HomeEntertainmentMusicThinking Out Loud သီချင်းအတွက် ဒေါ်လာသန်း(၁၀၀)တန်အမှုကို ရင်ဆိုင်ရမယ့် Ed Sheeran

Thinking Out Loud သီချင်းအတွက် ဒေါ်လာသန်း(၁၀၀)တန်အမှုကို ရင်ဆိုင်ရမယ့် Ed Sheeran

နာမည်ကျော်အဆိုတော် Ed Sheeran ကတော့ သူ့ရဲ့နာမည်ကြီးသီချင်းတစ်ပုဒ် ဖြစ်တဲ့ Thinking Out Loud နဲ့ ပတ်သက်ပြီး ဒေါ်လာသန်း(၁၀၀)အမှုအခင်းကို ရင်ဆိုင်နေရပါတယ်။ အဲဒါကတော့ Ed Sheeran ဟာ Thinking Out Loud သီချင်းကို သူကိုယ်တိုင်ရေးသားထားတာ ဖြစ်ပေမယ့် ဂန္ထဝင်အဆိုတော်ကြီး Marvin Gaye ရဲ့ ဟစ်သီချင်း Let’s Get It On နဲ့ ဆင်တူနေတယ်လို့ စွပ်စွဲခံထားရတာကြောင့် ဒီအမှုကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Sheeran ရဲ့ Thinking Out Loud ကတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပြီး Marvin Gaye ရဲ့ ၁၉၇၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Let’s Get It On သီချင်းထဲက အစိတ်အပိုင်းအချို့ကို ခိုးယူသုံးစွဲထားတယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပဲ Manhattan ဖက်ဒရယ်တရားရုံးက ရှေ့ဆက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ကို ကြေညာလိုက်ပါတယ်။

အဲဒါကတော့ ဒီအမှုကို ပြေလည်သွားစေမယ့် အခြားနည်းလမ်းမရှိတဲ့အတွက် ဂျူရီအဖွဲ့ရဲ့ အဆုံးအဖြတ်ကို နာခံဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဂျူရီအဖွဲ့ရဲ့ အဆုံးအဖြတ်ကို ဘယ်နေ့ရက်မှာ ကြားနာမယ်ဆိုတာတော့ မသိရသေးပါဘူး။

တကယ်တော့ ဒီအမှုဟာ ၂၀၁၆ ခုနှစ်တည်းက အခြေတည်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ Let’s Get It On သီချင်းကို Marvin Gaye နဲ့အတူ ရေးသားခဲ့တဲ့ co-writer ဖြစ်သူ Ed Townsend နဲ့ ED Sheeran တို့ကြားမှာ အမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ Sheeran ကို တရားစွဲဆိုခဲ့တာကတော့ ကွယ်လွန်သူ Ed Townsend ရဲ့ ကျန်ရစ်သူမိသားစုက စွဲဆိုခဲ့တာ ဖြစ်ပြီး နောက်နှစ်မှာပဲ အဆိုပါအမှုကို တရားရုံးက ပိတ်သိမ်းခဲ့ပါတယ်။

အဲဒီနောက်မှာတော့ Townsend မိသားစုဟာ သူတို့ပိုင်ထားတဲ့ Let’s Get It On သီချင်းရဲ့ ရှယ်ယာ သုံးပုံတစ်ပုံကို Structured Asset Sales အဖွဲ့ကို ရောင်းချခဲ့ပါတယ်။ အဲဒီအဖွဲ့ကပဲ Ed Sheeran နဲ့အမှုကို ၂၀၁၈ ခုနှစ်မှာ ဒေါ်လာသန်း(၁၀၀)အမှုအဖြစ် အမှုပြန်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။

Structured Asset Sales အဖွဲ့ကတော့ X album ထဲက Ed Sheeran ရဲ့ ဆင်ဂယ်လ်သီချင်း Thinking Out Loud ဟာ Let’s Get It On ထဲက melody ၊ rhythm ၊ instrument နဲ့ dynamic elements တွေကို ယူသုံးထားတယ်လို့ စွပ်စွဲထားတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Ed Sheeran ရဲ့ ကိုယ်စားလှယ်ကတော့ မီဒီယာတွေကို ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

Vancouver

Source: people

RELATED ARTICLES

Most Popular