HomeCelebs Update NewsLocal၂၀၁၉အကယ္ဒမီေပးပြဲရဲ႕ ဖက္ရွင္အက်ဆုံး မင္းသမီး(၇)ေယာက္

၂၀၁၉အကယ္ဒမီေပးပြဲရဲ႕ ဖက္ရွင္အက်ဆုံး မင္းသမီး(၇)ေယာက္

အောက်တွင်ယူနီကုဒ်ဖြင့် ဖတ်ပါ။

၂၀၁၉ခုႏွစ္ရဲ႕ ျမန္မာ့ရုပ္ရွင္ထူးခၽြန္ဆုေပးပြဲႀကီးကေတာ့ ေအာင္ျမင္စြာ ၿပီးေျမာက္သြားခဲ့ပါၿပီ။ ခမ္းနားလွတဲ့ ပြဲႀကီးကို တက္ေရာက္လာၾကတဲ့ အေခ်ာအလွ နာမည္ေက်ာ္မင္းသမီးမ်ားထဲက အလွဆုံး၊ ဖက္ရွင္အက်ဆုံး မင္းသမီး(၇)ေယာက္ရဲ႕ အလွေတြကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

ခင္ေလးႏြယ္
Photo Credit: Khin Lay Nwe’s FB

အကယ္ဒမီပြဲတက္ဖက္ရွင္နဲ႔ ပတ္သက္ရင္ မင္းသမီးေခ်ာေလး ခင္ေလးႏြယ္ဟာ မပါမျဖစ္ ေျပာရမယ့္မင္းသမီးေလးတစ္လက္ပါ။ လီဆူတိုင္းရင္းသူေလး ျဖစ္တာနဲ႔အညီ သူမရဲ႕တိုင္းရင္းသား၀တ္စုံေလးေတြကို တန္ဖိုးထားၿပီး အျမတ္တႏိုး ဆင္ျမန္းရင္း ပြဲတက္လာတာကို ပြဲတိုင္းလိုလို ေတြ႕ရမွာပါ။ အလားတူပဲ ယခုႏွစ္အတြက္ ပြဲတက္လာတဲ့ တိုင္းရင္းသား၀တ္စုံေလးဟာလည္း အလြန္ကို မ်က္စိပသာဒရိွလွသလို လိမ္းျခယ္လာတဲ့ မိတ္ကပ္ကလည္း သဘာ၀ဆန္ဆန္ေလးနဲ႔ ခ်စ္စရာေကာင္းေနတာကို ေတြ႕ရမွာပါ။

Photo Credit: Khin Lay Nwe’s FB
Photo Credit: Khin Lay Nwe’s FB
ခင္၀င့္၀ါ
Photo Credit: Khin Wint War’s FB

“ေခးေလး”လို႔ ခ်စ္စႏိုးေခၚၾကတဲ့ မင္းသမီးေလးခင္၀င့္၀ါရဲ႕ ယခုႏွစ္အကယ္ဒမီပြဲတက္ ဖက္ရွင္ကေတာ့ ရိုးရွင္းၿပီး ခ်စ္စရာေလးပါ။ အေရာင္ေရြးခ်ယ္မႈမွာလည္း မဟာဆန္လွသလို ရတနာဆင္ျမန္းမႈမွာလည္း ရိုးရိုးရွင္းရွင္းနဲ႔ ေပါ့ေပါ့ပါးပါးေလး ေရြးခ်ယ္ထားတာကို ျမင္ရမွာပါ။ ဒါ့အျပင္ အထူးခ်ီးက်ဴးစရာတစ္ခုကေတာ့ ျမန္မာမႈကို ျပန္လည္ေဖာ္ထုတ္တဲ့အေနနဲ႔ ဘီးဆံထုံးေလးကို ရိုးရွင္းစြာ ထုံးဖြဲ႕ထားတာေလးပါ။ အင္မတန္မွ အျမင္ေအးၿပီး လွပေနတာကို ေတြ႕ရမွာပါ။

Photo Credit: Khin Wint War’s FB
Photo Credit: Khin Wint War’s FB
ေအး၀တ္ရည္ေသာင္း
Photo Credit: Aye Wutyi Thaung’s FB

ပုရိသတို႔ရဲ႕အသည္းစြဲ “မေအးေသာင္း”ကေတာ့ ယခုႏွစ္အကယ္ဒမီေပးပြဲမွာ နန္းဆန္ဆန္ေလး ပြဲတက္လာတာကို ေတြ႕ရပါတယ္။ ၀တ္ရုံႀကီးေတြ၊ ပု၀ါစအရွည္ႀကီးေတြၾကားထဲမွာ ရိုးရွင္းၿပီး မဟာဆန္လြန္းတဲ့ ဘုရင့္သမီးေတာ္ေလးတစ္ပါးအလား ေတြ႕ရမွာပါ။

Photo Credit: Aye Wutyi Thaung’s FB
Photo Credit: Aye Wutyi Thaung’s FB
အိျႏၵာေက်ာ္ဇင္
Photo: Eindra Kyaw Zin’s FB

ဖက္ရွင္ဘုရင္မလို႔ တင္စားၾကတဲ့ မင္းသမီးေခ်ာ အိျႏၵာေက်ာ္ဇင္ကေတာ့ လူေတြရဲ႕အျမင္ကို ဖက္ရွင္နဲ႔ ဘယ္လိုဖမ္းစားရမယ္ဆိုတာ အတိအက်သိသူတစ္ေယာက္ပါ။ အေရာင္ေရြးခ်ယ္မႈ၊ မိတ္ကပ္နဲ႔ ဆံပင္တို႔အျပင္ လက္ကိုင္အိတ္ကအစ ဖက္ရွင္ဘုရင္မဆိုတာ ေမးခြန္းထုတ္စရာမလိုေလာက္ေအာင္ တင့္တယ္လွပေနတာပါ။ Cape ရုံထားတဲ့ပုံနဲ႔ မရုံထားတဲ့ပုံ ယွဥ္လိုက္မယ္ဆိုရင္ေတာ့ Cape မပါတာက သူမရဲ႕ဖက္ရွင္ကို ပိုၿပီးျမန္မာဆန္ေစသလို ပိုၿပီးေတာ့လည္း ဆြဲေဆာင္မႈရိွေစတာကို ေတြ႕ရမွာပါ။

Photo: Eindra Kyaw Zin’s FB
Photo: Eindra Kyaw Zin’s FB
၀တ္မႈံေရႊရည္
Photo Credit: Wutmhone Shwe Yi’s FB

မင္းသမီးေခ်ာေလး ၀တ္မႈံေရႊရည္ရဲ႕ ဒီႏွစ္အကယ္ဒမီ ပြဲတက္ဖက္ရွင္ကေတာ့ တကယ္ကို “Wow” ပါပဲ။ ယခင္ႏွစ္ေတြက သူမကို အေနာက္တိုင္းဆန္ဆန္ ဖက္ရွင္ေလးေတြ ဆင္ျမန္းတာ ေတြ႕ရာကေန ဒီႏွစ္ခ်ိတ္အျပည့္ကို ၀မ္းဆက္ေလး ဆင္ျမန္းလာၿပီး အေနာက္က ဧရာမပု၀ါစအရွည္ႀကီးကို တြဲေတြ႕လိုက္ရတဲ့အခါ အသက္ရႈမွားေလာက္ပါတယ္။ တကယ္ကို ေကာ္ေဇာနီဖက္ရွင္ေတြထဲမွာ ပါးစပ္အေဟာင္းသား ျဖစ္ရေလာက္တဲ့အထိပါ။ ေရြးခ်ယ္ထားတဲ့ မိတ္ကပ္နဲ႔ ဆံပင္ထုံးဖြဲ႕မႈကလည္း ေတာ္ေတာ္ေလး ဟာမိုနီျဖစ္ပါတယ္။

Photo Credit: Wutmhone Shwe Yi’s FB
Photo Credit: Wutmhone Shwe Yi’s FB
မိုးေဟကို
Photo Credit: Moe Hay Ko’s FB

ေက်ာက္စိမ္းေရာင္နဲ႔ ဆင္စြယ္ေရာင္တို႔ကို တြဲဖက္ဆင္ျမန္းၿပီး တည္တည္ၿငိမ္ၿငိမ္ေလးနဲ႔ ဆြဲအားႏွစ္သိန္းေလာက္ ဖန္တီးထားႏိုင္တဲ့ မင္းသမီးေခ်ာေလးပါ။ ၀တ္စုံဒီဇိုင္းယဥ္ယဥ္ေလးမွာ စီးကြင့္ေလးေတြနဲ႔ အလွဆင္ထားၿပီး အဓိက အာရုံစိုက္ေစမယ့္ အလႈပ္ေလးေတြအျဖစ္ ေက်ာက္စိမ္း၀မ္းဆက္နဲ႔ လက္ကိုင္အိတ္၊ ဖိနပ္တို႔ကိုပါ တစ္ေရာင္တည္း ဆင္ျမန္းထားတာေလးက တကယ္ကို အမ်ားႀကီး အားထုတ္ထားတဲ့ပုံမေပါက္ဘဲနဲ႔ အရိွအတိုင္းေလး ၾကည့္မ၀ေအာင္ လွေနေစတဲ့ ဖက္ရွင္ေလး ျဖစ္သြားေစပါတယ္။

Photo Credit: Moe Hay Ko’s FB
Photo Credit: Moe Hay Ko’s FB
ယုသႏာၱတင္
Photo Credit: Yu Thandar Tin’s FB

ယခုႏွစ္ရဲ႕ နန္းဆန္ဆန္ လွေနသူေလးေတြထဲကတစ္ေယာက္ကေတာ့ မင္းသမီးေခ်ာေလး ယုသႏာၱတင္ပါ။ တစ္ပတ္လွ်ိဳဆံထုံးေလးနဲ႔ ထိုင္မသိမ္းပုံစံေလးက ျမင္သူတကာရင္ကို ဆြဲခါလႈပ္ရမ္းသြားေလာက္တဲ့အထိ က်က္သေရရိွၿပီး လွပတင့္တယ္ေနတာကို ေတြ႕ရမွာပါ။ အေရာင္ေရြးခ်ယ္မႈအေနနဲ႔လည္း အနီရင့္ရင့္ေလးကို ေရြးထားတာေၾကာင့္ ျမန္မာအမ်ိဳးသမီးတစ္ေယာက္ရဲ႕ ရဲရင့္မႈနဲ႔ လွပတည္ၿငိမ္မႈတို႔ကို တစ္ေပါင္းတစ္စည္းတည္း ေတြ႕ေနရတာကိုက သူမရဲ႕အလွကို အဲ့ဒီ့ညက ပြဲခင္းထဲမွာ လင္းလက္ေစခဲ့တဲ့ အေၾကာင္းရင္း ျဖစ္ႏိုင္ပါတယ္။

Photo Credit: Yu Thandar Tin’s FB
Photo Credit: Yu Thandar Tin’s FB

အလင္းဦး

(Unicode Version)

၂၀၁၉ခုနှစ်ရဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကတော့ အောင်မြင်စွာ ပြီးမြောက်သွားခဲ့ပါပြီ။ ခမ်းနားလှတဲ့ ပွဲကြီးကို တက်ရောက်လာကြတဲ့ အချောအလှ နာမည်ကျော်မင်းသမီးများထဲက အလှဆုံး၊ ဖက်ရှင်အကျဆုံး မင်းသမီး(၇)ယောက်ရဲ့ အလှတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

ခင်လေးနွယ်
Photo Credit: Khin Lay Nwe’s FB

အကယ်ဒမီပွဲတက်ဖက်ရှင်နဲ့ ပတ်သက်ရင် မင်းသမီးချောလေး ခင်လေးနွယ်ဟာ မပါမဖြစ် ပြောရမယ့်မင်းသမီးလေးတစ်လက်ပါ။ လီဆူတိုင်းရင်းသူလေး ဖြစ်တာနဲ့အညီ သူမရဲ့တိုင်းရင်းသားဝတ်စုံလေးတွေကို တန်ဖိုးထားပြီး အမြတ်တနိုး ဆင်မြန်းရင်း ပွဲတက်လာတာကို ပွဲတိုင်းလိုလို တွေ့ရမှာပါ။ အလားတူပဲ ယခုနှစ်အတွက် ပွဲတက်လာတဲ့ တိုင်းရင်းသားဝတ်စုံလေးဟာလည်း အလွန်ကို မျက်စိပသာဒရှိလှသလို လိမ်းခြယ်လာတဲ့ မိတ်ကပ်ကလည်း သဘာဝဆန်ဆန်လေးနဲ့ ချစ်စရာကောင်းနေတာကို တွေ့ရမှာပါ။

Photo Credit: Khin Lay Nwe’s FB
Photo Credit: Khin Lay Nwe’s FB
ခင်ဝင့်ဝါ
Photo Credit: Khin Wint War’s FB

“ခေးလေး”လို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးလေးခင်ဝင့်ဝါရဲ့ ယခုနှစ်အကယ်ဒမီပွဲတက် ဖက်ရှင်ကတော့ ရိုးရှင်းပြီး ချစ်စရာလေးပါ။ အရောင်ရွေးချယ်မှုမှာလည်း မဟာဆန်လှသလို ရတနာဆင်မြန်းမှုမှာလည်း ရိုးရိုးရှင်းရှင်းနဲ့ ပေါ့ပေါ့ပါးပါးလေး ရွေးချယ်ထားတာကို မြင်ရမှာပါ။ ဒါ့အပြင် အထူးချီးကျူးစရာတစ်ခုကတော့ မြန်မာမှုကို ပြန်လည်ဖော်ထုတ်တဲ့အနေနဲ့ ဘီးဆံထုံးလေးကို ရိုးရှင်းစွာ ထုံးဖွဲ့ထားတာလေးပါ။ အင်မတန်မှ အမြင်အေးပြီး လှပနေတာကို တွေ့ရမှာပါ။

Photo Credit: Khin Wint War’s FB
Photo Credit: Khin Wint War’s FB
အေးဝတ်ရည်သောင်း
Photo Credit: Aye Wutyi Thaung’s FB

ပုရိသတို့ရဲ့အသည်းစွဲ “မအေးသောင်း”ကတော့ ယခုနှစ်အကယ်ဒမီပေးပွဲမှာ နန်းဆန်ဆန်လေး ပွဲတက်လာတာကို တွေ့ရပါတယ်။ ဝတ်ရုံကြီးတွေ၊ ပုဝါစအရှည်ကြီးတွေကြားထဲမှာ ရိုးရှင်းပြီး မဟာဆန်လွန်းတဲ့ ဘုရင့်သမီးတော်လေးတစ်ပါးအလား တွေ့ရမှာပါ။

Photo Credit: Aye Wutyi Thaung’s FB
Photo Credit: Aye Wutyi Thaung’s FB
အိန္ဒြာကျော်ဇင်
Photo: Eindra Kyaw Zin’s FB

ဖက်ရှင်ဘုရင်မလို့ တင်စားကြတဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင်ကတော့ လူတွေရဲ့အမြင်ကို ဖက်ရှင်နဲ့ ဘယ်လိုဖမ်းစားရမယ်ဆိုတာ အတိအကျသိသူတစ်ယောက်ပါ။ အရောင်ရွေးချယ်မှု၊ မိတ်ကပ်နဲ့ ဆံပင်တို့အပြင် လက်ကိုင်အိတ်ကအစ ဖက်ရှင်ဘုရင်မဆိုတာ မေးခွန်းထုတ်စရာမလိုလောက်အောင် တင့်တယ်လှပနေတာပါ။ Cape ရုံထားတဲ့ပုံနဲ့ မရုံထားတဲ့ပုံ ယှဉ်လိုက်မယ်ဆိုရင်တော့ Cape မပါတာက သူမရဲ့ဖက်ရှင်ကို ပိုပြီးမြန်မာဆန်စေသလို ပိုပြီးတော့လည်း ဆွဲဆောင်မှုရှိစေတာကို တွေ့ရမှာပါ။

Photo: Eindra Kyaw Zin’s FB
Photo: Eindra Kyaw Zin’s FB
ဝတ်မှုံရွှေရည်
Photo Credit: Wutmhone Shwe Yi’s FB

မင်းသမီးချောလေး ဝတ်မှုံရွှေရည်ရဲ့ ဒီနှစ်အကယ်ဒမီ ပွဲတက်ဖက်ရှင်ကတော့ တကယ်ကို “Wow” ပါပဲ။ ယခင်နှစ်တွေက သူမကို အနောက်တိုင်းဆန်ဆန် ဖက်ရှင်လေးတွေ ဆင်မြန်းတာ တွေ့ရာကနေ ဒီနှစ်ချိတ်အပြည့်ကို ဝမ်းဆက်လေး ဆင်မြန်းလာပြီး အနောက်က ဧရာမပုဝါစအရှည်ကြီးကို တွဲတွေ့လိုက်ရတဲ့အခါ အသက်ရှုမှားလောက်ပါတယ်။ တကယ်ကို ကော်ဇောနီဖက်ရှင်တွေထဲမှာ ပါးစပ်အဟောင်းသား ဖြစ်ရလောက်တဲ့အထိပါ။ ရွေးချယ်ထားတဲ့ မိတ်ကပ်နဲ့ ဆံပင်ထုံးဖွဲ့မှုကလည်း တော်တော်လေး ဟာမိုနီဖြစ်ပါတယ်။

Photo Credit: Wutmhone Shwe Yi’s FB
Photo Credit: Wutmhone Shwe Yi’s FB
မိုးဟေကို
Photo Credit: Moe Hay Ko’s FB

ကျောက်စိမ်းရောင်နဲ့ ဆင်စွယ်ရောင်တို့ကို တွဲဖက်ဆင်မြန်းပြီး တည်တည်ငြိမ်ငြိမ်လေးနဲ့ ဆွဲအားနှစ်သိန်းလောက် ဖန်တီးထားနိုင်တဲ့ မင်းသမီးချောလေးပါ။ ဝတ်စုံဒီဇိုင်းယဉ်ယဉ်လေးမှာ စီးကွင့်လေးတွေနဲ့ အလှဆင်ထားပြီး အဓိက အာရုံစိုက်စေမယ့် အလှုပ်လေးတွေအဖြစ် ကျောက်စိမ်းဝမ်းဆက်နဲ့ လက်ကိုင်အိတ်၊ ဖိနပ်တို့ကိုပါ တစ်ရောင်တည်း ဆင်မြန်းထားတာလေးက တကယ်ကို အများကြီး အားထုတ်ထားတဲ့ပုံမပေါက်ဘဲနဲ့ အရှိအတိုင်းလေး ကြည့်မဝအောင် လှနေစေတဲ့ ဖက်ရှင်လေး ဖြစ်သွားစေပါတယ်။

Photo Credit: Moe Hay Ko’s FB
Photo Credit: Moe Hay Ko’s FB
ယုသန္တာတင်
Photo Credit: Yu Thandar Tin’s FB

ယခုနှစ်ရဲ့ နန်းဆန်ဆန် လှနေသူလေးတွေထဲကတစ်ယောက်ကတော့ မင်းသမီးချောလေး ယုသန္တာတင်ပါ။ တစ်ပတ်လျှိုဆံထုံးလေးနဲ့ ထိုင်မသိမ်းပုံစံလေးက မြင်သူတကာရင်ကို ဆွဲခါလှုပ်ရမ်းသွားလောက်တဲ့အထိ ကျက်သရေရှိပြီး လှပတင့်တယ်နေတာကို တွေ့ရမှာပါ။ အရောင်ရွေးချယ်မှုအနေနဲ့လည်း အနီရင့်ရင့်လေးကို ရွေးထားတာကြောင့် မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ ရဲရင့်မှုနဲ့ လှပတည်ငြိမ်မှုတို့ကို တစ်ပေါင်းတစ်စည်းတည်း တွေ့နေရတာကိုက သူမရဲ့အလှကို အဲ့ဒီ့ညက ပွဲခင်းထဲမှာ လင်းလက်စေခဲ့တဲ့ အကြောင်းရင်း ဖြစ်နိုင်ပါတယ်။

Photo Credit: Yu Thandar Tin’s FB
Photo Credit: Yu Thandar Tin’s FB
အလင်းဦး

 

 

RELATED ARTICLES

Most Popular