HomeEntertainmentFilmDwayne Johnson သရုပ်ဆောင်မယ့် Black Adam ရုပ်ရှင်ရဲ့ teaser ထွက်ရှိလာ 

Dwayne Johnson သရုပ်ဆောင်မယ့် Black Adam ရုပ်ရှင်ရဲ့ teaser ထွက်ရှိလာ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Black Adam ရုပ်ရှင်ရဲ့ teaser ကို မနေ့ညက ပြုလုပ်သွားတဲ့ DC Fandome event အတွင်းမှာ ထုတ်လွှင့်လိုက်ပါတယ်။ အဆိုပါ teaser ထဲမှာတော့ live action မြင်ကွင်းတွေကို ပြသသွားတာ မဟုတ်ဘဲ Dwayne Johnson သရုပ်ဆောင်မယ့် Black Adam ရဲ့ နောက်ခံဇာတ်ကြောင်းကို artwork အမိုက်စားတွေနဲ့ editing လုပ်ပြီး ပြသသွားတာ ဖြစ်ပါတယ်။

teaser ထဲမှာတော့ Black Adam ဟာ ခန်ဒတ်ဖ်လို့ခေါ်တဲ့ တိုင်းပြည်မှာ ကျွန်အဖြစ် ထိန်းသိမ်းခံထားရပြီးမှ Shazam ရဲ့အစွမ်းကို ရရှိသွားတဲ့အကြောင်းကို ပြသထားပါတယ်။ သူဟာ Shazam ရဲ့ စွမ်းအားကို ရရှိသွားပေမယ့် ဟီးရိုးတစ်ယောက်အနေနဲ့ ရပ်တည်မယ့်သူတော့ မဟုတ်ပါဘူး။

Photo via IMDb

“ခန်ဒတ်ဖ်မှာ ဟီးရိုးတစ်ယောက် လိုအပ်နေတယ်။ ဒါပေမယ့် သူတို့ရလိုက်တာ ငါ့ကိုပဲ …” ဆိုတဲ့ Dwayne Johnson ရဲ့ နောက်ခံစကားပြောနဲ့ ဇာတ်ကြောင်းပြထားတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် Black Adam ဟာ သူ့ရဲ့စွမ်းအားတွေကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ အသုံးပြုတယ်လို့ ယူဆခံရပြီး နှစ်ပေါင်းငါးထောင်ကြာ ထောင်သွင်းအကျဉ်းချခံရပြီးနောက်မှာ ကမ္ဘာပေါ်ကို လွတ်မြောက်လာတယ်လို့လည်း teaser ထဲမှာ ဖော်ပြသွားခဲ့ပါတယ်။

Photo via IMDb

DC comics ရဲ့ New 52 ဇာတ်ကြောင်းထဲမှာတော့ ခန်ဒတ်ဖ်လို့ခေါ်တဲ့ အာရပ်နိုင်ငံတစ်ခုမှာ Aman ဆိုတဲ့ ကောင်လေးတစ်ယောက် ရှိပါတယ်။ သူဟာ ငယ်ငယ်တည်းက ကျွန်တစ်ယောက်အဖြစ် ရှင်သန်ခဲ့ရသူ ဖြစ်ပါတယ်။ ဒီကောင်လေးမှာ Adam လို့ခေါ်တဲ့ ဦးလေးတစ်ယောက်လည်း ရှိပါတယ်။ တစ်နေ့မှာတော့ ဦးလေးဖြစ်သူ Adam ဟာ တူဖြစ်သူ Aman ကို ကျွန်ဘဝကနေ လွတ်မြောက်‌အောင် ကူညီပေးခဲ့ပါတယ်။ သို့ပေမယ့် ထွက်ပြေးရင်း ဒဏ်ရာရသွားခဲ့ပါတယ်။

ဒီမှာတင် Aman ဟာလည်း Billy Batson လိုပဲ Rock of Eternity ကို အပို့ခံလိုက်ရပြီး စူပါ,ပါဝါတွေ ရရှိသွားခဲ့ပါတယ်။ ဒဏ်ရာရနေတဲ့ ဦးလေး Adam ကို ကုသပေးဖို့အတွက် Aman ဟာ သူ့ရဲ့စွမ်းအားတွေကို ဦးလေးဆီကိုပါ မျှဝေပေးလိုက်ပါတယ်။ လူငယ်လေး Aman ဟာ ကောက်ကျစ်ယုတ်မာတဲ့ သခင်တွေဆီမှာ ကျွန်လုပ်နေရတဲ့ ဘဝက လွတ်မြောက်ချင်စိတ်ပဲ ရှိခဲ့ပေမယ့် ဦးလေးဖြစ်သူ Adam ကတော့ ကလဲ့စားချေချင်စိတ်တွေ ပြင်းပြနေခဲ့ပါတယ်။

Photo via IMDb

ယခုရိုက်ကူးမယ့် Black Adam ရုပ်ရှင်ဟာ ဒီဇာတ်ကြောင်းအတိုင်း ရိုက်ကူးမှာလားဆိုတာကိုတော့ သေသေချာချာ မသိရသေးပါဘူး။ Dwayne Johnson သရုပ်ဆောင်မယ့် Black Adam ဇာတ်ရုပ်ကို ကနဦးတုန်းက Shazam ရုပ်ရှင်ဇာတ်ကားမှာ ထည့်သွင်းဖို့ လျာထားခဲ့တာပါ။ သို့ပေမယ့် Black Adam နဲ့ ပတ်သက်ပြီး ဇာတ်ကြောင်းတွေ ပိုမိုချဲ့ထွင်ချင်တဲ့အတွက် ဆိုလိုအဖြစ် အရင်ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။ Black Adam ဟာ စူပါဗီလိန်တစ်ယောက်ဖြစ်ပြီး နောက်ပိုင်းမှာတော့ Shazam နဲ့ ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပါတယ်။

Black Adam ကို ရိုက်ကူးမယ့် ဒါရိုက်တာကတော့ Jaume Collet-Serra ဖြစ်ပြီး Dwayne Johnson ရဲ့ နောက်ထပ်ရုပ်ရှင်တစ်ကားဖြစ်တဲ့ Jungle Cruise ကို ရိုက်ကူးနေသူလည်း ဖြစ်ပါတယ်။ Black Adam ရုပ်ရှင်ကိုတော့ လာမယ့် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၂)ရက်နေ့မှာ ရုံတင်ပြသဖို့ လျာထားပါတယ်။

Glasgow

Source: indianexpress

(Zawgyi Version)

Black Adam ႐ုပ္ရွင္ရဲ႕ teaser ကို မေန႔ညက ျပဳလုပ္သြားတဲ့ DC Fandome event အတြင္းမွာ ထုတ္လႊင့္လိုက္ပါတယ္။ အဆိုပါ teaser ထဲမွာေတာ့ live action ျမင္ကြင္းေတြကို ျပသသြားတာ မဟုတ္ဘဲ Dwayne Johnson သ႐ုပ္ေဆာင္မယ့္ Black Adam ရဲ႕ ေနာက္ခံဇာတ္ေၾကာင္းကို artwork အမိုက္စားေတြနဲ႔ editing လုပ္ၿပီး ျပသသြားတာ ျဖစ္ပါတယ္။

teaser ထဲမွာေတာ့ Black Adam ဟာ ခန္ဒတ္ဖ္လို႔ေခၚတဲ့ တိုင္းျပည္မွာ ကြၽန္အျဖစ္ ထိန္းသိမ္းခံထားရၿပီးမွ Shazam ရဲ႕အစြမ္းကို ရရွိသြားတဲ့အေၾကာင္းကို ျပသထားပါတယ္။ သူဟာ Shazam ရဲ႕ စြမ္းအားကို ရရွိသြားေပမယ့္ ဟီး႐ိုးတစ္ေယာက္အေနနဲ႔ ရပ္တည္မယ့္သူေတာ့ မဟုတ္ပါဘူး။

Photo via IMDb

“ခန္ဒတ္ဖ္မွာ ဟီး႐ိုးတစ္ေယာက္ လိုအပ္ေနတယ္။ ဒါေပမယ့္ သူတို႔ရလိုက္တာ ငါ့ကိုပဲ …” ဆိုတဲ့ Dwayne Johnson ရဲ႕ ေနာက္ခံစကားေျပာနဲ႔ ဇာတ္ေၾကာင္းျပထားတာကိုလည္း ေတြ႕ရပါတယ္။

ဒါ့အျပင္ Black Adam ဟာ သူ႔ရဲ႕စြမ္းအားေတြကို မေကာင္းတဲ့ ရည္႐ြယ္ခ်က္နဲ႔ အသုံးျပဳတယ္လို႔ ယူဆခံရၿပီး ႏွစ္ေပါင္းငါးေထာင္ၾကာ ေထာင္သြင္းအက်ဥ္းခ်ခံရၿပီးေနာက္မွာ ကမာၻေပၚကို လြတ္ေျမာက္လာတယ္လို႔လည္း teaser ထဲမွာ ေဖာ္ျပသြားခဲ့ပါတယ္။

Photo via IMDb

DC comics ရဲ႕ New 52 ဇာတ္ေၾကာင္းထဲမွာေတာ့ ခန္ဒတ္ဖ္လို႔ေခၚတဲ့ အာရပ္ႏိုင္ငံတစ္ခုမွာ Aman ဆိုတဲ့ ေကာင္ေလးတစ္ေယာက္ ရွိပါတယ္။ သူဟာ ငယ္ငယ္တည္းက ကြၽန္တစ္ေယာက္အျဖစ္ ရွင္သန္ခဲ့ရသူ ျဖစ္ပါတယ္။ ဒီေကာင္ေလးမွာ Adam လို႔ေခၚတဲ့ ဦးေလးတစ္ေယာက္လည္း ရွိပါတယ္။ တစ္ေန႔မွာေတာ့ ဦးေလးျဖစ္သူ Adam ဟာ တူျဖစ္သူ Aman ကို ကြၽန္ဘဝကေန လြတ္ေျမာက္‌ေအာင္ ကူညီေပးခဲ့ပါတယ္။ သို႔ေပမယ့္ ထြက္ေျပးရင္း ဒဏ္ရာရသြားခဲ့ပါတယ္။

ဒီမွာတင္ Aman ဟာလည္း Billy Batson လိုပဲ Rock of Eternity ကို အပို႔ခံလိုက္ရၿပီး စူပါ,ပါဝါေတြ ရရွိသြားခဲ့ပါတယ္။ ဒဏ္ရာရေနတဲ့ ဦးေလး Adam ကို ကုသေပးဖို႔အတြက္ Aman ဟာ သူ႔ရဲ႕စြမ္းအားေတြကို ဦးေလးဆီကိုပါ မွ်ေဝေပးလိုက္ပါတယ္။ လူငယ္ေလး Aman ဟာ ေကာက္က်စ္ယုတ္မာတဲ့ သခင္ေတြဆီမွာ ကြၽန္လုပ္ေနရတဲ့ ဘဝက လြတ္ေျမာက္ခ်င္စိတ္ပဲ ရွိခဲ့ေပမယ့္ ဦးေလးျဖစ္သူ Adam ကေတာ့ ကလဲ့စားေခ်ခ်င္စိတ္ေတြ ျပင္းျပေနခဲ့ပါတယ္။

Photo via IMDb

ယခု႐ိုက္ကူးမယ့္ Black Adam ႐ုပ္ရွင္ဟာ ဒီဇာတ္ေၾကာင္းအတိုင္း ႐ိုက္ကူးမွာလားဆိုတာကိုေတာ့ ေသေသခ်ာခ်ာ မသိရေသးပါဘူး။ Dwayne Johnson သ႐ုပ္ေဆာင္မယ့္ Black Adam ဇာတ္႐ုပ္ကို ကနဦးတုန္းက Shazam ႐ုပ္ရွင္ဇာတ္ကားမွာ ထည့္သြင္းဖို႔ လ်ာထားခဲ့တာပါ။ သို႔ေပမယ့္ Black Adam နဲ႔ ပတ္သက္ၿပီး ဇာတ္ေၾကာင္းေတြ ပိုမိုခ်ဲ႕ထြင္ခ်င္တဲ့အတြက္ ဆိုလိုအျဖစ္ အရင္႐ိုက္ကူးဖို႔ ဆုံးျဖတ္လိုက္ၾကတာ ျဖစ္ပါတယ္။ Black Adam ဟာ စူပါဗီလိန္တစ္ေယာက္ျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ Shazam နဲ႔ ထိပ္တိုက္ေတြ႕ၾကမွာ ျဖစ္ပါတယ္။

Black Adam ကို ႐ိုက္ကူးမယ့္ ဒါ႐ိုက္တာကေတာ့ Jaume Collet-Serra ျဖစ္ၿပီး Dwayne Johnson ရဲ႕ ေနာက္ထပ္႐ုပ္ရွင္တစ္ကားျဖစ္တဲ့ Jungle Cruise ကို ႐ိုက္ကူးေနသူလည္း ျဖစ္ပါတယ္။ Black Adam ႐ုပ္ရွင္ကိုေတာ့ လာမယ့္ ၂၀၂၁ခုႏွစ္ ဒီဇင္ဘာလ(၂၂)ရက္ေန႔မွာ ႐ုံတင္ျပသဖို႔ လ်ာထားပါတယ္။

Glasgow

Source: indianexpress

 

 

RELATED ARTICLES

Most Popular