HomeEntertainmentFilmDeadpool 3 မှာ ပြန်လည်ပါဝင်လာမယ့် Hugh Jackman ရဲ့ Wolverine

Deadpool 3 မှာ ပြန်လည်ပါဝင်လာမယ့် Hugh Jackman ရဲ့ Wolverine

Deadpool သရုပ်ဆောင် Ryan Reynolds ဟာ မကြာခင်ကပဲ Deadpool 3 ထဲမှာ Hugh Jackman ရဲ့ Wolverine ပြန်လည်ပါဝင်လာမယ်လို့ အတည်ပြုသွားပါတယ်။ Hugh Jackman ကတော့ Fox က ရိုက်ကူးခဲ့တဲ့ X-Men ရုပ်ရှင်တွေထဲမှာ Wolverine အဖြစ် နှစ်(၂၀)နီးပါးလောက် သရုပ်ဆောင်ခဲ့ပါတယ်။ Ryan Reynolds ရဲ့ Deadpool ရုပ်ရှင်ဟာလည်း Fox Universe ထဲမှာ ဇာတ်အိမ်တည်ထားခဲ့ပြီး အသစ်ထွက်လာမယ့် Deadpool 3 ကတော့ MCU ထဲကို ရောက်လာတော့မှာပါ။

photo via screenrant

Hugh Jackman ကို Wolverine အဖြစ် ပြန်လည်မြင်တွေ့နေချင်ကြတဲ့ ပရိသတ်တွေများစွာ ရှိပြီး အရင်တုန်းကလည်း Ryan Reynolds က Hugh Jackman နဲ့အတူ သရုပ်ဆောင်ချင်ပါတယ်လို့ ပြောခဲ့ဖူးပါတယ်။ ယခုအချိန်မှာတော့ Hugh Jackman ကို Wolverine အဖြစ် ပြန်လည်မြင်တွေ့ရမယ် ဆိုတဲ့ သတင်းဟာ Marvel ပရိသတ်တွေအားလုံးအတွက် ဝမ်းသာစရာ သတင်းတစ်ခုပဲ ဖြစ်ပါတယ်။

Ryan Reynolds ဟာ ဒီသတင်းကိုတော့ ဗီဒီယိုတစ်ခုထဲမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။ အစပိုင်းမှာတော့ သူဟာ Deadpool 3 အတွက် ဘယ်လိုပြင်ဆင်ထားတယ် ဆိုတာကို ပြောနေရင်း Hugh Jackman ရဲ့ Wolverine ပြန်လည်ပါဝင်လာမယ် ဆိုတာကို အတည်ပြုသွားတာ ဖြစ်ပါတယ်။ Hugh Jackman ကိုယ်တိုင်ကလည်း Ryan Reynolds ဗီဒီယိုကို ပြန်လည် Share ခဲ့ပြီး Yeah, Sure. လို့ Caption မှာ ရေးခဲ့ပါသေးတယ်။ အဲဒီဗီဒီယိုကိုတော့ အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

ဒီသတင်းကြောင့်ပဲ Deadpool အပါအဝင် Wolverine ဟာလည်း MCU ထဲကို ရောက်လာတော့မှာ ဖြစ်ပါတယ်။ Deadpool 3 ဟာ MCU ထဲကို ရောက်လာပြီ ဖြစ်ပေမယ့်လည်း ဇာတ်လမ်းသဘောတရားအရ R-Rated အတိုင်းပဲ ဆက်လက်ဖန်တီးသွားမယ်လို့လည်း သိရပါတယ်။ Deadpool 3 ကတော့ ၂၀၂၄ ခုနှစ် စက်တင်ဘာ (၆)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular