HomeCelebs Update NewsInternational2019 ဇူလိုင္လ ဒုတိယပတ္အတြက္ အသစ္ထြက္ သီခ်င္းေကာင္းမ်ား

2019 ဇူလိုင္လ ဒုတိယပတ္အတြက္ အသစ္ထြက္ သီခ်င္းေကာင္းမ်ား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ဘာလိုလိုနဲ႔ ဇူလိုင္လရဲ႕ ဒုတိယပတ္ကေတာ့ ၿပီးဆုံးသြားျပန္ပါၿပီ။ ထုံးစံအတိုင္းပဲ ေတးခ်စ္သူတို႔အတြက္ ၿပီးခဲ့တဲ့ဒုတိယပတ္အတြင္း ထြက္ရိွထားတဲ့ ႏိုင္ငံတကာသီခ်င္းေတြထဲက ေကာင္းႏိုးရာရာ အသစ္စက္စက္ေလးေတြကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

Bad Guy (Billie Eilish with Justin Bieber) [Audio]

Bad Guy ဟာ Billie Eilish ရဲ႕ ဟစ္ျဖစ္တဲ့သီခ်င္းေတြထဲက တစ္ပုဒ္ပါ။ ဒီသီခ်င္းရဲ႕ မူလ original version ဟာ လြန္ခဲ့တဲ့သုံးလေလာက္က ထြက္ရိွခဲ့ၿပီးသားပါ။ သို႔ေပမယ့္ Justin Bieber ရဲ႕ အမာခံပရိသတ္တစ္ေယာက္ျဖစ္ၿပီး ငယ္စဥ္ကတည္းက JB ကို ရူးခဲ့ရတဲ့ Billie Eilish ဟာ သူမရဲ႕ဟစ္သီခ်င္း Bad Guy ကို အခုလိုပဲ JB နဲ႔ေပါင္းၿပီး ဗားရွင္းအသစ္ ထပ္မံထုတ္လႊင့္လိုက္တာ ျဖစ္ပါတယ္။ ဇူလိုင္လ (၁၁)ရက္ေန႔က သူမရဲ႕ YouTube Channel မွာ ထုတ္လႊင့္ခဲ့တာျဖစ္ၿပီး လက္ရိွမွာ နားဆင္သူေပါင္း (၁၉)သန္းေက်ာ္ ရိွေနပါၿပီ။ ဒီသီခ်င္းထဲမွာ JB သီဆိုထားတဲ့ သီခ်င္းအပိုဒ္တစ္ပုိဒ္ ထပ္မံပါ၀င္လာတာ ျဖစ္ပါတယ္။ ေအာက္က ဗီြဒီယိုကလစ္ေလးမွာ တိုက္ရိုက္နားဆင္ႏိုင္ပါတယ္။

Candy (Machine Gun Kelly Featuring Trippie Redd)

Candy လို႔ အမည္ရတဲ့ ဒီသီခ်င္းဟာ MGK ရဲ႕ “Hotel Diablo” အယ္လ္ဘမ္ထဲက (၁၁)ပုဒ္ေျမာက္ သီခ်င္းျဖစ္ပါတယ္။ သီခ်င္းအေၾကာင္းအရာကေတာ့ ေက်ာ္ၾကားမႈရဲ႕ ဖိအားေတြေၾကာင့္ သူ ေဆးစြဲလာရတဲ့အေၾကာင္းကို သီဆိုထားတာပါ။ Candy ဆိုတာဟာ ကိုကင္းလို မူးယစ္ေဆး၀ါးေတြကို နာမည္၀ွက္နဲ႔ေခၚတဲ့ ဗန္းစကားျဖစ္ပါတယ္။ ဇူလိုင္လ (၉)ရက္ေန႔က ထြက္ရိွထားတာျဖစ္ၿပီး လက္ရိွမွာ ၾကည့္ရႈနားဆင္သူေပါင္း (၆)သန္းေက်ာ္ ရိွေနပါၿပီ။

Antisocial (Ed Sheeran Featuring Travis Scott)

Antisocial ဆိုတဲ့ သီခ်င္းေခါင္းစဥ္အတိုင္း ေက်ာ္ၾကားမႈေတြ ရိွေနေပမယ့္ လူၾကားထဲမွာ မေပ်ာ္ပိုက္တဲ့ လူေနမႈပုံစံနဲ႔ တစ္ကိုယ္ရည္ဘ၀ကို လူထုေရွ႕ခ်ျပရတာမ်ိဳးကို မႀကိဳက္တဲ့အေၾကာင္း သီဆိုထားတာ ျဖစ္ပါတယ္။ ဒီသီခ်င္းဟာ Ed နဲ႔ Travis တို႔ႏွစ္ေယာက္ ဆုံၿပီး ဖန္တီးထားတဲ့ ပထမဆုံးသီခ်င္းလည္း ျဖစ္ပါတယ္။ ဇူလိုင္လ(၁၂)ရက္ေန႔ကမွ တရား၀င္ထြက္ရိွတာျဖစ္ေပမယ့္ အေရွ႕ပိုင္းမွာ Don’t Touch Me ဆိုတဲ့ နာမည္နဲ႔ တရားမ၀င္ ေပါက္ၾကားၿပီး ပ်ံ႕ႏွံ႔မႈေတြ ရိွခဲ့ပါေသးတယ္။ လက္ရိွမွာ ၾကည့္ရႈနားဆင္သူေပါင္း (၇.၇)သန္း ရိွေနပါၿပီ။

Lightskin Lil Wayne (Tyga)

ဒီသီခ်င္းဟာ Tyga ရဲ႕ Legendary အယ္လ္ဘမ္ထဲက ႏွစ္ပုဒ္ေျမာက္ သီခ်င္းျဖစ္ပါတယ္။ ဇူလိုင္လ (၈)ရက္ေန႔က ထြက္ရိွထားတာျဖစ္ၿပီး လက္ရိွမွာ ၾကည့္ရႈနားဆင္သူေပါင္း (၁၂)သန္းေက်ာ္ ရိွေနပါၿပီ။

Can You Feel The Love Tonight (Beyoncé, Donald Glover, Billy Eichner, Seth Rogen) [Original Soundtrack, Audio Only]

Disney က Live Action အျဖစ္ ျပန္လည္ရိုက္ကူးထားၿပီး မၾကာခင္မွာ ရုံတင္ျပသေတာ့မယ့္ Lion King ဇာတ္ကားထဲက ဇာတ္၀င္သီခ်င္း ျဖစ္ပါတယ္။ ဇူလိုင္လ (၁၁)ရက္ေန႔က Disney Music Vevo ရဲ႕ official channel မွာ ထုတ္လႊင့္ထားတာျဖစ္ၿပီး လက္ရိွမွာ နားဆင္သူေပါင္း (၁.၈)သန္းေက်ာ္ ရိွေနပါၿပီ။

South of the Border (Ed Sheeran Featuring Camila Cabello & Cardi B) [Official Lyrics Video]

ဒီသီခ်င္းေလးဟာ Ed ၊ Camila နဲ႔ Cardi တို႔ သုံးေယာက္ ပထမဆုံးေပါင္းလုပ္ဖူးတဲ့ သီခ်င္းျဖစ္ပါတယ္။ သီခ်င္းအေၾကာင္းအရာကေတာ့ သူတို႔ရဲ႕ခ်စ္ရသူေတြကို ယူအက္စ္ကေန ထြက္ခြာၿပီး အရိုင္းဆန္တဲ့ အလွတရားေတြရိွရာကို အတူလိုက္ခဲ့ၿပီး အပန္းေျဖခရီးထြက္ဖို႔ ေခၚထားတာပါ။ Camila ရဲ႕ ညိဳ႕အားျပင္းတဲ့ အသံနဲ႔ စပိန္လိုဆိုထားတဲ့ အပိုဒ္ေလးကလည္း ဒီသီခ်င္းရဲ႕ ဆြဲေဆာင္မႈတစ္ခုပါ။ မတူညီတဲ့ သုံးေယာက္ ေပါင္းစပ္ထားတာျဖစ္လို႔ ထူးျခားတဲ့ ရသကို ေပးစြမ္းပါလိမ့္မယ္။ ဇူလိုင္လ(၁၁)ရက္ေန႔က ထြက္ရိွထားတာျဖစ္ၿပီး လက္ရိွမွာ (၅.၃)သန္းေက်ာ္ ၾကည့္ရႈနားဆင္ၿပီး ျဖစ္ပါတယ္။

Time (NF)

ဒီသီခ်င္းဟာ NF ရဲ႕ အယ္လ္ဘမ္အသစ္ျဖစ္တဲ့ “The Search” ထဲက ေလးပုဒ္ေျမာက္နဲ႔ ေနာက္ဆုံးဆင္ဂယ္လ္သီခ်င္းလည္း ျဖစ္ပါတယ္။ သီခ်င္းအေၾကာင္းအရာကေတာ့ Relationship တစ္ခုရဲ႕ အဆုံးသတ္အေၾကာင္းကို သီဆိုထားတာပါ။ ခ်စ္သူႏွစ္ေယာက္ၾကားမွာ ဘယ္ေလာက္ပဲ ပဋိပကၡေတြနဲ႔ ရန္သတ္ေနရေစကာမူ တကယ္သာ ဖူးစာဖက္မွန္ရင္ အခ်ိန္က ကုစားသြားမယ္ဆိုတာကို သီခ်င္းထဲမွာ ေျပာထားပါတယ္။ ဇူလိုင္လ (၁၁)ရက္ေန႔က ထြက္ရိွထားတာျဖစ္ၿပီး လက္ရိွမွာ လူေပါင္း(၄)သန္းေက်ာ္ ၾကည့္ရႈနားဆင္ထားၿပီး ျဖစ္ပါတယ္။

UN Village (Baekhyun)

EXO အဖြဲ႕၀င္ Baekhyun ရဲ႕ ပထမဆုံး mini solo အယ္လ္ဘမ္ “City Lights” ထဲက သီခ်င္းေလး ျဖစ္ပါတယ္။ သီခ်င္းအေၾကာင္းအရာေလးကေတာ့ ဇိမ္က်လြန္းတဲ့ UN Village ရဲ႕အေနာက္ဘက္က လွပတဲ့ညျမင္ကြင္းေတြကို တစ္စုံတစ္ေယာက္ကို ေခၚျပမယ္ဆိုတဲ့ အဓိပၸာယ္ေလးပါ။ ဇူလိုင္လ (၁၀)ရက္ေန႔က ထြက္ရိွထားတာျဖစ္ၿပီး လက္ရိွမွာ ၾကည့္ရႈနားဆင္သူေပါင္း (၆.၄)သန္းေက်ာ္ ရိွေနပါၿပီ။

We Don’t Talk Together (Heize Featuring Giriboy) [Producer SUGA]

ဒီသီခ်င္းေလးဟာ Heize ရဲ႕ ဒစ္ဂ်စ္တယ္ဆင္ဂယ္လ္ျဖစ္ၿပီး ဇူလိုင္လ(၇)ရက္ေန႔က ထြက္ရိွထားတာျဖစ္ပါတယ္။ Giriboy က Featuring သီဆိုေပးထားၿပီး သီခ်င္းရဲ႕ထုတ္လုပ္သူကေတာ့ BTS အဖြဲ႕၀င္ SUGA ျဖစ္ပါတယ္။ ဒါ့အျပင္ သီခ်င္းရဲ႕စာသားကို ေရးစပ္ရာမွာလည္း Heize ၊ Giriboy တို႔နဲ႔အတူ SUGA ကလည္း ပါ၀င္ထားတယ္လို႔ သိရပါတယ္။ လက္ရိွမွာ ၾကည့္ရႈနားဆင္သူေပါင္း (၄.၇)သန္းေက်ာ္ ရိွေနပါၿပီ။

ဒါကေတာ့ ၿပီးခဲ့တဲ့ ဇူလိုင္လ ဒုတိယပတ္အတြက္ ေကာင္းႏိုးရာရာ သီခ်င္းသစ္ေလးေတြပါ။ စာရႈသူတို႔ရဲ႕ အႀကိဳက္နဲ႔ ကိုက္ညီမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

Xei

(Unicode Version)

ဘာလိုလိုနဲ့ ဇူလိုင်လရဲ့ ဒုတိယပတ်ကတော့ ပြီးဆုံးသွားပြန်ပါပြီ။ ထုံးစံအတိုင်းပဲ တေးချစ်သူတို့အတွက် ပြီးခဲ့တဲ့ဒုတိယပတ်အတွင်း ထွက်ရှိထားတဲ့ နိုင်ငံတကာသီချင်းတွေထဲက ကောင်းနိုးရာရာ အသစ်စက်စက်လေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Bad Guy (Billie Eilish with Justin Bieber) [Audio]

Bad Guy ဟာ Billie Eilish ရဲ့ ဟစ်ဖြစ်တဲ့သီချင်းတွေထဲက တစ်ပုဒ်ပါ။ ဒီသီချင်းရဲ့ မူလ original version ဟာ လွန်ခဲ့တဲ့သုံးလလောက်က ထွက်ရှိခဲ့ပြီးသားပါ။ သို့ပေမယ့် Justin Bieber ရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး ငယ်စဉ်ကတည်းက JB ကို ရူးခဲ့ရတဲ့ Billie Eilish ဟာ သူမရဲ့ဟစ်သီချင်း Bad Guy ကို အခုလိုပဲ JB နဲ့ပေါင်းပြီး ဗားရှင်းအသစ် ထပ်မံထုတ်လွှင့်လိုက်တာ ဖြစ်ပါတယ်။ ဇူလိုင်လ (၁၁)ရက်နေ့က သူမရဲ့ YouTube Channel မှာ ထုတ်လွှင့်ခဲ့တာဖြစ်ပြီး လက်ရှိမှာ နားဆင်သူပေါင်း (၁၉)သန်းကျော် ရှိနေပါပြီ။ ဒီသီချင်းထဲမှာ JB သီဆိုထားတဲ့ သီချင်းအပိုဒ်တစ်ပိုဒ် ထပ်မံပါဝင်လာတာ ဖြစ်ပါတယ်။ အောက်က ဗွီဒီယိုကလစ်လေးမှာ တိုက်ရိုက်နားဆင်နိုင်ပါတယ်။

Candy (Machine Gun Kelly Featuring Trippie Redd)

Candy လို့ အမည်ရတဲ့ ဒီသီချင်းဟာ MGK ရဲ့ “Hotel Diablo” အယ်လ်ဘမ်ထဲက (၁၁)ပုဒ်မြောက် သီချင်းဖြစ်ပါတယ်။ သီချင်းအကြောင်းအရာကတော့ ကျော်ကြားမှုရဲ့ ဖိအားတွေကြောင့် သူ ဆေးစွဲလာရတဲ့အကြောင်းကို သီဆိုထားတာပါ။ Candy ဆိုတာဟာ ကိုကင်းလို မူးယစ်ဆေးဝါးတွေကို နာမည်ဝှက်နဲ့ခေါ်တဲ့ ဗန်းစကားဖြစ်ပါတယ်။ ဇူလိုင်လ (၉)ရက်နေ့က ထွက်ရှိထားတာဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၆)သန်းကျော် ရှိနေပါပြီ။

Antisocial (Ed Sheeran Featuring Travis Scott)

Antisocial ဆိုတဲ့ သီချင်းခေါင်းစဉ်အတိုင်း ကျော်ကြားမှုတွေ ရှိနေပေမယ့် လူကြားထဲမှာ မပျော်ပိုက်တဲ့ လူနေမှုပုံစံနဲ့ တစ်ကိုယ်ရည်ဘဝကို လူထုရှေ့ချပြရတာမျိုးကို မကြိုက်တဲ့အကြောင်း သီဆိုထားတာ ဖြစ်ပါတယ်။ ဒီသီချင်းဟာ Ed နဲ့ Travis တို့နှစ်ယောက် ဆုံပြီး ဖန်တီးထားတဲ့ ပထမဆုံးသီချင်းလည်း ဖြစ်ပါတယ်။ ဇူလိုင်လ(၁၂)ရက်နေ့ကမှ တရားဝင်ထွက်ရှိတာဖြစ်ပေမယ့် အရှေ့ပိုင်းမှာ Don’t Touch Me ဆိုတဲ့ နာမည်နဲ့ တရားမဝင် ပေါက်ကြားပြီး ပျံ့နှံ့မှုတွေ ရှိခဲ့ပါသေးတယ်။ လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၇.၇)သန်း ရှိနေပါပြီ။

Lightskin Lil Wayne (Tyga)

ဒီသီချင်းဟာ Tyga ရဲ့ Legendary အယ်လ်ဘမ်ထဲက နှစ်ပုဒ်မြောက် သီချင်းဖြစ်ပါတယ်။ ဇူလိုင်လ (၈)ရက်နေ့က ထွက်ရှိထားတာဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၁၂)သန်းကျော် ရှိနေပါပြီ။

Can You Feel The Love Tonight (Beyoncé, Donald Glover, Billy Eichner, Seth Rogen) [Original Soundtrack, Audio Only]

Disney က Live Action အဖြစ် ပြန်လည်ရိုက်ကူးထားပြီး မကြာခင်မှာ ရုံတင်ပြသတော့မယ့် Lion King ဇာတ်ကားထဲက ဇာတ်ဝင်သီချင်း ဖြစ်ပါတယ်။ ဇူလိုင်လ (၁၁)ရက်နေ့က Disney Music Vevo ရဲ့ official channel မှာ ထုတ်လွှင့်ထားတာဖြစ်ပြီး လက်ရှိမှာ နားဆင်သူပေါင်း (၁.၈)သန်းကျော် ရှိနေပါပြီ။

South of the Border (Ed Sheeran Featuring Camila Cabello & Cardi B) [Official Lyrics Video]

ဒီသီချင်းလေးဟာ Ed ၊ Camila နဲ့ Cardi တို့ သုံးယောက် ပထမဆုံးပေါင်းလုပ်ဖူးတဲ့ သီချင်းဖြစ်ပါတယ်။ သီချင်းအကြောင်းအရာကတော့ သူတို့ရဲ့ချစ်ရသူတွေကို ယူအက်စ်ကနေ ထွက်ခွာပြီး အရိုင်းဆန်တဲ့ အလှတရားတွေရှိရာကို အတူလိုက်ခဲ့ပြီး အပန်းဖြေခရီးထွက်ဖို့ ခေါ်ထားတာပါ။ Camila ရဲ့ ညို့အားပြင်းတဲ့ အသံနဲ့ စပိန်လိုဆိုထားတဲ့ အပိုဒ်လေးကလည်း ဒီသီချင်းရဲ့ ဆွဲဆောင်မှုတစ်ခုပါ။ မတူညီတဲ့ သုံးယောက် ပေါင်းစပ်ထားတာဖြစ်လို့ ထူးခြားတဲ့ ရသကို ပေးစွမ်းပါလိမ့်မယ်။ ဇူလိုင်လ(၁၁)ရက်နေ့က ထွက်ရှိထားတာဖြစ်ပြီး လက်ရှိမှာ (၅.၃)သန်းကျော် ကြည့်ရှုနားဆင်ပြီး ဖြစ်ပါတယ်။

Time (NF)

ဒီသီချင်းဟာ NF ရဲ့ အယ်လ်ဘမ်အသစ်ဖြစ်တဲ့ “The Search” ထဲက လေးပုဒ်မြောက်နဲ့ နောက်ဆုံးဆင်ဂယ်လ်သီချင်းလည်း ဖြစ်ပါတယ်။ သီချင်းအကြောင်းအရာကတော့ Relationship တစ်ခုရဲ့ အဆုံးသတ်အကြောင်းကို သီဆိုထားတာပါ။ ချစ်သူနှစ်ယောက်ကြားမှာ ဘယ်လောက်ပဲ ပဋိပက္ခတွေနဲ့ ရန်သတ်နေရစေကာမူ တကယ်သာ ဖူးစာဖက်မှန်ရင် အချိန်က ကုစားသွားမယ်ဆိုတာကို သီချင်းထဲမှာ ပြောထားပါတယ်။ ဇူလိုင်လ (၁၁)ရက်နေ့က ထွက်ရှိထားတာဖြစ်ပြီး လက်ရှိမှာ လူပေါင်း(၄)သန်းကျော် ကြည့်ရှုနားဆင်ထားပြီး ဖြစ်ပါတယ်။

UN Village (Baekhyun)

EXO အဖွဲ့ဝင် Baekhyun ရဲ့ ပထမဆုံး mini solo အယ်လ်ဘမ် “City Lights” ထဲက သီချင်းလေး ဖြစ်ပါတယ်။ သီချင်းအကြောင်းအရာလေးကတော့ ဇိမ်ကျလွန်းတဲ့ UN Village ရဲ့အနောက်ဘက်က လှပတဲ့ညမြင်ကွင်းတွေကို တစ်စုံတစ်ယောက်ကို ခေါ်ပြမယ်ဆိုတဲ့ အဓိပ္ပာယ်လေးပါ။ ဇူလိုင်လ (၁၀)ရက်နေ့က ထွက်ရှိထားတာဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၆.၄)သန်းကျော် ရှိနေပါပြီ။

We Don’t Talk Together (Heize Featuring Giriboy) [Producer SUGA]

ဒီသီချင်းလေးဟာ Heize ရဲ့ ဒစ်ဂျစ်တယ်ဆင်ဂယ်လ်ဖြစ်ပြီး ဇူလိုင်လ(၇)ရက်နေ့က ထွက်ရှိထားတာဖြစ်ပါတယ်။ Giriboy က Featuring သီဆိုပေးထားပြီး သီချင်းရဲ့ထုတ်လုပ်သူကတော့ BTS အဖွဲ့ဝင် SUGA ဖြစ်ပါတယ်။ ဒါ့အပြင် သီချင်းရဲ့စာသားကို ရေးစပ်ရာမှာလည်း Heize ၊ Giriboy တို့နဲ့အတူ SUGA ကလည်း ပါဝင်ထားတယ်လို့ သိရပါတယ်။ လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၄.၇)သန်းကျော် ရှိနေပါပြီ။

ဒါကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်အတွက် ကောင်းနိုးရာရာ သီချင်းသစ်လေးတွေပါ။ စာရှုသူတို့ရဲ့ အကြိုက်နဲ့ ကိုက်ညီမယ်လို့ မျှော်လင့်ပါတယ်။

Xei

 

RELATED ARTICLES

Most Popular