HomeCelebs Update NewsInternationalလာမယ့်ဖေဖော်ဝါရီလမှာ ကြည့်ရှုရတော့မယ့် Billie Eilish အကြောင်း မှတ်တမ်းရုပ်ရှင်

လာမယ့်ဖေဖော်ဝါရီလမှာ ကြည့်ရှုရတော့မယ့် Billie Eilish အကြောင်း မှတ်တမ်းရုပ်ရှင်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Billie Eilish ရဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာ သတင်းကောင်းတစ်ခု လာပါပြီ။ အဲ့ဒါကတော့ လူအများ မျှော်လင့်နေကြတဲ့ ဂရမ်မီဆုများပိုင်ရှင် တေးရေး၊ တေးဆို Billie Eilish ရဲ့ဘဝအကြောင်း မှတ်တမ်းရုပ်ရှင်ကို လာမယ့် ဖေဖော်ဝါရီလမှာ ထုတ်လွှင့်နိုင်ဖို့ Apple က စီစဉ်နေတဲ့အကြောင်းပဲ ဖြစ်ပါတယ်။

Hollywood Reporter သတင်းဌာနရဲ့ ဖော်ပြချက်အရ Billie Eilish: The World’s a Little Blurry မှတ်တမ်းရုပ်ရှင်ကို ရုပ်ရှင်ရုံတွေမှာရော၊ Apple TV Plus မှာပါ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။ Apple ရဲ့ ဒီ Original မှတ်တမ်းရုပ်ရှင်ကိုတော့ ဒါရိုက်တာ RJ Cutlerက ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။

photo: billieeilish/ Instagram

အဆိုပါ မှတ်တမ်းရုပ်ရှင်ကို Interscope Films ၊ Darkroom ၊ This Machine  နဲ့ Lighthouse Management & Media တို့က ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

အသက်(၁၈)နှစ်သာ ရှိသေးတဲ့ Billie Eilish ဟာ သူမရဲ့ ပွဲဦးထွက်အယ်လ်ဘမ် When We Fall Asleep, Where Do We Go? နဲ့ ဂရမ်မီဆုငါးဆုကို ဆွတ်ခူးရရှိထားသူ ဖြစ်ပါတယ်။ အဆိုပါ ဂရမ်မီငါးဆုမှာတော့ Best New Artist ဆုနဲ့ Album of the Year လို နာမည်ကြီးဆုတွေပါ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

photo: billieeilish/ Instagram

ဒါ့အပြင် သူမဟာ မကြာခင် ထွက်ရှိလာမယ့် James Bond ရုပ်ရှင် No Time to Die အတွက် ဇာတ်ဝင်သီချင်းကိုလည်း သီဆိုပေးထားပါသေးတယ်။ Billie ဟာ အသက်ငယ်ငယ်လေးနဲ့ တဟုန်ထိုး အောင်မြင်နေသူတစ်ယောက်ဖြစ်ပြီး စံချိန်တော်တော်များများကိုလည်း ချိုးထားသူမို့ သူမအကြောင်း ရိုက်ကူးထားတဲ့ ယခုမှတ်တမ်းတင် ရုပ်ရှင်ဟာဆိုရင်လည်း အတော်လေး လူစိတ်ဝင်စားမှု မြင့်တက်မယ်ဆိုတာ အသေအချာပါပဲ။

C 21

Source: indian express

(Zawgyi Version)

Billie Eilish ရဲ႕ ပရိသတ္ေတြအတြက္ ဝမ္းသာစရာ သတင္းေကာင္းတစ္ခု လာပါၿပီ။ အဲ့ဒါကေတာ့ လူအမ်ား ေမွ်ာ္လင့္ေနၾကတဲ့ ဂရမ္မီဆုမ်ားပိုင္ရွင္ ေတးေရး၊ ေတးဆို Billie Eilish ရဲ႕ဘဝအေၾကာင္း မွတ္တမ္း႐ုပ္ရွင္ကို လာမယ့္ ေဖေဖာ္ဝါရီလမွာ ထုတ္လႊင့္ႏိုင္ဖို႔ Apple က စီစဥ္ေနတဲ့အေၾကာင္းပဲ ျဖစ္ပါတယ္။

Hollywood Reporter သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ Billie Eilish: The World’s a Little Blurry မွတ္တမ္း႐ုပ္ရွင္ကို ႐ုပ္ရွင္႐ုံေတြမွာေရာ၊ Apple TV Plus မွာပါ ထုတ္လႊင့္ျပသသြားမယ္လို႔ သိရပါတယ္။ Apple ရဲ႕ ဒီ Original မွတ္တမ္း႐ုပ္ရွင္ကိုေတာ့ ဒါ႐ိုက္တာ RJ Cutlerက ႐ိုက္ကူးေပးထားတာ ျဖစ္ပါတယ္။

photo: billieeilish/ Instagram

အဆိုပါ မွတ္တမ္း႐ုပ္ရွင္ကို Interscope Films ၊ Darkroom ၊ This Machine  နဲ႔ Lighthouse Management & Media တို႔က ပူးေပါင္းထုတ္လုပ္ထားတာ ျဖစ္ပါတယ္။

အသက္(၁၈)ႏွစ္သာ ရွိေသးတဲ့ Billie Eilish ဟာ သူမရဲ႕ ပြဲဦးထြက္အယ္လ္ဘမ္ When We Fall Asleep, Where Do We Go? နဲ႔ ဂရမ္မီဆုငါးဆုကို ဆြတ္ခူးရရွိထားသူ ျဖစ္ပါတယ္။ အဆိုပါ ဂရမ္မီငါးဆုမွာေတာ့ Best New Artist ဆုနဲ႔ Album of the Year လို နာမည္ႀကီးဆုေတြပါ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။

photo: billieeilish/ Instagram

ဒါ့အျပင္ သူမဟာ မၾကာခင္ ထြက္ရွိလာမယ့္ James Bond ႐ုပ္ရွင္ No Time to Die အတြက္ ဇာတ္ဝင္သီခ်င္းကိုလည္း သီဆိုေပးထားပါေသးတယ္။ Billie ဟာ အသက္ငယ္ငယ္ေလးနဲ႔ တဟုန္ထိုး ေအာင္ျမင္ေနသူတစ္ေယာက္ျဖစ္ၿပီး စံခ်ိန္ေတာ္ေတာ္မ်ားမ်ားကိုလည္း ခ်ိဳးထားသူမို႔ သူမအေၾကာင္း ႐ိုက္ကူးထားတဲ့ ယခုမွတ္တမ္းတင္ ႐ုပ္ရွင္ဟာဆိုရင္လည္း အေတာ္ေလး လူစိတ္ဝင္စားမႈ ျမင့္တက္မယ္ဆိုတာ အေသအခ်ာပါပဲ။

C 21

Source: indian express

RELATED ARTICLES

Most Popular