HomeEntertainmentFilm၂၀၀၀ခုနှစ် ဝန်းကျင်ကာလမှာ ထွက်ရှိခဲ့တဲ့ အကောင်းဆုံး ဆယ်ကျော်သက်ရုပ်ရှင်များ 

၂၀၀၀ခုနှစ် ဝန်းကျင်ကာလမှာ ထွက်ရှိခဲ့တဲ့ အကောင်းဆုံး ဆယ်ကျော်သက်ရုပ်ရှင်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၂၀၀၀ခုနှစ်ဝန်းကျင်ကာလမှာ စိတ်ဝင်စားစရာ ရုပ်ရှင်အများအပြား ရှိခဲ့ပါတယ်။ ထောင်စုနှစ်အသစ်မှာ မော်ဒန်ရုပ်ရှင်တွေ တစ်ခေတ်ဆန်းလာတယ်လို့လည်း ပြောနိုင်ပါတယ်။ Harry Potter နဲ့ The Lord of The Rings တို့လို ဆန်းပြားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေကို ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြရတဲ့အပြင် စူပါဟီးရိုး ဇာတ်ကားတွေဟာလည်း အောင်မြင်ဖို့ လမ်းကြောင်းရဲ့အစကို ရောက်နေပြီးတော့ animated movie တွေဟာလည်း ဒစ်ဂျစ်တယ်လ်လောကကို စတင်ပြောင်းလဲလာစေတဲ့ ကာလပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ၂၀၀၀ခုနှစ်များ အစကနေ အခုထိတိုင် ခေတ်စားလာတာကတော့ မိတ်ဆွေသူငယ်ချင်း ဆက်ဆံရေးနဲ့ ချစ်ခြင်းမေတ္တာတွေ အကြောင်းကို အသားပေး တင်ဆက်တတ်တဲ့ ဆယ်ကျော်သက်ရုပ်ရှင်ဇာတ်လမ်းများ ဖြစ်ပါတယ်။ မော်ဒန်ပုံပြင်တွေကနေပြီးတော့ အမျိုးသမီးတွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့အထိ အောင်မြင်ခဲ့တဲ့ အထင်ကရ နာမည်ကြီးဇာတ်ကားတွေ ၂၀၀၀ခုနှစ်ဝန်းကျင်မှာ အများအပြား ရှိခဲ့ပါတယ်။ ဒီထဲကမှ စာဖတ်သူအတွက် IMDb အကောင်းဆုံး ဇာတ်ကားတစ်ချို့ကို ဖော်ပြပေးသွားပါမယ်။

A Cinderella Story (2004)
photo via screenrant

ဒီဇာတ်ကားဟာ လူတိုင်းသိကြတဲ့ ဂန္ထဝင်ပုံပြင် Cinderella ကို မှီငြမ်းပြီး ခေတ်သစ်ပုံစံ ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အပယ်ခံကျောင်းသူလေး Sam (Hilary Duff) ဟာ သူမနဲ့ အပြင်မှာမသိတဲ့ ကျောင်းက ပေါ်ပြူလာအဖြစ်ဆုံး ကောင်လေးတစ်ယောက် (Chad Michael Murray) နဲ့ စာအသွားလာအရ စတင်ခင်မင်ရင်းနှီးပြီး အချစ်ဇာတ်လမ်းလေး စတင်လာပုံကို ရင်ခုန်ဖွယ်ရာကောင်းအောင် တင်ဆက်ထားပါတယ်။

A Cinderella Story ဟာ စီးပွားရေးအရ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာလည်း သူ့ကိုမှီငြမ်းပြီး ဆန်းသစ်ထားတဲ့ ရုပ်ရှင်လေးကားလောက် ရှိခဲ့ပါတယ်။ ဒီဇာတ်ကားကတော့ ထွက်ကာစမှာ ဆိုးရွားတဲ့ ဝေဖန်မှုတစ်ချို့ရရှိခဲ့ပေမယ့် အဲ့ဒီ့ခေတ်က လူငယ်တွေကြားမှာ ရေပန်းစားလွန်းခဲ့တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ IMDb ကတော့ 5.9 ရှိပါတယ်။

Miss Congeniality (2000)
photo via screenrant

မင်းသမီး Sandra Bullock အဓိက သရုပ်ဆောင်ထားတဲ့ Miss Congeniality ဟာ ၂၀၀၀ခုနှစ်ဝန်းကျင် ကာလက မိန်းကလေးဇာတ်ကောင် ဦးစားပေး ဇာတ်ကားတွေကြားမှာ အဆင့်မြင့်မြင့် နေရာက ရပ်တည်ခဲ့ပါတယ်။ IMDb 6.2 ရှိတဲ့ ဒီဇာတ်ကားမှာတော့ F.B.I အေးဂျင့် Gracie Hart ဟာ အမေရိကန် မယ်ရွေးပွဲတစ်ခုမှာ အကြမ်းဖက်ဖို့ ခြိမ်းခြောက်ထားမှုကို လျှို့ဝှက်အသွင်ယူပြီး ကာကွယ်တားစီးပုံကို တင်ဆက်ထားပါတယ်။

ဒီရုပ်ရှင်ဟာ စီးပွားရေးအရ အောင်မြင်ခဲ့တဲ့အပြင် ပရိသတ်အားပေးမှုကိုလည်း တခဲနက် ရရှိခဲ့ပါတယ်။ ဒါ့အပြင် ရွှေကမ္ဘာလုံးဆုမှာ ဟာသနဲ့ musical အမျိုးအစား ရုပ်ရှင်အတွက် အကောင်းဆုံးမင်းသမီးဆုနဲ့ Bullock ကို စံကာတင်စာရင်း ဝင်စေခဲ့ပါတယ်။ ဒီဇာတ်ကား ထွက်ရှိပြီး နောက်ပိုင်းမှာ Miss Congeniality: Armed & Fabulous ဆိုပြီး အဆက်တစ်ကားထွက်ရှိခဲ့ပြီး ဝေဖန်မှုတွေ မြင့်တက်ခဲ့ပေမယ့် လူငယ်တွေကြားမှာ ရေပန်းစားကာ အောင်မြင်ခဲ့ပါသေးတယ်။

Up Town Girl (2003)
photo via screenrant

IMDb 6.2 ရှိတဲ့ ဒီဇာတ်ကားမှာတော့ Brittany Murphy က အဓိက သရုပ်ဆောင်ထားပါတယ်။ Molly Gunn လို့ခေါ်တဲ့ ချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးငယ်တစ်ယောက်ဟာ သူမရဲ့ အမွေစည်းစိမ်တွေကို အခိုးယူခံလိုက်ရပြီးနောက် စားဝတ်နေရေး အဆင်ပြေဖို့အတွက် နာနီအလုပ်ကို လုပ်ကိုင်ရပါတော့တယ်။

ထူးခြားတဲ့ လှည့်ကွက်ကတော့ Molly Gunn အနေနဲ့ ဘယ်လိုရင့်ကျက်အောင် နေထိုင်ရမလည်းဆိုတာကို သူမ ထိန်းကျောင်းပေးရတဲ့ ကလေးမလေး Ray (Dakota Fanning) ဆီကနေ  ပြန်သင်ယူရတာပါပဲ။ ဝမ်းနည်းစရာကောင်းစွာပဲ မင်းသမီး Brittany Murphy ဟာ အချိန်မတိုင်ခင် ကွယ်လွန်သွားခဲ့တာကြောင့်  Up Town Girl ရုပ်ရှင်ဟာ Dakota Fanning အတွက်တော့ တန်ဖိုးထား အောက်မေ့သတိရစရာအဖြစ် အမြဲတမ်းရှိနေမှာပါ။

13 Going On 30 (2004)
photo via screenrant

ဒီဇာတ်ကားကတော့ IMDb 6.2 ရှိပြီး Tom Hanks ရဲ့ Big နဲ့ မကြာခဏ နှိုင်းယှဉ်ခံရတဲ့ဇာတ်ကား ဖြစ်ပါတယ်။ အသက်(၁၃)နှစ်အရွယ် ကောင်မလေး Jenna (Jennifer Garner)ဟာ ပုံမှန်မဟုတ်တဲ့ မွေးနေ့ဆုတောင်းတစ်ခုကြောင့် နောက်နေ့မနက်မှာ အသက်(၃၀)အရွယ် အမျိုးသမီးတစ်ယောက်အဖြစ် နိုးထလာခဲ့ပါတယ်။ အစကတော့ အရွယ်ရောက်ပြီးသား Jenna ဟာ သူမရဲ့ ဆယ်ကျော်သက်အိပ်မက်ထဲက ဆန္ဒတစ်ခု ဖြစ်ပေမယ့် တကယ်တမ်း ဖြစ်လာတဲ့အခါမှာတော့ အတော်လေး ကို့ရို့ကားရား နိုင်တယ်လို့ တွေးမိပါတော့တယ်။

ဒီ 13 Going on 30 ဟာ ဘတ်ဂျက် (၃၇)သန်းတည်းနဲ့ ရိုက်ကူးပြီး ဒေါ်လာ (၉၇.၇)သန်းအထိ ဝင်ငွေပြန်ရခဲ့တဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၄ခုနှစ်ရဲ့ အရောင်းရဆုံးနဲ့ အငှားရဆုံး DVD စာရင်းမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ ဆယ်ကျော်သက် ကောင်မလေးတွေရဲ့ မိမိကိုယ်ကို ယုံကြည်မှုနည်းပါးခြင်းကို ဘယ်လိုကိုင်တွယ်သင့်သလည်းဆိုတာနဲ့၊ ကိုယ့်ရဲ့ အမှတ်တရားကို လက်ခံသင့်ကြောင်း မက်ဆေ့ချ်တွေကြောင့် ချီးကျူးဖို့ ထိုက်တန်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

Legally Blonde (2001)
photo via IMDb

ဘယ်လိုပဲဖြစ်ဖြစ် ၂၀၀၀ခုနှစ်ဝန်းကျင်ကာလမှာ ဆယ်ကျော်သက် စကီလေးတွေအကြောင်း ရုပ်ရှင်တွေကြားမှာ အထင်ပေါ်ဆုံး ရုပ်ရှင်တစ်ခုကတော့ မင်းသမီး Reese Witherspoon ရဲ့ Legally Blonde လို့ ပြောလို့ရပါတယ်။ ဒီဇာတ်ကားမှာတော့ Witherspoon ဟာ အလွန်တက်ကြွပြီး ဖက်ရှင်နဲ့ အလှအပကို အလွန်အသားပေးတတ်တဲ့ Elle Woods နေရာမှာ သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းကတော့ Elle Woods ဟာ သူမနဲ့ အချိန်အကြာကြီး လက်တွဲခဲ့တဲ့ ရည်းစားက သူမကို အဆက်ဖြတ်သွားတဲ့နောက် ဟားဗက် ဥပဒေကျောင်းကို သွားတက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ သူမရဲ့ကောင်လေးကို ပြန်ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဖြစ်ပါတယ်။ IMDb ကတော့ 6.3 ရှိပါတယ်။

ဒီဇာတ်ကားဟာ အစပိုင်းမှာ ကြည့်လိုက်ရင်တော့ ပေါ့ပျက်ပျက် ပုံသေကားကျ အမျိုးသမီးလို့ပဲ မြင်ရမှာဖြစ်ပြီး တကယ်တမ်း အဆုံးအထိ ကြည့်လိုက်ရင်တော့ Elle ဟာ သံသယတွေ၊ အမုန်းတွေကို ကျော်လွှားနိုင်ခဲ့ပြီး သူမနဲ့ ထိုက်တန်တဲ့ ဥပဒေဘွဲ့ကို ရအောင်ယူခဲ့တာကို ကြည့်ခြင်းအားဖြင့် Legally Blonde ဟာအမျိုးသမီးတွေကို စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ ဇာတ်ကားကောင်းတစ်ကားလို့ ပြောရမှာပါ။ ဒီဇာတ်ကားဟာ အောင်မြင်မှု ကြီးမားစွာ ရရှိထားပြီး ရွှေကမ္ဘာလုံးဆု နှစ်ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။

The Princess Diaries (2001)
photo via screenrant

Meg Cabot ရဲ့စာအုပ်ကို ဒါရိုက်တာ Garry Marshall က ရုပ်ရှင်အဖြစ် ရိုက်ကူးထားတဲ့ The Princess Diaries ကတော့ IMDb 6.3 ရှိပါတယ်။ ဇာတ်လမ်းကတော့ Mia Thermopolis ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ကို အခြေခံထားပါတယ်။ Mia ဟာ တစ်နေ့မှာတော့ ကွဲကွာနေတာ ကြာပြီဖြစ်တဲ့ အဖွားနဲ့ ပြန်တွေ့ပြီး သူမဟာတကယ်တော့ မင်းသမီးတစ်ပါးဖြစ်တယ်လို့ သိလိုက်ရပြီးနောက် သူမဘဝတစ်ခုလုံး ကပြောင်းကပြန်တွေ ဖြစ်ကုန်ပါတော့တယ်။

The Princess Diaries ဟာ Anne Hathaway ရဲ့ ပွဲဦးထွက်ရုပ်ရှင် ဖြစ်တဲ့အပြင် တိမ်မြုပ်နေတဲ့ သရုပ်ဆောင် Julie Andrews ရဲ့ သရုပ်ဆောင်မှုကိုပါ တဖန်ပြန်လည်မြင်တွေ့ခဲ့ရတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားရဲ့နောက်မှာ Sequal တစ်ကားထွက်ခဲ့ပြီးတော့ တတိယတစ်ကား ထပ်လုပ်ဖြစ်အုန်းမယ်လို့ ကောလာဟလတစ်ချို့ ထွက်ပေါ်ခဲ့ဖူးပါသေးတယ်။

Mamma Mia! (2008)
photo via screenrant

Mamma Mia! ကို ရုံတင်ပြသလိုက်ချိန်မှာတော့ ပရိသတ်တွေဟာ တကယ့် ကတ်ဆတ်အကောင်းစားကြီးနဲ့ သီချင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် နားထောင်ရတဲ့ အရသာကို ရရှိခဲ့ကြပါတယ်။ ဇာတ်ကားထဲမှာတော့ Donna အဖြစ် Meryl Streep က သရုပ်ဆောင်ထားပြီး Sophie အဖြစ် Amanda Seyfried က သရုပ်ဆောင်ထားပါတယ်။

သမီးဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် စီစဉ်နေကြတဲ့ သားအမိနှစ်ယောက်ရဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ လူတိုင်းနီးပါး ကြားဖူးကြတဲ့ ABBA အဖွဲ့ရဲ့ ဂန္ထဝင်သီချင်းတွေကို အရသာရှိစွာ နားဆင်ရမယ့် musical drama အမျိုးအစား ဖြစ်ပါတယ်။ Sophie ဟာ သူမရဲ့မင်္ဂလာပွဲမှာ သူမရဲ့အဖေလို့ ထင်ရတဲ့ လူသုံးယောက်ကို ဖိတ်ကြားပြီး ဘယ်သူက သူမရဲ့ တကယ့်အဖေရင်း ဖြစ်မယ်ဆိုတာကို ရှာဖွေဖော်ထုတ်တဲ့ ဇာတ်လမ်းလည်း ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဟာ ယခုအချိန်အထိ ပရိသတ်တွေကြားမှာ ရေပန်းစားနေဆဲဖြစ်ပြီး IMDb 6.4 ရှိပါတယ်။ ဘတ်ဂျက် ဒေါ်လာ(၅၂)သန်း သုံးစွဲခဲ့ပြီး Box office ဝင်ငွေမှာတော့ ကြောက်ခမန်းလိလိ (၆၁၅.၇)သန်း ပြန်လည်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၈ခုနှစ်ရဲ့ အအောင်မြင်ဆုံး ရုပ်ရှင်များစာရင်းမှာ နံပါတ်(၅)ချိတ်ခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ Mamma Mia! Here We Go Again ဆိုတဲ့ ဒုတိယတစ်ကားကိုလည်း ထွက်ရှိခဲ့ပါသေးတယ်။

The Proposal (2009)
photo via screenrant

ယခုဖော်ပြနေတဲ့ စာရင်းထဲမှာ ထပ်မံပါဝင်လာတဲ့ Sandra Bullock ရဲ့ နောက်ထပ်ရုပ်ရှင်တစ်ခုကတော့ The Proposal ဖြစ်ပြီး IMDb 6.7 ရရှိထားပါတယ်။ ဒီဇာတ်ကားထဲမှာ Sandra Bullock ဟာ ဆောင့်ကြွားကြွား စာအုပ်တည်းဖြတ်သူ ကနေဒါနိုင်ငံသူ Margaret Tate အဖြစ် သရုပ်ဆောင်ထားပြီး သူမရဲ့ အမေရိကန်နိုင်ငံသား အတွင်းရေးမှူး Andrew အဖြစ် Ryan Reynolds က သရုပ်ဆောင်ထားပါတယ်။

Margaret Tate ဟာ အမေရိကန်အလုပ်ဗီဇာနဲ့ ပတ်သက်ပြီး ဥပဒေတစ်ခုကို ချိုးဖောက်မိတာကြောင့် ပြည်နှင်ဒဏ်ပေးခံရမယ့် အပြစ်က တိမ်းရှောင်နိုင်ဖို့ သူမရဲ့အတွင်းရေးမှူးနဲ့ စေ့စပ်လိုက်ရပါတယ်။ ကြည့်လို့ကောင်းတဲ့ အချစ်ဟာသဇာတ်ကားတစ်ခု ဖြစ်ပြီး ဝင်ငွေ ဒေါ်လာ(၃၁၇)သန်း ရရှိထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။

Mean Girls (2004)
photo via screenrant

IMDb 7 ရရှိထားတဲ့ Mean Girls ဇာတ်ကားကတော့ ၂၀၀၀ခုနှစ် ကာလမှာတင် မဟုတ်ဘဲ အချိန်တိုင်းအတွက် အကောင်းဆုံး ဆယ်ကျော်သက်ရုပ်ရှင်တွေထဲမှာ ပါဝင်ပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသမီး Lindsey Lohan ကဆယ်ကျော်သက်ကောင်မလေး Cady Heron အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူတို့တစ်မိသားစုလုံးဟာ အာဖရိကမှာနေပြီး အီလီနွိုက်ပြည်နယ်မှာရှိတဲ့ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုကို ပြောင်းလာကြတာ ဖြစ်ပါတယ်။  Cady ဟာ ပထမဆုံး ကျောင်းစတက်တဲ့နေ့မှာပဲ ကျောင်းမှာ ဗိုလ်ကျ၊ ကြီးစိုးနေတဲ့ Regina George (Rachel McAdams) ဦးဆောင်တဲ့ The Plastics လို့ ကျောင်းမှာ နာမည်ကြီးတဲ့အဖွဲ့နဲ့ သူငယ်ချင်းတွေ ဖြစ်သွားပါတယ်။

ဒီဇာတ်ကားဟာ SNL ရှိုးရဲ့ အဖွဲ့ဝင်ဟောင်း မင်းသမီး Tina Fey ရဲ့စာအုပ်ကို မှီငြမ်းထားတာ ဖြစ်ပါတယ်။ အထက်တန်းကျောင်းက ကျောင်းသူကျောင်းသားတွေကြားက သဘာဝကို ပျော်စရာကောင်းအောင် သရော်ထားပြီး ယခုခေတ် ဆယ်ကျော်သက်ကောင်မလေးတွေ ဘယ်လိုမှန်ကန်စွာ ကြီးပြင်းရမလည်းလို့ တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ အောင်မြင်လွန်းလို့ Broadway musical ပြဇာတ်အဖြစ် ပြန်ကပြခဲ့ရတဲ့အထိပါပဲ။

The Notebook (2004)
photo via screenrant

IMDb7.8 ရရှိထားတဲ့ ဒီဇာတ်ကားကတော့ စာရေးဆရာ Nicolas Sparks ရဲ့ဝတ္ထုကို မှီငြမ်းထားတာ ဖြစ်ပါတယ်။ Ryan Gosling နဲ့ Rachel McAdams တို့က Noah နဲ့ Allie အဖြစ် သရုပ်ဆောင်ထားကြပြီး ၁၉၄၀ခုနှစ်လောက်က လူငယ်လူရွယ်နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ၁၉၄၀ခုနှစ်ကနေ ၂၀၀၀ခုနှစ်အထိ ကြားကာလကို ဖော်ပြထားကာ လူအိုရုံတစ်ခုမှာ အဖိုးကြီးဟာ မှတ်ဉာဏ်ပျောက်နေတဲ့ သူ့ချစ်သူအဖွားကြီးကို အချစ်ဇာတ်လမ်းလေးအကြောင်း ပြန်ပြောပြနေပုံနဲ့ ထိရှဖွယ် တင်ဆက်ထားပါတယ်။ Note Book ဟာ ဘတ်ဂျက် ဒေါ်လာ(၂၉)သန်းသာ သုံးစွဲထားပြီး ဝင်ငွေ ဒေါ်လာ(၁၁၆.၁)သန်း ပြန်လည်ရရှိထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဒါ့အပြင် ယနေ့ခေတ်အထိ ထင်ရှားအောင်မြင်ဆဲဖြစ်ကာ Nicolas Sparks ရဲ့ အကောင်းဆုံးဇာတ်လမ်းအဖြစ် အမှတ်တရရှိနေကြဆဲ ဖြစ်ပါတယ်။

ဒါကတော့ တကယ်ကို စိတ်လက်ပေါ့ပါး တက်ကြွစေနိုင်တဲ့ ဆယ်ကျော်သက် ဇာတ်လမ်းကောင်းလေးများ ဖြစ်ပါတယ်။ ချစ်သူစုံတွဲများနဲ့ မိသားစုများ အတူတူကြည့်လို့ အသင့်တော်ဆုံးလည်း ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက နာမည်ကြီးတွေမို့ မကြည့်ရသေးတဲ့ကားတွေ ပါရင် ကြည့်လိုက်ပါဦးလို့ တိုက်တွန်းလိုက်ပါတယ်။

C 21

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

၂၀၀၀ခုႏွစ္ဝန္းက်င္ကာလမွာ စိတ္ဝင္စားစရာ ႐ုပ္ရွင္အမ်ားအျပား ရွိခဲ့ပါတယ္။ ေထာင္စုႏွစ္အသစ္မွာ ေမာ္ဒန္႐ုပ္ရွင္ေတြ တစ္ေခတ္ဆန္းလာတယ္လို႔လည္း ေျပာႏိုင္ပါတယ္။ Harry Potter နဲ႔ The Lord of The Rings တို႔လို ဆန္းျပားတဲ့ စိတ္ကူးယဥ္ဇာတ္လမ္းေတြကို ပရိသတ္ေတြ အႀကိဳက္ေတြ႕ခဲ့ၾကရတဲ့အျပင္ စူပါဟီး႐ိုး ဇာတ္ကားေတြဟာလည္း ေအာင္ျမင္ဖို႔ လမ္းေၾကာင္းရဲ႕အစကို ေရာက္ေနၿပီးေတာ့ animated movie ေတြဟာလည္း ဒစ္ဂ်စ္တယ္လ္ေလာကကို စတင္ေျပာင္းလဲလာေစတဲ့ ကာလပဲ ျဖစ္ပါတယ္။

ဒီေနရာမွာ ၂၀၀၀ခုႏွစ္မ်ား အစကေန အခုထိတိုင္ ေခတ္စားလာတာကေတာ့ မိတ္ေဆြသူငယ္ခ်င္း ဆက္ဆံေရးနဲ႔ ခ်စ္ျခင္းေမတၱာေတြ အေၾကာင္းကို အသားေပး တင္ဆက္တတ္တဲ့ ဆယ္ေက်ာ္သက္႐ုပ္ရွင္ဇာတ္လမ္းမ်ား ျဖစ္ပါတယ္။ ေမာ္ဒန္ပုံျပင္ေတြကေနၿပီးေတာ့ အမ်ိဳးသမီးေတြအတြက္ စိတ္ဓာတ္ခြန္အားျဖစ္ေစတဲ့အထိ ေအာင္ျမင္ခဲ့တဲ့ အထင္ကရ နာမည္ႀကီးဇာတ္ကားေတြ ၂၀၀၀ခုႏွစ္ဝန္းက်င္မွာ အမ်ားအျပား ရွိခဲ့ပါတယ္။ ဒီထဲကမွ စာဖတ္သူအတြက္ IMDb အေကာင္းဆုံး ဇာတ္ကားတစ္ခ်ိဳ႕ကို ေဖာ္ျပေပးသြားပါမယ္။

A Cinderella Story (2004)
photo via screenrant

ဒီဇာတ္ကားဟာ လူတိုင္းသိၾကတဲ့ ဂႏၴဝင္ပုံျပင္ Cinderella ကို မွီျငမ္းၿပီး ေခတ္သစ္ပုံစံ ျပန္လည္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အပယ္ခံေက်ာင္းသူေလး Sam (Hilary Duff) ဟာ သူမနဲ႔ အျပင္မွာမသိတဲ့ ေက်ာင္းက ေပၚျပဴလာအျဖစ္ဆုံး ေကာင္ေလးတစ္ေယာက္ (Chad Michael Murray) နဲ႔ စာအသြားလာအရ စတင္ခင္မင္ရင္းႏွီးၿပီး အခ်စ္ဇာတ္လမ္းေလး စတင္လာပုံကို ရင္ခုန္ဖြယ္ရာေကာင္းေအာင္ တင္ဆက္ထားပါတယ္။

A Cinderella Story ဟာ စီးပြားေရးအရ ႀကီးမားတဲ့ ေအာင္ျမင္မႈေတြ ရရွိခဲ့ၿပီး ေနာက္ပိုင္းႏွစ္ေတြမွာလည္း သူ႔ကိုမွီျငမ္းၿပီး ဆန္းသစ္ထားတဲ့ ႐ုပ္ရွင္ေလးကားေလာက္ ရွိခဲ့ပါတယ္။ ဒီဇာတ္ကားကေတာ့ ထြက္ကာစမွာ ဆိုး႐ြားတဲ့ ေဝဖန္မႈတစ္ခ်ိဳ႕ရရွိခဲ့ေပမယ့္ အဲ့ဒီ့ေခတ္က လူငယ္ေတြၾကားမွာ ေရပန္းစားလြန္းခဲ့တဲ့ ႐ုပ္ရွင္တစ္ကား ျဖစ္ပါတယ္။ IMDb ကေတာ့ 5.9 ရွိပါတယ္။

Miss Congeniality (2000)
photo via screenrant

မင္းသမီး Sandra Bullock အဓိက သ႐ုပ္ေဆာင္ထားတဲ့ Miss Congeniality ဟာ ၂၀၀၀ခုႏွစ္ဝန္းက်င္ ကာလက မိန္းကေလးဇာတ္ေကာင္ ဦးစားေပး ဇာတ္ကားေတြၾကားမွာ အဆင့္ျမင့္ျမင့္ ေနရာက ရပ္တည္ခဲ့ပါတယ္။ IMDb 6.2 ရွိတဲ့ ဒီဇာတ္ကားမွာေတာ့ F.B.I ေအးဂ်င့္ Gracie Hart ဟာ အေမရိကန္ မယ္ေ႐ြးပြဲတစ္ခုမွာ အၾကမ္းဖက္ဖို႔ ၿခိမ္းေျခာက္ထားမႈကို လွ်ိဳ႕ဝွက္အသြင္ယူၿပီး ကာကြယ္တားစီးပုံကို တင္ဆက္ထားပါတယ္။

ဒီ႐ုပ္ရွင္ဟာ စီးပြားေရးအရ ေအာင္ျမင္ခဲ့တဲ့အျပင္ ပရိသတ္အားေပးမႈကိုလည္း တခဲနက္ ရရွိခဲ့ပါတယ္။ ဒါ့အျပင္ ေ႐ႊကမာၻလုံးဆုမွာ ဟာသနဲ႔ musical အမ်ိဳးအစား ႐ုပ္ရွင္အတြက္ အေကာင္းဆုံးမင္းသမီးဆုနဲ႔ Bullock ကို စံကာတင္စာရင္း ဝင္ေစခဲ့ပါတယ္။ ဒီဇာတ္ကား ထြက္ရွိၿပီး ေနာက္ပိုင္းမွာ Miss Congeniality: Armed & Fabulous ဆိုၿပီး အဆက္တစ္ကားထြက္ရွိခဲ့ၿပီး ေဝဖန္မႈေတြ ျမင့္တက္ခဲ့ေပမယ့္ လူငယ္ေတြၾကားမွာ ေရပန္းစားကာ ေအာင္ျမင္ခဲ့ပါေသးတယ္။

Up Town Girl (2003)
photo via screenrant

IMDb 6.2 ရွိတဲ့ ဒီဇာတ္ကားမွာေတာ့ Brittany Murphy က အဓိက သ႐ုပ္ေဆာင္ထားပါတယ္။ Molly Gunn လို႔ေခၚတဲ့ ခ်မ္းသာႂကြယ္ဝတဲ့ အမ်ိဳးသမီးငယ္တစ္ေယာက္ဟာ သူမရဲ႕ အေမြစည္းစိမ္ေတြကို အခိုးယူခံလိုက္ရၿပီးေနာက္ စားဝတ္ေနေရး အဆင္ေျပဖို႔အတြက္ နာနီအလုပ္ကို လုပ္ကိုင္ရပါေတာ့တယ္။

ထူးျခားတဲ့ လွည့္ကြက္ကေတာ့ Molly Gunn အေနနဲ႔ ဘယ္လိုရင့္က်က္ေအာင္ ေနထိုင္ရမလည္းဆိုတာကို သူမ ထိန္းေက်ာင္းေပးရတဲ့ ကေလးမေလး Ray (Dakota Fanning) ဆီကေန  ျပန္သင္ယူရတာပါပဲ။ ဝမ္းနည္းစရာေကာင္းစြာပဲ မင္းသမီး Brittany Murphy ဟာ အခ်ိန္မတိုင္ခင္ ကြယ္လြန္သြားခဲ့တာေၾကာင့္  Up Town Girl ႐ုပ္ရွင္ဟာ Dakota Fanning အတြက္ေတာ့ တန္ဖိုးထား ေအာက္ေမ့သတိရစရာအျဖစ္ အၿမဲတမ္းရွိေနမွာပါ။

13 Going On 30 (2004)
photo via screenrant

ဒီဇာတ္ကားကေတာ့ IMDb 6.2 ရွိၿပီး Tom Hanks ရဲ႕ Big နဲ႔ မၾကာခဏ ႏႈိင္းယွဥ္ခံရတဲ့ဇာတ္ကား ျဖစ္ပါတယ္။ အသက္(၁၃)ႏွစ္အ႐ြယ္ ေကာင္မေလး Jenna (Jennifer Garner)ဟာ ပုံမွန္မဟုတ္တဲ့ ေမြးေန႔ဆုေတာင္းတစ္ခုေၾကာင့္ ေနာက္ေန႔မနက္မွာ အသက္(၃၀)အ႐ြယ္ အမ်ိဳးသမီးတစ္ေယာက္အျဖစ္ ႏိုးထလာခဲ့ပါတယ္။ အစကေတာ့ အ႐ြယ္ေရာက္ၿပီးသား Jenna ဟာ သူမရဲ႕ ဆယ္ေက်ာ္သက္အိပ္မက္ထဲက ဆႏၵတစ္ခု ျဖစ္ေပမယ့္ တကယ္တမ္း ျဖစ္လာတဲ့အခါမွာေတာ့ အေတာ္ေလး ကို႔႐ို႕ကားရား ႏိုင္တယ္လို႔ ေတြးမိပါေတာ့တယ္။

ဒီ 13 Going on 30 ဟာ ဘတ္ဂ်က္ (၃၇)သန္းတည္းနဲ႔ ႐ိုက္ကူးၿပီး ေဒၚလာ (၉၇.၇)သန္းအထိ ဝင္ေငြျပန္ရခဲ့တဲ့ ဇာတ္ကား ျဖစ္ပါတယ္။ ဒါ့အျပင္ ၂၀၀၄ခုႏွစ္ရဲ႕ အေရာင္းရဆုံးနဲ႔ အငွားရဆုံး DVD စာရင္းမွာလည္း ပါဝင္ခဲ့ပါေသးတယ္။ ဆယ္ေက်ာ္သက္ ေကာင္မေလးေတြရဲ႕ မိမိကိုယ္ကို ယုံၾကည္မႈနည္းပါးျခင္းကို ဘယ္လိုကိုင္တြယ္သင့္သလည္းဆိုတာနဲ႔၊ ကိုယ့္ရဲ႕ အမွတ္တရားကို လက္ခံသင့္ေၾကာင္း မက္ေဆ့ခ်္ေတြေၾကာင့္ ခ်ီးက်ဴးဖို႔ ထိုက္တန္တဲ့ ဇာတ္ကားေကာင္းတစ္ကား ျဖစ္ပါတယ္။

Legally Blonde (2001)
photo via IMDb

ဘယ္လိုပဲျဖစ္ျဖစ္ ၂၀၀၀ခုႏွစ္ဝန္းက်င္ကာလမွာ ဆယ္ေက်ာ္သက္ စကီေလးေတြအေၾကာင္း ႐ုပ္ရွင္ေတြၾကားမွာ အထင္ေပၚဆုံး ႐ုပ္ရွင္တစ္ခုကေတာ့ မင္းသမီး Reese Witherspoon ရဲ႕ Legally Blonde လို႔ ေျပာလို႔ရပါတယ္။ ဒီဇာတ္ကားမွာေတာ့ Witherspoon ဟာ အလြန္တက္ႂကြၿပီး ဖက္ရွင္နဲ႔ အလွအပကို အလြန္အသားေပးတတ္တဲ့ Elle Woods ေနရာမွာ သ႐ုပ္ေဆာင္ထားပါတယ္။

ဇာတ္လမ္းကေတာ့ Elle Woods ဟာ သူမနဲ႔ အခ်ိန္အၾကာႀကီး လက္တြဲခဲ့တဲ့ ရည္းစားက သူမကို အဆက္ျဖတ္သြားတဲ့ေနာက္ ဟားဗက္ ဥပေဒေက်ာင္းကို သြားတက္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ အဓိကရည္႐ြယ္ခ်က္ကေတာ့ သူမရဲ႕ေကာင္ေလးကို ျပန္ရႏိုင္မလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ျဖစ္ပါတယ္။ IMDb ကေတာ့ 6.3 ရွိပါတယ္။

ဒီဇာတ္ကားဟာ အစပိုင္းမွာ ၾကည့္လိုက္ရင္ေတာ့ ေပါ့ပ်က္ပ်က္ ပုံေသကားက် အမ်ိဳးသမီးလို႔ပဲ ျမင္ရမွာျဖစ္ၿပီး တကယ္တမ္း အဆုံးအထိ ၾကည့္လိုက္ရင္ေတာ့ Elle ဟာ သံသယေတြ၊ အမုန္းေတြကို ေက်ာ္လႊားႏိုင္ခဲ့ၿပီး သူမနဲ႔ ထိုက္တန္တဲ့ ဥပေဒဘြဲ႕ကို ရေအာင္ယူခဲ့တာကို ၾကည့္ျခင္းအားျဖင့္ Legally Blonde ဟာအမ်ိဳးသမီးေတြကို စိတ္ဓာတ္ခြန္အားျဖစ္ေစတဲ့ ဇာတ္ကားေကာင္းတစ္ကားလို႔ ေျပာရမွာပါ။ ဒီဇာတ္ကားဟာ ေအာင္ျမင္မႈ ႀကီးမားစြာ ရရွိထားၿပီး ေ႐ႊကမာၻလုံးဆု ႏွစ္ဆုအတြက္ စံကာတင္စာရင္း ဝင္ခဲ့ပါတယ္။

The Princess Diaries (2001)
photo via screenrant

Meg Cabot ရဲ႕စာအုပ္ကို ဒါ႐ိုက္တာ Garry Marshall က ႐ုပ္ရွင္အျဖစ္ ႐ိုက္ကူးထားတဲ့ The Princess Diaries ကေတာ့ IMDb 6.3 ရွိပါတယ္။ ဇာတ္လမ္းကေတာ့ Mia Thermopolis ဆိုတဲ့ ဆယ္ေက်ာ္သက္ ေကာင္မေလးတစ္ေယာက္ကို အေျခခံထားပါတယ္။ Mia ဟာ တစ္ေန႔မွာေတာ့ ကြဲကြာေနတာ ၾကာၿပီျဖစ္တဲ့ အဖြားနဲ႔ ျပန္ေတြ႕ၿပီး သူမဟာတကယ္ေတာ့ မင္းသမီးတစ္ပါးျဖစ္တယ္လို႔ သိလိုက္ရၿပီးေနာက္ သူမဘဝတစ္ခုလုံး ကေျပာင္းကျပန္ေတြ ျဖစ္ကုန္ပါေတာ့တယ္။

The Princess Diaries ဟာ Anne Hathaway ရဲ႕ ပြဲဦးထြက္႐ုပ္ရွင္ ျဖစ္တဲ့အျပင္ တိမ္ျမဳပ္ေနတဲ့ သ႐ုပ္ေဆာင္ Julie Andrews ရဲ႕ သ႐ုပ္ေဆာင္မႈကိုပါ တဖန္ျပန္လည္ျမင္ေတြ႕ခဲ့ရတဲ့ ဇာတ္ကားျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဇာတ္ကားရဲ႕ေနာက္မွာ Sequal တစ္ကားထြက္ခဲ့ၿပီးေတာ့ တတိယတစ္ကား ထပ္လုပ္ျဖစ္အုန္းမယ္လို႔ ေကာလာဟလတစ္ခ်ိဳ႕ ထြက္ေပၚခဲ့ဖူးပါေသးတယ္။

Mamma Mia! (2008)
photo via screenrant

Mamma Mia! ကို ႐ုံတင္ျပသလိုက္ခ်ိန္မွာေတာ့ ပရိသတ္ေတြဟာ တကယ့္ ကတ္ဆတ္အေကာင္းစားႀကီးနဲ႔ သီခ်င္းေတြ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ နားေထာင္ရတဲ့ အရသာကို ရရွိခဲ့ၾကပါတယ္။ ဇာတ္ကားထဲမွာေတာ့ Donna အျဖစ္ Meryl Streep က သ႐ုပ္ေဆာင္ထားၿပီး Sophie အျဖစ္ Amanda Seyfried က သ႐ုပ္ေဆာင္ထားပါတယ္။

သမီးျဖစ္သူရဲ႕ မဂၤလာပြဲအတြက္ စီစဥ္ေနၾကတဲ့ သားအမိႏွစ္ေယာက္ရဲ႕ ဇာတ္လမ္းေလး ျဖစ္ပါတယ္။ လူတိုင္းနီးပါး ၾကားဖူးၾကတဲ့ ABBA အဖြဲ႕ရဲ႕ ဂႏၴဝင္သီခ်င္းေတြကို အရသာရွိစြာ နားဆင္ရမယ့္ musical drama အမ်ိဳးအစား ျဖစ္ပါတယ္။ Sophie ဟာ သူမရဲ႕မဂၤလာပြဲမွာ သူမရဲ႕အေဖလို႔ ထင္ရတဲ့ လူသုံးေယာက္ကို ဖိတ္ၾကားၿပီး ဘယ္သူက သူမရဲ႕ တကယ့္အေဖရင္း ျဖစ္မယ္ဆိုတာကို ရွာေဖြေဖာ္ထုတ္တဲ့ ဇာတ္လမ္းလည္း ျဖစ္ပါတယ္။

ဒီ႐ုပ္ရွင္ဟာ ယခုအခ်ိန္အထိ ပရိသတ္ေတြၾကားမွာ ေရပန္းစားေနဆဲျဖစ္ၿပီး IMDb 6.4 ရွိပါတယ္။ ဘတ္ဂ်က္ ေဒၚလာ(၅၂)သန္း သုံးစြဲခဲ့ၿပီး Box office ဝင္ေငြမွာေတာ့ ေၾကာက္ခမန္းလိလိ (၆၁၅.၇)သန္း ျပန္လည္ရရွိခဲ့ပါတယ္။ ဒါ့အျပင္ ၂၀၀၈ခုႏွစ္ရဲ႕ အေအာင္ျမင္ဆုံး ႐ုပ္ရွင္မ်ားစာရင္းမွာ နံပါတ္(၅)ခ်ိတ္ခဲ့ၿပီး ေနာက္ဆက္တြဲအေနနဲ႔ Mamma Mia! Here We Go Again ဆိုတဲ့ ဒုတိယတစ္ကားကိုလည္း ထြက္ရွိခဲ့ပါေသးတယ္။

The Proposal (2009)
photo via screenrant

ယခုေဖာ္ျပေနတဲ့ စာရင္းထဲမွာ ထပ္မံပါဝင္လာတဲ့ Sandra Bullock ရဲ႕ ေနာက္ထပ္႐ုပ္ရွင္တစ္ခုကေတာ့ The Proposal ျဖစ္ၿပီး IMDb 6.7 ရရွိထားပါတယ္။ ဒီဇာတ္ကားထဲမွာ Sandra Bullock ဟာ ေဆာင့္ႂကြားႂကြား စာအုပ္တည္းျဖတ္သူ ကေနဒါႏိုင္ငံသူ Margaret Tate အျဖစ္ သ႐ုပ္ေဆာင္ထားၿပီး သူမရဲ႕ အေမရိကန္ႏိုင္ငံသား အတြင္းေရးမႉး Andrew အျဖစ္ Ryan Reynolds က သ႐ုပ္ေဆာင္ထားပါတယ္။

Margaret Tate ဟာ အေမရိကန္အလုပ္ဗီဇာနဲ႔ ပတ္သက္ၿပီး ဥပေဒတစ္ခုကို ခ်ိဳးေဖာက္မိတာေၾကာင့္ ျပည္ႏွင္ဒဏ္ေပးခံရမယ့္ အျပစ္က တိမ္းေရွာင္ႏိုင္ဖို႔ သူမရဲ႕အတြင္းေရးမႉးနဲ႔ ေစ့စပ္လိုက္ရပါတယ္။ ၾကည့္လို႔ေကာင္းတဲ့ အခ်စ္ဟာသဇာတ္ကားတစ္ခု ျဖစ္ၿပီး ဝင္ေငြ ေဒၚလာ(၃၁၇)သန္း ရရွိထားတဲ့ ဇာတ္ကား ျဖစ္ပါတယ္။

Mean Girls (2004)
photo via screenrant

IMDb 7 ရရွိထားတဲ့ Mean Girls ဇာတ္ကားကေတာ့ ၂၀၀၀ခုႏွစ္ ကာလမွာတင္ မဟုတ္ဘဲ အခ်ိန္တိုင္းအတြက္ အေကာင္းဆုံး ဆယ္ေက်ာ္သက္႐ုပ္ရွင္ေတြထဲမွာ ပါဝင္ပါတယ္။ ဒီဇာတ္ကားမွာေတာ့ မင္းသမီး Lindsey Lohan ကဆယ္ေက်ာ္သက္ေကာင္မေလး Cady Heron အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ သူတို႔တစ္မိသားစုလုံးဟာ အာဖရိကမွာေနၿပီး အီလီႏြိဳက္ျပည္နယ္မွာရွိတဲ့ ဆင္ေျခဖုံး ရပ္ကြက္တစ္ခုကို ေျပာင္းလာၾကတာ ျဖစ္ပါတယ္။  Cady ဟာ ပထမဆုံး ေက်ာင္းစတက္တဲ့ေန႔မွာပဲ ေက်ာင္းမွာ ဗိုလ္က်၊ ႀကီးစိုးေနတဲ့ Regina George (Rachel McAdams) ဦးေဆာင္တဲ့ The Plastics လို႔ ေက်ာင္းမွာ နာမည္ႀကီးတဲ့အဖြဲ႕နဲ႔ သူငယ္ခ်င္းေတြ ျဖစ္သြားပါတယ္။

ဒီဇာတ္ကားဟာ SNL ရႈိးရဲ႕ အဖြဲ႕ဝင္ေဟာင္း မင္းသမီး Tina Fey ရဲ႕စာအုပ္ကို မွီျငမ္းထားတာ ျဖစ္ပါတယ္။ အထက္တန္းေက်ာင္းက ေက်ာင္းသူေက်ာင္းသားေတြၾကားက သဘာဝကို ေပ်ာ္စရာေကာင္းေအာင္ သေရာ္ထားၿပီး ယခုေခတ္ ဆယ္ေက်ာ္သက္ေကာင္မေလးေတြ ဘယ္လိုမွန္ကန္စြာ ႀကီးျပင္းရမလည္းလို႔ တင္ဆက္ထားတာျဖစ္ပါတယ္။ ဒီဇာတ္လမ္းဟာ ေအာင္ျမင္လြန္းလို႔ Broadway musical ျပဇာတ္အျဖစ္ ျပန္ကျပခဲ့ရတဲ့အထိပါပဲ။

The Notebook (2004)
photo via screenrant

IMDb7.8 ရရွိထားတဲ့ ဒီဇာတ္ကားကေတာ့ စာေရးဆရာ Nicolas Sparks ရဲ႕ဝတၳဳကို မွီျငမ္းထားတာ ျဖစ္ပါတယ္။ Ryan Gosling နဲ႔ Rachel McAdams တို႔က Noah နဲ႔ Allie အျဖစ္ သ႐ုပ္ေဆာင္ထားၾကၿပီး ၁၉၄၀ခုႏွစ္ေလာက္က လူငယ္လူ႐ြယ္ႏွစ္ေယာက္ရဲ႕ အခ်စ္ဇာတ္လမ္းကို ပုံေဖာ္ထားတာ ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ ၁၉၄၀ခုႏွစ္ကေန ၂၀၀၀ခုႏွစ္အထိ ၾကားကာလကို ေဖာ္ျပထားကာ လူအို႐ုံတစ္ခုမွာ အဖိုးႀကီးဟာ မွတ္ဉာဏ္ေပ်ာက္ေနတဲ့ သူ႔ခ်စ္သူအဖြားႀကီးကို အခ်စ္ဇာတ္လမ္းေလးအေၾကာင္း ျပန္ေျပာျပေနပုံနဲ႔ ထိရွဖြယ္ တင္ဆက္ထားပါတယ္။ Note Book ဟာ ဘတ္ဂ်က္ ေဒၚလာ(၂၉)သန္းသာ သုံးစြဲထားၿပီး ဝင္ေငြ ေဒၚလာ(၁၁၆.၁)သန္း ျပန္လည္ရရွိထားတဲ့ ဇာတ္ကား ျဖစ္ပါတယ္။ ဒါ့အျပင္ ယေန႔ေခတ္အထိ ထင္ရွားေအာင္ျမင္ဆဲျဖစ္ကာ Nicolas Sparks ရဲ႕ အေကာင္းဆုံးဇာတ္လမ္းအျဖစ္ အမွတ္တရရွိေနၾကဆဲ ျဖစ္ပါတယ္။

ဒါကေတာ့ တကယ္ကို စိတ္လက္ေပါ့ပါး တက္ႂကြေစႏိုင္တဲ့ ဆယ္ေက်ာ္သက္ ဇာတ္လမ္းေကာင္းေလးမ်ား ျဖစ္ပါတယ္။ ခ်စ္သူစုံတြဲမ်ားနဲ႔ မိသားစုမ်ား အတူတူၾကည့္လို႔ အသင့္ေတာ္ဆုံးလည္း ျဖစ္ပါတယ္။ တစ္ေခတ္တစ္ခါက နာမည္ႀကီးေတြမို႔ မၾကည့္ရေသးတဲ့ကားေတြ ပါရင္ ၾကည့္လိုက္ပါဦးလို႔ တိုက္တြန္းလိုက္ပါတယ္။

C 21

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular