HomeEntertainmentFilmBlack Widow ရုပ်ရှင်ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

Black Widow ရုပ်ရှင်ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

***Spoiler Alert***

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Natasha Romanoff ရဲ့ ဇာတ်လမ်းဟာ Avengers: Endgame ထဲမှာ ပြီးဆုံးသွားပေမယ့်လည်း သူမရဲ့ ဘဝဇာစ်မြစ်ကို ပြသတဲ့ ပထမဆုံး တစ်ကိုယ်တော် ရုပ်ရှင်ကို MCU က ထုတ်လုပ်လိုက်ပါတယ်။ ဒီရုပ်ရှင်ဟာ Natasha ကို နောက်ဆုံးတွေ့မြင်ရမယ့် ရုပ်ရှင်တစ်ကား ဖြစ်နိုင်ပေမယ့်လည်း အနည်းဆုံးတော့ Black Widow ဆိုတဲ့ Codename ကို Yelena Belova က ဆက်ခံပြီး နောက်ထပ် MCU ဇာတ်လမ်းတွေမှာ မြင်တွေ့ရနိုင်ပါသေးတယ်။ ဒီရုပ်ရှင်ထဲမှာလည်း MCU ရဲ့ ထုံးစံအတိုင်း Easter Egg တွေနဲ့ စိတ်ဝင်စားစရာအချက်တွေ ပါဝင်နေပါတယ်။

(1) The Americans
photo via screenrant

Black Widow ရုပ်ရှင်ရဲ့ အစပိုင်းဇာတ်ဝင်ခန်းတွေဟာ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Americans ဆိုတဲ့ ဇာတ်လမ်းတွဲကို ကိုးကားပုံဖော်ထားတာ ဖြစ်ပါတယ်။ The Americans ရဲ့ ဇာတ်လမ်းကတော့ ရုရှားစပိုင်နှစ်ယောက်ဟာ အမေရိကန်အစိုးရကို ထောက်လှမ်းဖို့အတွက် အသွင်ယူပြီး နေထိုင်ကြတဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာပဲ အမေရိကန်အစိုးရက သူတို့ကို စပိုင်တွေမှန်း သိသွားတာကြောင့် လိုက်လံဖမ်းဆီးပါတော့တယ်။ ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်းအကျဉ်းကို ကြည့်လိုက်ရင်တောင် Black Widow ရဲ့ အစပိုင်းဇာတ်ဝင်ခန်းတွေဟာ ဒီဇာတ်လမ်းတွဲကို ကိုးကားပြီး ဖန်တီးထားတယ်ဆိုတာ သိသာစေပါတယ်။

(2) ပရောဂျက် MKUltra
photo via screenrant

ဒီရုပ်ရှင်ရဲ့အစမှာ Alexei တို့ကို ခိုးယူခိုင်းခဲ့တဲ့ အရာကတော့ ပရောဂျက် MKUltra ပဲ ဖြစ်ပါတယ်။ အဲ့ဒီပရောဂျက်ကတော့ CIA တွေက သူတို့ရဲ့ ရန်သူတွေကို အသုံးပြုဖို့ စမ်းသပ်ခဲ့တဲ့ စိတ်ထိန်းချုပ်တဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ အဲ့ဒီပရောဂျက်ကို Alexei တို့က ခိုးယူနိုင်ခဲ့တာကြောင့် Red Room ဟာ နောက်ပိုင်းမှာ Widow တွေကို ထိန်းချုပ်နိုင်သွားတာ ဖြစ်ပါတယ်။

(3) ဇာတ်လမ်းအစ စာတန်းထိုးချိန်မှာ မြင်တွေ့ခဲ့ရတဲ့ နိုင်ငံ့ခေါင်းဆောင်များ
photo via screenrant

ဇာတ်လမ်းစစချင်း စာတန်းထိုးချိန်မှာတော့ Red Room ကို ထိန်းချုပ်ထားသူ ဖြစ်တဲ့ Dreykov ကို နိုင်ငံခေါင်းဆောင်တွေနဲ့အတူ မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းတွေထဲမှာ ပါဝင်ခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တွေကတော့ အမေရိကန်နိုင်ငံရဲ့ (၃၉)ယောက်မြောက် သမ္မတ Jimmy Carter ၊ ရုရှားသမ္မတ Vladimir Putin နဲ့ အမေရိကန်နိုင်ငံရဲ့  (၄၂)ယောက်မြောက် သမ္မတ Bill Clinton တို့ပဲ ဖြစ်ပါတယ်။

(4) Bucky ရဲ့ ဓားလှည့်ကွက်ကို အသုံးပြုခဲ့တဲ့ Yelena
photo via screenrant

ဒီရုပ်ရှင်ထဲမှာ Yelena ကို ပထမဆုံး မြင်ရတဲ့အချိန်မှာတော့ သူမဟာ ထိန်းချုပ်ခံထားရပြီး သူမရဲ့ ပစ်မှတ်ကို တိုက်ခိုက်နေပါတယ်။ အဲဒီအချိန်မှာ Yelena ပြုလုပ်သွားတဲ့ ဓားအကွက်ဟာ Captain America: The Winter Soldier ထဲမှာ Bucky ပြုလုပ်ခဲ့တဲ့ အကွက်နဲ့ အတူတူပဲ ဖြစ်ပါတယ်။

ဒီအချက်ကြောင့်ပဲ Black Widow တွေနဲ့ Winter Soldier တွေဟာ ဆင်တူတဲ့ လေ့ကျင့်ရေးတွေကို ပြုလုပ်ခဲ့ရတယ်လို့ ပြောနိုင်ပါတယ်။ နောက်ပိုင်း ဇာတ်ဝင်ခန်းတွေမှာတော့ Taskmaster ကလည်း အဲ့ဒီတိုက်ကွက်ကို ထပ်မံအသုံးပြုသွားပါသေးတယ်။ ဒါတင်မကသေးဘဲ Game of Thrones ထဲမှာလည်း Arya Stark က Night King ကို သတ်လိုက်တဲ့အချိန်မှာလည်း အလားတူ အကွက်ကိုပဲ အသုံးပြုသွားပါတယ်။

(5) Black Widow Serum
photo via screenrant

Black Widow ရုပ်ရှင်ရဲ့ အဓိကဇာတ်ကြောင်းကတော့ Natasha နဲ့ Yelena တို့ဟာ တခြား Widow တွေကို ထိန်းချုပ်မှုအောက်က လွတ်မြောက်စေမယ့် ဆေးရည်ကို ကာကွယ်ကြတာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ပြသသွားတဲ့အတိုင်းဆိုရင် Natasha ဟာ MCU ထဲမှာတော့ သာမန်လူသားတစ်ယောက်ပဲ ဖြစ်ပါတယ်။

ကောမစ်ထဲမှာတော့ Natasha ဟာ Red Room မှာ စတင်လေ့ကျင့်ခဲ့ရတဲ့ အချိန်ကတည်းက Super Soldier Serum ကို ထိုးပေးခံထားရတာ ဖြစ်ပါတယ်။ အဲ့ဒီဆေးရည်ကြောင့်ပဲ Natasha ဟာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ လုပ်နိုင်စွမ်းတွေ မြင့်တက်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း Black Widow Serum ထက် Captain America ကို ထိုးပေးခဲ့တဲ့ ဆေးရည်က ပိုမိုအစွမ်းထက်တာကြောင့် Natasha ဟာ Captain America ကိုတော့ မမှီခဲ့ပါဘူး။

(6) ကောမစ် origin နဲ့ မတူတော့တဲ့ Taskmaster
photo via screenrant

Taskmaster ကို ပထမဆုံး မြင်တွေ့ရတဲ့ ဇာတ်ဝင်ခန်းမှာတော့ သူဟာ Civil War မှာ ဖြစ်ပျက်ခဲ့တဲ့ Avengers တွေရဲ့ တိုက်ခိုက်ပုံတွေကို ကြည့်ရှုနေတာ တွေ့ရပါတယ်။ Taskmaster ရဲ့ စွမ်းအားဟာ သူ မြင်သမျှ လှုပ်ရှားမှုတွေကို ပုံတူကူးယူနိုင်တဲ့အတွက် အဲ့ဒီဗွီဒီယိုကို ကြည့်လိုက်ရုံနဲ့ Avengers အဖွဲ့ဝင်အများစုရဲ့ တိုက်ခိုက်ပုံတွေကို ကျွမ်းကျင်သွားပါတယ်။ ဒီဇာတ်လမ်းတလျှောက်မှာတော့ Taskmaster ဟာ Hawkeye ရဲ့ မြားပစ်နည်း၊ Black Panther ၊ Natasha နဲ့ Captain America တို့အပါအဝင် တခြားဟီးရိုးတွေရဲ့ တိုက်ခိုက်နည်းတွေကို အသုံးပြုသွားတာ တွေ့ရပါတယ်။

ဒါ့အပြင် Taskmaster ရဲ့ ဇာတ်ကောင်ပုံစံဟာ ကောမစ်ထဲက origin နဲ့ လုံးဝ ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ ကောမစ်ထဲမှာတော့ Taskmaster ဟာ အမျိုးသားတစ်ဦး ဖြစ်ပြီး ကြေးစားတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ပါဝါကတော့ မြင်တွေ့လိုက်ရတဲ့ လှုပ်ရှားမှုအားလုံးကို တထပ်တည်း ကူးချနိုင်တာဖြစ်ပြီး ဒီအစွမ်းကို မြှင့်တင်ဖို့ ဆေးရည်တစ်ခုကို အသုံးပြုရင်း မှတ်ဉာဏ်တွေကို ဆုံးရှုံးသွားသူလည်း ဖြစ်ပါတယ်။ ကောမစ်ထဲက Taskmaster ဟာ သူဘယ်သူဆိုတာနဲ့ ဘာကြောင့် ဒီအလုပ်တွေ လုပ်နေရလည်းဆိုတာကိုတောင် မေ့လျော့သွားခဲ့သူ ဖြစ်ပါတယ်။ ယခုဇာတ်ကားထဲမှာတော့ Marvel ဟာ Taskmaster ရဲ့ ဇာတ်ကောင်ကို လုံးဝ အသစ်တစ်ခုလို ပြောင်းလဲလိုက်တာ တွေ့ရပါတယ်။

(7) Mason
photo via screenrant

Black Widow ရုပ်ရှင် ထွက်မလာခင်အထိ O-T Fagbenle ဟာ ဘယ်ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ရမယ်ဆိုတာ မကြေညာခဲ့ပါဘူး။ ဒါကြောင့်ပဲ မူလတုန်းကတော့ O-T Fagbenle ဟာ Taskmaster ဖြစ်နေလိမ့်မယ်လို့ ပရိသတ်အများစုက ခန့်မှန်းခဲ့ကြပါတယ်။ တကယ်တော့ O-T Fagbenle သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်ဟာ ကောမစ်ထဲက Rick Mason ဆိုတဲ့ ဇာတ်ကောင်ရဲ့ ဗားရှင်းတစ်မျိူးပဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Rick Mason ဟာ စူပါဟီးရိုးတွေကို ဖြုတ်ချနိုင်စွမ်းရှိတဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထုံးစံအတိုင်း MCU ထဲမှာ ဒီဇာတ်ကောင်ရဲ့ ပုံစံကို ပြောင်းလဲပစ်လိုက်ပါတယ်။

(8) Budapest
photo via screenrant

Budapest မှာ ရှိတဲ့ ပုန်းခိုရာအိမ်ကို Natasha ရောက်လာတဲ့အချိန်မှာတော့ Yelena ဟာ နံရံပေါ်က ထူးဆန်းတဲ့ သေနတ်ရာတွေကို မေးမြန်းခဲ့ပါတယ်။ Natasha ကတော့ အဲ့ဒါတွေက သေနတ်ရာတွေ မဟုတ်ဘဲ မြားနဲ့ပစ်ထားတာလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

MCU ရုပ်ရှင်တွေ တလျှောက်လုံးမှာ Natasha နဲ့ Clint တို့ဟာ Budapest မှာ ဖြစ်ခဲ့တဲ့ မစ်ရှင်အကြောင်းကို ခဏခဏ ပြောခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ပရိသတ်တွေဟာ Budapest မှာ ဘာတွေဖြစ်ခဲ့လည်းဆိုတာ သိချင်နေကြပြီး နောက်ဆုံးမှာတော့ ဒီမစ်ရှင်အကြောင်း သိလိုက်ရပြီ ဖြစ်ပါတယ်။ Budapest မှာ ဖြစ်ခဲ့တဲ့ မစ်ရှင်ကတော့ Natasha ဟာ SHIELD မှာ ခိုလှုံခွင့်ရဖို့အတွက် Dreykov နဲ့ သူ့ရဲ့သမီးကို သတ်ခဲ့တဲ့ မစ်ရှင်ပဲ ဖြစ်ပါတယ်။

(9) Cameo ပါဝင်ခဲ့တဲ့ Hawkeye
photo via screenrant

Budapest က မစ်ရှင်ကို နောက်ကြောင်းပြန်ပြတဲ့အချိန်မှာတော့ Hawkeye ဟာ Cameo အနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။ အဲ့ဒီဇာတ်ဝင်ခန်းကတော့ Dreykov ရဲ့ သမီးလေး ဝင်သွားတဲ့ အဆောက်အဦးကြီးကို ဖောက်ခွဲဖို့အတွက် Natasha ဆီမှာ ခွင့်ပြုချက်တောင်းခံတဲ့ အသံပိုင်ရှင်ဟာ Hawkeye နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Jeremy Renner ရဲ့ အသံပဲ ဖြစ်ပါတယ်။

(10) အဖြူရောင် Black Widow ဝတ်စုံ
photo via screenrant

ထွေလာတွေ၊ ပိုစတာတွေမှာ မြင်တွေ့ခဲ့ရတဲ့အတိုင်းပဲ Natasha နဲ့ Yelena တို့ဟာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ခဲ့ပါတယ်။ အဲ့ဒီဝတ်စုံတွေကတော့ Black Widow: Deadly Origin ဆိုတဲ့ ကောမစ် မီနီစီးရီးထဲက ဝတ်စုံတွေပဲ ဖြစ်ပါတယ်။ MCU ဟာ အခုချိန်မှာတော့ Phase 4 ထဲက ရုပ်ရှင်ဇာတ်လမ်းတွေကို တဖြည်းဖြည်း ထွက်ရှိလာပြီး အဲ့ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေကိုလည်း ကောမစ်ထဲက ဝတ်စုံတွေအတိုင်း အနီးစပ်ဆုံး တူညီအောင် ဖန်တီးနေပါတယ်။

(11) Ursa The Great Bear
photo via screenrant

Natasha နဲ့ Yelena တို့ဟာ Alexei ကို ထောင်ဖောက်ပေးဖို့အတွက် ရုရှားကို လာနေတဲ့အချိန်မှာတော့ Alexei ဟာ ထောင်ထဲမှာ လက်မောင်းအား လှဲနေရင်း သူနဲ့ Captain America ရဲ့ အကြောင်းတွေကို ပြောပြနေပါတယ်။ အဲ့ဒီနောက်မှာတော့ လူကောင်ကြီးကြီးနဲ့ ထောင်သားတစ်ယောက်ဟာ Alexei ပြောပြနေတဲ့ ဇာတ်လမ်းရဲ့ ဟာကွက်ကို ထောက်ပြခဲ့တာကြောင့် Alexei က ဒေါသထွက်ကာ အဲ့ဒီထောင်သားရဲ့ လက်ကို ချိူးပစ်လိုက်ပါတယ်။

တကယ်တော့ အဲ့ဒီထောင်သားဟာ Ursa Major ဆိုတဲ့ ကောမစ်ဇာတ်ကောင် ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Ursa Major ဟာ ရုရှားရဲ့ Super Soldier တစ်ယောက်လည်း ဖြစ်သလို ဝက်ဝံအဖြစ် ပြောင်းလဲနိုင်စွမ်းရှိတဲ့ သန္ဓေပြောင်း လူသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရုပ်ရှင်ထဲမှာတော့ Alexei ဟာ သူ့ကိုယ်သူ ရုရှားရဲ့ ပထမဦးဆုံးနဲ့ တစ်ယောက်တည်းသော Super Soldier ဖြစ်ကြောင်း ပြောသွားတာကြောင့် MCU ထဲမှာတော့ Ursa ဟာလည်း ပြောင်းလဲသွားပါတယ်။

(12) The Crimson Dynamo
photo via screenrant

ဒီရုပ်ရှင်ထဲက တစ်နေရာမှာတော့ Yelena ဟာ Alexei ကို The Crimson Dynamo လို့ခေါ်ခဲ့ပြီး Alexei ကတော့ အဲ့လိုခေါ်ခံရတာကို မကြိုက်ပါဘူး။ ကောမစ်ထဲမှာတော့ The Crimson Dynamo ဆိုသူဟာ ရုရှားရဲ့ Super Soldier တစ်ယောက် ဖြစ်ပြီး Alexei နဲ့ Ursa တို့ ပါဝင်ထားတဲ့အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် Crimson Dynamo ကို ရုရှားရဲ့ Iron Man လို့တောင် ပြောလို့ရပါတယ်။

(13) Red Guardian Vs. Captain America
photo via screenrant

ဒီရုပ်ရှင်ထဲမှာ ပြသခဲ့တဲ့အတိုင်းဆိုရင် Ursa ထောက်ပြသလိုပဲ Alexei ပြောပြနေတဲ့ သူနဲ့ Cap ရဲ့ တိုက်ပွဲအကြောင်းဟာ MCU ရဲ့ Timeline ကြောင့် မဖြစ်နိုင်ဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း Alexei ဟာ သိသိသာသာပဲ Captain America နဲ့ တိုက်ပွဲအကြောင်းကို စွဲလမ်းနေတာ တွေ့ရပါတယ်။

ကောမစ်ထဲမှာတော့ သူတို့နှစ်ယောက်ဟာ တကယ်ပဲ တိုက်ခိုက်ခဲ့ဖူးပြီး ၁၉၆၃ ခုနှစ် မှာ ထွက်ရှိခဲ့တဲ့ Avengers #44 ကောမစ်ထဲမှာ ပါဝင်ခဲ့ပါတယ်။ စစချင်းမှာတော့ သူတို့ဟာ တစ်ယောက်ချင်း တိုက်ခိုက်ခဲ့ကြပြီး Captain America က အနိုင်ရနေပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ Alexei ရဲ့ အထက်လူကြီးဖြစ်သူ Colonel Ling ရောက်ရှိလာပြီး Cap ကို ရှော့တိုက်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲဟာ မျှမျှတတ မဟုတ်တော့တာကြောင့် Cap က ရှုံးနိမ့်သွားခဲ့ပါတယ်။

(14) Natasha ရဲ့ မိခင်
photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Natasha ဟာ သူမရဲ့မိခင်က သူမကို လမ်းပေါ်မှာ ပစ်သွားတယ်လို့ ပြောခဲ့ပါတယ်။ နောက်ပိုင်း  Melina ရဲ့ ပြောပြချက်ကြောင့်သာ Natasha ရဲ့ မိခင်အကြောင်း အဖြစ်မှန်ကို သိလိုက်ရတာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ Natasha ရဲ့မိခင်ဟာ သူမကို တောက်လျှောက် ခြေရာခံလိုက်ရှာခဲ့ပြီး Dreykov ဟာ Natasha ရဲ့မိခင်ကြောင့် Red Room အကြောင်း ပေါ်သွားမှာ စိုးတာကြောင့် သတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။ Deadly Origin ကောမစ်ထဲမှာတော့ Natasha ရဲ့ မိခင်ဟာ အဆောက်အဦး ပြိုကျမှုတစ်ခုမှာ ပါဝင်ခဲ့ပြီး Natasha ကိုတော့ Ivan Petrovitch ရဲ့ လက်ထဲကို အပ်ခဲ့ပါတယ်။

(15) Iron Maiden
photo via screenrant

Black Widow ရုပ်ရှင်ထဲက Melina ဟာ ကောမစ်ထဲမှာတော့ Iron Maiden ဆိုတဲ့ နာမည်နဲ့ ဗီလိန် ဖြစ်ခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Melina ရဲ့ နေအိမ်ထဲက လက်နက်တွေထားတဲ့ အခန်းမှာ Iron Maiden ခေါင်းစွပ်ကို မြင်တွေ့ခဲ့ရပါတယ်။ ကောမစ်ထဲမှာတော့ Iron Maiden ဟာ Black Widow ရဲ့ ဗီလိန်တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီအချက်ဟာ Easter Egg အနေနဲ့ပဲ ထည့်သွင်းထားတာလား၊ ဒါမှမဟုတ် ဇာတ်လမ်းနဲ့ရော သက်ဆိုင်နေမလား ဆိုတာတော့ မသိရသေးပါဘူး။

(16) Yelena ရဲ့ ဂျက်ကပ်
photo via screenrant

Avengers: Infinity War ထဲမှာတော့ Natasha ဟာ သူမ ဝတ်ဆင်နေကျပုံစံမဟုတ်ဘဲ အိတ်ကပ်တွေများစွာ ပါဝင်တဲ့ ဂျက်ကပ်တစ်ထည်ကို ဝတ်ထားတာ တွေ့ခဲ့ရပါတယ်။ Black Widow ကို ကြည့်ပြီးသွားတဲ့အချိန်မှာတော့ အဲ့ဒီဂျက်ကပ်ဟာ Yelena ရဲ့ ဂျက်ကပ်ဖြစ်နေတာကို သိခဲ့ရပြီး Yelena က Natasha ကို လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်ကတော့ MCU ရဲ့ ထုံးစံအတိုင်း အသေးစိတ် အချက်အလက်တွေကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားတာပဲ ဖြစ်ပါတယ်။

(17) Red Room
photo via screenrant

ဒီရုပ်ရှင်ထဲမှာ ပုံဖော်ထားတဲ့ Red Room ရဲ့ ပုံစံဟာ Deadly Origins ကောမစ်ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲ့ဒီကောမစ်ထဲမှာတော့ ဒီစခန်းကြီးဟာ Natasha ရဲ့ ဖခင်ဖြစ်ခဲ့တဲ့ Ivan Petrovich ရဲ့ စခန်းကြီးပဲ ဖြစ်ပါတယ်။ အဲ့ဒီကောမစ်ထဲမှာတော့ Ivan ဟာ အကြောင်းတစ်ခုကြောင့် ရူးသွပ်သွားပြီး Android အဖြစ် ပြောင်းလဲသွားပါတယ်။ Black Widow ရုပ်ရှင်ထဲမှာတော့ အချက်အလက် အများစုကို ပြောင်းလဲခဲ့ပေမယ့်လည်း တခြားသူတွေ ခြေရာခံလို့မရအောင် လေပေါ်မှာ စခန်းတည်ဆောက်ထားတာချင်းတော့ တူညီနေပါတယ်။

(18) Natasha ရဲ့ ပို့စ်
photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Natasha ရဲ့ ပို့စ်ပေးတာတွေကို Yelena က လှောင်ပြောင်ခဲ့တာကို မှတ်မိဦးမယ် ထင်ပါတယ်။ တကယ်တော့ ဒီအချက်ဟာ Yelena နေရာမှာ သရုပ်ဆောင်ခဲ့သူ Florence Pugh ရဲ့ ရိုက်ကွင်းပေါ်မှာ ပြောကြားခဲ့တဲ့ စကားတစ်ခုကြောင့် ဖြစ်ပေါ်လာတာပါ။ Florence ကတော့ “Natasha က အမြဲတမ်း ဒီလိုပို့စ်တွေ ပေးနေတာ ကြောင်တောင်တောင်နိုင်ပြီး အပြင်မှာ ဘယ်သူက အဲ့လိုလုပ်လို့လဲ? …” ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကို ဖန်တီးသူတွေက အဲ့ဒီစကားကို ကြိုက်သွားပြီး ဇာတ်ညွှန်းထဲမှာပါ ဟာသအနေနဲ့ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Natasha ရဲ့ အချုပ်ခန်းထဲမှာ နိုးလာတဲ့အချိန်က ပို့စ်နဲ့ Captain America: Winter Soldier ပိုစတာထဲက ပို့စ်ဟာလည်း ဆင်တူနေပါတယ်။ ဒါတင်မကသေးဘဲ Natasha သေဆုံးသွားချိန်မှာလည်း သူမရဲ့ ပုံစံဟာ အဲ့ဒီပို့စ်နဲ့ အတော်လေး ဆင်တူနေပါတယ်။

(19) Hawkeye ဇာတ်လမ်းတွဲမှာ ပါဝင်လာဦးမယ့် Yelena
photo via screenrant

Black Widow ရဲ့ Credit Scene ထဲမှာတော့ The Falcon and the Winter Soldier ထဲမှာ John Walker ကို လာရောက် ဆက်သွယ်ခဲ့တဲ့ အမျိူးသမီးလည်း ပါဝင်လာပါတယ်။ သူမရဲ့ အမည်ကတော့ Contessa Valentina Allegra De La Fontaine ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းမှာ ပြသသွားတဲ့အတိုင်းဆိုရင် သူမဟာ Yelena ရဲ့ အထက်လူကြီးပုံစံမျိူး ဖြစ်နေပြီး Hawkeye ကို သတ်ခိုင်းခဲ့ပါတယ်။ ဒီအချက်ကြောင့်လည်း Yelena ဟာ Hawkeye ဇာတ်လမ်းတွဲထဲမှာ ထပ်မံပါဝင်လာဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီအမျိုးသမီးကြီးဟာ လူလိုက်စုနေတာကြောင့် Thunderbolts အဖွဲ့၊ သို့မဟုတ် Dark Avengers အဖွဲ့တို့ကို MCU ဗားရှင်းအနေနဲ့ နောက်ပိုင်းရုပ်ရှင်တွေမှာ မြင်ရနိုင်ချေလည်း ရှိနေပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

***Spoiler Alert**

Natasha Romanoff ရဲ႕ ဇာတ္လမ္းဟာ Avengers: Endgame ထဲမွာ ၿပီးဆုံးသြားေပမယ့္လည္း သူမရဲ႕ ဘဝဇာစ္ျမစ္ကို ျပသတဲ့ ပထမဆုံး တစ္ကိုယ္ေတာ္ ႐ုပ္ရွင္ကို MCU က ထုတ္လုပ္လိုက္ပါတယ္။ ဒီ႐ုပ္ရွင္ဟာ Natasha ကို ေနာက္ဆုံးေတြ႕ျမင္ရမယ့္ ႐ုပ္ရွင္တစ္ကား ျဖစ္ႏိုင္ေပမယ့္လည္း အနည္းဆုံးေတာ့ Black Widow ဆိုတဲ့ Codename ကို Yelena Belova က ဆက္ခံၿပီး ေနာက္ထပ္ MCU ဇာတ္လမ္းေတြမွာ ျမင္ေတြ႕ရႏိုင္ပါေသးတယ္။ ဒီ႐ုပ္ရွင္ထဲမွာလည္း MCU ရဲ႕ ထုံးစံအတိုင္း Easter Egg ေတြနဲ႔ စိတ္ဝင္စားစရာအခ်က္ေတြ ပါဝင္ေနပါတယ္။

(1) The Americans
photo via screenrant

Black Widow ႐ုပ္ရွင္ရဲ႕ အစပိုင္းဇာတ္ဝင္ခန္းေတြဟာ ၂၀၁၃ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ The Americans ဆိုတဲ့ ဇာတ္လမ္းတြဲကို ကိုးကားပုံေဖာ္ထားတာ ျဖစ္ပါတယ္။ The Americans ရဲ႕ ဇာတ္လမ္းကေတာ့ ႐ုရွားစပိုင္ႏွစ္ေယာက္ဟာ အေမရိကန္အစိုးရကို ေထာက္လွမ္းဖို႔အတြက္ အသြင္ယူၿပီး ေနထိုင္ၾကတဲ့အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သိပ္မၾကာခင္မွာပဲ အေမရိကန္အစိုးရက သူတို႔ကို စပိုင္ေတြမွန္း သိသြားတာေၾကာင့္ လိုက္လံဖမ္းဆီးပါေတာ့တယ္။ ဒီဇာတ္လမ္းတြဲရဲ႕ ဇာတ္လမ္းအက်ဥ္းကို ၾကည့္လိုက္ရင္ေတာင္ Black Widow ရဲ႕ အစပိုင္းဇာတ္ဝင္ခန္းေတြဟာ ဒီဇာတ္လမ္းတြဲကို ကိုးကားၿပီး ဖန္တီးထားတယ္ဆိုတာ သိသာေစပါတယ္။

(2) ပေရာဂ်က္ MKUltra
photo via screenrant

ဒီ႐ုပ္ရွင္ရဲ႕အစမွာ Alexei တို႔ကို ခိုးယူခိုင္းခဲ့တဲ့ အရာကေတာ့ ပေရာဂ်က္ MKUltra ပဲ ျဖစ္ပါတယ္။ အဲ့ဒီပေရာဂ်က္ကေတာ့ CIA ေတြက သူတို႔ရဲ႕ ရန္သူေတြကို အသုံးျပဳဖို႔ စမ္းသပ္ခဲ့တဲ့ စိတ္ထိန္းခ်ဳပ္တဲ့ နည္းပညာပဲ ျဖစ္ပါတယ္။ အဲ့ဒီပေရာဂ်က္ကို Alexei တို႔က ခိုးယူႏိုင္ခဲ့တာေၾကာင့္ Red Room ဟာ ေနာက္ပိုင္းမွာ Widow ေတြကို ထိန္းခ်ဳပ္ႏိုင္သြားတာ ျဖစ္ပါတယ္။

(3) ဇာတ္လမ္းအစ စာတန္းထိုးခ်ိန္မွာ ျမင္ေတြ႕ခဲ့ရတဲ့ ႏိုင္ငံ့ေခါင္းေဆာင္မ်ား
photo via screenrant

ဇာတ္လမ္းစစခ်င္း စာတန္းထိုးခ်ိန္မွာေတာ့ Red Room ကို ထိန္းခ်ဳပ္ထားသူ ျဖစ္တဲ့ Dreykov ကို ႏိုင္ငံေခါင္းေဆာင္ေတြနဲ႔အတူ ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းေတြထဲမွာ ပါဝင္ခဲ့တဲ့ ႏိုင္ငံ့ေခါင္းေဆာင္ေတြကေတာ့ အေမရိကန္ႏိုင္ငံရဲ႕ (၃၉)ေယာက္ေျမာက္ သမၼတ Jimmy Carter ၊ ႐ုရွားသမၼတ Vladimir Putin နဲ႔ အေမရိကန္ႏိုင္ငံရဲ႕  (၄၂)ေယာက္ေျမာက္ သမၼတ Bill Clinton တို႔ပဲ ျဖစ္ပါတယ္။

(4) Bucky ရဲ႕ ဓားလွည့္ကြက္ကို အသုံးျပဳခဲ့တဲ့ Yelena
photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာ Yelena ကို ပထမဆုံး ျမင္ရတဲ့အခ်ိန္မွာေတာ့ သူမဟာ ထိန္းခ်ဳပ္ခံထားရၿပီး သူမရဲ႕ ပစ္မွတ္ကို တိုက္ခိုက္ေနပါတယ္။ အဲဒီအခ်ိန္မွာ Yelena ျပဳလုပ္သြားတဲ့ ဓားအကြက္ဟာ Captain America: The Winter Soldier ထဲမွာ Bucky ျပဳလုပ္ခဲ့တဲ့ အကြက္နဲ႔ အတူတူပဲ ျဖစ္ပါတယ္။

ဒီအခ်က္ေၾကာင့္ပဲ Black Widow ေတြနဲ႔ Winter Soldier ေတြဟာ ဆင္တူတဲ့ ေလ့က်င့္ေရးေတြကို ျပဳလုပ္ခဲ့ရတယ္လို႔ ေျပာႏိုင္ပါတယ္။ ေနာက္ပိုင္း ဇာတ္ဝင္ခန္းေတြမွာေတာ့ Taskmaster ကလည္း အဲ့ဒီတိုက္ကြက္ကို ထပ္မံအသုံးျပဳသြားပါေသးတယ္။ ဒါတင္မကေသးဘဲ Game of Thrones ထဲမွာလည္း Arya Stark က Night King ကို သတ္လိုက္တဲ့အခ်ိန္မွာလည္း အလားတူ အကြက္ကိုပဲ အသုံးျပဳသြားပါတယ္။

(5) Black Widow Serum
photo via screenrant

Black Widow ႐ုပ္ရွင္ရဲ႕ အဓိကဇာတ္ေၾကာင္းကေတာ့ Natasha နဲ႔ Yelena တို႔ဟာ တျခား Widow ေတြကို ထိန္းခ်ဳပ္မႈေအာက္က လြတ္ေျမာက္ေစမယ့္ ေဆးရည္ကို ကာကြယ္ၾကတာပဲ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာ ျပသသြားတဲ့အတိုင္းဆိုရင္ Natasha ဟာ MCU ထဲမွာေတာ့ သာမန္လူသားတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ေကာမစ္ထဲမွာေတာ့ Natasha ဟာ Red Room မွာ စတင္ေလ့က်င့္ခဲ့ရတဲ့ အခ်ိန္ကတည္းက Super Soldier Serum ကို ထိုးေပးခံထားရတာ ျဖစ္ပါတယ္။ အဲ့ဒီေဆးရည္ေၾကာင့္ပဲ Natasha ဟာ ႐ုပ္ပိုင္းဆိုင္ရာေရာ၊ စိတ္ပိုင္းဆိုင္ရာပါ လုပ္ႏိုင္စြမ္းေတြ ျမင့္တက္သြားခဲ့ပါတယ္။ ဒါေပမယ့္လည္း Black Widow Serum ထက္ Captain America ကို ထိုးေပးခဲ့တဲ့ ေဆးရည္က ပိုမိုအစြမ္းထက္တာေၾကာင့္ Natasha ဟာ Captain America ကိုေတာ့ မမွီခဲ့ပါဘူး။

(6) ေကာမစ္ origin နဲ႔ မတူေတာ့တဲ့ Taskmaster
photo via screenrant

Taskmaster ကို ပထမဆုံး ျမင္ေတြ႕ရတဲ့ ဇာတ္ဝင္ခန္းမွာေတာ့ သူဟာ Civil War မွာ ျဖစ္ပ်က္ခဲ့တဲ့ Avengers ေတြရဲ႕ တိုက္ခိုက္ပုံေတြကို ၾကည့္ရႈေနတာ ေတြ႕ရပါတယ္။ Taskmaster ရဲ႕ စြမ္းအားဟာ သူ ျမင္သမွ် လႈပ္ရွားမႈေတြကို ပုံတူကူးယူႏိုင္တဲ့အတြက္ အဲ့ဒီဗြီဒီယိုကို ၾကည့္လိုက္႐ုံနဲ႔ Avengers အဖြဲ႕ဝင္အမ်ားစုရဲ႕ တိုက္ခိုက္ပုံေတြကို ကြၽမ္းက်င္သြားပါတယ္။ ဒီဇာတ္လမ္းတေလွ်ာက္မွာေတာ့ Taskmaster ဟာ Hawkeye ရဲ႕ ျမားပစ္နည္း၊ Black Panther ၊ Natasha နဲ႔ Captain America တို႔အပါအဝင္ တျခားဟီး႐ိုးေတြရဲ႕ တိုက္ခိုက္နည္းေတြကို အသုံးျပဳသြားတာ ေတြ႕ရပါတယ္။

ဒါ့အျပင္ Taskmaster ရဲ႕ ဇာတ္ေကာင္ပုံစံဟာ ေကာမစ္ထဲက origin နဲ႔ လုံးဝ ေျပာင္းလဲသြားတာကို ေတြ႕ရပါတယ္။ ေကာမစ္ထဲမွာေတာ့ Taskmaster ဟာ အမ်ိဳးသားတစ္ဦး ျဖစ္ၿပီး ေၾကးစားတစ္ဦးလည္း ျဖစ္ပါတယ္။ သူ႔ရဲ႕ပါဝါကေတာ့ ျမင္ေတြ႕လိုက္ရတဲ့ လႈပ္ရွားမႈအားလုံးကို တထပ္တည္း ကူးခ်ႏိုင္တာျဖစ္ၿပီး ဒီအစြမ္းကို ျမႇင့္တင္ဖို႔ ေဆးရည္တစ္ခုကို အသုံးျပဳရင္း မွတ္ဉာဏ္ေတြကို ဆုံးရႈံးသြားသူလည္း ျဖစ္ပါတယ္။ ေကာမစ္ထဲက Taskmaster ဟာ သူဘယ္သူဆိုတာနဲ႔ ဘာေၾကာင့္ ဒီအလုပ္ေတြ လုပ္ေနရလည္းဆိုတာကိုေတာင္ ေမ့ေလ်ာ့သြားခဲ့သူ ျဖစ္ပါတယ္။ ယခုဇာတ္ကားထဲမွာေတာ့ Marvel ဟာ Taskmaster ရဲ႕ ဇာတ္ေကာင္ကို လုံးဝ အသစ္တစ္ခုလို ေျပာင္းလဲလိုက္တာ ေတြ႕ရပါတယ္။

(7) Mason
photo via screenrant

Black Widow ႐ုပ္ရွင္ ထြက္မလာခင္အထိ O-T Fagbenle ဟာ ဘယ္ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ရမယ္ဆိုတာ မေၾကညာခဲ့ပါဘူး။ ဒါေၾကာင့္ပဲ မူလတုန္းကေတာ့ O-T Fagbenle ဟာ Taskmaster ျဖစ္ေနလိမ့္မယ္လို႔ ပရိသတ္အမ်ားစုက ခန႔္မွန္းခဲ့ၾကပါတယ္။ တကယ္ေတာ့ O-T Fagbenle သ႐ုပ္ေဆာင္ထားတဲ့ ဇာတ္ေကာင္ဟာ ေကာမစ္ထဲက Rick Mason ဆိုတဲ့ ဇာတ္ေကာင္ရဲ႕ ဗားရွင္းတစ္မ်ိဴးပဲ ျဖစ္ပါတယ္။ ေကာမစ္ထဲမွာေတာ့ Rick Mason ဟာ စူပါဟီး႐ိုးေတြကို ျဖဳတ္ခ်ႏိုင္စြမ္းရွိတဲ့ လွ်ိဳ႕ဝွက္ေအးဂ်င့္တစ္ေယာက္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ထုံးစံအတိုင္း MCU ထဲမွာ ဒီဇာတ္ေကာင္ရဲ႕ ပုံစံကို ေျပာင္းလဲပစ္လိုက္ပါတယ္။

(8) Budapest
photo via screenrant

Budapest မွာ ရွိတဲ့ ပုန္းခိုရာအိမ္ကို Natasha ေရာက္လာတဲ့အခ်ိန္မွာေတာ့ Yelena ဟာ နံရံေပၚက ထူးဆန္းတဲ့ ေသနတ္ရာေတြကို ေမးျမန္းခဲ့ပါတယ္။ Natasha ကေတာ့ အဲ့ဒါေတြက ေသနတ္ရာေတြ မဟုတ္ဘဲ ျမားနဲ႔ပစ္ထားတာလို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

MCU ႐ုပ္ရွင္ေတြ တေလွ်ာက္လုံးမွာ Natasha နဲ႔ Clint တို႔ဟာ Budapest မွာ ျဖစ္ခဲ့တဲ့ မစ္ရွင္အေၾကာင္းကို ခဏခဏ ေျပာခဲ့ၾကပါတယ္။ ဒါေၾကာင့္ပဲ ပရိသတ္ေတြဟာ Budapest မွာ ဘာေတြျဖစ္ခဲ့လည္းဆိုတာ သိခ်င္ေနၾကၿပီး ေနာက္ဆုံးမွာေတာ့ ဒီမစ္ရွင္အေၾကာင္း သိလိုက္ရၿပီ ျဖစ္ပါတယ္။ Budapest မွာ ျဖစ္ခဲ့တဲ့ မစ္ရွင္ကေတာ့ Natasha ဟာ SHIELD မွာ ခိုလႈံခြင့္ရဖို႔အတြက္ Dreykov နဲ႔ သူ႔ရဲ႕သမီးကို သတ္ခဲ့တဲ့ မစ္ရွင္ပဲ ျဖစ္ပါတယ္။

(9) Cameo ပါဝင္ခဲ့တဲ့ Hawkeye
photo via screenrant

Budapest က မစ္ရွင္ကို ေနာက္ေၾကာင္းျပန္ျပတဲ့အခ်ိန္မွာေတာ့ Hawkeye ဟာ Cameo အေနနဲ႔ ပါဝင္ခဲ့ပါေသးတယ္။ အဲ့ဒီဇာတ္ဝင္ခန္းကေတာ့ Dreykov ရဲ႕ သမီးေလး ဝင္သြားတဲ့ အေဆာက္အဦးႀကီးကို ေဖာက္ခြဲဖို႔အတြက္ Natasha ဆီမွာ ခြင့္ျပဳခ်က္ေတာင္းခံတဲ့ အသံပိုင္ရွင္ဟာ Hawkeye ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Jeremy Renner ရဲ႕ အသံပဲ ျဖစ္ပါတယ္။

(10) အျဖဴေရာင္ Black Widow ဝတ္စုံ
photo via screenrant

ေထြလာေတြ၊ ပိုစတာေတြမွာ ျမင္ေတြ႕ခဲ့ရတဲ့အတိုင္းပဲ Natasha နဲ႔ Yelena တို႔ဟာ အျဖဴေရာင္ဝတ္စုံကို ဝတ္ဆင္ခဲ့ပါတယ္။ အဲ့ဒီဝတ္စုံေတြကေတာ့ Black Widow: Deadly Origin ဆိုတဲ့ ေကာမစ္ မီနီစီးရီးထဲက ဝတ္စုံေတြပဲ ျဖစ္ပါတယ္။ MCU ဟာ အခုခ်ိန္မွာေတာ့ Phase 4 ထဲက ႐ုပ္ရွင္ဇာတ္လမ္းေတြကို တျဖည္းျဖည္း ထြက္ရွိလာၿပီး အဲ့ဒီဇာတ္လမ္းထဲက ဇာတ္ေကာင္ေတြကိုလည္း ေကာမစ္ထဲက ဝတ္စုံေတြအတိုင္း အနီးစပ္ဆုံး တူညီေအာင္ ဖန္တီးေနပါတယ္။

(11) Ursa The Great Bear
photo via screenrant

Natasha နဲ႔ Yelena တို႔ဟာ Alexei ကို ေထာင္ေဖာက္ေပးဖို႔အတြက္ ႐ုရွားကို လာေနတဲ့အခ်ိန္မွာေတာ့ Alexei ဟာ ေထာင္ထဲမွာ လက္ေမာင္းအား လွဲေနရင္း သူနဲ႔ Captain America ရဲ႕ အေၾကာင္းေတြကို ေျပာျပေနပါတယ္။ အဲ့ဒီေနာက္မွာေတာ့ လူေကာင္ႀကီးႀကီးနဲ႔ ေထာင္သားတစ္ေယာက္ဟာ Alexei ေျပာျပေနတဲ့ ဇာတ္လမ္းရဲ႕ ဟာကြက္ကို ေထာက္ျပခဲ့တာေၾကာင့္ Alexei က ေဒါသထြက္ကာ အဲ့ဒီေထာင္သားရဲ႕ လက္ကို ခ်ိဴးပစ္လိုက္ပါတယ္။

တကယ္ေတာ့ အဲ့ဒီေထာင္သားဟာ Ursa Major ဆိုတဲ့ ေကာမစ္ဇာတ္ေကာင္ ျဖစ္ပါတယ္။ ေကာမစ္ထဲမွာေတာ့ Ursa Major ဟာ ႐ုရွားရဲ႕ Super Soldier တစ္ေယာက္လည္း ျဖစ္သလို ဝက္ဝံအျဖစ္ ေျပာင္းလဲႏိုင္စြမ္းရွိတဲ့ သေႏၶေျပာင္း လူသားတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီ႐ုပ္ရွင္ထဲမွာေတာ့ Alexei ဟာ သူ႔ကိုယ္သူ ႐ုရွားရဲ႕ ပထမဦးဆုံးနဲ႔ တစ္ေယာက္တည္းေသာ Super Soldier ျဖစ္ေၾကာင္း ေျပာသြားတာေၾကာင့္ MCU ထဲမွာေတာ့ Ursa ဟာလည္း ေျပာင္းလဲသြားပါတယ္။

(12) The Crimson Dynamo
photo via screenrant

ဒီ႐ုပ္ရွင္ထဲက တစ္ေနရာမွာေတာ့ Yelena ဟာ Alexei ကို The Crimson Dynamo လို႔ေခၚခဲ့ၿပီး Alexei ကေတာ့ အဲ့လိုေခၚခံရတာကို မႀကိဳက္ပါဘူး။ ေကာမစ္ထဲမွာေတာ့ The Crimson Dynamo ဆိုသူဟာ ႐ုရွားရဲ႕ Super Soldier တစ္ေယာက္ ျဖစ္ၿပီး Alexei နဲ႔ Ursa တို႔ ပါဝင္ထားတဲ့အဖြဲ႕ရဲ႕ အဖြဲ႕ဝင္တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Crimson Dynamo ကို ႐ုရွားရဲ႕ Iron Man လို႔ေတာင္ ေျပာလို႔ရပါတယ္။

(13) Red Guardian Vs. Captain America
photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာ ျပသခဲ့တဲ့အတိုင္းဆိုရင္ Ursa ေထာက္ျပသလိုပဲ Alexei ေျပာျပေနတဲ့ သူနဲ႔ Cap ရဲ႕ တိုက္ပြဲအေၾကာင္းဟာ MCU ရဲ႕ Timeline ေၾကာင့္ မျဖစ္ႏိုင္ဘူးလို႔ ေျပာလို႔ရပါတယ္။ ဒါေပမယ့္လည္း Alexei ဟာ သိသိသာသာပဲ Captain America နဲ႔ တိုက္ပြဲအေၾကာင္းကို စြဲလမ္းေနတာ ေတြ႕ရပါတယ္။

ေကာမစ္ထဲမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ တကယ္ပဲ တိုက္ခိုက္ခဲ့ဖူးၿပီး ၁၉၆၃ ခုႏွစ္ မွာ ထြက္ရွိခဲ့တဲ့ Avengers #44 ေကာမစ္ထဲမွာ ပါဝင္ခဲ့ပါတယ္။ စစခ်င္းမွာေတာ့ သူတို႔ဟာ တစ္ေယာက္ခ်င္း တိုက္ခိုက္ခဲ့ၾကၿပီး Captain America က အႏိုင္ရေနပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ Alexei ရဲ႕ အထက္လူႀကီးျဖစ္သူ Colonel Ling ေရာက္ရွိလာၿပီး Cap ကို ေရွာ့တိုက္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္ရဲ႕ တိုက္ပြဲဟာ မွ်မွ်တတ မဟုတ္ေတာ့တာေၾကာင့္ Cap က ရႈံးနိမ့္သြားခဲ့ပါတယ္။

(14) Natasha ရဲ႕ မိခင္
photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာေတာ့ Natasha ဟာ သူမရဲ႕မိခင္က သူမကို လမ္းေပၚမွာ ပစ္သြားတယ္လို႔ ေျပာခဲ့ပါတယ္။ ေနာက္ပိုင္း  Melina ရဲ႕ ေျပာျပခ်က္ေၾကာင့္သာ Natasha ရဲ႕ မိခင္အေၾကာင္း အျဖစ္မွန္ကို သိလိုက္ရတာ ျဖစ္ပါတယ္။ အဲ့ဒါကေတာ့ Natasha ရဲ႕မိခင္ဟာ သူမကို ေတာက္ေလွ်ာက္ ေျခရာခံလိုက္ရွာခဲ့ၿပီး Dreykov ဟာ Natasha ရဲ႕မိခင္ေၾကာင့္ Red Room အေၾကာင္း ေပၚသြားမွာ စိုးတာေၾကာင့္ သတ္ပစ္ခဲ့တယ္လို႔ သိရပါတယ္။ Deadly Origin ေကာမစ္ထဲမွာေတာ့ Natasha ရဲ႕ မိခင္ဟာ အေဆာက္အဦး ၿပိဳက်မႈတစ္ခုမွာ ပါဝင္ခဲ့ၿပီး Natasha ကိုေတာ့ Ivan Petrovitch ရဲ႕ လက္ထဲကို အပ္ခဲ့ပါတယ္။

(15) Iron Maiden
photo via screenrant

Black Widow ႐ုပ္ရွင္ထဲက Melina ဟာ ေကာမစ္ထဲမွာေတာ့ Iron Maiden ဆိုတဲ့ နာမည္နဲ႔ ဗီလိန္ ျဖစ္ခဲ့ဖူးပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Melina ရဲ႕ ေနအိမ္ထဲက လက္နက္ေတြထားတဲ့ အခန္းမွာ Iron Maiden ေခါင္းစြပ္ကို ျမင္ေတြ႕ခဲ့ရပါတယ္။ ေကာမစ္ထဲမွာေတာ့ Iron Maiden ဟာ Black Widow ရဲ႕ ဗီလိန္တစ္ေယာက္ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ဒီအခ်က္ဟာ Easter Egg အေနနဲ႔ပဲ ထည့္သြင္းထားတာလား၊ ဒါမွမဟုတ္ ဇာတ္လမ္းနဲ႔ေရာ သက္ဆိုင္ေနမလား ဆိုတာေတာ့ မသိရေသးပါဘူး။

(16) Yelena ရဲ႕ ဂ်က္ကပ္
photo via screenrant

Avengers: Infinity War ထဲမွာေတာ့ Natasha ဟာ သူမ ဝတ္ဆင္ေနက်ပုံစံမဟုတ္ဘဲ အိတ္ကပ္ေတြမ်ားစြာ ပါဝင္တဲ့ ဂ်က္ကပ္တစ္ထည္ကို ဝတ္ထားတာ ေတြ႕ခဲ့ရပါတယ္။ Black Widow ကို ၾကည့္ၿပီးသြားတဲ့အခ်ိန္မွာေတာ့ အဲ့ဒီဂ်က္ကပ္ဟာ Yelena ရဲ႕ ဂ်က္ကပ္ျဖစ္ေနတာကို သိခဲ့ရၿပီး Yelena က Natasha ကို လက္ေဆာင္ေပးခဲ့တာ ျဖစ္ပါတယ္။ ဒီအခ်က္ကေတာ့ MCU ရဲ႕ ထုံးစံအတိုင္း အေသးစိတ္ အခ်က္အလက္ေတြကို တစ္ခုနဲ႔တစ္ခု ခ်ိတ္ဆက္ထားတာပဲ ျဖစ္ပါတယ္။

(17) Red Room
photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာ ပုံေဖာ္ထားတဲ့ Red Room ရဲ႕ ပုံစံဟာ Deadly Origins ေကာမစ္ကို အေျခခံၿပီး ဖန္တီးထားတာ ျဖစ္ပါတယ္။ အဲ့ဒီေကာမစ္ထဲမွာေတာ့ ဒီစခန္းႀကီးဟာ Natasha ရဲ႕ ဖခင္ျဖစ္ခဲ့တဲ့ Ivan Petrovich ရဲ႕ စခန္းႀကီးပဲ ျဖစ္ပါတယ္။ အဲ့ဒီေကာမစ္ထဲမွာေတာ့ Ivan ဟာ အေၾကာင္းတစ္ခုေၾကာင့္ ႐ူးသြပ္သြားၿပီး Android အျဖစ္ ေျပာင္းလဲသြားပါတယ္။ Black Widow ႐ုပ္ရွင္ထဲမွာေတာ့ အခ်က္အလက္ အမ်ားစုကို ေျပာင္းလဲခဲ့ေပမယ့္လည္း တျခားသူေတြ ေျခရာခံလို႔မရေအာင္ ေလေပၚမွာ စခန္းတည္ေဆာက္ထားတာခ်င္းေတာ့ တူညီေနပါတယ္။

(18) Natasha ရဲ႕ ပို႔စ္
photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာေတာ့ Natasha ရဲ႕ ပို႔စ္ေပးတာေတြကို Yelena က ေလွာင္ေျပာင္ခဲ့တာကို မွတ္မိဦးမယ္ ထင္ပါတယ္။ တကယ္ေတာ့ ဒီအခ်က္ဟာ Yelena ေနရာမွာ သ႐ုပ္ေဆာင္ခဲ့သူ Florence Pugh ရဲ႕ ႐ိုက္ကြင္းေပၚမွာ ေျပာၾကားခဲ့တဲ့ စကားတစ္ခုေၾကာင့္ ျဖစ္ေပၚလာတာပါ။ Florence ကေတာ့ “Natasha က အၿမဲတမ္း ဒီလိုပို႔စ္ေတြ ေပးေနတာ ေၾကာင္ေတာင္ေတာင္ႏိုင္ၿပီး အျပင္မွာ ဘယ္သူက အဲ့လိုလုပ္လို႔လဲ? …” ဆိုၿပီး ေျပာခဲ့တာ ျဖစ္ပါတယ္။

ဒီ႐ုပ္ရွင္ကို ဖန္တီးသူေတြက အဲ့ဒီစကားကို ႀကိဳက္သြားၿပီး ဇာတ္ၫႊန္းထဲမွာပါ ဟာသအေနနဲ႔ ထည့္သြင္းခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ Natasha ရဲ႕ အခ်ဳပ္ခန္းထဲမွာ ႏိုးလာတဲ့အခ်ိန္က ပို႔စ္နဲ႔ Captain America: Winter Soldier ပိုစတာထဲက ပို႔စ္ဟာလည္း ဆင္တူေနပါတယ္။ ဒါတင္မကေသးဘဲ Natasha ေသဆုံးသြားခ်ိန္မွာလည္း သူမရဲ႕ ပုံစံဟာ အဲ့ဒီပို႔စ္နဲ႔ အေတာ္ေလး ဆင္တူေနပါတယ္။

(19) Hawkeye ဇာတ္လမ္းတြဲမွာ ပါဝင္လာဦးမယ့္ Yelena
photo via screenrant

Black Widow ရဲ႕ Credit Scene ထဲမွာေတာ့ The Falcon and the Winter Soldier ထဲမွာ John Walker ကို လာေရာက္ ဆက္သြယ္ခဲ့တဲ့ အမ်ိဴးသမီးလည္း ပါဝင္လာပါတယ္။ သူမရဲ႕ အမည္ကေတာ့ Contessa Valentina Allegra De La Fontaine ပဲ ျဖစ္ပါတယ္။ ဒီဇာတ္ဝင္ခန္းမွာ ျပသသြားတဲ့အတိုင္းဆိုရင္ သူမဟာ Yelena ရဲ႕ အထက္လူႀကီးပုံစံမ်ိဴး ျဖစ္ေနၿပီး Hawkeye ကို သတ္ခိုင္းခဲ့ပါတယ္။ ဒီအခ်က္ေၾကာင့္လည္း Yelena ဟာ Hawkeye ဇာတ္လမ္းတြဲထဲမွာ ထပ္မံပါဝင္လာဦးမွာျဖစ္ပါတယ္။ ဒါ့အျပင္ ဒီအမ်ိဳးသမီးႀကီးဟာ လူလိုက္စုေနတာေၾကာင့္ Thunderbolts အဖြဲ႕၊ သို႔မဟုတ္ Dark Avengers အဖြဲ႕တို႔ကို MCU ဗားရွင္းအေနနဲ႔ ေနာက္ပိုင္း႐ုပ္ရွင္ေတြမွာ ျမင္ရႏိုင္ေခ်လည္း ရွိေနပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular