HomeEntertainmentFilmSolo Movie ထွက်ရှိလာဦးမယ့် DCEU ရဲ့ Black Canary

Solo Movie ထွက်ရှိလာဦးမယ့် DCEU ရဲ့ Black Canary

DCEU ကတော့ Black Canary ဇာတ်ကောင်ရဲ့ ဆိုလိုရုပ်ရှင်အသစ်ကို ဖန်တီးသွားဦးမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားတဲ့ Jurnee Smollett ကလည်း ဒီရုပ်ရှင်ထဲမှာ ပါဝင်ဖို့ စိတ်လှုပ်ရှားနေကြောင်း ပြောပြထားပါတယ်။ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ Birds of Prey ရုပ်ရှင်ထဲမှာတော့ Black Canary နဲ့ Huntress တို့လို ကောမစ်ဇာတ်ကောင်တွေကို စတင်မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

Birds of Prey ရုပ်ရှင်ကတော့ ဝေဖန်ချက်တွေမျိူးစုံ ရရှိခဲ့ပေမယ့်လည်း ပရိသတ်တွေကတော့ Jurnee သရုပ်ဆောင်ထားတဲ့ Black Canary ဇာတ်ကောင်ကို သဘောကျခဲ့ပါတယ်။ ဒါကြောင့်ပဲ ပရိသတ်တွေဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ Black Canary ရဲ့ ဆိုလိုရုပ်ရှင်၊ ဒါမှမဟုတ် HBO Max ဇာတ်လမ်းတွဲတစ်ခုကို‌ တောင်းဆိုခဲ့ကြတာ ဖြစ်ပြီး ယခုအချိန်မှာတော့ Warner Bros. စတူဒီယိုဟာ Black Canary ရုပ်ရှင်ကို ဖန်တီးနေဖို့ ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။

မကြာသေးခင်တုန်းကတော့ Jurnee Smollett ဟာ ComicBook နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာ ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး ဘယ်လောက်ထိစိတ်လှုပ်ရှားနေတဲ့အကြောင်း ပြောပြသွားပါသေးတယ်။

“ကျွန်မအနေနဲ့ ပြောပြလို့မရတဲ့ ကိစ္စတွေအများကြီးတော့ ရှိပါတယ်။ ပြီးတော့ အဲဒါတွေကြောင့် အရမ်းလည်း စိတ်လှုပ်ရှားနေပါတယ်။ လောလောဆယ်တော့ အဲဒါတစ်ခုပဲ ပြောနိုင်ပါသေးတယ်။ Black canary က Dc universe ထဲက အမိုက်ဆုံး ကိုယ်ခံပညာရှင်တစ်ယောက်လေ။ ဒီဇာတ်ကောင်ကို မိတ်ဆက်ရုံပဲ လုပ်ရသေးပြီး နောက်ထပ်အများကြီး ပိုလုပ်ခွင့်ရလို့ စိတ်လှုပ်ရှားနေပါတယ် …”

photo via screenrant

Birds of Prey ရုပ်ရှင်ထဲမှာတော့ Black Canary ရဲ့အခန်းကဏ္ဍာဟာ များများစားစား မပါဝင်ခဲ့တာကြောင့် သူမရဲ့ ဆိုလိုရုပ်ရှင်ထဲမှာတော့ ပုံစံမျိူးစုံ ဖန်တီးသွားနိုင်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ထဲမှာ Black Canary ဟာ DCEU ထဲက တခြားဟီးရိုးတွေနဲ့ တွေ့ဆုံပြီး စွန့်စားခန်းတွေ ကြုံတွေ့ရတာ မြင်တွေ့ရနိုင်သလို သူမရဲ့အတိတ်က အကြောင်းတွေကိုလည်း မြင်တွေ့ရနိုင်ပါတယ်။ လောလောဆယ်မှာတော့ ဒီရုပ်ရှင်ဟာ ရိုက်ကူးရေးတောင် မစတင်ရသေးဘဲ ပရိသတ်တွေ မျှော်လင့်ထားသလို ကောင်းမွန်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်လာမလား ဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular