HomeCharacterDCEU က အသစ်ထွက်ရှိလာမယ့် Black Adam ရဲ့ ကောမစ်ထဲက Origin များ

DCEU က အသစ်ထွက်ရှိလာမယ့် Black Adam ရဲ့ ကောမစ်ထဲက Origin များ

Black Adam ရုပ်ရှင်ရဲ့ ထွေလာအသစ်ထဲမှာတော့ Black Adam ဟာ သေဆုံးရာက ပြန်လည်ရှင်သန်လာပြီး နတ်ဘုရားတစ်ပါး ဖြစ်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ ကောမစ်ထဲမှာတော့ Black Adam ဟာ သူ့ကို စတင်ဖန်တီးခဲ့တဲ့ ၁၉၄၅ ခုနှစ်ကနေ ယခုခေတ်အတွင်းမှာ Origin တွေ အမျိူးမျိူး ပြောင်းလဲခဲ့ပါတယ်။ ဒီထွေလာထဲမှာတော့ မျက်မှောက်ခေတ်ကာလမှာ Black Adam ရဲ့ခန္ဓာကိုယ်ကို စက်ပစ္စည်းတစ်ခုထဲမှာ ထည့်သွင်းထားပြီး အဲဒီနောက်မှာပဲ လွန်ခဲ့တဲ့ နှစ်(၅၀၀၀)လောက်က သူ့ရဲ့အကြောင်းကို ဆက်လက်ပြသသွားပါတယ်။

photo via screenrant

Black Adam ကတော့ ၁၉၄၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Marvel Family #1 ကောမစ်ထဲမှာ စတင်ပါဝင်ခဲ့ပါတယ်။ အဲဒီကောမစ်ထဲမှာတော့ သူဟာ Teth-Adam လို့ခေါ်တဲ့ ရှေးဟောင်း အီဂျစ်လူမျိူးတစ်ယောက် ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီနောက်မှာ‌တော့ Wizard Shazam ဟာ သူ့ကို ဆက်ခံသူအနေနဲ့ ရွေးချယ်ခဲ့ပြီး စွမ်းအားတွေ ရရှိလာခဲ့ပါတယ်။ ဒါပေမယ့်လည်း Black Adam ဟာ သူ့ရဲ့စွမ်းအားမှာ ယစ်မူးသွားပြီး အီဂျစ်အင်ပါယာကြီးကို အုပ်ချုပ်ဖို့အတွက် ဖာရိုဘုရင်ကို သတ်ပစ်ခဲ့ပါတယ်။

photo via screenrant

ဒီအဖြစ်အပျက်တွေကြောင့်ပဲ Wizard Shazam ဟာ Black Adam ဆီက စွမ်းအားတွေကို ပြန်လည်သိမ်းယူဖို့ ကြိုးစားပေမယ့် မရတာကြောင့် ဝေးလံတဲ့ နေရာမှာရှိတဲ့ ကြယ်တစ်လုံးဆီကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။ နှစ်ပေါင်း(၅၀၀၀)ခန့် ကြာမြင့်သွားတဲ့ အချိန်မှာတော့ Black Adam ဟာ ကမ္ဘာပေါ်ကို ပြန်ရောက်လာပြီး Shazam အသစ်ဖြစ်တဲ့ Billy Batson နဲ့ ရင်ဆိုင်ရပါတော့တယ်။

ယခုခေတ်ကို ရောက်လာတဲ့ အချိန်မှာတော့ Black Adam ရဲ့ Origin ဟာ အနည်းငယ် ပြောင်းလဲသွားပြန်ပါတယ်။ Origin အသစ်ထဲမှာတော့ သူဟာ Wizard Shazam ရဲ့ဆက်ခံသူ ဖြစ်နေသေးပေမယ့်လည်း ဆိုးရွားတဲ့ ဘုန်းတော်ကြီး Ahk-Ton ဟာ သူ့ရဲ့အိမ်ကို ဖျက်ဆီးသွားသလို သူ့ရဲ့မိသားစုကိုလည်း သတ်ပစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ Black Adam ဟာ သူ့ရဲ့အိမ်ကို ပြန်လည်ရယူခဲ့ပြီး အဲဒီဘုန်းတော်ကြီးကို သတ်ပစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ အုပ်ချုပ်သူ ဖြစ်လာပြီး အာဏာမှာ ယစ်မူးသွားပြန်ပါတယ်။

Photo Credit: Warner Bros. Studios

ဒါကြောင့်ပဲ Wizard Shazam ဟာ သူ့ရဲ့ဝိဉာဉ်ကို စွမ်းအားကြီးတဲ့ Scarab တစ်ခုထဲမှာ ဖမ်းချုပ်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ Wizard Shazam ဟာ သူ့ကို Ramses II ရဲ့ အုတ်ဂူထဲမှာ မြေမြုပ်ခဲ့ပြီး Black Adam လို့ နာမည်ပြောင်းပေးခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကြာတဲ့အချိန်မှာတော့ လူတွေဟာ အဲဒီအုတ်ဂူကို ပြန်လည်တူးဖော်မိခဲ့ပြီး Scarab ကို ရှာတွေ့ကာ Black Adam ဟာလည်း လွတ်မြောက်သွားခဲ့ပါတယ်။ ဒီ Origin ထဲမှာတော့ Black Adam ဟာ ထွေလာထဲမှာ မြင်တွေ့ခဲ့ရသလို စက်ပစ္စည်းတစ်ခုရဲ့ အကူအညီနဲ့ ပြန်လည်ရှင်သန်လာခဲ့တာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular