HomeCelebs Update NewsInternationalAmerican Idol ရဲ့ သမိုင်းတစ်လျှောက်မှာ အအောင်မြင်ဆုံး ဂီတကြယ်ပွင့်(၁၀)ယောက်

American Idol ရဲ့ သမိုင်းတစ်လျှောက်မှာ အအောင်မြင်ဆုံး ဂီတကြယ်ပွင့်(၁၀)ယောက်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

American Idol ဟာ နိုင်ငံတကာက သီချင်းဆိုပြိုင်ပွဲတွေထဲမှာ နာမည်ကြီး ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ ၂၀၀၂ခုနှစ်ကနေ စတင်ခဲ့တဲ့ ဒီပြိုင်ပွဲဟာ သူ့ရဲ့သက်တမ်းတစ်လျှောက် အောင်မြင်တဲ့ အဆိုတော်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဂီတလောကထဲမှာ တကယ့် အရည်အချင်း ပြည့်ဝစွာနဲ့ ရပ်တည်နိုင်အောင် စတားတွေ အများကြီး မွေးထုတ်ပေးနိုင်ခဲ့တာဖြစ်ပြီး ဒီထဲက အယ်လ်ဘမ်ရောင်းအား အများဆုံးနဲ့ အအောင်မြင်ဆုံး ရပ်တည်နိုင်ခဲ့တဲ့ အဆိုတော်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) David Cook
Photo: davidcookofficial/ Instagram

David Cook ဟာ American Idol ရဲ့ season 7 မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး winner အဖြစ် အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။ ပြိုင်ပွဲအပြီး ထွက်ရှိခဲ့တဲ့ သူ့ရဲ့အယ်လ်ဘမ်ဟာလည်း RIAA က ချီးမြှင့်တဲ့ ပလက်တီနမ်ဓာတ်ပြားဆုကို ရရှိခဲ့ပါသေးတယ်။ လက်ရှိအချိန်အထိ David Cook ဟာ စတူဒီယိုအယ်လ်ဘမ် လေးချပ်၊ EP နှစ်ချပ်နဲ့ ဆင်ဂယ်လ်သီချင်း (၁၄)ပုဒ် ထွက်ရှိထားပါတယ်။ ဒါတင်မက သူဟာ ဘရော့ဒ်ဝေးပြဇာတ်မှာလည်း ဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

(2) David Archuleta
Photo: davidarchie/ Instagram

season 7 ရဲ့ runner up ဖြစ်တဲ့ David Archuleta ဟာ စတူဒီယိုအယ်လ်ဘမ် (၈)ချပ်၊ EP (၆)ချပ်နဲ့ ဆင်ဂယ်လ်သီချင်း (၂၄)ပုဒ် ထွက်ရှိထားသူ ဖြစ်ပါတယ်။ သူ့ရဲ့ပထမဆုံး ပွဲဦးထွက်အယ်လ်ဘမ်ဖြစ်တဲ့ David Archuleta အယ်လ်ဘမ်ဟာ Billboard 200 chart မှာ နံပါတ်(၂) ချိတ်ခဲ့‌ပြီး RIAA က ချီးမြှင့်တဲ့ ရွှေဓာတ်ပြားဆုကိုလည်း ရရှိထားပါသေးတယ်။ မြန်မာပရိသတ်တွေကြားမှာ ကျော်ကြားတဲ့ သူ့ရဲ့သီချင်းကတော့ Crush ဖြစ်ပါတယ်။

(3) Kellie Pickler
Photo: kelliepickler/ Instagram

Kellie Pickler ကတော့ season 5 မှာ နံပါတ်(၆)နေရာကနေ ပြိုင်ပွဲက ထွက်ခွာခဲ့ရသူ ဖြစ်ပါတယ်။ သို့ပေမယ့် သူမဟာ country ဂီတလောကမှာ အောင်မြင်တဲ့ ကြယ်ပွင့်တစ်ပွင့် ဖြစ်လာခဲ့ပြီး Taylor Swift နဲ့တောင် Best Days of Your Life ဆိုတဲ့သီချင်းမှာ တွဲဆိုခဲ့ပါသေးတယ်။ ဒါ့အပြင် သူမဟာ Dancing with the Stars အစီအစဉ်ရဲ့ season 16 မှာ အနိုင်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ဒါတင်မက ၂၀၁၇ခုနှစ်က စတင်ပြီး TV personality တစ်ဦးဖြစ်တဲ့ Ben Aron နဲ့ တွဲဖက်ကာ Pickler & Ben ဆိုတဲ့ talk show တစ်ခုလည်း ပြုလုပ်ထားပါသေးတယ်။

ဂီတဘက်မှာတော့ လက်ရှိအချိန်အထိ စတူဒီယိုအယ်လ်ဘမ် လေးချပ်နဲ့ ဆင်ဂယ်လ်သီချင်း (၁၃)ပုဒ် ထွက်ရှိထားပါတယ်။ ၂၀၀၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သူမရဲ့ပွဲဦးထွက်အယ်လ်ဘမ် Small Town Girl နဲ့ RIAA က ချီးမြှင့်တဲ့ ရွှေဓာတ်ပြားဆု ရရှိထားသူလည်း ဖြစ်ပါတယ်။

(4) Jordin Sparks
Photo: jordinsparks/ Instagram

Jordin Sparks ဟာ American Idol ရဲ့ season 6 မှာ အနိုင်ရရှိခဲ့တုန်းက အသက်(၁၇)နှစ်သာ ရှိပါသေးတယ်။ သူမဟာ လက်ရှိအချိန်အထိ စတူဒီယိုအယ်လ်ဘမ် သုံးချပ်၊ EP နှစ်ချပ်၊ mixtape တစ်ခွေနဲ့ ဆင်ဂယ်လ်သီချင်း (၂၅)ပုဒ်ကို ထွက်ရှိထားပါတယ်။ သူမရဲ့ပွဲဦးထွက် အယ်လ်ဘမ်ဟာ Billboard 200 chart မှာ နံပါတ်(၁၀)ချိတ်ခဲ့ပြီး RIAA က ချီးမြှင့်တဲ့ ပလက်တီနမ်ဓာတ်ပြားဆုကို ရရှိခဲ့ပါတယ်။ အဆိုပါအယ်လ်ဘမ်ထဲက မြန်မာပရိသတ်တွေနဲ့လည်း ရင်းနှီးတဲ့ No Air ၊ Tattoo နဲ့ One Step At A Time ဆိုတဲ့ ဆင်ဂယ်လ်သီချင်း သုံးပုဒ်ဟာလည်း Billboard Hot 100 မှာ top 10 ဝင်ခဲ့ပါသေးတယ်။

(5) Katharine McPhee
Photo: katharinefoster/ Instagram

Katharine ကတော့ season 5 ရဲ့ ဒုတိယနေရာမှာ ရရှိခဲ့သူဖြစ်ပြီး အခုအချိန်မှာတော့ ဂီတအလုပ်အပြင် သရုပ်ဆောင်အလုပ်ကို တွဲဖက်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ သူမရဲ့ပွဲဦးထွက်အယ်လ်ဘမ်ဟာ Billboard 200 chart မှာ နံပါတ်(၂)ချိတ်ခဲ့ပါတယ်။ လက်ရှိအချိန်အထိ စတူဒီယိုအယ်လ်ဘမ် ငါးချပ်၊ ဆင်ဂယ်လ်သီချင်း (၁၀)ပုဒ် ထွက်ရှိထားပြီး Smash ၊ Scorpion ဇာတ်လမ်းတွဲတွေမှာလည်း ခေါင်းဆောင်မင်းသမီးနေရာက ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒါတင်မက သူမဟာ ဂီတလောကရဲ့ ဩဇာကြီးမားသူတစ်ယောက်ဖြစ်တဲ့ David Foster နဲ့လည်း လက်ထပ်ထားပါသေးတယ်။

(6) Chris Daughtry
Photo: chrisdaughtry/ Instagram

Chris Daughtry ဟာ season 5 ရဲ့ နံပါတ်(၄)နေရာမှာတင် ပြိုင်ပွဲက ထွက်ခွာခဲ့ရပေမယ့် Kelly Clarkson နဲ့ Carrie Underwood တို့ပြီးရင် အအောင်မြင်ဆုံးနဲ့ အယ်လ်ဘမ်ရောင်းအား အကောင်းဆုံး Idol ပြိုင်ပွဲဝင်တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့တီးဝိုင်းဖြစ်တဲ့ Daughtry နဲ့ ရော့ခ်သီချင်းကောင်းများစွာကို ထွက်ရှိခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာ ရရှိထားကာ ယခုအချိန်အထိ စတူဒီယိုအယ်လ်ဘမ် ငါးချပ်နဲ့ EP တစ်ချပ်ကို ထွက်ရှိထားပါတယ်။

သူ့ရဲ့တီးဝိုင်းဖြစ်တဲ့ Daughtry ဟာ ပလက်တီနမ်ဓာတ်ပြားများစွာကို ဆွတ်ခူးထားနိုင်ကာ Billboard chart မှာလည်း ထိပ်ဆုံးနေရာတွေကို မကြာခဏ ရရှိထားပါတယ်။ သူ့ရဲ့အယ်လ်ဘမ်ရောင်းအားကတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ချပ်ရေကိုးသန်းကျော် ရောင်းချထားရပြီး အမေရိကန်ဒေါ်လာ (၁၀)သန်းကျော် ကြွယ်ဝချမ်းသာနေပြီ ဖြစ်ပါတယ်။

(7) Adam Lambert
Photo: adamlambert/ Instagram

Adam ကတော့ season 8 မှာ ဒုတိယနေရာ ရရှိခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဂရမ်မီဆု စံကာတင်စာရင်း ဝင်ထားသူဖြစ်ပြီး LGBTQ အရေးနဲ့ ပတ်သက်လို့ တက်ကြွလှုပ်ရှားသူလည်း ဖြစ်ပါတယ်။ Adam ဟာ လက်ရှိအချိန်အထိ စတူဒီယိုအယ်လ်ဘမ် လေးချပ်၊ EP ငါးချပ်၊ compilation album ငါးချပ်နဲ့ ဆင်ဂယ်လ်သီချင်း (၂၃)ပုဒ်ကို ထွက်ရှိထားပါတယ်။ သူ့ရဲ့ အယ်လ်ဘမ်ရောင်းအားဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ချပ်ရေ သုံးသန်းကျော် ရောင်းချထားရပြီး ခန့်မှန်းချေ အမေရိကန်ဒေါ်လာ သန်း(၂၀)ခန့် ကြွယ်ဝပါတယ်။

(8) Jennifer Hudson
Photo: iamjhud/ Instagram

အဆိုပညာမှာ ဆရာကျလွန်းတဲ့ Jennifer Hudson ဟာ Idol ရဲ့ season 3 မှာ ဝင်ပြိုင်တုန်းက နံပါတ်(၇)နေရာနဲ့ ပြိုင်ပွဲက ထွက်ခွာခဲ့ရသူ ဖြစ်ပါတယ်။ သို့ပေမယ့် သူမရဲ့အောင်မြင်မှုကတော့ ယနေ့အချိန်အထိ ထိပ်တန်းအဆိုတော် တစ်ယောက်အနေနဲ့ ရပ်တည်နေဆဲ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ စတူဒီယိုအယ်လ်ဘမ် သုံးချပ်၊ ဆင်ဂယ်လ်သီချင်း (၁၆)ပုဒ် ထွက်ရှိထားပြီး Billboard chart မှာလည်း မကြာခဏ ထိပ်ဆုံးနေရာကို ရရှိထားသူ ဖြစ်ပါတယ်။

သူမဟာ အော်စကာဆု၊ ရွှေကမ္ဘာလုံးဆု၊ BAFTA ဆု စတဲ့ထူးချွန်ဆုများစွာကို ဆွတ်ခူးထားသူဖြစ်ပြီး အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ The Voice အဆိုပြိုင်ပွဲရဲ့ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့ရသူလည်း ဖြစ်ပါတယ်။ သူမရဲ့ ခန့်မှန်းချေ ကြွယ်ဝမှုကတော့ ဒေါ်လာသန်း(၂၀)ကျော် ရှိနေပါတယ်။

(9) Kelly Clarkson
Photo: kellyclarkson/ Instagram

Kelly Clarkson ဟာ American Idol ရဲ့ ပထမဆုံး season မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး winner ရရှိခဲ့သူ ဖြစ်ပါတယ်။ သူမဟာ လက်ရှိအချိန်အထိ စတူဒီယိုအယ်လ်ဘမ် (၈)ချပ်၊ EP (၆)ချပ်၊ compilation album (၁)ချပ်နဲ့ ဆင်ဂယ်လ်သီချင်း (၄၅)ပုဒ် ထွက်ရှိထားပါတယ်။ သူမဟာ Billboard chart မှာ မကြာခဏ ထိပ်ဆုံးနေရာကို ရယူခဲ့ယူဖြစ်ပြီး RIAA က ချီးမြှင့်တဲ့ ပလက်တီနမ်ဓာတ်ပြားဆုနဲ့ ရွှေဓာတ်ပြားဆုများစွာကို ရရှိထားသူလည်း ဖြစ်ပါတယ်။

သူမဟာ The Voice အဆိုပြိုင်ပွဲမှာလည်း သုံးနှစ်ဆက်တိုက် ဒိုင်လူကြီး လုပ်ခဲ့သူဖြစ်ပြီး ကိုယ်ပိုင် talk show တစ်ခုကိုလည်း ထူထောင်ထားကာ Emmy Awards ကိုပါ ရရှိထားပါတယ်။ အယ်လ်ဘမ်ရောင်းအားမှာတော့ ယူအက်စ်တစ်နိုင်ငံတည်းမှာတင် ချပ်ရေ (၁၈.၆)သန်းကျော် ရောင်းချထားရပါတယ်။ သူမဟာ ၂၀၂၀ခုနှစ်အထိ ခန့်မှန်းချေ အမေရိကန်ဒေါ်လာ (၄၅)သန်းခန့် ကြွယ်ဝနေပြီ ဖြစ်ပါတယ်။

(10) Carrie Underwood
Photo: carrieunderwood/ Instagram

Country ဂီတလောကမှာ လွှမ်းမိုးနိုင်တဲ့ ဘုရင်မတစ်ပါးကို ပြပါဆိုရင်တော့ American Idol ရဲ့ season 4 မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး winner ရရှိခဲ့တဲ့ Carrie Underwood ကို ပြရမှာ ဖြစ်ပါတယ်။ သူမဟာ ဂရမ်မီ(၇)ဆု၊ Billboard Music Awards (၁၁)ဆု၊ American Music Awards (၁၅)ဆု၊ ဂင်းနစ်စံချိန်(၁)ခုနဲ့ Hollywood Walk of Fame မှာ ကိုယ်ပိုင်နာမည်ပြားပါ ရရှိပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

Forbes ကတော့ သူမဟာ American Idol ပြိုင်ပွဲဝင်တွေထဲမှာ အအောင်မြင်ဆုံးသော အဆိုတော်လို့ သမုတ်ခဲ့ပါတယ်။ ဒါ့အပြင် Time မဂ္ဂဇင်းကလည်း ၂၀၁၄ခုနှစ်ရဲ့ ဩဇာအရှိဆုံး ပုဂ္ဂိုလ်(၁၀၀)စာရင်းမှာ သူမကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။ Rolling Stone မဂ္ဂဇင်းကြီးကတော့ သူမရဲ့မျိုးဆက်အတွင်းမှာ မည်သည့် genre မှာမဆို အအောင်မြင်ဆုံးသော အမျိုးသမီးအဆိုတော်လို့ ဖော်ပြခဲ့ပါတယ်။

သူမဟာ လက်ရှိအချိန်အထိ စတူဒီယိုအယ်လ်ဘမ် (၇)ချပ်နဲ့ ဆင်ဂယ်လ်သီချင်း (၃၅)ပုဒ်ကို ထွက်ရှိထားပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အယ်လ်ဘမ်ချပ်ရေ (၆၄)သန်းကျော် ရောင်းချထားရပြီး ခန့်မှန်းချေ ဒေါ်လာသန်း(၁၄၀)ခန့် ကြွယ်ဝပါတယ်။

ဒါကတော့ American Idol ရဲ့ သမိုင်းတစ်လျှောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေထဲက အောင်မြင်တဲ့ ဂီတကြယ်ပွင့်ဘဝကို ရောက်ရှိလာတဲ့ အဆိုတော်(၁၀)ယောက်ပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ရော ဘယ်သူ့ကို နှစ်သက်လည်းဆိုတာ ပြောပြခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

American Idol ဟာ ႏိုင္ငံတကာက သီခ်င္းဆိုၿပိဳင္ပြဲေတြထဲမွာ နာမည္ႀကီး ၿပိဳင္ပြဲတစ္ခု ျဖစ္ပါတယ္။ ၂၀၀၂ခုႏွစ္ကေန စတင္ခဲ့တဲ့ ဒီၿပိဳင္ပြဲဟာ သူ႔ရဲ႕သက္တမ္းတစ္ေလွ်ာက္ ေအာင္ျမင္တဲ့ အဆိုေတာ္ေပါင္းမ်ားစြာကို ေမြးထုတ္ေပးႏိုင္ခဲ့ပါတယ္။ ဂီတေလာကထဲမွာ တကယ့္ အရည္အခ်င္း ျပည့္ဝစြာနဲ႔ ရပ္တည္ႏိုင္ေအာင္ စတားေတြ အမ်ားႀကီး ေမြးထုတ္ေပးႏိုင္ခဲ့တာျဖစ္ၿပီး ဒီထဲက အယ္လ္ဘမ္ေရာင္းအား အမ်ားဆုံးနဲ႔ အေအာင္ျမင္ဆုံး ရပ္တည္ႏိုင္ခဲ့တဲ့ အဆိုေတာ္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) David Cook
Photo: davidcookofficial/ Instagram

David Cook ဟာ American Idol ရဲ႕ season 7 မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီး winner အျဖစ္ အႏိုင္ရရွိခဲ့သူ ျဖစ္ပါတယ္။ ၿပိဳင္ပြဲအၿပီး ထြက္ရွိခဲ့တဲ့ သူ႔ရဲ႕အယ္လ္ဘမ္ဟာလည္း RIAA က ခ်ီးျမႇင့္တဲ့ ပလက္တီနမ္ဓာတ္ျပားဆုကို ရရွိခဲ့ပါေသးတယ္။ လက္ရွိအခ်ိန္အထိ David Cook ဟာ စတူဒီယိုအယ္လ္ဘမ္ ေလးခ်ပ္၊ EP ႏွစ္ခ်ပ္နဲ႔ ဆင္ဂယ္လ္သီခ်င္း (၁၄)ပုဒ္ ထြက္ရွိထားပါတယ္။ ဒါတင္မက သူဟာ ဘေရာ့ဒ္ေဝးျပဇာတ္မွာလည္း ေဖ်ာ္ေျဖမႈေတြ ျပဳလုပ္ခဲ့ပါေသးတယ္။

(2) David Archuleta
Photo: davidarchie/ Instagram

season 7 ရဲ႕ runner up ျဖစ္တဲ့ David Archuleta ဟာ စတူဒီယိုအယ္လ္ဘမ္ (၈)ခ်ပ္၊ EP (၆)ခ်ပ္နဲ႔ ဆင္ဂယ္လ္သီခ်င္း (၂၄)ပုဒ္ ထြက္ရွိထားသူ ျဖစ္ပါတယ္။ သူ႔ရဲ႕ပထမဆုံး ပြဲဦးထြက္အယ္လ္ဘမ္ျဖစ္တဲ့ David Archuleta အယ္လ္ဘမ္ဟာ Billboard 200 chart မွာ နံပါတ္(၂) ခ်ိတ္ခဲ့‌ၿပီး RIAA က ခ်ီးျမႇင့္တဲ့ ေ႐ႊဓာတ္ျပားဆုကိုလည္း ရရွိထားပါေသးတယ္။ ျမန္မာပရိသတ္ေတြၾကားမွာ ေက်ာ္ၾကားတဲ့ သူ႔ရဲ႕သီခ်င္းကေတာ့ Crush ျဖစ္ပါတယ္။

(3) Kellie Pickler
Photo: kelliepickler/ Instagram

Kellie Pickler ကေတာ့ season 5 မွာ နံပါတ္(၆)ေနရာကေန ၿပိဳင္ပြဲက ထြက္ခြာခဲ့ရသူ ျဖစ္ပါတယ္။ သို႔ေပမယ့္ သူမဟာ country ဂီတေလာကမွာ ေအာင္ျမင္တဲ့ ၾကယ္ပြင့္တစ္ပြင့္ ျဖစ္လာခဲ့ၿပီး Taylor Swift နဲ႔ေတာင္ Best Days of Your Life ဆိုတဲ့သီခ်င္းမွာ တြဲဆိုခဲ့ပါေသးတယ္။ ဒါ့အျပင္ သူမဟာ Dancing with the Stars အစီအစဥ္ရဲ႕ season 16 မွာ အႏိုင္ရရွိခဲ့သူလည္း ျဖစ္ပါတယ္။ ဒါတင္မက ၂၀၁၇ခုႏွစ္က စတင္ၿပီး TV personality တစ္ဦးျဖစ္တဲ့ Ben Aron နဲ႔ တြဲဖက္ကာ Pickler & Ben ဆိုတဲ့ talk show တစ္ခုလည္း ျပဳလုပ္ထားပါေသးတယ္။

ဂီတဘက္မွာေတာ့ လက္ရွိအခ်ိန္အထိ စတူဒီယိုအယ္လ္ဘမ္ ေလးခ်ပ္နဲ႔ ဆင္ဂယ္လ္သီခ်င္း (၁၃)ပုဒ္ ထြက္ရွိထားပါတယ္။ ၂၀၀၆ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ သူမရဲ႕ပြဲဦးထြက္အယ္လ္ဘမ္ Small Town Girl နဲ႔ RIAA က ခ်ီးျမႇင့္တဲ့ ေ႐ႊဓာတ္ျပားဆု ရရွိထားသူလည္း ျဖစ္ပါတယ္။

(4) Jordin Sparks
Photo: jordinsparks/ Instagram

Jordin Sparks ဟာ American Idol ရဲ႕ season 6 မွာ အႏိုင္ရရွိခဲ့တုန္းက အသက္(၁၇)ႏွစ္သာ ရွိပါေသးတယ္။ သူမဟာ လက္ရွိအခ်ိန္အထိ စတူဒီယိုအယ္လ္ဘမ္ သုံးခ်ပ္၊ EP ႏွစ္ခ်ပ္၊ mixtape တစ္ေခြနဲ႔ ဆင္ဂယ္လ္သီခ်င္း (၂၅)ပုဒ္ကို ထြက္ရွိထားပါတယ္။ သူမရဲ႕ပြဲဦးထြက္ အယ္လ္ဘမ္ဟာ Billboard 200 chart မွာ နံပါတ္(၁၀)ခ်ိတ္ခဲ့ၿပီး RIAA က ခ်ီးျမႇင့္တဲ့ ပလက္တီနမ္ဓာတ္ျပားဆုကို ရရွိခဲ့ပါတယ္။ အဆိုပါအယ္လ္ဘမ္ထဲက ျမန္မာပရိသတ္ေတြနဲ႔လည္း ရင္းႏွီးတဲ့ No Air ၊ Tattoo နဲ႔ One Step At A Time ဆိုတဲ့ ဆင္ဂယ္လ္သီခ်င္း သုံးပုဒ္ဟာလည္း Billboard Hot 100 မွာ top 10 ဝင္ခဲ့ပါေသးတယ္။

(5) Katharine McPhee
Photo: katharinefoster/ Instagram

Katharine ကေတာ့ season 5 ရဲ႕ ဒုတိယေနရာမွာ ရရွိခဲ့သူျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ ဂီတအလုပ္အျပင္ သ႐ုပ္ေဆာင္အလုပ္ကို တြဲဖက္လုပ္ကိုင္ေနၿပီ ျဖစ္ပါတယ္။ သူမရဲ႕ပြဲဦးထြက္အယ္လ္ဘမ္ဟာ Billboard 200 chart မွာ နံပါတ္(၂)ခ်ိတ္ခဲ့ပါတယ္။ လက္ရွိအခ်ိန္အထိ စတူဒီယိုအယ္လ္ဘမ္ ငါးခ်ပ္၊ ဆင္ဂယ္လ္သီခ်င္း (၁၀)ပုဒ္ ထြက္ရွိထားၿပီး Smash ၊ Scorpion ဇာတ္လမ္းတြဲေတြမွာလည္း ေခါင္းေဆာင္မင္းသမီးေနရာက ပါဝင္သ႐ုပ္ေဆာင္ထားပါေသးတယ္။ ဒါတင္မက သူမဟာ ဂီတေလာကရဲ႕ ဩဇာႀကီးမားသူတစ္ေယာက္ျဖစ္တဲ့ David Foster နဲ႔လည္း လက္ထပ္ထားပါေသးတယ္။

(6) Chris Daughtry
Photo: chrisdaughtry/ Instagram

Chris Daughtry ဟာ season 5 ရဲ႕ နံပါတ္(၄)ေနရာမွာတင္ ၿပိဳင္ပြဲက ထြက္ခြာခဲ့ရေပမယ့္ Kelly Clarkson နဲ႔ Carrie Underwood တို႔ၿပီးရင္ အေအာင္ျမင္ဆုံးနဲ႔ အယ္လ္ဘမ္ေရာင္းအား အေကာင္းဆုံး Idol ၿပိဳင္ပြဲဝင္တစ္ေယာက္ ျဖစ္ပါတယ္။

သူ႔ရဲ႕တီးဝိုင္းျဖစ္တဲ့ Daughtry နဲ႔ ေရာ့ခ္သီခ်င္းေကာင္းမ်ားစြာကို ထြက္ရွိခဲ့ၿပီး ပရိသတ္ေတြရဲ႕ အားေပးမႈ အခိုင္အမာ ရရွိထားကာ ယခုအခ်ိန္အထိ စတူဒီယိုအယ္လ္ဘမ္ ငါးခ်ပ္နဲ႔ EP တစ္ခ်ပ္ကို ထြက္ရွိထားပါတယ္။ သူ႔ရဲ႕တီးဝိုင္းျဖစ္တဲ့ Daughtry ဟာ ပလက္တီနမ္ဓာတ္ျပားမ်ားစြာကို ဆြတ္ခူးထားႏိုင္ကာ Billboard chart မွာလည္း ထိပ္ဆုံးေနရာေတြကို မၾကာခဏ ရရွိထားပါတယ္။ သူ႔ရဲ႕အယ္လ္ဘမ္ေရာင္းအားကေတာ့ တစ္ကမာၻလုံးအတိုင္းအတာနဲ႔ ခ်ပ္ေရကိုးသန္းေက်ာ္ ေရာင္းခ်ထားရၿပီး အေမရိကန္ေဒၚလာ (၁၀)သန္းေက်ာ္ ႂကြယ္ဝခ်မ္းသာေနၿပီ ျဖစ္ပါတယ္။

(7) Adam Lambert
Photo: adamlambert/ Instagram

Adam ကေတာ့ season 8 မွာ ဒုတိယေနရာ ရရွိခဲ့သူ ျဖစ္ပါတယ္။ သူဟာ ဂရမ္မီဆု စံကာတင္စာရင္း ဝင္ထားသူျဖစ္ၿပီး LGBTQ အေရးနဲ႔ ပတ္သက္လို႔ တက္ႂကြလႈပ္ရွားသူလည္း ျဖစ္ပါတယ္။ Adam ဟာ လက္ရွိအခ်ိန္အထိ စတူဒီယိုအယ္လ္ဘမ္ ေလးခ်ပ္၊ EP ငါးခ်ပ္၊ compilation album ငါးခ်ပ္နဲ႔ ဆင္ဂယ္လ္သီခ်င္း (၂၃)ပုဒ္ကို ထြက္ရွိထားပါတယ္။ သူ႔ရဲ႕ အယ္လ္ဘမ္ေရာင္းအားဟာ တစ္ကမာၻလုံးအတိုင္းအတာနဲ႔ ခ်ပ္ေရ သုံးသန္းေက်ာ္ ေရာင္းခ်ထားရၿပီး ခန႔္မွန္းေခ် အေမရိကန္ေဒၚလာ သန္း(၂၀)ခန႔္ ႂကြယ္ဝပါတယ္။

(8) Jennifer Hudson
Photo: iamjhud/ Instagram

အဆိုပညာမွာ ဆရာက်လြန္းတဲ့ Jennifer Hudson ဟာ Idol ရဲ႕ season 3 မွာ ဝင္ၿပိဳင္တုန္းက နံပါတ္(၇)ေနရာနဲ႔ ၿပိဳင္ပြဲက ထြက္ခြာခဲ့ရသူ ျဖစ္ပါတယ္။ သို႔ေပမယ့္ သူမရဲ႕ေအာင္ျမင္မႈကေတာ့ ယေန႔အခ်ိန္အထိ ထိပ္တန္းအဆိုေတာ္ တစ္ေယာက္အေနနဲ႔ ရပ္တည္ေနဆဲ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္အထိ စတူဒီယိုအယ္လ္ဘမ္ သုံးခ်ပ္၊ ဆင္ဂယ္လ္သီခ်င္း (၁၆)ပုဒ္ ထြက္ရွိထားၿပီး Billboard chart မွာလည္း မၾကာခဏ ထိပ္ဆုံးေနရာကို ရရွိထားသူ ျဖစ္ပါတယ္။

သူမဟာ ေအာ္စကာဆု၊ ေ႐ႊကမာၻလုံးဆု၊ BAFTA ဆု စတဲ့ထူးခြၽန္ဆုမ်ားစြာကို ဆြတ္ခူးထားသူျဖစ္ၿပီး ေအာင္ျမင္တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ The Voice အဆိုၿပိဳင္ပြဲရဲ႕ ဒိုင္လူႀကီးအျဖစ္ ေဆာင္႐ြက္ခဲ့ရသူလည္း ျဖစ္ပါတယ္။ သူမရဲ႕ ခန႔္မွန္းေခ် ႂကြယ္ဝမႈကေတာ့ ေဒၚလာသန္း(၂၀)ေက်ာ္ ရွိေနပါတယ္။

(9) Kelly Clarkson
Photo: kellyclarkson/ Instagram

Kelly Clarkson ဟာ American Idol ရဲ႕ ပထမဆုံး season မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီး winner ရရွိခဲ့သူ ျဖစ္ပါတယ္။ သူမဟာ လက္ရွိအခ်ိန္အထိ စတူဒီယိုအယ္လ္ဘမ္ (၈)ခ်ပ္၊ EP (၆)ခ်ပ္၊ compilation album (၁)ခ်ပ္နဲ႔ ဆင္ဂယ္လ္သီခ်င္း (၄၅)ပုဒ္ ထြက္ရွိထားပါတယ္။ သူမဟာ Billboard chart မွာ မၾကာခဏ ထိပ္ဆုံးေနရာကို ရယူခဲ့ယူျဖစ္ၿပီး RIAA က ခ်ီးျမႇင့္တဲ့ ပလက္တီနမ္ဓာတ္ျပားဆုနဲ႔ ေ႐ႊဓာတ္ျပားဆုမ်ားစြာကို ရရွိထားသူလည္း ျဖစ္ပါတယ္။

သူမဟာ The Voice အဆိုၿပိဳင္ပြဲမွာလည္း သုံးႏွစ္ဆက္တိုက္ ဒိုင္လူႀကီး လုပ္ခဲ့သူျဖစ္ၿပီး ကိုယ္ပိုင္ talk show တစ္ခုကိုလည္း ထူေထာင္ထားကာ Emmy Awards ကိုပါ ရရွိထားပါတယ္။ အယ္လ္ဘမ္ေရာင္းအားမွာေတာ့ ယူအက္စ္တစ္ႏိုင္ငံတည္းမွာတင္ ခ်ပ္ေရ (၁၈.၆)သန္းေက်ာ္ ေရာင္းခ်ထားရပါတယ္။ သူမဟာ ၂၀၂၀ခုႏွစ္အထိ ခန႔္မွန္းေခ် အေမရိကန္ေဒၚလာ (၄၅)သန္းခန႔္ ႂကြယ္ဝေနၿပီ ျဖစ္ပါတယ္။

(10) Carrie Underwood
Photo: carrieunderwood/ Instagram

Country ဂီတေလာကမွာ လႊမ္းမိုးႏိုင္တဲ့ ဘုရင္မတစ္ပါးကို ျပပါဆိုရင္ေတာ့ American Idol ရဲ႕ season 4 မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီး winner ရရွိခဲ့တဲ့ Carrie Underwood ကို ျပရမွာ ျဖစ္ပါတယ္။ သူမဟာ ဂရမ္မီ(၇)ဆု၊ Billboard Music Awards (၁၁)ဆု၊ American Music Awards (၁၅)ဆု၊ ဂင္းနစ္စံခ်ိန္(၁)ခုနဲ႔ Hollywood Walk of Fame မွာ ကိုယ္ပိုင္နာမည္ျပားပါ ရရွိပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။

Forbes ကေတာ့ သူမဟာ American Idol ၿပိဳင္ပြဲဝင္ေတြထဲမွာ အေအာင္ျမင္ဆုံးေသာ အဆိုေတာ္လို႔ သမုတ္ခဲ့ပါတယ္။ ဒါ့အျပင္ Time မဂၢဇင္းကလည္း ၂၀၁၄ခုႏွစ္ရဲ႕ ဩဇာအရွိဆုံး ပုဂၢိဳလ္(၁၀၀)စာရင္းမွာ သူမကို ထည့္သြင္းေဖာ္ျပခဲ့ပါတယ္။ Rolling Stone မဂၢဇင္းႀကီးကေတာ့ သူမရဲ႕မ်ိဳးဆက္အတြင္းမွာ မည္သည့္ genre မွာမဆို အေအာင္ျမင္ဆုံးေသာ အမ်ိဳးသမီးအဆိုေတာ္လို႔ ေဖာ္ျပခဲ့ပါတယ္။

သူမဟာ လက္ရွိအခ်ိန္အထိ စတူဒီယိုအယ္လ္ဘမ္ (၇)ခ်ပ္နဲ႔ ဆင္ဂယ္လ္သီခ်င္း (၃၅)ပုဒ္ကို ထြက္ရွိထားပါတယ္။ တစ္ကမာၻလုံး အတိုင္းအတာနဲ႔ အယ္လ္ဘမ္ခ်ပ္ေရ (၆၄)သန္းေက်ာ္ ေရာင္းခ်ထားရၿပီး ခန႔္မွန္းေခ် ေဒၚလာသန္း(၁၄၀)ခန႔္ ႂကြယ္ဝပါတယ္။

ဒါကေတာ့ American Idol ရဲ႕ သမိုင္းတစ္ေလွ်ာက္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ ၿပိဳင္ပြဲဝင္ေတြထဲက ေအာင္ျမင္တဲ့ ဂီတၾကယ္ပြင့္ဘဝကို ေရာက္ရွိလာတဲ့ အဆိုေတာ္(၁၀)ေယာက္ပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ေရာ ဘယ္သူ႔ကို ႏွစ္သက္လည္းဆိုတာ ေျပာျပခဲ့ပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular