HomeEntertainmentFilmမိသားစုနဲ့အတူ ကြည့်ရှုဖို့သင့်တော်တဲ့ အကောင်းဆုံး စပိုင်ရုပ်ရှင်ကား(၅)ကား

မိသားစုနဲ့အတူ ကြည့်ရှုဖို့သင့်တော်တဲ့ အကောင်းဆုံး စပိုင်ရုပ်ရှင်ကား(၅)ကား

စပိုင်ရုပ်ရှင်ကားတွေကတော့ လူကြီးရော ကလေးတွေပါ ကြိုက်နှစ်သက်ကြတဲ့ ရုပ်ရှင်အမျိူးအစားတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့စပိုင်ကားတွေကတော့ သွေးထွက်သံယိုအခန်းတွေ ပါဝင်တတ်သလို ကိုယ်လုံးတီး ဇာတ်ဝင်ခန်းတွေလည်း ပါဝင်တတ်တာကြောင့် ကလေးတွေနဲ့ မသင့်တော်သလို မိသားစုနဲ့အတူ ကြည့်ရှုဖို့လည်း အဆင်မပြေလှပါဘူး။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ မိသားစုနဲ့အတူ ကြည့်ရှုလို့အကောင်းဆုံး စပိုင်ရုပ်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

(5) The Spy Next Door

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (5.4) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Bob Ho ဆိုတဲ့ CIA အေးဂျင့်ဟောင်းဟာ သူ့ရည်းစားရဲ့ ကလေးသုံးယောက်ကို စောင့်ရှောက်ပေးဖို့ ဖြစ်လာပါတယ်။ သို့သော်လည်း အဲဒီကလေးသုံးယောက်ဟာ CIA အေးဂျင့်ဟောင်းကိုတောင် လက်မြှောက်အရှုံးပေးရတဲ့အထိ ဒုက္ခပေးတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Jackie Chan ၊ Alina Foley နဲ့ Will Shadley တို့ အဓိက ပါဝင်ထားပါတယ်။

(4) The Tuxedo

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (5.4) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Jimmy ဆိုသူဟာ လျှို့ဝှက်အေးဂျင့်တစ်ယောက်ရဲ့ ယာဉ်မောင်းဝန်ထမ်းအဖြစ် အလုပ်လုပ်နေပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ အကြောင်းတစ်ခုကြောင့် အဲဒီလျှို့ဝှက်အေးဂျင့်ဟာ သတိလစ်သွားပါတယ်။ ဒါကြောင့်ပဲ Jimmy ဟာ စပိုင်တွေအတွက် သီးသန့်ထုတ်ထားတဲ့ ဝတ်စုံကို အသုံးပြုပြီး အဲဒီလျှို့ဝှက်အေးဂျင့်နေရာကို အစားဝင်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Jackie Chan ၊ Jennifer Love Hewitt နဲ့ Jason Isaacs တို့ အဓိက ပါဝင်ထားပါတယ်။

(3) Spy Kids

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (5.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ လျှို့ဝှက်အေးဂျင့်တစ်ယောက်ဟာ လက်ထပ်ပြီး ကိုယ်ပိုင်မိသားစုဘဝလေးကို စတင်ခဲ့ပါတယ်။ တစ်ရက်မှာတော့ သူတို့နှစ်ယောက်လုံးဟာ ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားတာကြောင့် သူတို့ရဲ့ကလေးတွေဟာ မိဘနှစ်ပါးကို ပြန်လည်ရှာဖွေဖို့ ကြိုးစားကြပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Antonio Banderas ၊ Daryl Sabara နဲ့ Alexa PenaVega တို့ အဓိက ပါဝင်ထားပါတယ်။

(2) Penguins of Madagascar

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.6) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Dr. Octavius ဆိုသူဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပင်ဂွင်းတွေကို သတ်ပစ်ဖို့ စီစဉ်နေတာကြောင့် Skipper ၊ Kowalski ၊ Rico နဲ့ Private တို့ဟာ ပူးပေါင်းပြီး တားဆီးကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေကတော့ Tom McGrath ၊ Danny Jacobs နဲ့ Benedict Cumberbatch တို့ အဓိက ပါဝင်ထားပါတယ်။

(1) Spies in Disguise

photo via screenrant

ဒီရုပ်ရှင်တော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.8) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နာမည်ကြီး စပိုင်တစ်ယောက် ဖြစ်တဲ့ Lance Sterling ဟာ ဗီလိန်တစ်ယောက်ကြောင့် ခိုအဖြစ် ပြောင်းလဲသွားပါတယ်။ အဲဒီနောက်မှာတော့ Lance ကို ခိုအဖြစ် ပြောင်းလဲခဲ့တဲ့ ဗီလိန်ဟာ Lance ရဲ့ ပုံစံအတိုင်း နေထိုင်နေတာကြောင့် Lance အစစ်ဟာ ကောင်လေးတစ်ယောက်နဲ့ ပူးပေါင်းပြီး အဲဒီဗီလိန်ကို တားဆီးဖို့ ကြိုးစားပါတော့တယ်။ အသံသရုပ်ဆောင်တွေကတော့ Will Smith ၊ Tom Holland နဲ့ Karen Gillan တို့ အဓိက ပါဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular