HomeEntertainmentFilmရိုက်ကူးရေး မစရသေးခင်မှာ နှုတ်ထွက်သွားတဲ့ MCU ရဲ့ Blade ဒါရိုက်တာ

ရိုက်ကူးရေး မစရသေးခင်မှာ နှုတ်ထွက်သွားတဲ့ MCU ရဲ့ Blade ဒါရိုက်တာ

MCU ကနေ ရိုက်ကူးသွားမယ့် Blade ရုပ်ရှင်ရဲ့ ဒါရိုက်တာ Bassam Tariq ကတော့ ရိုက်ကူးရေး မစတင်ရသေးခင်မှာပဲ Marvel စတူဒီယိုနဲ့ လမ်းခွဲသွားပြီ ဖြစ်ပါတယ်။ Blade ရုပ်ရှင် ထွက်ရှိလာမယ် ဆိုတာကိုတော့ ၂၀၁၉ ခုနှစ် Comic-Con ပွဲမှာကတည်းက ကြေညာခဲ့တာ ဖြစ်ပြီး ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေ ဖြစ်ပေါ်ကာ ယခုအချိန်ထိ ရိုက်ကူးရေး စတင်ဖို့ ပြင်ဆင်နေဆဲ ဖြစ်ပါတယ်။

photo via screenrant

Blade ကတော့ လူတစ်ဝက် သွေးစုပ်ဖုတ်ကောင် တစ်ဝက် ဖြစ်ပြီး သွေးစုပ်ဖုတ်ကောင်တွေကို လိုက်လံနှိမ်နှင်းနေတဲ့ Hunter တစ်ယောက်လည်း ဖြစ်ပါတယ်။ Eternals ရုပ်ရှင်ရဲ့ Credit Scene ထဲမှာတော့ Dane Whitman ကို စကားပြောခဲ့တဲ့ အသံက Blade နေရာမှာ သရုပ်ဆောင်ထားတဲ့ Mahershala Ali ရဲ့ အသံပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Blade ဟာ Eternals ရုပ်ရှင်မှာ စတင်ပြီး Debut လုပ်ခဲ့တယ်လို့ ပြောလို့ ရပါတယ်။

Blade ရုပ်ရှင်ကတော့ လာမယ့် နိုဝင်ဘာလမှာ ရိုက်ကူးရေး စတင်တော့မှာ ဖြစ်ပြီး ဒါရိုက်တာ Bassam Tariq ကတော့ နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။

Marvel စတူဒီယို: ကျွန်တော်တို့ရဲ့ ပြည့်နက်နေတဲ့ Production အချိန်ဇယားကြောင့် Bassam ကတော့ Blade ရုပ်ရှင်ရဲ့ ဒါရိုက်တာအနေနဲ့ မပါဝင်တော့ပါဘူး။ ဒါပေမယ့် Executive Producer အနေနဲ့တော့ ပါဝင်သွားမှာ ဖြစ်ပြီး Blade ရုပ်ရှင်ကို ဒီအထိ ရောက်လာအောင် ပြုလုပ်ပေးခဲ့တဲ့ Bassam ရဲ့ ကြိုးစားအားထုတ်မှုတွေကိုတော့ ကျေးဇူးတင်ပါတယ်။

Bassam Tariq: Marvel မှာ ရှိတဲ့ အံ့ဩစရာကောင်းတဲ့ လူတွေနဲ့ အလုပ်တွဲလုပ်ခဲ့ရတာက ဂုဏ်ယူစရာပါပဲ။ ကျွန်တော်တို့တွေ ဒီရုပ်ရှင်အတွက် သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်အဖွဲ့သားတွေကို ရွေးချယ်နိုင်ခဲ့တယ်လေ။ ဘယ်ဒါရိုက်တာက ဒီရုပ်ရှင်ကို ရိုက်ကူးသွားမလည်း ဆိုတာကိုတော့ သိချင်နေပါပြီ။

photo via screenrant

Blade ရုပ်ရှင်ရဲ့ ရိုက်ကူးရေး စတင်ဖို့ကတော့ လပိုင်းပဲ လိုတော့တာကြောင့် Marvel စတူဒီယိုဟာ ဒါရိုက်တာအသစ် ရှာဖွေဖို့အတွက် ဒီရုပ်ရှင်ကို Delay လိုက်ရမလား ဆိုတာတော့ စောင့်ကြည့်ရမှာပါ။ ဒါပေမယ့်လည်း Marvel စတူဒီယိုရဲ့ ရုပ်ရှင်တွေမှာ ဒါရိုက်တာတွေ ထွက်ခွာသွားတာဟာ အရင်ကတည်းက ရှိခဲ့ဖူးပြီး Marvel စတူဒီယိုဟာ ရက်သတ္တပတ်အတွင်းမှာတင် ဒါရိုက်တာအသစ် ရှာဖွေနိုင်လေ့ရှိပါတယ်။ ဒါကြောင့်ပဲ Blade ဟာလည်း စီစဉ်ထားတဲ့အတိုင်း ဆက်လက်ရိုက်ကူးသွားပြီး ၂၀၂၃ ခုနှစ်အတွင်းမှာ ထွက်ရှိလာနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular