HomeCelebs Update NewsInternationalDisney နဲ့ ပြန်လည်အဆင်ပြေသွားပြီ ဖြစ်တဲ့ Scarlet Johansson

Disney နဲ့ ပြန်လည်အဆင်ပြေသွားပြီ ဖြစ်တဲ့ Scarlet Johansson

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Scarlet Johansson နဲ့ Disney တို့ရဲ့ တရားစွဲဆိုမှုတွေဟာ ပြီးဆုံးသွားပြီ ဖြစ်ပြီး နှစ်ဘက်လုံးက ပြန်လည်အဆင်ပြေသွားပြီလို့ သိရပါတယ်။ Scarlet Johansson ဟာ ဒီနှစ်အစောပိုင်းတုန်းက Disney ကို တရားစွဲခဲ့တာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ Black Widow ရုပ်ရှင်ကို ရုပ်ရှင်ရုံနဲ့ Disney+ တို့မှာ တစ်ချိန်တည်း ပြသခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒီကိစ္စဟာ ပရိသတ်တွေကြားမှာရော သရုပ်ဆောင်တွေကြားမှာပါ ဟိုးလေးတစ်ကျော် ဖြစ်သွားခဲ့ပါတယ်။

photo via screenrant

ရုပ်ရှင်လောကသား အများစုကလည်း Scarlet ဘက်ကနေ ရပ်တည်ပေးခဲ့ပြီး Elizabeth Olsen အပါအဝင် တစ်ခြားသရုပ်ဆောင်တွေကလည်း Scarlet ကို အားပေးခဲ့ကြပါတယ်။ ဒါ့အပြင် Scarlet ရဲ့ တရားစွဲဆိုမှုအပြီးမှာတော့ Disney နဲ့ လက်တွဲခဲ့တဲ့ တစ်ချို့သရုပ်ဆောင်တွေကလည်း တရားစွဲဖို့ စဉ်းစားခဲ့ကြပါသေးတယ်။ Disney ကတော့ ဒီလိုတရားစွဲခံရအပြီးမှာ သူတို့ရဲ့ ရုပ်ရှင်အသစ်တွေကို ရုပ်ရှင်ရုံမှာ ပြသပြီး (၄၅) ရက်ကြာမှသာ Disney+ မှာ ပြသသွားဖို့ စီစဉ်ခဲ့ပါတယ်။

THR သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ နှစ်ဘက်လုံးဟာ ပြန်လည်အဆင်ပြေသွားပြီး တရားစွဲဆိုမှုကလည်း ပြီးဆုံးသွားပြီလို့ သိရပါတယ်။ Scarlet နဲ့ Disney တို့က ဘယ်လိုပြန်အဆင်ပြေသွားတယ် ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့်လည်း Scarlet ဟာ Disney နဲ့ ထပ်မံလက်တွဲပြီး အလုပ်လုပ်သွားချင်ပါသေးတယ်လို့ ပြောခဲ့ပါတယ်။ လောလောဆယ်မှာတော့ Scarlet ဟာ Disney က အသစ်ထွက်လာမယ့် Tower of Terror ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Scarlet Johansson နဲ႔ Disney တို႔ရဲ႕ တရားစြဲဆိုမႈေတြဟာ ၿပီးဆုံးသြားၿပီ ျဖစ္ၿပီး ႏွစ္ဘက္လုံးက ျပန္လည္အဆင္ေျပသြားၿပီလို႔ သိရပါတယ္။ Scarlet Johansson ဟာ ဒီႏွစ္အေစာပိုင္းတုန္းက Disney ကို တရားစြဲခဲ့တာပဲ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ Black Widow ႐ုပ္ရွင္ကို ႐ုပ္ရွင္႐ုံနဲ႔ Disney+ တို႔မွာ တစ္ခ်ိန္တည္း ျပသခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ ဒီကိစၥဟာ ပရိသတ္ေတြၾကားမွာေရာ သ႐ုပ္ေဆာင္ေတြၾကားမွာပါ ဟိုးေလးတစ္ေက်ာ္ ျဖစ္သြားခဲ့ပါတယ္။

႐ုပ္ရွင္ေလာကသား အမ်ားစုကလည္း Scarlet ဘက္ကေန ရပ္တည္ေပးခဲ့ၿပီး Elizabeth Olsen အပါအဝင္ တစ္ျခားသ႐ုပ္ေဆာင္ေတြကလည္း Scarlet ကို အားေပးခဲ့ၾကပါတယ္။ ဒါ့အျပင္ Scarlet ရဲ႕ တရားစြဲဆိုမႈအၿပီးမွာေတာ့ Disney နဲ႔ လက္တြဲခဲ့တဲ့ တစ္ခ်ိဳ႕သ႐ုပ္ေဆာင္ေတြကလည္း တရားစြဲဖို႔ စဥ္းစားခဲ့ၾကပါေသးတယ္။ Disney ကေတာ့ ဒီလိုတရားစြဲခံရအၿပီးမွာ သူတို႔ရဲ႕ ႐ုပ္ရွင္အသစ္ေတြကို ႐ုပ္ရွင္႐ုံမွာ ျပသၿပီး (၄၅) ရက္ၾကာမွသာ Disney+ မွာ ျပသသြားဖို႔ စီစဥ္ခဲ့ပါတယ္။

photo via screenrant

THR သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဆိုရင္ေတာ့ ႏွစ္ဘက္လုံးဟာ ျပန္လည္အဆင္ေျပသြားၿပီး တရားစြဲဆိုမႈကလည္း ၿပီးဆုံးသြားၿပီလို႔ သိရပါတယ္။ Scarlet နဲ႔ Disney တို႔က ဘယ္လိုျပန္အဆင္ေျပသြားတယ္ ဆိုတဲ့ အေသးစိတ္ကိုေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္လည္း Scarlet ဟာ Disney နဲ႔ ထပ္မံလက္တြဲၿပီး အလုပ္လုပ္သြားခ်င္ပါေသးတယ္လို႔ ေျပာခဲ့ပါတယ္။ ေလာေလာဆယ္မွာေတာ့ Scarlet ဟာ Disney က အသစ္ထြက္လာမယ့္ Tower of Terror ဆိုတဲ့ ႐ုပ္ရွင္မွာ ပါဝင္လာဦးမွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular