမွာ ျဖစ္ၿပီးေတာ့ Clint ဟာ Kate Bishop ကို သူ႔ရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ ေလ့က်င့္ေပးတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

photo via screenrant

အစတုန္းကေတာ့ Hawkeye ဇာတ္လမ္းတြဲဟာ ၂၀၂၁ ခုႏွစ္ထဲမွာ Disney+ ကေန ျပသသြားမယ္လို႔ ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒါကေတာ့ ကို႐ိုနာေၾကာင့္ ႐ုပ္ရွင္ေတြအကုန္လုံး မေႏွာင့္ေႏွးခင္ အခ်ိန္တုန္းက ျဖစ္ပါတယ္။ ဒါ့အျပင္ အစတုန္းကေတာ့ ဒီဇာတ္လမ္းတြဲကို ၂၀၂၀ ခုႏွစ္ရဲ႕ ေႏြရာသီမွာ စတင္႐ိုက္ကူးဖို႔ စီစဥ္ခဲ့ပါေသးတယ္။ အဲ့ဒီေနာက္မွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ႐ုပ္ရွင္ေတြအမ်ားစုဟာ ေႏွာင့္ေႏွးကုန္ၿပီး အဲ့ဒီအခ်ိန္ကေန စၿပီးေတာ့ ဒီဇာတ္လမ္းတြဲနဲ႔ ပတ္သက္ၿပီးေတာ့ ဘာသတင္းမွ မၾကားခဲ့ရပါဘူး။ ဒါေပမယ့္လည္း သိပ္မၾကာခင္တုန္းကေတာ့ Jeremy Renner ဟာ ဒီဇာတ္လမ္းတြဲအတြက္ ေလ့က်င့္ခန္းေတြ စတင္ျပဳလုပ္ေနၿပီ ဆိုၿပီးေတာ့ ႐ိုက္ကူးေရးစေတာ့မယ့္ အေၾကာင္းကို အရိပ္အႁမြက္ ေျပာျပခဲ့ပါတယ္။

အခုခ်ိန္မွာေတာ့ Hawkeye ဇာတ္လမ္းတြဲဟာ ေနာက္တစ္ပတ္မွာ စတင္႐ိုက္ကူးေတာ့မယ္ ဆိုတာကို အတည္ျပဳေပးႏိုင္တဲ့ သက္ေသတစ္ခုကို ေတြ႕ခဲ့ရပါတယ္။ အဲ့ဒါကေတာ့ Verge သတင္းဌာနရဲ႕ editor ျဖစ္သူ Chris Welch ဟာ ဒီဇင္ဘာ (၂) ရက္ေန႔မွာ Brooklyn ၿမိဳ႕တြင္းမွာ ႐ိုက္ကူးေရး ျပဳလုပ္သြားဖို႔ရွိတာေၾကာင့္ အဲ့ဒီေနရာအတြင္းမွာ ေနထိုင္သူေတြရဲ႕ ကားေတြ ၊ ဆိုင္ကယ္ေတြကို အႏၲရာယ္မျဖစ္ေအာင္ ေ႐ြ႕ေျပာင္းဖို႔အတြက္ ေတာင္းဆိုထားတဲ့ စာကို တြစ္တာေပၚမွာ တင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲကို ႐ိုက္ကူးသြားမယ့္ ေနရာေတြကေတာ့ Brooklyn ၊ Atlanta နဲ႔ Georgia တို႔မွာ အဓိက ႐ိုက္ကူးသြားမယ္လို႔လည္း သိရပါတယ္။

photo via screenrant

ဒါ့အျပင္ Ms. Marvel ဇာတ္လမ္းတြဲကလည္း ႐ိုက္ကူးေရးစၿပီး တစ္ပတ္အၾကာမွာတင္ ႐ိုက္ကြင္းေပၚက ဓာတ္ပုံအခ်ိဳ႕ ျပန႔္ႏွံ႔လာခဲ့ပါတယ္။ Loki ဇာတ္လမ္းတြဲရဲ႕ ႐ိုက္ကူးေရးကလည္း ၿပီးခါနီးေနၿပီ ျဖစ္ၿပီး ဒီဇင္ဘာ (၂) ရက္ေန႔ဆိုရင္ Hawkeye ဇာတ္လမ္းတြဲရဲ႕ ႐ိုက္ကူးေရးလည္း စတင္ၿပီ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Marvel ဟာ ေလာေလာဆယ္မွာတင္ ႐ိုက္ကူးေနဆဲ ဇာတ္လမ္းတြဲသုံးခု ရွိၿပီးေတာ့ The Falcon And The Winter Solider နဲ႔ WandaVision ကလည္း ႐ိုက္ကူးေရး ၿပီးဆုံးသြားၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ Spider-Man 3 နဲ႔ Doctor Strange in the Multiverse of Madness တို႔ကလည္း ႐ိုက္ကူးေရး စတင္ေနၿပီ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ၂၀၂၁ ခုႏွစ္ထဲမွာေတာ့ ဇာတ္လမ္းေကာင္းေတြအမ်ားႀကီးကို ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular