HomeEntertainmentFilmရုပ်ရှင်ဘက်ကို ခြေဦးပြန်လှည့်လာတဲ့ Justin Timberlake ရဲ့ ဇာတ်ကားသစ် Palmer 

ရုပ်ရှင်ဘက်ကို ခြေဦးပြန်လှည့်လာတဲ့ Justin Timberlake ရဲ့ ဇာတ်ကားသစ် Palmer 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကြီး အဆိုတော်၊ သရုပ်ဆောင် Justin Timberlake ဟာ ရုပ်ရှင်လောကမှာ ပျောက်ချက်သား ကောင်းနေရာကနေ တစ်ကျော့ပြန်လာတော့မှာ ဖြစ်ပါတယ်။

အဲ့ဒါကတော့ Justin Timberlake အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Palmer ဇာတ်ကားဟာ ထွက်ရှိလာတော့မှာ ဖြစ်ပြီး မကြာခင်ကပဲ ထွေလာ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Justin အတွက်တော့ ရုပ်ရှင်လောကမှာ သုံးနှစ်လောက် ပျောက်ချက်သား ကောင်းနေရာကနေ ပထမဆုံး ပြန်တွေ့ရမယ့် ဇာတ်ကားလည်း ဖြစ်ပါတယ်။

Photo via rottentomatoes

ဒါရိုက်တာ Fisher Stevens က ရိုက်ကူးတင်ဆက်သွားမယ့် ဒီဇာတ်ကားမှာတော့ Justin Timberlake နဲ့အတူ Ryder Allen ၊ Aisha Wainwright ၊ June Squibb နဲ့ Juno Temple တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

photo via indianexpress

Palmer ရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်းကျောင်းက နာမည်ကြီး ဘောလုံးသမား Eddie Palmer (Justin Timberlake)ဟာ ထောင်ဒဏ် (၁၂)နှစ် ကျခံပြီးနောက် ပုံမှန်ဘဝနဲ့ နေထိုင်ဖို့ အိမ်ကို ပြန်လာခဲ့ပါတယ်။ ထောင်ကျသွားတာကြောင့် သူ့ရဲ့ဘောလုံးသမားဘဝတစ်ခုဟာလည်း အဖတ်ဆယ်မရတော့ပါဘူး။ ဒီလိုနဲ့ ပုံမှန်ဘဝမှာ အသားကျအောင် နေထိုင်ဖို့ ကြိုးစားရင်း ကောင်လေးတစ်ယောက်နဲ့ ရင်းနှီးသွားပါတယ်။ ဒါပေမယ့် သူ့ရဲ့အတိတ်က အရိပ်ဆိုးတွေဟာ လိုက်လံခြောက်လှန့်ဖို့ ကြိုးစားကြတဲ့အခါမှာတော့  …. ။

Palmer ဇာတ်ကားဟာ အပြစ်တွေကို ဆေးကြောပြီး ဘဝကို ပြန်အဖတ်ဆယ်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ရဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ Eddie Palmer ဟာ ဘယ်လို ပြစ်မှုမျိုးကို ကျူးလွန်ခဲ့တာလည်း၊ သူ ကျခံခဲ့ရတဲ့ ပြစ်ဒဏ်တွေက သူနဲ့ တကယ် ထိုက်တန်ရဲ့လားဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ရုပ်ရှင်လောကနဲ့ အတန်ငယ် အလှမ်းဝေးနေတဲ့ Justin ရဲ့ သရုပ်ဆောင်မှုတွေကို ဒီဇာတ်ကားမှာ ဘယ်လိုပုံစံမျိုးနဲ့ ပြန်တွေ့ရမလည်းဆိုတာ ရင်ခုန်စရာပါပဲ။ ဒီဇာတ်ကားကိုတော့ Apple TV+ ကနေ ဇန်နဝါရီလ (၂၉)နေ့ရက်က စတင်ပြသသွားမယ်လို့ သိရပါတယ်။

C 21

Source: indian express

(Zawgyi Version)

နာမည္ႀကီး အဆိုေတာ္၊ သ႐ုပ္ေဆာင္ Justin Timberlake ဟာ ႐ုပ္ရွင္ေလာကမွာ ေပ်ာက္ခ်က္သား ေကာင္းေနရာကေန တစ္ေက်ာ့ျပန္လာေတာ့မွာ ျဖစ္ပါတယ္။

အဲ့ဒါကေတာ့ Justin Timberlake အဓိက ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Palmer ဇာတ္ကားဟာ ထြက္ရွိလာေတာ့မွာ ျဖစ္ၿပီး မၾကာခင္ကပဲ ေထြလာ ထြက္ရွိလာၿပီ ျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ Justin အတြက္ေတာ့ ႐ုပ္ရွင္ေလာကမွာ သုံးႏွစ္ေလာက္ ေပ်ာက္ခ်က္သား ေကာင္းေနရာကေန ပထမဆုံး ျပန္ေတြ႕ရမယ့္ ဇာတ္ကားလည္း ျဖစ္ပါတယ္။

Photo via rottentomatoes

ဒါ႐ိုက္တာ Fisher Stevens က ႐ိုက္ကူးတင္ဆက္သြားမယ့္ ဒီဇာတ္ကားမွာေတာ့ Justin Timberlake နဲ႔အတူ Ryder Allen ၊ Aisha Wainwright ၊ June Squibb နဲ႔ Juno Temple တို႔က ပါဝင္သ႐ုပ္ေဆာင္ထားၾကပါတယ္။

photo via indianexpress

Palmer ႐ုပ္ရွင္ရဲ႕ ဇာတ္လမ္းအက်ဥ္းကေတာ့ အထက္တန္းေက်ာင္းက နာမည္ႀကီး ေဘာလုံးသမား Eddie Palmer (Justin Timberlake)ဟာ ေထာင္ဒဏ္ (၁၂)ႏွစ္ က်ခံၿပီးေနာက္ ပုံမွန္ဘဝနဲ႔ ေနထိုင္ဖို႔ အိမ္ကို ျပန္လာခဲ့ပါတယ္။ ေထာင္က်သြားတာေၾကာင့္ သူ႔ရဲ႕ေဘာလုံးသမားဘဝတစ္ခုဟာလည္း အဖတ္ဆယ္မရေတာ့ပါဘူး။ ဒီလိုနဲ႔ ပုံမွန္ဘဝမွာ အသားက်ေအာင္ ေနထိုင္ဖို႔ ႀကိဳးစားရင္း ေကာင္ေလးတစ္ေယာက္နဲ႔ ရင္းႏွီးသြားပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕အတိတ္က အရိပ္ဆိုးေတြဟာ လိုက္လံေျခာက္လွန႔္ဖို႔ ႀကိဳးစားၾကတဲ့အခါမွာေတာ့  …. ။

Palmer ဇာတ္ကားဟာ အျပစ္ေတြကို ေဆးေၾကာၿပီး ဘဝကို ျပန္အဖတ္ဆယ္ဖို႔ ႀကိဳးစားေနတဲ့ လူတစ္ေယာက္ရဲ႕ဇာတ္လမ္း ျဖစ္ပါတယ္။ Eddie Palmer ဟာ ဘယ္လို ျပစ္မႈမ်ိဳးကို က်ဴးလြန္ခဲ့တာလည္း၊ သူ က်ခံခဲ့ရတဲ့ ျပစ္ဒဏ္ေတြက သူနဲ႔ တကယ္ ထိုက္တန္ရဲ႕လားဆိုတာကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

႐ုပ္ရွင္ေလာကနဲ႔ အတန္ငယ္ အလွမ္းေဝးေနတဲ့ Justin ရဲ႕ သ႐ုပ္ေဆာင္မႈေတြကို ဒီဇာတ္ကားမွာ ဘယ္လိုပုံစံမ်ိဳးနဲ႔ ျပန္ေတြ႕ရမလည္းဆိုတာ ရင္ခုန္စရာပါပဲ။ ဒီဇာတ္ကားကိုေတာ့ Apple TV+ ကေန ဇန္နဝါရီလ (၂၉)ေန႔ရက္က စတင္ျပသသြားမယ္လို႔ သိရပါတယ္။

C 21

Source: indian express

RELATED ARTICLES

Most Popular