HomeCelebs Update NewsInternationalအဝတ်အစားပွပွကြီးတွေ ဝတ်ဆင်ရတဲ့အကြောင်းရင်းကို ဖွင့်ဟလာတဲ့ Billie Eilish

အဝတ်အစားပွပွကြီးတွေ ဝတ်ဆင်ရတဲ့အကြောင်းရင်းကို ဖွင့်ဟလာတဲ့ Billie Eilish

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အသက်(၁၈)နှစ်အရွယ်သာ ရှိသေးတဲ့ အဆိုတော်မလေး Billie Eilish ဟာ သူမရဲ့ညင်သာပျော့ပျောင်းတဲ့ အသံ၊ တမူထူးခြားတဲ့ ဖက်ရှင်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားသူ ဖြစ်ပါတယ်။ ယခုလထုတ် GQ မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာတော့ သူမရဲ့ဖက်ရှင်ရွေးချယ်မှုနဲ့ ပွပွချောင်ချောင် အဝတ်တွေကိုသာ ဆင်မြန်းရတဲ့ အကြောင်းရင်းကို ဖွင့်ဟလာခဲ့ပါတယ်။

ဆယ်ကျော်သက်ရွယ် မိန်းကလေးတစ်ယောက်အနေနဲ့ ပိုင်ဆိုင်ထားတဲ့ အလှအပတွေကို အကောင်းဆုံး ထုတ်ဖော်ပြသနိုင်တဲ့ အခြေအနေမှာ ရှိနေပေမယ့် သူမကတော့ ပွပွချောင်ချောင် ဘောင်းဘီကြီးတွေ၊ အင်္ကျီအပွကြီးတွေကိုသာ ကိုယ်ပိုင်အမှတ်အသားအနေနဲ့ ဝတ်ဆင်လေ့ ရှိပါတယ်။

Photo: billieeilish/ Instagram

သူမရဲ့ဖက်ရှင်ရွေးချယ်မှုဟာ အများထက် ထူးချင်လို့ဆိုတာထက် ပုဂ္ဂိုလ်ရေးပိုဆန်နေတာကို GQ နဲ့ အင်တာဗျူးမှာမှ သိခွင့်ရလိုက်ကြပါတယ်။ အဲ့ဒါကတော့ သူမတွဲခဲ့ဖူးတဲ့ ရည်းစားတွေအကုန်လုံးက သူမအပေါ် လိုချင်တပ်မက်စိတ် မရှိကြလို့ပါလို့ ဆိုပါတယ်။

“ကျွန်မအရင်က တွဲခဲ့ဖူးတဲ့ ရည်းစားတွေက တစ်ခါမှ ကျွန်မအပေါ် လိုချင်တပ်မက်တာမျိုး မခံစားမိခဲ့ပါဘူး။ ဘယ်သူကမှ ကျွန်မကို ဆွဲဆောင်မှုရှိနေတယ်လို့ မတွေးကြတာမျိုးလေ။ ကျွန်မဘဝမှာတော့ အဲ့ဒါက ကြီးမားတဲ့ အရာတစ်ခုပဲ။ ဘယ်သူ့အမြင်မှာမှ တပ်မက်စရာ မကောင်းတာမျိုးပေါ့ … ” လို့ Billie က ဆိုပါတယ်။

Photo: billieeilish/ Instagram

ဂရမ်မီဆုများပိုင်ရှင် Billie ဟာ သူမရဲ့စကားအတိုင်းပဲ သူမရဲ့ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပေါ်လွင်စေမယ့် အဝတ်အစားမျိုးတွေကို များသောအားဖြင့် ဝတ်ဆင်လေ့ မရှိတာကို တွေ့ရပါတယ်။ “ကိုယ်ဝတ်ချင်တဲ့အတိုင်းပဲ ဝတ်ပါတယ်။ ရှင်တို့ရဲ့ အထင်အမြင်တွေအတိုင်းတော့ လိုက်မဝတ်ပေးနိုင်ပါဘူး။ ကျွန်မ ဆိုလိုချင်တာကို သိတယ်မှတ်လား။ လိုက်ပြီး ထင်မြင်ချက်တွေ ပေးနေတဲ့လူတွေ၊ အရွယ်အစားကအစ လိုက်ပြီး ပြောနေတဲ့သူတွေကို ပြောချင်တာ…” လို့ ဆိုပါတယ်။

သို့ပေမယ့် Billie ဟာ တစ်ခါတုန်းကတော့ အပေါ်ပိုင်းအလှကို ပေါ်လွင်စေမယ့် ကြိုးတစ်ချောင်းအင်္ကျီကို ဝတ်ဆင်ခဲ့ဖူးပါတယ်။ တစ်ခဏလေးအတွင်းမှာတင် အဲ့ဒီ့ပုံတွေဟာ Twitter မှာ trend ဖြစ်သွားခဲ့ပြီး လူတိုင်းက တစ်မျိုးစီ ထင်မြင်ချက်ပေးခဲ့ကြတာကြောင့် နောက်ပိုင်းမှာတော့ အဲ့ဒီ့လိုဖက်ရှင်မျိုးတွေ ဝတ်ဆင်တာ မတွေ့ရတော့ပါဘူး။

Photo: billieeilish/ Instagram

“ကျွန်မ ဝတ်ချင်တာ ဝတ်မယ်ဆိုပေမယ့် အရင်က ကျွန်မ လုပ်ခဲ့ဖူးသလိုမျိုး အိပ်ရာက နိုးလာပြီး ယောင်တောင်ပေါင်တောင်နဲ့ ကြိုးတစ်ချောင်းအင်္ကျီ ကောက်ဝတ်ပြီး အပြင်ထွက်တာမျိုးတော့ လုပ်တော့မှာ မဟုတ်ပါဘူး… ” လို့ ဆိုထားပါတယ်။

LaNina
(Zawgyi Version)

အသက္(၁၈)ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ အဆိုေတာ္မေလး Billie Eilish ဟာ သူမရဲ႕ညင္သာေပ်ာ့ေပ်ာင္းတဲ့ အသံ၊ တမူထူးျခားတဲ့ ဖက္ရွင္ေတြနဲ႔ ပရိသတ္ေတြကို ဖမ္းစားထားသူ ျဖစ္ပါတယ္။ ယခုလထုတ္ GQ မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာေတာ့ သူမရဲ႕ဖက္ရွင္ေ႐ြးခ်ယ္မႈနဲ႔ ပြပြေခ်ာင္ေခ်ာင္ အဝတ္ေတြကိုသာ ဆင္ျမန္းရတဲ့ အေၾကာင္းရင္းကို ဖြင့္ဟလာခဲ့ပါတယ္။

ဆယ္ေက်ာ္သက္႐ြယ္ မိန္းကေလးတစ္ေယာက္အေနနဲ႔ ပိုင္ဆိုင္ထားတဲ့ အလွအပေတြကို အေကာင္းဆုံး ထုတ္ေဖာ္ျပသႏိုင္တဲ့ အေျခအေနမွာ ရွိေနေပမယ့္ သူမကေတာ့ ပြပြေခ်ာင္ေခ်ာင္ ေဘာင္းဘီႀကီးေတြ၊ အက်ႌအပြႀကီးေတြကိုသာ ကိုယ္ပိုင္အမွတ္အသားအေနနဲ႔ ဝတ္ဆင္ေလ့ ရွိပါတယ္။

Photo: billieeilish/ Instagram

သူမရဲ႕ဖက္ရွင္ေ႐ြးခ်ယ္မႈဟာ အမ်ားထက္ ထူးခ်င္လို႔ဆိုတာထက္ ပုဂၢိဳလ္ေရးပိုဆန္ေနတာကို GQ နဲ႔ အင္တာဗ်ဴးမွာမွ သိခြင့္ရလိုက္ၾကပါတယ္။ အဲ့ဒါကေတာ့ သူမတြဲခဲ့ဖူးတဲ့ ရည္းစားေတြအကုန္လုံးက သူမအေပၚ လိုခ်င္တပ္မက္စိတ္ မရွိၾကလို႔ပါလို႔ ဆိုပါတယ္။

“ကြၽန္မအရင္က တြဲခဲ့ဖူးတဲ့ ရည္းစားေတြက တစ္ခါမွ ကြၽန္မအေပၚ လိုခ်င္တပ္မက္တာမ်ိဳး မခံစားမိခဲ့ပါဘူး။ ဘယ္သူကမွ ကြၽန္မကို ဆြဲေဆာင္မႈရွိေနတယ္လို႔ မေတြးၾကတာမ်ိဳးေလ။ ကြၽန္မဘဝမွာေတာ့ အဲ့ဒါက ႀကီးမားတဲ့ အရာတစ္ခုပဲ။ ဘယ္သူ႔အျမင္မွာမွ တပ္မက္စရာ မေကာင္းတာမ်ိဳးေပါ့ … ” လို႔ Billie က ဆိုပါတယ္။

Photo: billieeilish/ Instagram

ဂရမ္မီဆုမ်ားပိုင္ရွင္ Billie ဟာ သူမရဲ႕စကားအတိုင္းပဲ သူမရဲ႕ခႏၶာကိုယ္ေကာက္ေၾကာင္းအလွကို ေပၚလြင္ေစမယ့္ အဝတ္အစားမ်ိဳးေတြကို မ်ားေသာအားျဖင့္ ဝတ္ဆင္ေလ့ မရွိတာကို ေတြ႕ရပါတယ္။ “ကိုယ္ဝတ္ခ်င္တဲ့အတိုင္းပဲ ဝတ္ပါတယ္။ ရွင္တို႔ရဲ႕ အထင္အျမင္ေတြအတိုင္းေတာ့ လိုက္မဝတ္ေပးႏိုင္ပါဘူး။ ကြၽန္မ ဆိုလိုခ်င္တာကို သိတယ္မွတ္လား။ လိုက္ၿပီး ထင္ျမင္ခ်က္ေတြ ေပးေနတဲ့လူေတြ၊ အ႐ြယ္အစားကအစ လိုက္ၿပီး ေျပာေနတဲ့သူေတြကို ေျပာခ်င္တာ…” လို႔ ဆိုပါတယ္။

သို႔ေပမယ့္ Billie ဟာ တစ္ခါတုန္းကေတာ့ အေပၚပိုင္းအလွကို ေပၚလြင္ေစမယ့္ ႀကိဳးတစ္ေခ်ာင္းအက်ႌကို ဝတ္ဆင္ခဲ့ဖူးပါတယ္။ တစ္ခဏေလးအတြင္းမွာတင္ အဲ့ဒီ့ပုံေတြဟာ Twitter မွာ trend ျဖစ္သြားခဲ့ၿပီး လူတိုင္းက တစ္မ်ိဳးစီ ထင္ျမင္ခ်က္ေပးခဲ့ၾကတာေၾကာင့္ ေနာက္ပိုင္းမွာေတာ့ အဲ့ဒီ့လိုဖက္ရွင္မ်ိဳးေတြ ဝတ္ဆင္တာ မေတြ႕ရေတာ့ပါဘူး။

Photo: billieeilish/ Instagram

“ကြၽန္မ ဝတ္ခ်င္တာ ဝတ္မယ္ဆိုေပမယ့္ အရင္က ကြၽန္မ လုပ္ခဲ့ဖူးသလိုမ်ိဳး အိပ္ရာက ႏိုးလာၿပီး ေယာင္ေတာင္ေပါင္ေတာင္နဲ႔ ႀကိဳးတစ္ေခ်ာင္းအက်ႌ ေကာက္ဝတ္ၿပီး အျပင္ထြက္တာမ်ိဳးေတာ့ လုပ္ေတာ့မွာ မဟုတ္ပါဘူး… ” လို႔ ဆိုထားပါတယ္။

LaNina

 

RELATED ARTICLES

Most Popular