HomeCharacterကောမစ်ထဲမှာ ပုံမှန်မျက်နှာကို ပြန်လည်ပိုင်ဆိုင်သွားပြီဖြစ်တဲ့ Deadpool

ကောမစ်ထဲမှာ ပုံမှန်မျက်နှာကို ပြန်လည်ပိုင်ဆိုင်သွားပြီဖြစ်တဲ့ Deadpool

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Deadpool ဟာ Marvel ရဲ့အအောင်မြင်ဆုံး ဇာတ်ကောင်တွေထဲက တစ်ယောက် ဖြစ်ပြီးတော့ ကောမစ်ထဲမှာသာမက Live Action ထွက်လာတဲ့အချိန်မှာလည်း တော်တော်လေးကို အောင်မြင်ခဲ့ပါတယ်။ သူ့ရဲ့စွမ်းအားကတော့ အားလုံးသိကြတဲ့အတိုင်း ဒဏ်ရာတွေရသွားရင် သူ့အလိုလိုပြန်လည်ကုသနိုင်တဲ့အစွမ်း ရှိတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူဟာ အဲ့ဒီအစွမ်းကို ရရှိသွားတဲ့အချိန်မှာတော့ အပြန်အလည်အနေနဲ့ သူ့ရဲ့အသားအရေဟာ မီးလောင်ခံထားရသလို ဖြစ်နေခဲ့ပါတယ်။ သူဟာ ပြန်လည်ကုသနိုင်တဲ့အစွမ်းရှိနေပေမယ့်လည်း ဘာကြောင့် သူ့ရဲ့မျက်နှာဟာ အကောင်းတိုင်း ပြန်မဖြစ်သွားတာလည်း ဆိုတဲ့အချက်ကလည်း ပရိသတ်တွေကြားထဲမှာ တော်တော်လေး အမေးများခဲ့ပါတယ်။

Deadpool #57 ဆိုတဲ့ ကောမစ်ထဲမှာတော့ Deadpool ရဲ့မျက်နှာဟာ အကောင်းတိုင်း ပြန်လည်ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီထဲမှာတော့ Wolverine ရဲ့ရန်သူတော်ကြီး Sabretooth ဟာ Weapon X ပရိုဂရမ်ထဲမှာ ပြန်လည်ပါဝင်ဖို့အတွက် Wade Wilson ကိုနားချခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ အဲ့ဒီစမ်းသပ်ချက်ကို ပြုလုပ်နေတဲ့နေရာကို ရောက်သွားတဲ့အခါမှာတော့ Wolverine ရဲ့လက်ချက်ကြောင့် မျက်နှာမှာ အမာရွတ်အကြီးကြီး ရှိနေတဲ့ သူတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီသူဟာ ဒီပရိုဂရမ်ရဲ့ တာဝန်ရှိသူဖြစ်ပြီး Wade နဲ့သူတို့ဟာ ဒီပရိုဂရမ်ရဲ့ လုပ်ရိုးလုပ်စဉ်တွေအကြောင်းကို စကားများခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း သေချာတီထွင်ထားတဲ့ နမူနာဆေးရည်အသစ်ဟာ Wade ရဲ့ပြန်လည်ကုသနိုင်စွမ်းကို ပိုပြီးတော့ အစွမ်းထက်သွားအောင် ပြုလုပ်ပေးနိုင်ပါတယ်လို့ သူဟာ အာမခံခဲ့ပါတယ်။ စမ်းသပ်ချက်ကျရှုံးသွားရင်တော့ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားနိုင်ပေမယ့်လည်း Wade ဟာ စမ်းသပ်ချက်ကို အောင်မြင်သွားခဲ့ပါတယ်။

photo via screenrant

အဲ့ဒီနမူနာဆေးရည်ကို ထိုးပြီးပြီးချင်းမှာပဲ သူဟာ Wade ရဲ့လက်မောင်းကို ပုဆိန်နဲ့ ခုတ်ဖြတ်လိုက်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီဆေးရည်ရဲ့အစွမ်းကြောင့် စက္ကန့်ပိုင်းလေးအတွင်းမှာပဲ Wade ဟာ လက်အသစ် ပြန်ဖြစ်လာပါတယ်။ အဲ့ဒီနောက်မှာတော့ အသစ်ပြန်လည်ဖြစ်လာတဲ့ လက်မောင်းမှာ အရင်လိုအမာရွတ်တွေကို မတွေ့ရတော့တာကြောင့် Wade ဟာ ချက်ချင်းပဲ သူ့ကိုယ်သူ မှန်ထဲမှာ ကြည့်လိုက်တဲ့အချိန်မှာတော့ အရင်လိုချောမောတဲ့ သူ့ရဲ့မျက်နှာကို ပြန်ပြီးရရှိလိုက်တာကို သိလိုက်ရပါတော့တယ်။

အဲ့လိုမျိူး သူ့ရဲ့အရင်မျက်နှာကို ပြန်လည်ရရှိပြီးတဲ့ နောက်မှာတော့ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ပြတ်ထွက်သွားရင်တောင် အရင်ထက် ပိုပြီးမြန်ဆန်တဲ့အရှိန်နဲ့ ပြန်လည်ကုသနိုင်ပါတယ်ဆိုတဲ့ စကားကိုသတိရသွားပြီး သူ့ရဲ့ပေါင်ကြားကို ငုံ့ကြည့်လိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ Wade ဟာ ဒီပရိုဂရမ်ကို တာဝန်ရှိတဲ့သူရဲ့လက်ထဲက ပုဆိန်ကို လုယူပြီးတော့ တုန့်ဆိုင်းခြင်းမရှိဘဲ သူ့ရဲ့ပေါင်ကြားထဲကို ခုတ်ဖို့ ပြုလုပ်ခဲ့ပါတယ်။

အဲ့လိုလုပ်ရတဲ့အကြောင်းကတော့ ဘယ်လောက်ထိ မြန်မြန်အသစ်ပြန်ဖြစ်လာမှာလည်း ဆိုတာကို သိချင်လို့ပဲ ဖြစ်ပါတယ်။ ကံကောင်းစွာနဲ့ ဒီပရိုဂရမ်ကို တာဝန်ရှိတဲ့သူဟာ Wade အဲ့ဒီလုပ်ရပ်ကို မလုပ်ခင်မှာ တားဆီးနိုင်လိုက်ပြီး အရေးကြီးတဲ့အရာတစ်ခုကို ပြောပြခဲ့ပါတယ်။ အဲ့ဒါကတော့ Wade ကို အခုထိုးပေးလိုက်တဲ့ ဆေးရည်က နမူနာပဲ ဖြစ်ပြီး အဲ့ဒီဆေးရည်ရဲ့ အစွမ်းက နာရီပိုင်းပဲ ခံတာဖြစ်ပြီး တကယ့်ဆေးရည်အစစ်နဲ့ စမ်းသပ်မှုလုပ်မှာကို သဘောတူမတူ ဆုံးဖြတ်ဖို့အတွက် ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း Wade ဟာ သူ့ရဲ့ထုံးစံအတိုင်း ဘာမှသိပ်ပြီးတော့ ကြောက်လေ့ရှိတာ မဟုတ်တာကြောင့် Deadpool #58 ဆိုတဲ့ကောမစ်ထဲမှာတော့ အဲ့ဒီစမ်းသပ်ချက်ကို ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် အခုထွက်လာမယ့် Deadpool 3 ထဲမှာလည်း ဒီအကြောင်းကို ထပ်ထည့်သွားမယ်လို့ ကောလဟာလထွက်နေပြီးတော့ Ryan Reynold ရဲ့ပုံမှန်မျက်နှာကို ပြန်လည်တွေ့ရနိုင်ချေ ရှိပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Deadpool ဟာ Marvel ရဲ႕အေအာင္ျမင္ဆုံး ဇာတ္ေကာင္ေတြထဲက တစ္ေယာက္ ျဖစ္ၿပီးေတာ့ ေကာမစ္ထဲမွာသာမက Live Action ထြက္လာတဲ့အခ်ိန္မွာလည္း ေတာ္ေတာ္ေလးကို ေအာင္ျမင္ခဲ့ပါတယ္။ သူ႔ရဲ႕စြမ္းအားကေတာ့ အားလုံးသိၾကတဲ့အတိုင္း ဒဏ္ရာေတြရသြားရင္ သူ႔အလိုလိုျပန္လည္ကုသႏိုင္တဲ့အစြမ္း ရွိတာပဲ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း သူဟာ အဲ့ဒီအစြမ္းကို ရရွိသြားတဲ့အခ်ိန္မွာေတာ့ အျပန္အလည္အေနနဲ႔ သူ႔ရဲ႕အသားအေရဟာ မီးေလာင္ခံထားရသလို ျဖစ္ေနခဲ့ပါတယ္။ သူဟာ ျပန္လည္ကုသႏိုင္တဲ့အစြမ္းရွိေနေပမယ့္လည္း ဘာေၾကာင့္ သူ႔ရဲ႕မ်က္ႏွာဟာ အေကာင္းတိုင္း ျပန္မျဖစ္သြားတာလည္း ဆိုတဲ့အခ်က္ကလည္း ပရိသတ္ေတြၾကားထဲမွာ ေတာ္ေတာ္ေလး အေမးမ်ားခဲ့ပါတယ္။

Deadpool #57 ဆိုတဲ့ ေကာမစ္ထဲမွာေတာ့ Deadpool ရဲ႕မ်က္ႏွာဟာ အေကာင္းတိုင္း ျပန္လည္ျဖစ္သြားခဲ့ပါတယ္။ အဲ့ဒီထဲမွာေတာ့ Wolverine ရဲ႕ရန္သူေတာ္ႀကီး Sabretooth ဟာ Weapon X ပ႐ိုဂရမ္ထဲမွာ ျပန္လည္ပါဝင္ဖို႔အတြက္ Wade Wilson ကိုနားခ်ခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ အဲ့ဒီစမ္းသပ္ခ်က္ကို ျပဳလုပ္ေနတဲ့ေနရာကို ေရာက္သြားတဲ့အခါမွာေတာ့ Wolverine ရဲ႕လက္ခ်က္ေၾကာင့္ မ်က္ႏွာမွာ အမာ႐ြတ္အႀကီးႀကီး ရွိေနတဲ့ သူတစ္ေယာက္နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။

အဲ့ဒီသူဟာ ဒီပ႐ိုဂရမ္ရဲ႕ တာဝန္ရွိသူျဖစ္ၿပီး Wade နဲ႔သူတို႔ဟာ ဒီပ႐ိုဂရမ္ရဲ႕ လုပ္႐ိုးလုပ္စဥ္ေတြအေၾကာင္းကို စကားမ်ားခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း ေသခ်ာတီထြင္ထားတဲ့ နမူနာေဆးရည္အသစ္ဟာ Wade ရဲ႕ျပန္လည္ကုသႏိုင္စြမ္းကို ပိုၿပီးေတာ့ အစြမ္းထက္သြားေအာင္ ျပဳလုပ္ေပးႏိုင္ပါတယ္လို႔ သူဟာ အာမခံခဲ့ပါတယ္။ စမ္းသပ္ခ်က္က်ရႈံးသြားရင္ေတာ့ အသက္ဆုံးရႈံးတဲ့အထိ ျဖစ္သြားႏိုင္ေပမယ့္လည္း Wade ဟာ စမ္းသပ္ခ်က္ကို ေအာင္ျမင္သြားခဲ့ပါတယ္။

photo via screenrant

အဲ့ဒီနမူနာေဆးရည္ကို ထိုးၿပီးၿပီးခ်င္းမွာပဲ သူဟာ Wade ရဲ႕လက္ေမာင္းကို ပုဆိန္နဲ႔ ခုတ္ျဖတ္လိုက္ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီေဆးရည္ရဲ႕အစြမ္းေၾကာင့္ စကၠန႔္ပိုင္းေလးအတြင္းမွာပဲ Wade ဟာ လက္အသစ္ ျပန္ျဖစ္လာပါတယ္။ အဲ့ဒီေနာက္မွာေတာ့ အသစ္ျပန္လည္ျဖစ္လာတဲ့ လက္ေမာင္းမွာ အရင္လိုအမာ႐ြတ္ေတြကို မေတြ႕ရေတာ့တာေၾကာင့္ Wade ဟာ ခ်က္ခ်င္းပဲ သူ႔ကိုယ္သူ မွန္ထဲမွာ ၾကည့္လိုက္တဲ့အခ်ိန္မွာေတာ့ အရင္လိုေခ်ာေမာတဲ့ သူ႔ရဲ႕မ်က္ႏွာကို ျပန္ၿပီးရရွိလိုက္တာကို သိလိုက္ရပါေတာ့တယ္။

အဲ့လိုမ်ိဴး သူ႔ရဲ႕အရင္မ်က္ႏွာကို ျပန္လည္ရရွိၿပီးတဲ့ ေနာက္မွာေတာ့ သူ႔ခႏၶာကိုယ္အစိတ္အပိုင္းေတြဟာ ျပတ္ထြက္သြားရင္ေတာင္ အရင္ထက္ ပိုၿပီးျမန္ဆန္တဲ့အရွိန္နဲ႔ ျပန္လည္ကုသႏိုင္ပါတယ္ဆိုတဲ့ စကားကိုသတိရသြားၿပီး သူ႔ရဲ႕ေပါင္ၾကားကို ငုံ႔ၾကည့္လိုက္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Wade ဟာ ဒီပ႐ိုဂရမ္ကို တာဝန္ရွိတဲ့သူရဲ႕လက္ထဲက ပုဆိန္ကို လုယူၿပီးေတာ့ တုန႔္ဆိုင္းျခင္းမရွိဘဲ သူ႔ရဲ႕ေပါင္ၾကားထဲကို ခုတ္ဖို႔ ျပဳလုပ္ခဲ့ပါတယ္။

အဲ့လိုလုပ္ရတဲ့အေၾကာင္းကေတာ့ ဘယ္ေလာက္ထိ ျမန္ျမန္အသစ္ျပန္ျဖစ္လာမွာလည္း ဆိုတာကို သိခ်င္လို႔ပဲ ျဖစ္ပါတယ္။ ကံေကာင္းစြာနဲ႔ ဒီပ႐ိုဂရမ္ကို တာဝန္ရွိတဲ့သူဟာ Wade အဲ့ဒီလုပ္ရပ္ကို မလုပ္ခင္မွာ တားဆီးႏိုင္လိုက္ၿပီး အေရးႀကီးတဲ့အရာတစ္ခုကို ေျပာျပခဲ့ပါတယ္။ အဲ့ဒါကေတာ့ Wade ကို အခုထိုးေပးလိုက္တဲ့ ေဆးရည္က နမူနာပဲ ျဖစ္ၿပီး အဲ့ဒီေဆးရည္ရဲ႕ အစြမ္းက နာရီပိုင္းပဲ ခံတာျဖစ္ၿပီး တကယ့္ေဆးရည္အစစ္နဲ႔ စမ္းသပ္မႈလုပ္မွာကို သေဘာတူမတူ ဆုံးျဖတ္ဖို႔အတြက္ ေျပာခဲ့ပါတယ္။

ဒါေပမယ့္လည္း Wade ဟာ သူ႔ရဲ႕ထုံးစံအတိုင္း ဘာမွသိပ္ၿပီးေတာ့ ေၾကာက္ေလ့ရွိတာ မဟုတ္တာေၾကာင့္ Deadpool #58 ဆိုတဲ့ေကာမစ္ထဲမွာေတာ့ အဲ့ဒီစမ္းသပ္ခ်က္ကို ျပဳလုပ္ခဲ့ပါတယ္။ ဒါ့အျပင္ အခုထြက္လာမယ့္ Deadpool 3 ထဲမွာလည္း ဒီအေၾကာင္းကို ထပ္ထည့္သြားမယ္လို႔ ေကာလဟာလထြက္ေနၿပီးေတာ့ Ryan Reynold ရဲ႕ပုံမွန္မ်က္ႏွာကို ျပန္လည္ေတြ႕ရႏိုင္ေခ် ရွိပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular