HomeCelebs Update NewsInternationalRyan Reynolds နဲ့ (၄)ယောက်မြောက်ကိုယ်ဝန်ကို လွယ်ထားရတဲ့ Blake Lively

Ryan Reynolds နဲ့ (၄)ယောက်မြောက်ကိုယ်ဝန်ကို လွယ်ထားရတဲ့ Blake Lively

ဟောလိဝုဒ်ရဲ့ နာမည်ကျော်ဇနီးမောင်နှံတွေ ဖြစ်ကြတဲ့ Ryan Reynolds နဲ့ Blake Lively တို့ကတော့ မိသားစုဝင်အများကြီးနဲ့ ပျော်ရွှင်ဖို့ကောင်းတဲ့ မိသားစုပုံစံမျိုးကို နှစ်သက်ကြပုံရပါတယ်။ အခုလည်း Blake Lively ဟာ စတုတ္ထမြောက်ကိုယ်ဝန်ကို လွယ်ထားရတယ်လို့ သိရပါတယ်။

Blake Lively ကတော့ ကြာသပတေးနေ့က ပြုလုပ်ကျင်းပခဲ့တဲ့ (၁၀)ကြိမ်‌မြောက် Forbes Power Women’s Summit ပွဲကို တက်ရောက်လာခဲ့ပြီး စီးကွင့်တွေနဲ့ အလှဆင်ထားတဲ့ လက်ရှည် Dress ကို ဆင်မြန်းလာတာ တွေ့ရပါတယ်။ ထူးခြားတာကတော့ သိသာထင်ရှားနေပြီ ဖြစ်တဲ့ သူမရဲ့ကိုယ်ဝန်အရွယ်အစားပဲ ဖြစ်ပါတယ်။

Photo: styleforblake/ Instagram

Blake ဟာ အသက်(၃၅)နှစ် ရှိပြီဖြစ်ပြီး Ryan Reynolds နဲ့ ကလေးသုံးယောက် ထွန်းကားထားပြီး ဖြစ်ပါတယ်။ သူတို့မောင်နှံကတော့ သမီးသုံးယောက်ကို ထွန်းကားထားပြီးဖြစ်ကာ အသက်(၇)နှစ်အရွယ် James ၊ အသက်(၅)နှစ်အရွယ် Inez နဲ့ အသက်(၂)နှစ်အရွယ် Betty တို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အခုကိုယ်ဝန်ကတော့ လေးယောက်မြောက်ကလေး ဖြစ်လာမှာပါ။

သူတို့ရဲ့အကြီးဆုံးသမီးလေး အမည်ကတော့ နည်းနည်းထူးခြားပါတယ်။ အကြောင်းကတော့ မိန်းကလေးဖြစ်ပေမယ့် ယောက်ျားလေးနာမည် James လို့ မှည့်ခေါ်ထားလို့ပါပဲ။ တကယ်တော့ ဒီကောင်မလေး မမွေးဖွားလာခင် အချိန်လေးမှာပဲ Ryan Reynolds ရဲ့ဖခင်ဖြစ်သူက ကွယ်လွန်သွားခဲ့တာကြောင့် အမှတ်တရအနေနဲ့ ဖခင်ရဲ့အမည် James ကို မှည့်ခေါ်ထားတာလို့ သိရပါတယ်။

Photo: blakelively/ Instagram

Ryan နဲ့ Blake တို့ဟာ နာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်ကြပေမယ့် သူတို့ရဲ့မိသားစုဘဝကိုလည်း လစ်ဟင်းမှုမရှိအောင် အားစိုက်ထုတ်နေကြသူတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကပဲ Ryan ဟာ သူ့ကလေးတွေနဲ့အတူ အချိန်ကုန်ဆုံးနိုင်ဖို့ဟာ အရေးကြီးကြောင်း ပြောထားပြီး အဲဒါကြောင့်လည်း သရုပ်ဆောင်အလုပ်ကို ခေတ္တအနားယူထားတာလို့ ဆိုထားပါသေးတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular