HomeEntertainmentFilmဖြစ်ရပ်မှန် ကွင်းဆက်လူသတ်သမားတွေအကြောင်း ဇာတ်ကားကောင်း(၅)ကား

ဖြစ်ရပ်မှန် ကွင်းဆက်လူသတ်သမားတွေအကြောင်း ဇာတ်ကားကောင်း(၅)ကား

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဟောလိဝုဒ်က ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ကွင်းဆက်လူသတ်သမားအမှုတွေအကြောင်း ရုပ်ရှင်များစွာ ရှိပါတယ်။ လူတွေရဲ့ အမှောင်မိုက်ဆုံးစိတ်ဆန္ဒတွေ၊ အရိုင်းဆန်တဲ့ ရူးသွပ်မှုတွေအကြောင်းကို ရုပ်ရှင်ဒါရိုက်တာတွေက ရှုထောင့်မျိုးစုံကနေ ပုံဖော်ရိုက်ကူးကြပေမယ့် လက်ဖျားခါအောင် ကောင်းတဲ့ဇာတ်ကားတွေလည်း ရှိသလို မစွံတဲ့ဇာတ်ကားတွေလည်း များစွာရှိခဲ့ပါတယ်။ အခုဖော်ပြပေးချင်တာကတော့ အပြင်လောကမှာ တကယ်ရှိခဲ့တဲ့ ကွင်းဆက်လူသတ်သမားအမှုတွေအကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း(၅)ကား ဖြစ်ပါတယ်။

(5) Dahmer

photo via screenrantဒီကားကတော့ ၂၀၀၂ခုနှစ်က ထွက်ရှိထားပြီး IMDb (5.6) ရရှိထားပါတယ်။ အမေရိကန်နိုင်ငံက နာမည်ကြီး ကွင်းဆက်လူသတ်သမား Jeffrey Dahmer ဆိုတဲ့ လူတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူဟာ လူပေါင်း (၁၇)ယောက်လောက်ကို သတ်ခဲ့တာ ဖြစ်ပြီး ဒီကားထဲမှာတော့ အတိတ်တုန်းက သူဘယ်လိုမျိုး လူသတ်သမားတစ်ယောက် ဖြစ်လာလည်းဆိုတာနဲ့ လက်ရှိမှာ လူသတ်သမား ဖြစ်နေတဲ့အချိန်ကို timeline နှစ်ခုနဲ့ ရိုက်ပြထားပါတယ်။ လူသတ်သမားနေရာမှာ မင်းသား Jeremy Renner က သရုပ်ဆောင်ထားပါတယ်။

(4) Hounds of Love
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၆ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (6.5) ရရှိထားပါတယ်။ ဩစတေးလျနိုင်ငံက David နဲ့ Catherine Birnie ဆိုတဲ့ လူသတ်သမား စုံတွဲတစ်တွဲအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲ့ဒီ့လူသတ်သမားစုံတွဲဟာ ၁၉၈၆ခုနှစ်ရဲ့ ဆောင်းဦးရာသီမှာ ဆယ်ကျော်သက်ရွယ် ကောင်မလေးနှစ်ယောက်နဲ့ အရွယ်ရောက်ပြီး အမျိုးသမီးနှစ်ယောက်ကို ဖမ်းဆီး၊ နှိပ်စက်ကာ သတ်ဖြတ်ခဲ့ကြပြီးပါပြီ။ ပဉ္စမမြောက် သားကောင်အနေနဲ့ Vicki Maloney ဆိုတဲ့ ကောင်မလေးက သူတို့လက်တွင်းမှာ ကျရောက်ခဲ့ရပါတယ်။ ဒီရက်စက်တဲ့ လင်မယားရဲ့ လက်ထဲကနေ ကောင်မလေး Maloney ဘယ်လိုလွတ်မြောက်အောင် ကြိုးစားမလည်းဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

(3) Monster
photo via screenrant

ဒီကားကတော့ ၂၀၀၃ခုနှစ်မှာ ထွက်ရှိထားပြီး IMDb(7.3) ရရှိထားပါတယ်။ ဒီဇာတ်ကားကတော့ Aileen Wuornos လို့ခေါ်တဲ့ အမေရိကန်နိုင်ငံက အမျိုးသမီး ကွင်းဆက်လူသတ်သမား တစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ များသောအားဖြင့် ကွင်းဆက်လူသတ်သမားတွေဟာ အမျိုးသားတွေသာ ဖြစ်တတ်ကြတာကြောင့် သူမဟာ ရှားရှားပါးပါး အမျိုးသမီး ကွင်းဆက်လူသတ်သမားတစ်ယောက်ဖြစ်ပြီး နာမည်ကြီးလည်း ဖြစ်ပါတယ်။

သူမဟာ ပြည့်တန်ဆာတစ်ယောက်ဖြစ်ပြီး ၁၉၈၉ခုနှစ်ကနေ ၁၉၉၀ခုနှစ်အထိ သူမရဲ့ဖောက်သည်အမျိုးသားတွေထဲက ခုနှစ်ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သူမရဲ့ ပြဿနာတွေ ပြည့်နှက်နေတဲ့ အတိတ်ဇာတ်ကြောင်း၊ အနိုင်ကျင့်၊ နှိပ်စက်ခံခဲ့ရမှုတွေနဲ့ လျစ်လျူရှုခံခဲ့ရတဲ့ နာကျင်မှုတွေကို ရိုက်ကူးပြသထားပြီး နောက်ဆုံးမှာ လူသတ်သမားတစ်ယောက် ဖြစ်လာရတဲ့ အခြေအနေတွေကို စိတ်ဝင်စားဖွယ်ရာ ရိုက်ကူးထားပါတယ်။ မင်းသမီးချော Charlize Theron က သရုပ်ဆောင်ထားပြီး Wonder Woman ရုပ်ရှင်ကို ရိုက်ကူးထားတဲ့ နာမည်ကျော် ဒါရိုက်တာ Patty Jenkins က ရိုက်ကူးပေးထားပါတယ်။

(2) Zodiac

photo via screenrantဒီကားကတော့ ၂၀၀၇ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.7) ရရှိထားပါတယ်။ Zodiac ဆိုတာကတော့ ၁၉၆၀နှောင်းပိုင်းလောက်က ကယ်လီဖိုးနီးယားပြည်နယ် မြောက်ဘက်ပိုင်းမှာ  အကြမ်းဖက်၊ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပါတယ်။ လူသတ်သမားဟာ ဖြစ်ရိုးဖြစ်စဉ်အတိုင်း လူတွေလျှောက်သတ်ရုံတင် မဟုတ်ဘဲ အဲ့ဒီ့နယ်တစ်ဝိုက်က သတင်းဌာနတွေကို ခြိမ်းခြောက်စာတွေ၊ အပြစ်ဝန်ခံတဲ့စာတွေနဲ့ ဝှက်စာတွေ ပေးပို့ပြီး သူ့အမှုကိုလိုက်နေတဲ့ ရဲတွေကိုပါ မထိတထိ လုပ်တတ်သူ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းထဲမှာတော့ စုံထောက်တွေနဲ့ လူသတ်သမားဟာ ဉာဏ်ပြိုင်ကြပုံကို စိတ်ဝင်တစားဖြစ်အောင် ရိုက်ပြထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ နာမည်ကျော် သရုပ်ဆောင်မင်းသားတွေဖြစ်တဲ့ Jake Gyllenhaal ၊ Mark Ruffalo နဲ့ Robert Downey Jr. တို့က အဓိက သရုပ်ဆောင်ထားပါတယ်။

(1) Memories of Murder
photo via screenrant

ဒီကားဟာ ၂၀၀၃ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (8.1) ရရှိထားပါတယ်။ Parasite ရုပ်ရှင်ရဲ့ ဒါရိုက်တာ Bong Joon-ho ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုလည်း ဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး နာမည်ကြီး ကွင်းဆက်လူသတ်သမား Lee Choon Jae အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ၁၉၈၆ခုနှစ် ကိုရီးယားနိုင်ငံက ရွာလေးတစ်ရွာမှာ ဖြစ်ခဲ့တာကို အခြေခံထားတာပါ။ အဲ့ဒီရွာအနီးတစ်ဝိုက်မှာ မိန်းကလေးတွေ တော်တော်များများဟာ အဓမ္မပြုကျင့်ခံရပြီး အသတ်ခံထားရတဲ့ အလောင်းတွေကို မကြာခဏ တွေ့နေရပါတယ်။ အဲ့ဒါကြောင့် မြို့ပေါ်က စုံထောက်နှစ်ယောက်ဟာ အဲ့ဒီရွာလေးကို လာပြီး ဖြစ်ပေါ်နေတဲ့ လူသတ်မှုတွေ စုံစမ်းပါတော့တယ်။ Bong Joon Ho ရဲ့ထုံးစံအတိုင်း သရော်တာတွေ၊ dark comedy ဆန်ဆန် အရသာတွေကို ခံစားရမှာပါ။

ဒါကတော့ ဖြစ်ရပ်မှန် ကွင်းဆက်လူသတ်သမားတွေအကြောင်းကို အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတွေ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားဇာတ်ကားတွေရှိရင်လည်း ပြန်လည်မျှဝေပေးခဲ့ပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

ေဟာလိဝုဒ္က ႐ိုက္ကူးထားတဲ့ ျဖစ္ရပ္မွန္ ကြင္းဆက္လူသတ္သမားအမႈေတြအေၾကာင္း ႐ုပ္ရွင္မ်ားစြာ ရွိပါတယ္။ လူေတြရဲ႕ အေမွာင္မိုက္ဆုံးစိတ္ဆႏၵေတြ၊ အ႐ိုင္းဆန္တဲ့ ႐ူးသြပ္မႈေတြအေၾကာင္းကို ႐ုပ္ရွင္ဒါ႐ိုက္တာေတြက ရႈေထာင့္မ်ိဳးစုံကေန ပုံေဖာ္႐ိုက္ကူးၾကေပမယ့္ လက္ဖ်ားခါေအာင္ ေကာင္းတဲ့ဇာတ္ကားေတြလည္း ရွိသလို မစြံတဲ့ဇာတ္ကားေတြလည္း မ်ားစြာရွိခဲ့ပါတယ္။ အခုေဖာ္ျပေပးခ်င္တာကေတာ့ အျပင္ေလာကမွာ တကယ္ရွိခဲ့တဲ့ ကြင္းဆက္လူသတ္သမားအမႈေတြအေၾကာင္းကို ပုံေဖာ္႐ိုက္ကူးထားတဲ့ ဇာတ္ကားေကာင္း(၅)ကား ျဖစ္ပါတယ္။

(5) Dahmer
photo via screenrant

ဒီကားကေတာ့ ၂၀၀၂ခုႏွစ္က ထြက္ရွိထားၿပီး IMDb (5.6) ရရွိထားပါတယ္။ အေမရိကန္ႏိုင္ငံက နာမည္ႀကီး ကြင္းဆက္လူသတ္သမား Jeffrey Dahmer ဆိုတဲ့ လူတစ္ေယာက္အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သူဟာ လူေပါင္း (၁၇)ေယာက္ေလာက္ကို သတ္ခဲ့တာ ျဖစ္ၿပီး ဒီကားထဲမွာေတာ့ အတိတ္တုန္းက သူဘယ္လိုမ်ိဳး လူသတ္သမားတစ္ေယာက္ ျဖစ္လာလည္းဆိုတာနဲ႔ လက္ရွိမွာ လူသတ္သမား ျဖစ္ေနတဲ့အခ်ိန္ကို timeline ႏွစ္ခုနဲ႔ ႐ိုက္ျပထားပါတယ္။ လူသတ္သမားေနရာမွာ မင္းသား Jeremy Renner က သ႐ုပ္ေဆာင္ထားပါတယ္။

(4) Hounds Of Love
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၆ခုႏွစ္က ထြက္ရွိခဲ့တာျဖစ္ၿပီး IMDb (6.5) ရရွိထားပါတယ္။ ဩစေတးလ်ႏိုင္ငံက David နဲ႔ Catherine Birnie ဆိုတဲ့ လူသတ္သမား စုံတြဲတစ္တြဲအေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အဲ့ဒီ့လူသတ္သမားစုံတြဲဟာ ၁၉၈၆ခုႏွစ္ရဲ႕ ေဆာင္းဦးရာသီမွာ ဆယ္ေက်ာ္သက္႐ြယ္ ေကာင္မေလးႏွစ္ေယာက္နဲ႔ အ႐ြယ္ေရာက္ၿပီး အမ်ိဳးသမီးႏွစ္ေယာက္ကို ဖမ္းဆီး၊ ႏွိပ္စက္ကာ သတ္ျဖတ္ခဲ့ၾကၿပီးပါၿပီ။ ပၪၥမေျမာက္ သားေကာင္အေနနဲ႔ Vicki Maloney ဆိုတဲ့ ေကာင္မေလးက သူတို႔လက္တြင္းမွာ က်ေရာက္ခဲ့ရပါတယ္။ ဒီရက္စက္တဲ့ လင္မယားရဲ႕ လက္ထဲကေန ေကာင္မေလး Maloney ဘယ္လိုလြတ္ေျမာက္ေအာင္ ႀကိဳးစားမလည္းဆိုတာကို ရင္တထိတ္ထိတ္နဲ႔ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

(3) Monster
photo via screenrant

ဒီကားကေတာ့ ၂၀၀၃ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb(7.3) ရရွိထားပါတယ္။ ဒီဇာတ္ကားကေတာ့ Aileen Wuornos လို႔ေခၚတဲ့ အေမရိကန္ႏိုင္ငံက အမ်ိဳးသမီး ကြင္းဆက္လူသတ္သမား တစ္ေယာက္အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ ကြင္းဆက္လူသတ္သမားေတြဟာ အမ်ိဳးသားေတြသာ ျဖစ္တတ္ၾကတာေၾကာင့္ သူမဟာ ရွားရွားပါးပါး အမ်ိဳးသမီး ကြင္းဆက္လူသတ္သမားတစ္ေယာက္ျဖစ္ၿပီး နာမည္ႀကီးလည္း ျဖစ္ပါတယ္။

သူမဟာ ျပည့္တန္ဆာတစ္ေယာက္ျဖစ္ၿပီး ၁၉၈၉ခုႏွစ္ကေန ၁၉၉၀ခုႏွစ္အထိ သူမရဲ႕ေဖာက္သည္အမ်ိဳးသားေတြထဲက ခုႏွစ္ေယာက္ကို သတ္ျဖတ္ခဲ့ပါတယ္။ ဒီဇာတ္ကားထဲမွာေတာ့ သူမရဲ႕ ျပႆနာေတြ ျပည့္ႏွက္ေနတဲ့ အတိတ္ဇာတ္ေၾကာင္း၊ အႏိုင္က်င့္၊ ႏွိပ္စက္ခံခဲ့ရမႈေတြနဲ႔ လ်စ္လ်ဴရႈခံခဲ့ရတဲ့ နာက်င္မႈေတြကို ႐ိုက္ကူးျပသထားၿပီး ေနာက္ဆုံးမွာ လူသတ္သမားတစ္ေယာက္ ျဖစ္လာရတဲ့ အေျခအေနေတြကို စိတ္ဝင္စားဖြယ္ရာ ႐ိုက္ကူးထားပါတယ္။ မင္းသမီးေခ်ာ Charlize Theron က သ႐ုပ္ေဆာင္ထားၿပီး Wonder Woman ႐ုပ္ရွင္ကို ႐ိုက္ကူးထားတဲ့ နာမည္ေက်ာ္ ဒါ႐ိုက္တာ Patty Jenkins က ႐ိုက္ကူးေပးထားပါတယ္။

(2) Zodiac
photo via screenrant

ဒီကားကေတာ့ ၂၀၀၇ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.7) ရရွိထားပါတယ္။ Zodiac ဆိုတာကေတာ့ ၁၉၆၀ေႏွာင္းပိုင္းေလာက္က ကယ္လီဖိုးနီးယားျပည္နယ္ ေျမာက္ဘက္ပိုင္းမွာ  အၾကမ္းဖက္၊ ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္ခဲ့တဲ့ ကြင္းဆက္လူသတ္သမား ျဖစ္ပါတယ္။ လူသတ္သမားဟာ ျဖစ္႐ိုးျဖစ္စဥ္အတိုင္း လူေတြေလွ်ာက္သတ္႐ုံတင္ မဟုတ္ဘဲ အဲ့ဒီ့နယ္တစ္ဝိုက္က သတင္းဌာနေတြကို ၿခိမ္းေျခာက္စာေတြ၊ အျပစ္ဝန္ခံတဲ့စာေတြနဲ႔ ဝွက္စာေတြ ေပးပို႔ၿပီး သူ႔အမႈကိုလိုက္ေနတဲ့ ရဲေတြကိုပါ မထိတထိ လုပ္တတ္သူ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းထဲမွာေတာ့ စုံေထာက္ေတြနဲ႔ လူသတ္သမားဟာ ဉာဏ္ၿပိဳင္ၾကပုံကို စိတ္ဝင္တစားျဖစ္ေအာင္ ႐ိုက္ျပထားတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ နာမည္ေက်ာ္ သ႐ုပ္ေဆာင္မင္းသားေတြျဖစ္တဲ့ Jake Gyllenhaal ၊ Mark Ruffalo နဲ႔ Robert Downey Jr. တို႔က အဓိက သ႐ုပ္ေဆာင္ထားပါတယ္။

(1) Memories Of Murder
photo via screenrant

ဒီကားဟာ ၂၀၀၃ခုႏွစ္က ထြက္ရွိခဲ့တာျဖစ္ၿပီး IMDb (8.1) ရရွိထားပါတယ္။ Parasite ႐ုပ္ရွင္ရဲ႕ ဒါ႐ိုက္တာ Bong Joon-ho ႐ိုက္ကူးထားတဲ့ ဇာတ္လမ္းေကာင္းတစ္ခုလည္း ျဖစ္ၿပီး ကိုရီးယားႏိုင္ငံရဲ႕ ပထမဆုံး နာမည္ႀကီး ကြင္းဆက္လူသတ္သမား Lee Choon Jae အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ ၁၉၈၆ခုႏွစ္ ကိုရီးယားႏိုင္ငံက ႐ြာေလးတစ္႐ြာမွာ ျဖစ္ခဲ့တာကို အေျခခံထားတာပါ။ အဲ့ဒီ႐ြာအနီးတစ္ဝိုက္မွာ မိန္းကေလးေတြ ေတာ္ေတာ္မ်ားမ်ားဟာ အဓမၼျပဳက်င့္ခံရၿပီး အသတ္ခံထားရတဲ့ အေလာင္းေတြကို မၾကာခဏ ေတြ႕ေနရပါတယ္။ အဲ့ဒါေၾကာင့္ ၿမိဳ႕ေပၚက စုံေထာက္ႏွစ္ေယာက္ဟာ အဲ့ဒီ႐ြာေလးကို လာၿပီး ျဖစ္ေပၚေနတဲ့ လူသတ္မႈေတြ စုံစမ္းပါေတာ့တယ္။ Bong Joon Ho ရဲ႕ထုံးစံအတိုင္း သေရာ္တာေတြ၊ dark comedy ဆန္ဆန္ အရသာေတြကို ခံစားရမွာပါ။

ဒါကေတာ့ ျဖစ္ရပ္မွန္ ကြင္းဆက္လူသတ္သမားေတြအေၾကာင္းကို အေျခခံ ႐ိုက္ကူးထားတဲ့ ဇာတ္ကားေကာင္းေတြ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အျခားဇာတ္ကားေတြရွိရင္လည္း ျပန္လည္မွ်ေဝေပးခဲ့ပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular