HomeEntertainmentFilm၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာမယ့် Horror ရုပ်ရှင်ကားများ

၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာမယ့် Horror ရုပ်ရှင်ကားများ

၂၀၂၁ ခုနှစ်ထဲမှာတော့ Horror ရုပ်ရှင်တွေ အနည်းငယ်ပဲ ထွက်ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၂ ခုနှစ်မှာတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Horror ရုပ်ရှင်တွေ အများစု ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Horror ပရိသတ်တွေအတွက် ၂၀၂၂ ခုနှစ်ဟာ ဘယ်လိုရုပ်ရှင်ကားတွေ ကြည့်ရှုရမလည်း ဆိုတာ သိစေဖို့ ဒီတစ်ခါမှာတော့ ယခုနှစ်အတွင်းမှာ ထွက်ရှိလာမယ့် Horror ရုပ်ရရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Scream
photo via screenrant

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Scream Sequel ကတော့ ဇန်နဝါရီ (၁၄) ရက်နေ့မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Neve Campbell ၊ David Arquette နဲ့ Courteney Cox တို့လည်း ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Ghostface ဟာ နောက်ထပ် ဆယ်ကျော်သက်တွေကို ပစ်မှတ်ထားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(2) Orphan: First Kill
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Orphan ရုပ်ရှင်ရဲ့ Prequel ပဲ ဖြစ်ပြီး Leena Klammer အဖြစ် ပါဝင်ခဲ့တဲ့ သရုပ်ဆောင် Isabelle Fuhrman က ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Leena Klammer ဟာ ဇနီးမောင်နှံ နှစ်ယောက်ကို သူတို့ရဲ့ ပျောက်ဆုံးသွားတဲ့ ကလေးအဖြစ် ဟန်ဆောင်ကာ လှည့်စားနေရင်း ဘာတွေဆက်ဖြစ်မလည်း ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ဇန်နဝါရီ (၂၈) ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(3) The Texas Chainsaw Massacre
photo via screenrant

Legendary Pictures ဟာ The Texas Chainsaw Massacre ရဲ့ မူပိုင်ခွင့်ကို ဝယ်ယူပြီးနောက်မှာတော့ ၁၉၇၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Texas Chainsaw Massacre နဲ့ တိုက်ရိုက်ချိတ်ဆက်သွားမယ့် Sequel ကို ထုတ်လုပ်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ညီအစ်မနှစ်ယောက်ဟာ သူငယ်ချင်းတွေနဲ့အတူ Texas မှာ ရှိတဲ့ မြို့ငယ်လေးတစ်ခုကို ပြောင်းရွေ့လာခဲ့ပါတယ်။ မကြာခင်မှာတော့ သူတို့ဟာ Leatherface နဲ့ ထိပ်တိုက်တိုးမိပါတော့တယ်။ ဒီရုပ်ရှင်ကတော့ ရုပ်ရှင်ရုံမှာ မပြတော့ဘဲ ဖေဖော်ဝါရီ (၁၈) ရက်နေ့မှာ Netflix က ပြသသွားမှာ ဖြစ်ပါတယ်။

(4) Morbius
photo via screenrant

ဒီရုပ်ရှင်ကတော့ Sony ပိုင်ဆိုင်ထားတဲ့ Marvel ဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ Michael Morbius အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Michael Morbius ဟာ ရှားပါးလွန်းတဲ့ သွေးရောဂါတစ်ခုကို ခံစားနေရတဲ့ သိပ္ပံပညာရှင် တစ်ယောက်ဖြစ်ပြီး သူ့ကိုယ်သူ ကုသဖို့ ကြိုးစားနေရင်း သွေးစုပ်ဖုတ်ကောင် တစ်ယောက်လို ဖြစ်သွားခဲ့ပါတယ်။ ဒီရုပ်ရှင်ကတော့ ဧပြီ (၁) ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(5) The Black Phone
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ စာရေးဆရာ Joe Hill ရဲ့ ဝတ္ထုကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ၁၉၇၀ ကျော်လောက်မှာ ဇာတ်အိမ်တည်ထားပြီး Colorado မြို့မှာ ရှိတဲ့ ကလေးငယ်တွေကို ပစ်မှတ်ထားတဲ့ ကွင်းဆက်လူသတ်သမား တစ်ယောက်အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ဇွန် (၂၄) ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

(6) Nope
photo via screenrant

Universal Pictures ဟာ ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး အချက်အလက်တွေ များများစားစားကို ဖော်ပြခြင်း မရှိသေးပါဘူး။ ပါဝင်လာမယ့် သရုပ်ဆောင်အနည်းငယ်ကို သိရပြီး Jordan Peele ၊ Daniel Kaluuya ၊ Keke Palmer ၊ Steven Yeun နဲ့ Barbie Ferreira တို့ ပါဝင်လာမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ကတော့ ဇူလိုင် (၂၂) ရက်နေ့မှာ ထွက်လာမယ်လို့ သိရပြီး ဇာတ်လမ်းအကျဉ်းကိုတော့ မသိရသေးပါဘူး။

(7) Salem’s Lot
photo via screenrant

ဒီရုပ်ရှင်ကတော့ စာရေးဆရာ Stephen King ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Ben Mears ဆိုတဲ့ စာရေးဆရာ တစ်ယောက်ဟာ သူ့ရဲ့မွေးရပ်မြေကို ပြန်လာခဲ့ချိန်မှာတော့ အဲ့ဒီမြို့လေးကို သွေးစုပ်ဖုတ်ကောင်က အကြမ်းဖက်နေတယ် ဆိုတာ သိလိုက်ရပါတယ်။ အဲ့ဒီအချိန်မှာတော့ Ben ထွက်ပြေးဖို့ မကြိုးစားဘဲ ဒီမြို့ကို ကာကွယ်ချင်တဲ့ သူတွေကို ရှာဖွေကာ သွေးစုပ်ဖုတ်ကောင်ကို ရင်ဆိုင်ပါတော့တယ်။ ဒီရုပ်ရှင်ကတော့ စက်တင်ဘာ (၉) ရက်နေ့မှာ ထွက်ရှိလာမှာပါ။

(8) Halloween Ends
photo via screenrant

ဒီရုပ်ရှင်ကတော့ Halloween Trilogy ရဲ့ နောက်ဆုံးရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်တုန်းက ထွက်ထားတဲ့ Halloween Kills ရုပ်ရှင်ထဲက အဖြစ်အပျက်အပြီး လေးနှစ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ အဲ့ဒီအချိန်မှာတော့ Michael Myers ဟာ အသက်ရှင်သန်နေဆဲ ဖြစ်ပြီး သူ့ရဲ့လက်ချက်ကနေ အသက်ရှင်ကျန်ခဲ့တဲ့ Laurie Strode နဲ့ Allyson Nelson တို့က Michael Myers ကို လက်စားချေဖို့ ကြိုးစားကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ အောက်တိုဘာ (၁၄) ရက်မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(9) Evil Dead Rise
photo via screenrant

ဒီရုပ်ရှင်ကတော့ Evil Dead Franchise ရဲ့ ရုပ်ရှင်အသစ် ဖြစ်ပြီး ရုပ်ရှင်ရုံမှာ မပြသဘဲ HBO Max ကနေ အောက်တိုဘာ (၂၁) ရက်မှာ ပြသသွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Ellie နဲ့ Beth တို့ ညီအစ်မ နှစ်ယောက်ဟာ မကောင်းဆိုးဝါးတွေကို ဆင့်ခေါ်နိုင်တဲ့ စာအုပ်ကို ရရှိသွားပြီးနောက်မှာ ဘာတွေ ဆက်ဖြစ်ကြမလည်း ဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(10) Hellraiser
photo via screenrant

အပေါ်မှာ ဖော်ပြထားတဲ့ Scream နဲ့ Halloween Franchise တို့လိုပဲ Hellraiser Franchise ဟာ နာမည်ကြီး Horror Franchise တစ်ခု ဖြစ်ပါတယ်။ Original ကတော့ ၁၉၈၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အသစ်ထွက်လာမယ့် Hellraiser ကတော့ Reboot ပြန်ရိုက်သွားမှာ ဖြစ်ဖို့များပါတယ်။ လောလောဆယ်မှာတော့ ဇာတ်လမ်းအကြောင်းအရာကို မသိရသေးသလို ထွက်ရှိလာမယ့် ရက်ကိုလည်း မသိရသေးပါဘူး။ ဒီရုပ်ရှင်ကို Hulu မှာ ပြသသွားမယ်လို့ ကြေညာထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular